” နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ဒေါက်တာ သီဟတင်ထွန်း အတွက် မိခင်ဖြစ်သူရဲ့ (၃) လပြည့် အလွမ်း”

(၃)လပြည့်အလွမ်း

 

ဒီနေ့(၂၇.၆.၂၀၂၁)တွင် ကျွန်မရဲ့သားဒေါက်တာသီဟတင်ထွန်းကျဆုံးခဲ့တာ၃လပြည့်ပါပြီ။ဒီ၃လဟာကျွန်မတို့မိသားစုအတွက်အလွန်ခက်ခဲပင်ပန်းတဲ့ကာလရှည်ကြီးတစ်ခုဖြစ်ပါတယ်။

 

ဒီ၃လအတွင်းမှာကျွန်မစိတ်ထဲ…ဒီအချိန်သားသာရှိနေသေးရင်….ဆိုပြီးတမ်းတမိ၊မြင်ယောင်မိတဲ့အကြိမ်ပေါင်းလည်းမရေမတွက်နိုင်အောင်ပါပဲ။သက်ရှိထင်ရှားမရှိတော့ပေမဲ့တော်လှန်ရေးမအောင်မခြင်းကျွတ်လွတ်နိုင်မှာမဟုတ်တဲ့ကျွန်မသားကိုတော်လှန်ရေးအတွင်းမှာပဲဆက်ရှိနေမယ်လို့ကျွန်မယုံကြည်ပါတယ်။လူကိုသာသတ်နိုင်မယ်၊ပြင်းထန်လှတဲ့သူ့ရဲ့စိတ်ကိုတော့ဘယ်သူမှဖိနှိပ်ချုပ်ကိုင်နိုင်လိမ့်မယ်မဟုတ်ပါဘူး။

 

 

ကျွန်မသားကျဆုံးပြီလို့အတည်ပြုပြီးပြီးချင်းဆုံးရှုံးလစ်ဟာရတဲ့၊စိတ်နှလုံးကြေကွဲရတဲ့ခံစားချက်ကိုဆိုးရွားလွန်းလှလို့ပြန်ပြီးမမှတ်မိချင်တော့ပါဘူး။ဒါပေမဲ့မေ့ဖျောက်ဖို့လည်းမဖြစ်တော့ခဏခဏပြန်သတိရနေမိပါတယ်။

 

ဒီ၃လအတွင်းမှာကျွန်မတို့ကိုဝိုင်းဝန်းအားပေးနှစ်သိမ့်ပေးကြတဲ့သူတွေများစွာရှိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့ကအန်တီ့သားသမီးတွေပါပဲ။အန်တီ့မှာသားတစ်ယောက်ဆုံးရှုံးရပေမဲ့သားသမီးတွေအများကြီးပြန်ရတယ်လို့မှတ်ပါတဲ့။အန်တီကကျွန်တော်တို့ရဲ့အမေပါပဲတဲ့။

 

အစ်ကို့ကိုရည်စူးပြီးအလှူတွေအများကြီးလုပ်ပေးတယ်။အမေ့ရောဂါကိုလည်းပျောက်အောင်ကုပေးမယ်တဲ့၊သမီးငြိမ်းကဆက်ပြီးစောင့်ရှောက်တယ်။

သမီးလေးစွမ်းက…ကြေကွဲဝမ်းနည်းမှုတွေကိုရင်မှာပိုက်ပြီးနေ့ရော၊ညပါမနေမနားအလုပ်တွေဆက်လုပ်နေပါတယ်။အမေပြိုလဲသွားလို့မဖြစ်ဘူးနော်တဲ့။ဒါနဲ့သမီးလည်းအားတင်းထားပါကွယ်လို့အပြန်အလှန်အားပေးကြရတယ်။

 

အနယ်နယ်အရပ်ရပ်ကအားပေးကြသူတွေရယ်၊အန်တီဖတ်ဖိ့ဆိုပြီးစာတစ်ပုဒ်ရေးပို့လာတဲ့စာရေးဆရာလေးရယ်၊(ကျွန်မပြောချင်တာတွေကိုစိတ်ရှည်ရှည်နဲ့နားထောင်ရင်းကုစားပေးတာလည်းပါပါတယ်။)သွေးအေးသွားရင်တော်လှန်ရေးအာပတ်သင့်မှာပဲဆိုတဲ့ဆရာလေးရယ်၊အမေ့အတွက်ဆေးဆိုပြီးလိုအပ်သမျှဝယ်ပေးနေတဲ့ဆရာလေးရယ်၊ပို့ပေးနေတဲ့သားလေးရယ်၊သူငယ်ချင်းကိုယ်စားသူ့မိသားစုကိုဆက်ပြီးစောင့်ရှောက်ပေးနေတဲ့ကလေးတွေရယ်အားလုံးကိုကျေးဇူးတင်ပါတယ်။

အပူမီးတွေနဲ့တောက်လောင်နေတဲ့ကျွန်မရဲ့နှလုံးသားကိုမေတ္တာရေစင်နဲ့သွန်းလောင်းပေးကြပါတယ်။နေ့စဥ်ရက်ဆက်ဒဏ်ရာပေါ်ဒဏ်ရာထပ်ပြီးကျွန်မတို့နှလုံးသားဟာမွမွကြေသလောက်ဖြစ်နေပါပြီ။ဒါပေမဲ့အံကြိတ်ပြီးရှေ့ဆက်ကြရဦးမှာပါပဲ။

ကျွန်မသားရဲ့အကောင့်ထဲကိုခဏခဏဝင်ကြည့်မိတယ်။သူ့ကဗျာလေးတွေ၊သူ့စာလေးတွေလွမ်းစရာတွေ့ရပါတယ်။

၂၇.၂.၂၀၉၊၁၀:၂၄မနက်ပိုင်းက”ပွဲ”ဆိုတဲ့ခေါင်းစဥ်လေးနဲ့…ဒီကရှေ့လျှောက်ဆိုရင်အလွမ်းဟာသူ့ချည်းသက်သက်အဆက်မပြတ် တရစပ်ပွဲခံလိမ့်မယ်

လက်မောင်းအရွယ်ထိန်ပင်ငါးဆယ်အဆောင်ရှေ့မှာကကြမယ်။

ရောက်လေရာအရပ်မှာအမှတ်ရဖို့အနည်းငယ်တော့ကျန်နေခဲ့မယ်။လက်ချင်းချိတ်ပြီးတစ်မျိုးမျက်ရည်စမ်းစမ်းနဲ့တစ်ဖုံဥသြသံနဲ့ကျွန်းရွက်ကြွေတွေကြားနွေအကူး လေရူးတွေတိုက်နေတုန်းမှာပေါ့။ဒီကရှေ့လျှောက်ဆိုရင်အလွမ်းဟာသူ့ချည်းသက်သက်။

မိုးယဥ်

အလွမ်းဟာသူ့ချည်းသက်သက်ကျန်ခဲ့မှာလားသားရယ်။

၁၉.မေ၂၀၁၈မှာလည်းကွေကွင်းရခြင်းဒုက္ခမှလွတ်မြောက်နိုင်ကြပါစေဆိုပြီးတစ်ပုဒ်ရေးခဲ့သေးတယ်။ကျွန်မတို့အတွက်ကြိုပြီးရေးခဲ့သလိုပါပဲ။

ချစ်ရပါသောပြည်သူပြည်သားအပေါင်းသာယာသောလူ့ဘောင်ကိုအမြန်ဆုံးတည်ထောင်နိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်။

Aye Aye Khaing

zawgyi

(၃)လျပည့္အလြမ္း

ဒီေန႔(၂၇.၆.၂၀၂၁)တြင္ ကြၽန္မရဲ႕သားေဒါက္တာသီဟတင္ထြန္းက်ဆုံးခဲ့တာ၃လျပည့္ပါၿပီ။ဒီ၃လဟာကြၽန္မတို႔မိသားစုအတြက္အလြန္ခက္ခဲပင္ပန္းတဲ့ကာလရွည္ႀကီးတစ္ခုျဖစ္ပါတယ္။

ဒီ၃လအတြင္းမွာကြၽန္မစိတ္ထဲ…ဒီအခ်ိန္သားသာရွိေနေသးရင္….ဆိုၿပီးတမ္းတမိ၊ျမင္ေယာင္မိတဲ့အႀကိမ္ေပါင္းလည္းမေရမတြက္ႏိုင္ေအာင္ပါပဲ။သက္ရွိထင္ရွားမရွိေတာ့ေပမဲ့ေတာ္လွန္ေရးမေအာင္မျခင္းကြၽတ္လြတ္ႏိုင္မွာမဟုတ္တဲ့ကြၽန္မသားကိုေတာ္လွန္ေရးအတြင္းမွာပဲဆက္ရွိေနမယ္လို႔ကြၽန္မယုံၾကည္ပါတယ္။လူကိုသာသတ္ႏိုင္မယ္၊ျပင္းထန္လွတဲ့သူ႔ရဲ႕စိတ္ကိုေတာ့ဘယ္သူမွဖိႏွိပ္ခ်ဳပ္ကိုင္ႏိုင္လိမ့္မယ္မဟုတ္ပါဘူး။

ကြၽန္မသားက်ဆုံးၿပီလို႔အတည္ျပဳၿပီးၿပီးခ်င္းဆုံးရႈံးလစ္ဟာရတဲ့၊စိတ္ႏွလုံးေၾကကြဲရတဲ့ခံစားခ်က္ကိုဆိုး႐ြားလြန္းလွလို႔ျပန္ၿပီးမမွတ္မိခ်င္ေတာ့ပါဘူး။ဒါေပမဲ့ေမ့ေဖ်ာက္ဖို႔လည္းမျဖစ္ေတာ့ခဏခဏျပန္သတိရေနမိပါတယ္။

ဒီ၃လအတြင္းမွာကြၽန္မတို႔ကိုဝိုင္းဝန္းအားေပးႏွစ္သိမ့္ေပးၾကတဲ့သူေတြမ်ားစြာရွိပါတယ္။အားလုံးကိုေက်းဇူးတင္ပါတယ္။

ကြၽန္ေတာ္တို႔ကအန္တီ့သားသမီးေတြပါပဲ။အန္တီ့မွာသားတစ္ေယာက္ဆုံးရႈံးရေပမဲ့သားသမီးေတြအမ်ားႀကီးျပန္ရတယ္လို႔မွတ္ပါတဲ့။အန္တီကကြၽန္ေတာ္တို႔ရဲ႕အေမပါပဲတဲ့။

အစ္ကို႔ကိုရည္စူးၿပီးအလႉေတြအမ်ားႀကီးလုပ္ေပးတယ္။အေမ့ေရာဂါကိုလည္းေပ်ာက္ေအာင္ကုေပးမယ္တဲ့၊သမီးၿငိမ္းကဆက္ၿပီးေစာင့္ေရွာက္တယ္။

သမီးေလးစြမ္းက…ေၾကကြဲဝမ္းနည္းမႈေတြကိုရင္မွာပိုက္ၿပီးေန႔ေရာ၊ညပါမေနမနားအလုပ္ေတြဆက္လုပ္ေနပါတယ္။အေမၿပိဳလဲသြားလို႔မျဖစ္ဘူးေနာ္တဲ့။ဒါနဲ႔သမီးလည္းအားတင္းထားပါကြယ္လို႔အျပန္အလွန္အားေပးၾကရတယ္။

အနယ္နယ္အရပ္ရပ္ကအားေပးၾကသူေတြရယ္၊အန္တီဖတ္ဖိ့ဆိုၿပီးစာတစ္ပုဒ္ေရးပို႔လာတဲ့စာေရးဆရာေလးရယ္၊(ကြၽန္မေျပာခ်င္တာေတြကိုစိတ္ရွည္ရွည္နဲ႔နားေထာင္ရင္းကုစားေပးတာလည္းပါပါတယ္။)ေသြးေအးသြားရင္ေတာ္လွန္ေရးအာပတ္သင့္မွာပဲဆိုတဲ့ဆရာေလးရယ္၊အေမ့အတြက္ေဆးဆိုၿပီးလိုအပ္သမွ်ဝယ္ေပးေနတဲ့ဆရာေလးရယ္၊ပို႔ေပးေနတဲ့သားေလးရယ္၊သူငယ္ခ်င္းကိုယ္စားသူ႔မိသားစုကိုဆက္ၿပီးေစာင့္ေရွာက္ေပးေနတဲ့ကေလးေတြရယ္အားလုံးကိုေက်းဇူးတင္ပါတယ္။

အပူမီးေတြနဲ႔ေတာက္ေလာင္ေနတဲ့ကြၽန္မရဲ႕ႏွလုံးသားကိုေမတၱာေရစင္နဲ႔သြန္းေလာင္းေပးၾကပါတယ္။ေန႔စဥ္ရက္ဆက္ဒဏ္ရာေပၚဒဏ္ရာထပ္ၿပီးကြၽန္မတို႔ႏွလုံးသားဟာမြမြေၾကသေလာက္ျဖစ္ေနပါၿပီ။ဒါေပမဲ့အံႀကိတ္ၿပီးေရွ႕ဆက္ၾကရဦးမွာပါပဲ။

ကြၽန္မသားရဲ႕အေကာင့္ထဲကိုခဏခဏဝင္ၾကည့္မိတယ္။သူ႔ကဗ်ာေလးေတြ၊သူ႔စာေလးေတြလြမ္းစရာေတြ႕ရပါတယ္။

၂၇.၂.၂၀၉၊၁၀:၂၄မနက္ပိုင္းက”ပြဲ”ဆိုတဲ့ေခါင္းစဥ္ေလးနဲ႔…ဒီကေရွ႕ေလွ်ာက္ဆိုရင္အလြမ္းဟာသူ႔ခ်ည္းသက္သက္အဆက္မျပတ္ တရစပ္ပြဲခံလိမ့္မယ္

လက္ေမာင္းအ႐ြယ္ထိန္ပင္ငါးဆယ္အေဆာင္ေရွ႕မွာကၾကမယ္။

ေရာက္ေလရာအရပ္မွာအမွတ္ရဖို႔အနည္းငယ္ေတာ့က်န္ေနခဲ့မယ္။လက္ခ်င္းခ်ိတ္ၿပီးတစ္မ်ိဳးမ်က္ရည္စမ္းစမ္းနဲ႔တစ္ဖုံဥၾသသံနဲ႔ကြၽန္း႐ြက္ေႂကြေတြၾကားေႏြအကူး ေလ႐ူးေတြတိုက္ေနတုန္းမွာေပါ့။ဒီကေရွ႕ေလွ်ာက္ဆိုရင္အလြမ္းဟာသူ႔ခ်ည္းသက္သက္။

မိုးယဥ္

အလြမ္းဟာသူ႔ခ်ည္းသက္သက္က်န္ခဲ့မွာလားသားရယ္။

၁၉.ေမ၂၀၁၈မွာလည္းေကြကြင္းရျခင္းဒုကၡမွလြတ္ေျမာက္ႏိုင္ၾကပါေစဆိုၿပီးတစ္ပုဒ္ေရးခဲ့ေသးတယ္။ကြၽန္မတို႔အတြက္ႀကိဳၿပီးေရးခဲ့သလိုပါပဲ။

ခ်စ္ရပါေသာျပည္သူျပည္သားအေပါင္းသာယာေသာလူ႔ေဘာင္ကိုအျမန္ဆုံးတည္ေထာင္ႏိုင္ပါေစလို႔ဆႏၵျပဳလိုက္ပါတယ္။

Aye Aye Khaing