လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ဆောင်ရွက်သင့်တာတွေကို ပြောပြလာတဲ့ ဒေါက်တာ စိန်ဖြိုးလှိုင်(မောင်)

ပရိသတ်ကြီးရေ စိန်ဖြိုးလှိုင် (သရုပ်ဆောင် မောင်)ကတော့ ကမ္ဘာကပ်ရောဂါဆိုးအနေနဲ့ ကြုံတွေ့နေရတဲ့ ကိုဗစ်နဲ့ပတ်သက်ပြီး ပရိသတ်တွေကြိုတင်ဆောင်ရွက်ထားသင့်တာတွေကို အကြံပြုပြောကြား လာခဲ့ပါတယ်။ မောင်ကတော့ ဆရာဝန်ဘွဲ့ကို ရရှိထားတဲ့ သူတစ်ယောက်လည်း ဖြစ်သလို ကိုဗစ်ရောဂါကို ကိုယ်တိုင်ကူးစက်ခံခဲ့ရတဲ့အပြင် Volunteer အနေနဲ့လည်း လုပ်ကိုင်ခဲ့ဖူးခဲ့တဲ့သူတစ်ယောက်ပါ။

 

လတ်တလောမှာလည်း ကိုဗစ်ရောဂါက တော်တော်လေးကို ပြန်လည် ကူးစက်မှုနှုန်းမြင့်မားနေခဲ့ပြီး ရောဂါလက္ခဏာဆိုးရွားစွာခံစားရတာကြောင့် မောင်က သူသိသလောက် ဆောင်ရွက်ထားသင့်တာတွေကို အခုလိုပဲပြောပြလာခဲ့တာပါ။ “ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ COVID ဖြစ်တဲ့သူတွေ ‌နေ့တိုင်းနီးပါတွေ့လာနေရပါတယ်။ ကာကွယ်ဆေး ထိုးထားတိုင်းလဲ အပြည့်အဝ စိတ်မချရပါဘူး။ အရင်လို Center တွေများတဲ့အချိန်မှာတောင် ကျွန်တော်တို့တွေဒုက္ခရောက်ခဲ့ကြ တာ အခုအခြေအနေမျိုးနဲ့ဆို ပိုဆိုးနိုင်တာမို့ COVID ဖြစ်ခဲ့ရင်ဘာလုပ်ရမ လဲဆိုတာ ကြိုပြီး စုံစမ်း စီစဉ်ထားကြပါ။

 

အောက်စီဂျင်တိုင်းတဲ့စက်ဝယ်ထားကြပါ။ အောက်စီဂျင်အိုး ငှားလို့ရမဲ့နေရာတွေ ရှာထားကြပါ။ဘယ်အစိုးရဆေးရုံ ဘယ်ပုဂ္ဂလိက ဆေးရုံတွေက COVID စစ်ပေးလဲ၊ ကုပေးလဲဆိုတာ သိတဲ့လူတွေကိုမေးထားကြပါ။အပြင်သွားတိုင်းအကာအကွယ်အပြည့်ယူကြပါ။ သတိထားကြပါ။”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့တာဖြစ်ပြီး ပရိတ်တွေအတွက် ပြန်လည်မျှဝေဖော်ပြပေး လိုက်ပါတယ်။

 

Credit ; CeleZone

Source – Sein Phyo Hlaing

zawgyi

ပရိသတ္ႀကီးေရ စိန္ၿဖိဳးလွိုင္ (သ႐ုပ္ေဆာင္ ေမာင္)ကေတာ့ ကမၻာကပ္ေရာဂါဆိုးအေနနဲ႔ ၾကဳံေတြ႕ေနရတဲ့ ကိုဗစ္နဲ႔ပတ္သက္ၿပီး ပရိသတ္ေတြႀကိဳတင္ေဆာင္ရြက္ထားသင့္တာေတြကို အႀကံျပဳေျပာၾကား လာခဲ့ပါတယ္။ ေမာင္ကေတာ့ ဆရာဝန္ဘြဲ႕ကို ရရွိထားတဲ့ သူတစ္ေယာက္လည္း ျဖစ္သလို ကိုဗစ္ေရာဂါကို ကိုယ္တိုင္ကူးစက္ခံခဲ့ရတဲ့အျပင္ Volunteer အေနနဲ႔လည္း လုပ္ကိုင္ခဲ့ဖူးခဲ့တဲ့သူတစ္ေယာက္ပါ။

လတ္တေလာမွာလည္း ကိုဗစ္ေရာဂါက ေတာ္ေတာ္ေလးကို ျပန္လည္ ကူးစက္မႈႏႈန္းျမင့္မားေနခဲ့ၿပီး ေရာဂါလကၡဏာဆိုးရြားစြာခံစားရတာေၾကာင့္ ေမာင္က သူသိသေလာက္ ေဆာင္ရြက္ထားသင့္တာေတြကို အခုလိုပဲေျပာျပလာခဲ့တာပါ။ “ကၽြန္ေတာ္တို႔ ပတ္ဝန္းက်င္မွာ COVID ျဖစ္တဲ့သူေတြ ‌ေန႔တိုင္းနီးပါေတြ႕လာေနရပါတယ္။ ကာကြယ္ေဆး ထိုးထားတိုင္းလဲ အျပည့္အဝ စိတ္မခ်ရပါဘူး။ အရင္လို Center ေတြမ်ားတဲ့အခ်ိန္မွာေတာင္ ကၽြန္ေတာ္တို႔ေတြဒုကၡေရာက္ခဲ့ၾက တာ အခုအေျခအေနမ်ိဳးနဲ႔ဆို ပိုဆိုးနိုင္တာမို႔ COVID ျဖစ္ခဲ့ရင္ဘာလုပ္ရမ လဲဆိုတာ ႀကိဳၿပီး စုံစမ္း စီစဥ္ထားၾကပါ။

ေအာက္စီဂ်င္တိုင္းတဲ့စက္ဝယ္ထားၾကပါ။ ေအာက္စီဂ်င္အိုး ငွားလို႔ရမဲ့ေနရာေတြ ရွာထားၾကပါ။ဘယ္အစိုးရေဆး႐ုံ ဘယ္ပုဂၢလိက ေဆး႐ုံေတြက COVID စစ္ေပးလဲ၊ ကုေပးလဲဆိုတာ သိတဲ့လူေတြကိုေမးထားၾကပါ။အျပင္သြားတိုင္းအကာအကြယ္အျပည့္ယူၾကပါ။ သတိထားၾကပါ။”ဆိုၿပီး သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန မၽွေဝေဖာ္ျပထားခဲ့တာျဖစ္ၿပီး ပရိတ္ေတြအတြက္ ျပန္လည္မၽွေဝေဖာ္ျပေပး လိုက္ပါတယ္။

Credit ; CeleZone

Source – Sein Phyo Hlaing