GZ လူငယ်များ ရေးစပ် ဝိုင်းဖွဲ့သီဆိုနေကြတဲ့ “အမေ့သား” သီချင်း ဗီဒီယိုလေး

ပရိတ်သတ်ကြီးရေ GZ လူငယ်များဟာ စစ်အာဏာရှင်ကို ရတဲ့နည်းလမ်းနဲ့ တော်လှန်နေကြပါတယ်၊ တောထဲတောင်ထဲမှာ အခက်အခဲမျိုးစုံကို ရင်ဆိုင်အန်တုရင်း တိုင်းပြည်အတွက် ကြိုးစားနေကြပါတယ်

အခုလည်း တော်လှန်ရေးရဲဘော်လူငယ်များ အိမ်ကိုလွမ်းတဲ့စိတ်နဲ့ သီချင်းရေးစပ်ပြီး အုပ်စုလိုက်သီဆိုနေကြတဲ့ Video လေးကို ရဲဘော်တဦးက လူမှုကွန်ယက်မှာ မျှဝေလာပါတယ်

ပြီးတော့ “ဒီVideoဟာ ဘယ်နေရာကိုမှဖော်ပြနေတာ မပါပါဘူးနော် ပြီးတော့ ဒီVideoကြောင့် ဘယ်သူကိုမှ လေယဉ်နဲ့ ဗုံးလာမပြစ်ပါဘူး တစ်ခါထဲ ပြောထားတာ အဲယားကွန်းထဲကနေ အပြစ်တင်ဝေဖန်မဲ့သူတွေ အတွက်” ဆိုပြီး ပြည်သူတွေ စိတ်မပူဖို့ ကြိုပြောထားပါသေးတယ်

ဒီ “အမေ့သား” ဆိုတဲ့ သီချင်းလေးကိုတော့ ကိုနေလုံးက ရေးဖွဲ့ထားပြီး GZ,ကိုနေလုံး,တော်လှန်ရေးရဲဘော်များအတူသီဆိုထားကြပါတယ်

သီချင်းစာသားလေးများကို ဖော်ပြပေးလိုက်ပါတယ်

“တောင်နံရံတွေ ငေးကြည့်နေရင်း အိမ်ကိုလွမ်းနေတယ် ဒီအချိန်မှာ အမေအဆင်ပြေလား ကျနော်သိချင် ဒီနိုင်ငံတော် လွတ်လပ်ဖို့အတွက် ကျနော်ကြိုးစားနေတယ် တခါတလေ စိတ်ပင်ပန်းလူပင်ပန်းနဲ့ ကျနော်အားတင်းတယ်

တချိန်မှာလွတ်မြောက်ရမယ် ယုံကြည်ချက်ကအပြည့်နဲ့ အမေဂုဏ်ယူရတဲ့ သားတယောက် ဖြစ်စေရမယ် ပြည်သူတွေ အရေးဟာ တို့အရေး တနိုင်ငံလုံးရဲ့တော်လှန်ရေး ခံယူချက်နဲ့အတွေး ပြည်သူဘက် ရပ်တည်ပေး

ကမ္ဘာမကြေဘူးဟေ့ ငါတို့သွေး တိုင်းရင်းသားတွေ ညီညွတ်ရေး မခံချင်စိတ်ကိုမွေး အဆုံးထိတိုက်မယ်ဟေ့”

ပရိတ်သတ်ကြီးလည်း သူတို့လေးတွေရဲ့ အိမ်လွမ်းတဲ့စိတ်နဲ့ တိုင်းပြည်အတွက် ကြိုးစားအားတင်းနေကြရတဲ့ လေးစားစရာစိတ်ဓာတ်ခံယူချက်တွေကို တွေ့မြင်မိမယ်ထင်ပါတယ်

GZ လူငယ်လေးတွေ ဘေးကင်းစေဖို့ ဆုတောင်းပေးခဲ့ကြပါအုံးနော

ပရိတ္သတ္ႀကီးေရ GZ လူငယ္မ်ားဟာ စစ္အာဏာရွင္ကို ရတဲ့နည္းလမ္းနဲ႔ ေတာ္လွန္ေနၾကပါတယ္၊ ေတာထဲေတာင္ထဲမွာ အခက္အခဲမ်ိဳးစုံကို ရင္ဆိုင္အန္တုရင္း တိုင္းျပည္အတြက္ ႀကိဳးစားေနၾကပါတယ္

အခုလည္း ေတာ္လွန္ေရးရဲေဘာ္လူငယ္မ်ား အိမ္ကိုလြမ္းတဲ့စိတ္နဲ႔ သီခ်င္းေရးစပ္ၿပီး အုပ္စုလိုက္သီဆိုေနၾကတဲ့ Video ေလးကို ရဲေဘာ္တဦးက လူမႈကြန္ယက္မွာ မွ်ေဝလာပါတယ္

ၿပီးေတာ့ “ဒီVideoဟာ ဘယ္ေနရာကိုမွေဖာ္ျပေနတာ မပါပါဘူးေနာ္ ၿပီးေတာ့ ဒီVideoေၾကာင့္ ဘယ္သူကိုမွ ေလယဥ္နဲ႔ ဗုံးလာမျပစ္ပါဘူး တစ္ခါထဲ ေျပာထားတာ အဲယားကြန္းထဲကေန အျပစ္တင္ေဝဖန္မဲ့သူေတြ အတြက္” ဆိုၿပီး ျပည္သူေတြ စိတ္မပူဖို႔ ႀကိဳေျပာထားပါေသးတယ္

ဒီ “အေမ့သား” ဆိုတဲ့ သီခ်င္းေလးကိုေတာ့ ကိုေနလုံးက ေရးဖြဲ႕ထားၿပီး GZ,ကိုေနလုံး,ေတာ္လွန္ေရးရဲေဘာ္မ်ားအတူသီဆိုထားၾကပါတယ္

သီခ်င္းစာသားေလးမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္

“ေတာင္နံရံေတြ ေငးၾကည့္ေနရင္း အိမ္ကိုလြမ္းေနတယ္ ဒီအခ်ိန္မွာ အေမအဆင္ေျပလား က်ေနာ္သိခ်င္ ဒီႏိုင္ငံေတာ္ လြတ္လပ္ဖို႔အတြက္ က်ေနာ္ႀကိဳးစားေနတယ္ တခါတေလ စိတ္ပင္ပန္းလူပင္ပန္းနဲ႔ က်ေနာ္အားတင္းတယ္

တခ်ိန္မွာလြတ္ေျမာက္ရမယ္ ယုံၾကည္ခ်က္ကအျပည့္နဲ႔ အေမဂုဏ္ယူရတဲ့ သားတေယာက္ ျဖစ္ေစရမယ္ ျပည္သူေတြ အေရးဟာ တို႔အေရး တႏိုင္ငံလုံးရဲ႕ေတာ္လွန္ေရး ခံယူခ်က္နဲ႔အေတြး ျပည္သူဘက္ ရပ္တည္ေပး

ကမာၻမေၾကဘူးေဟ့ ငါတို႔ေသြး တိုင္းရင္းသားေတြ ညီၫြတ္ေရး မခံခ်င္စိတ္ကိုေမြး အဆုံးထိတိုက္မယ္ေဟ့”

ပရိတ္သတ္ႀကီးလည္း သူတို႔ေလးေတြရဲ႕ အိမ္လြမ္းတဲ့စိတ္နဲ႔ တိုင္းျပည္အတြက္ ႀကိဳးစားအားတင္းေနၾကရတဲ့ ေလးစားစရာစိတ္ဓာတ္ခံယူခ်က္ေတြကို ေတြ႕ျမင္မိမယ္ထင္ပါတယ္

GZ လူငယ္ေလးေတြ ေဘးကင္းေစဖို႔ ဆုေတာင္းေပးခဲ့ၾကပါအုံးေနာ္