ေငြမကိုင္ဘူး၊ဖိနပ္မစီးဘူး၊ မိခင္က ငိုၿပီးတားတဲ့ၾကားက ရဟန္း၀တ္ၿပီး ျမန္မာႏိုင္ငံမွာ သီတင္းသုံးေနတဲ့ နယ္သာလန္က ဦးအဂၢ

မော်လမြိုင်က အပြန် သထုံ ရွှေဆံတော် ဘုရားရှေ့ ကားကြုံတားနေတာ ရှေ့က ကားက ရပ်မပေးတာတွေ့လို့ ကိုယ်တွေက ရပ်ပီး မေးလိုက်မိတာ လှည်းကူးကို တဲ့။ အဲ့အချိန်မှာ သင်္ဃန်းကို လက်ကတော့ထိုး အပြည့်ရုံထားပီး ခြေဗလာနဲ့

ကဲ ကားပေါ်တင်ခေါ် လမ်းကြုံပေါ့ မေးကြည့်တာ ဘယ်က လဲ ဆိုတော့ နယ်သာလန် ကတဲ့ ရန်ကုန်ကို ဗီဇာ အတွက် သွားမှာတဲ့ သထုံ တောရမှာ ဝါဆိုမှာတဲ့ ဗမာစကားကို ကြိုးစားပီးပြောရှာတယ်

ကိုယ်လဲ နဲနဲပါးပါး ထောပတ်လေချဉ်တက်တော့(အင်္ဂလိပ်စကားနဲနဲတတ်တာကို ပြောတာပါ) ဝမ်းသာပီး ပျော်လို့ အဲဒါနဲ့ ထောပတ်အိုးကို ငပိကော်တဲ့ ယောင်းမ နဲ့ မွှေရင်းစပ်စု ပါလေရော

အချုပ်ပြောရရင်

သင်္ဃန်း ( သံဃာရဲ့ ယူနီဖေါင်း ) လက်ကတော့ထိုး သေချာ ရုံထားတယ် ဖိနပ်မစီးဘူး။ကားနောက်ခန်းက ထိုင်လာတယ် အပိုစကားမပြော မျက်လွှာချ သီတငိးသုံးလာတယ်

အဖေအမေ က မကန့်ကွက်ဖူးလားမေးတော့ အမေက ငိုတယ် သားလေးတယောက် စွန့်ပစ်လိုက်ရလို့ ဆိုသတဲ့။အသက်မေးတော့ ၃၇ရဟန်းဝါ က ၈ ဝါတဲ့။ ဦးဂိုအင်ကာ ဆီမှာ တရားစထိုင်ရင်း က စတာတဲ့

အရင်ဆုံး မုံရွာဖက်က မဟာမြိုင် တောနက်ထဲမှာစပြီးသီတငိးသုံးခဲ့တာတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ကျောင်းနဲ့ သူနေတဲ့ နေရာက ၄၅မိနစ်လောက်ခရီးရှိသတဲ့၂ ကြိမ် ဖူးခွင့်ရခဲ့သတဲ့

သူဆရာတော်ကြီးကို ဖူးရချိန်မှာ သူရခဲ့တာလေးကို ရှင်းပြတာတော့(((အဲ့မှာ ဘာမှမရှိဘူး ဒါပေမယ့်အားလုံးရှိတယ်))) (((အကုန်ရှိတယ် ဘာမှတော့မရှိဘူး)))တဲ့ တခုပြောသေးတယ်

သူရောက်စတုံးက မဟာမြိုင်တော ဆိုတာ တောနက် (Jungle) ပါတဲ့ သူအဲ့ကနေပြန်ခဲ့တဲ့အချိန်မှာ ပြောင်သလင်းခါနေပီတဲ့ အိုင်အမ် ဆိုးဆက်ဒ် တဲ့ရှက်စရာကောင်းလိုက်တာ

လမ်းမှာ Feel စားသောက်ဆိုင် ခန ဝင်နားတော့ ဘေးဝိုင်းက လူတွေက သူကားပေါ်ပြန်ကြွခါနီး ပိုက်ဆံ လှုတာ ကို လက်မခံဘူး ပိုက်ဆံမကိုင်ပါဘူးတဲ့

ကဲ မြန်မာ လူမျိုး ဘုန်းကြီးဆိုတဲ့ သူတို့ဖိနပ်မစီးတဲ့သံဃာနဲ့ Lexus နံပါတ်ပြားအဝါ နဲ့မှဆိုတဲ့ ဘုန်းကြီး တို့..ဘယ်လိုတွေတောင် ကွာခြားနေတာလဲဒီလိုနဲ့ ပဲခူးရောက်ခါနီး ဝါဆိုလပြည့်နေ့ နီးလို့ ဝါဆိုသင်္ဃန်း ကပ်ပါရစေဆိုတော့ ရပါတယ်တဲ့

တခုတော့ပြောတယ် မင်းသဘောပါတဲ့ တကယ်တော့ ငါ့မှာ သင်္ဃန်းတွေ ဆိုတာ အများကြီးပိုနေတာမလိုဘူးတဲ့ ကိုယ်ပတ် ဆိုတဲ့ ချည်သားအပိုင်းလေးရရင် ပဲ အဆင်ပြေပါပြီတဲ့

အခင်းလိုပဲ ခင်း တာဖြစ်ဖြစ် သထုံ ဖက်က မိုးများလို့ အကာလေးပဲ ဖြစ်ပစေတဲ့

အဲတာနဲ့ ပဲခူးမြို့က နာမည်ကြီး သင်္ဃန်းဆိုင် ၂ဆိုင် အထိပင့်ပြီး သူလိုချင်တဲ့ ကိုယ်ပတ် သ င်္ဃန်းအပိုင်း ချည်သားစစ်စစ် ရဖို့ လိုက်ဝယ်တာ အဲ့ဆိုင်တွေက စပန့်သားကို ချည်သားပါဆိုပီးအတင်း ပြောရောင်းတယ် သူကလဲ တကယ့် အသေအချာ အလုပ်တခု ကို လုပ်တဲ့သူ ပီပီ သူသင်္ဃန်း အစနဲ့ကို ယှဉ်ပြသေးတာ

ရှက်စရာကောင်းပါတယ် ကျနော်တို့လူမျိုးတွေ နိုင်ငံခြားသား ဘုန်းကြီး ပါကွာသာမန် သူတောင်းစားဘုန်းကြီးအဆင့်လောက်ထင်ပြီး ဂျင်းထဲ့ချင်တာဒါတောင် နိဗ္ဗာန်ကုန်ရောင်းနေတာ

သူကသဘောထားကြီးစွာနဲ့ ကျနော် သိပ်လှုချင်နေမှန်းသိလို့ လက်ခံလိုက်တယ်

ဆိုင်ပြန်သွင်းလို့ရမယ့် သင်္ဃန်းမဟုတ်ဘူးနောပုဆိုးပိုင်းလူသေ လွှမ်းတဲ့အဝတ်စပိုင်းလောက် ဟာလေးနော်

ချည်သားအစစ် မိတ်အင် ထိုင်းလန်းဆိုပီး ငရဲမှာတောင် ကျွန်စိတ်မွေးတာ ဗမာ ဗုဒ္ဓဘာသာအချို့ကလိမ်ရောင်းတာ

(အိဒမ်မေပုံညံ နိဗာန်နသ ပစ်စယောဟောတု ) လို့ ကျနော်ကို လိုက်ဆိုခိုင်းပြီး အဲ့အဝတ်စ ကိုယ်ပတ်ကို အလှုခံသွားတာ

ကျနော်မေးတယ် ပိုက်ဆံ မကိုင် ဖိနပ်မစီး ဒီလိုပဲ တနေရာကတနေရာကို ကြွနေလားဆိုတော့

ပိုက်ဆံပေး လိုင်းကားစီးတော့ အပေးအယူ သဘောတဲ့ သူကျနော်ရှေ့က ကားရပ်မပေးဘဲ ကျနော်က ရပ်ပေးလိုက်ပို့ လှုဒါန်းတာ ဒီအခွင့်အရေးကို သူ လူတွေကို ပေးထားပြီးသားတဲ့ကျနော်က ယူတတ်လို့ ရတာတဲ့ မယူနိုင်တဲ့သူကသာမရတာတဲ့

ဘဝမြာ ေအက္နပၦဳံးပါ သံဃာ သရဏံ ဂစၧာမိ

နယ်သာလန်..မဟာမြိုင်တော ( သစ်ပင်တွေမရှိတော့ဆိုပဲ)..ဖားအောက် မော်လမြိုင် … အာနာပါန… ပရိယတ္တိ.. ပရိပတ္တိ…

More Dana..More Thee La… Less Doke Kha..

Do Bawana… Less Thaww Ka

By U Agga

ေမာ္လၿမိဳင္က အျပန္ သထုံ ေ႐ႊဆံေတာ္ ဘုရားေရွ႕ ကားႀကဳံတားေနတာ ေရွ႕က ကားက ရပ္မေပးတာေတြ႕လို႔ ကိုယ္ေတြက ရပ္ပီး ေမးလိုက္မိတာ လွည္းကူးကို တဲ့။ အဲ့အခ်ိန္မွာ သဃၤန္းကို လက္ကေတာ့ထိုး အျပည့္႐ုံထားပီး ေျခဗလာနဲ႔

ကဲ ကားေပၚတင္ေခၚ လမ္းႀကဳံေပါ့ ေမးၾကည့္တာ ဘယ္က လဲ ဆိုေတာ့ နယ္သာလန္ ကတဲ့ ရန္ကုန္ကို ဗီဇာ အတြက္ သြားမွာတဲ့ သထုံ ေတာရမွာ ဝါဆိုမွာတဲ့ ဗမာစကားကို ႀကိဳးစားပီးေျပာရွာတယ္

ကိုယ္လဲ နဲနဲပါးပါး ေထာပတ္ေလခ်ဥ္တက္ေတာ့(အဂၤလိပ္စကားနဲနဲတတ္တာကို ေျပာတာပါ) ဝမ္းသာပီး ေပ်ာ္လို႔ အဲဒါနဲ႔ ေထာပတ္အိုးကို ငပိေကာ္တဲ့ ေယာင္းမ နဲ႔ ေမႊရင္းစပ္စု ပါေလေရာ

အခ်ဳပ္ေျပာရရင္

သဃၤန္း ( သံဃာရဲ႕ ယူနီေဖါင္း ) လက္ကေတာ့ထိုး ေသခ်ာ ႐ုံထားတယ္ ဖိနပ္မစီးဘူး။ကားေနာက္ခန္းက ထိုင္လာတယ္ အပိုစကားမေျပာ မ်က္လႊာခ် သီတငိးသုံးလာတယ္

အေဖအေမ က မကန႔္ကြက္ဖူးလားေမးေတာ့ အေမက ငိုတယ္ သားေလးတေယာက္ စြန႔္ပစ္လိုက္ရလို႔ ဆိုသတဲ့။အသက္ေမးေတာ့ ၃၇ရဟန္းဝါ က ၈ ဝါတဲ့။ ဦးဂိုအင္ကာ ဆီမွာ တရားစထိုင္ရင္း က စတာတဲ့

အရင္ဆုံး မုံ႐ြာဖက္က မဟာၿမိဳင္ ေတာနက္ထဲမွာစၿပီးသီတငိးသုံးခဲ့တာတဲ့ မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီးရဲ႕ေက်ာင္းနဲ႔ သူေနတဲ့ ေနရာက ၄၅မိနစ္ေလာက္ခရီးရွိသတဲ့၂ ႀကိမ္ ဖူးခြင့္ရခဲ့သတဲ့

သူဆရာေတာ္ႀကီးကို ဖူးရခ်ိန္မွာ သူရခဲ့တာေလးကို ရွင္းျပတာေတာ့(((အဲ့မွာ ဘာမွမရွိဘူး ဒါေပမယ့္အားလုံးရွိတယ္))) (((အကုန္ရွိတယ္ ဘာမွေတာ့မရွိဘူး)))တဲ့ တခုေျပာေသးတယ္

သူေရာက္စတုံးက မဟာၿမိဳင္ေတာ ဆိုတာ ေတာနက္ (Jungle) ပါတဲ့ သူအဲ့ကေနျပန္ခဲ့တဲ့အခ်ိန္မွာ ေျပာင္သလင္းခါေနပီတဲ့ အိုင္အမ္ ဆိုးဆက္ဒ္ တဲ့ရွက္စရာေကာင္းလိုက္တာ

လမ္းမွာ Feel စားေသာက္ဆိုင္ ခန ဝင္နားေတာ့ ေဘးဝိုင္းက လူေတြက သူကားေပၚျပန္ႂကြခါနီး ပိုက္ဆံ လႈတာ ကို လက္မခံဘူး ပိုက္ဆံမကိုင္ပါဘူးတဲ့

ကဲ ျမန္မာ လူမ်ိဳး ဘုန္းႀကီးဆိုတဲ့ သူတို႔ဖိနပ္မစီးတဲ့သံဃာနဲ႔ Lexus နံပါတ္ျပားအဝါ နဲ႔မွဆိုတဲ့ ဘုန္းႀကီး တို႔..ဘယ္လိုေတြေတာင္ ကြာျခားေနတာလဲဒီလိုနဲ႔ ပဲခူးေရာက္ခါနီး ဝါဆိုလျပည့္ေန႔ နီးလို႔ ဝါဆိုသဃၤန္း ကပ္ပါရေစဆိုေတာ့ ရပါတယ္တဲ့

တခုေတာ့ေျပာတယ္ မင္းသေဘာပါတဲ့ တကယ္ေတာ့ ငါ့မွာ သဃၤန္းေတြ ဆိုတာ အမ်ားႀကီးပိုေနတာမလိုဘူးတဲ့ ကိုယ္ပတ္ ဆိုတဲ့ ခ်ည္သားအပိုင္းေလးရရင္ ပဲ အဆင္ေျပပါၿပီတဲ့

အခင္းလိုပဲ ခင္း တာျဖစ္ျဖစ္ သထုံ ဖက္က မိုးမ်ားလို႔ အကာေလးပဲ ျဖစ္ပေစတဲ့

အဲတာနဲ႔ ပဲခူးၿမိဳ႕က နာမည္ႀကီး သဃၤန္းဆိုင္ ၂ဆိုင္ အထိပင့္ၿပီး သူလိုခ်င္တဲ့ ကိုယ္ပတ္ သ ဃၤန္းအပိုင္း ခ်ည္သားစစ္စစ္ ရဖို႔ လိုက္ဝယ္တာ အဲ့ဆိုင္ေတြက စပန႔္သားကို ခ်ည္သားပါဆိုပီးအတင္း ေျပာေရာင္းတယ္ သူကလဲ တကယ့္ အေသအခ်ာ အလုပ္တခု ကို လုပ္တဲ့သူ ပီပီ သူသဃၤန္း အစနဲ႔ကို ယွဥ္ျပေသးတာ

ရွက္စရာေကာင္းပါတယ္ က်ေနာ္တို႔လူမ်ိဳးေတြ ႏိုင္ငံျခားသား ဘုန္းႀကီး ပါကြာသာမန္ သူေတာင္းစားဘုန္းႀကီးအဆင့္ေလာက္ထင္ၿပီး ဂ်င္းထဲ့ခ်င္တာဒါေတာင္ နိဗၺာန္ကုန္ေရာင္းေနတာ

သူကသေဘာထားႀကီးစြာနဲ႔ က်ေနာ္ သိပ္လႈခ်င္ေနမွန္းသိလို႔ လက္ခံလိုက္တယ္

ဆိုင္ျပန္သြင္းလို႔ရမယ့္ သဃၤန္းမဟုတ္ဘူးေနာပုဆိုးပိုင္းလူေသ လႊမ္းတဲ့အဝတ္စပိုင္းေလာက္ ဟာေလးေနာ္

ခ်ည္သားအစစ္ မိတ္အင္ ထိုင္းလန္းဆိုပီး ငရဲမွာေတာင္ ကြၽန္စိတ္ေမြးတာ ဗမာ ဗုဒၶဘာသာအခ်ိဳ႕ကလိမ္ေရာင္းတာ

(အိဒမ္ေမပုံညံ နိဗာန္နသ ပစ္စေယာေဟာတု ) လို႔ က်ေနာ္ကို လိုက္ဆိုခိုင္းၿပီး အဲ့အဝတ္စ ကိုယ္ပတ္ကို အလႈခံသြားတာ

က်ေနာ္ေမးတယ္ ပိုက္ဆံ မကိုင္ ဖိနပ္မစီး ဒီလိုပဲ တေနရာကတေနရာကို ႂကြေနလားဆိုေတာ့

ပိုက္ဆံေပး လိုင္းကားစီးေတာ့ အေပးအယူ သေဘာတဲ့ သူက်ေနာ္ေရွ႕က ကားရပ္မေပးဘဲ က်ေနာ္က ရပ္ေပးလိုက္ပို႔ လႈဒါန္းတာ ဒီအခြင့္အေရးကို သူ လူေတြကို ေပးထားၿပီးသားတဲ့က်ေနာ္က ယူတတ္လို႔ ရတာတဲ့ မယူႏိုင္တဲ့သူကသာမရတာတဲ့

ဘဝျမာ ေအကၷပၦဳံးပါ သံဃာ သရဏံ ဂစၧာမိ

နယ္သာလန္..မဟာၿမိဳင္ေတာ ( သစ္ပင္ေတြမရွိေတာ့ဆိုပဲ)..ဖားေအာက္ ေမာ္လၿမိဳင္ … အာနာပါန… ပရိယတၱိ.. ပရိပတၱိ…

More Dana..More Thee La… Less Doke Kha..

Do Bawana… Less Thaww Ka

By U Agga