မိန်းကလေးတိုင်း ဘဝ မှာ တစ်ခါလောက်တော့ လုပ်ကြည့်သင့်တဲ့ အရာများ

မိန္းကေလးတိုင္း ဘဝ မွာ တစ္ခါေလာက္ေတာ့ လုပ္ၾကည့္သင့္တဲ့ အရာမ်ား

ကိုယ့္ရဲ႕ေန႔စဥ္လုပ္ေနက် နိစၥဓူဝကိစၥေတြကေန

ခြဲထြက္ၿပီး မတူညီတဲ့ေနထိုင္မႈပုံစံတခုကို

တခါတရံေလာက္ျဖစ္ျဖစ္

ေျပာင္းလဲေနထိုင္လိုက္ၾကည့္ျခင္းဟာ

စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးအတြက္

အေတာ္ေလး အေထာက္အကူျဖစ္ေစတဲ့

ကိစၥတခုပါပဲ ပ်ိဳေမတို႔ေရ။

ဒါေၾကာင့္မို႔လို႔ ပ်ိဳေမတိုင္းရဲ႕ ဘဝမွာ

တခါေလာက္ေတာ့ အနည္းဆုံးျဖစ္ျဖစ္

လုပ္ၾကည့္သင့္တဲ့ အရာေလးေတြကို

ျပန္လည္မွ်ေဝေပးခ်င္ပါတယ္။

(၁) တေယာက္တည္းခရီးေတြ ထြက္္ပါ

မိန္းကေလးတေယာက္အေနနဲ႔

တေယာက္တည္းခရီးသြားဖို႔ဆိုတာဟာ

အနည္းငယ္စြန္႔စားရတဲ့ ကိစၥတခုဆိုေပမယ့္

တေယာက္တည္းခရီးသြားျခင္းကေန

ထင္မထားေလာက္တဲ့ အက်ိဳးေက်းဇူးေတြ

ရႏိုင္တာေၾကာင့္ လုံၿခဳံေဘးကင္းမယ္လို႔

ထင္ရတဲ့ ေနရာေဒသတခုခုကို

တေယာက္တည္း ခရီးသြားဖို႔ျပင္ဆင္ျပဳလုပ္ၾကည့္ဖို႔

အႀကံျပဳခ်င္ပါတယ္။

(၂) တရက္ေလာက္ ဖုန္းမသုံးဘဲ အခ်ိန္ေတြကို ျဖတ္သန္းၾကည့္ပါ

စိတ္ဝင္စားစရာေတြ ျပည့္ႏွက္ေနတဲ့

ဆိုရွယ္မီဒီယာေတြကို ျဖတ္ၿပီး

ဖုန္းအသုံးမျပဳဘဲ ေနၾကည့္ဖို႔ဆိုတာဟာ

လြယ္တဲ့ကိစၥတခုေတာ့ မဟုတ္ေပမယ့္

အားလပ္ရက္တရက္မွာ ဖုန္းကိုလုံးဝမသုံံးဘဲ

ကိုယ္ဝါသနာပါရာေလးေတြ လုပ္ရင္း

တေန႔တာအခ်ိန္ကို ျဖတ္သန္းၾကည့္သင့္ပါတယ္။

(၃) ဖက္ရွင္စတိုင္ေျပာင္းတာမ်ိဳး လုပ္ၾကည့္ပါ

ဆံပင္စတိုင္ေျပာင္းလိုက္တာမ်ိဳးျဖစ္ျဖစ္၊

ကိုယ္ဝတ္ေနက် ျပင္ဆင္ေနက်

ေန႔စဥ္ Makeup look ကို ေျပာင္းလိုက္တာမ်ိဳးလို

လုပ္ၾကည့္ျခင္းက စိတ္အေျပာင္းအလဲလည္း

ျဖစ္ေစမွာျဖစ္သလို ကိုယ့္ကိုယ့္ကို

ယုံၾကည္မႈပိုရွိလာဖို႔ကိုလည္း အေထာက္အကူျဖစ္ေစမွာပါ။

(၄) ကိုယ္တကယ္မလုပ္ခ်င္တဲ့ အရာေတြကို ျငင္းဆိုၾကည့္ပါ

ဘယ္လိုကိစၥမ်ိဳးကိုမဆို အၿမဲတမ္းေခါင္းညိတ္ၿပီး

လိုက္ေလ်ာညီေထြ ဆက္ဆံေနရတာဟာ

စိတ္ပိုင္းဆိုင္ရာအတြက္ ေရရွည္မွာ မေကာင္းသလို

ကိုယ့္ကိုယ္ကို ပိတ္ေလွာင္ထားသလိုလည္း

ျဖစ္တာေၾကာင့္ တခါတရံေလာက္ျဖစ္ျဖစ္ေတာ့

ကိုယ္တကယ္ဆႏၵမရွိတဲ့၊ မလုပ္ခ်င္တဲ့အရာေတြကို

ျငင္းဆိုၾကည့္ဖို႔ သင့္ပါတယ္။

Credit

မိန်းကလေးတိုင်း ဘဝ မှာ တစ်ခါလောက်တော့ လုပ်ကြည့်သင့်တဲ့ အရာများ

ကိုယ့်ရဲ့နေ့စဉ်လုပ်နေကျ နိစ္စဓူဝကိစ္စတွေကနေ

ခွဲထွက်ပြီး မတူညီတဲ့နေထိုင်မှုပုံစံတခုကို

တခါတရံလောက်ဖြစ်ဖြစ်

ပြောင်းလဲနေထိုင်လိုက်ကြည့်ခြင်းဟာ

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်

အတော်လေး အထောက်အကူဖြစ်စေတဲ့

ကိစ္စတခုပါပဲ ပျိုမေတို့ရေ။

ဒါကြောင့်မို့လို့ ပျိုမေတိုင်းရဲ့ ဘဝမှာ

တခါလောက်တော့ အနည်းဆုံးဖြစ်ဖြစ်

လုပ်ကြည့်သင့်တဲ့ အရာလေးတွေကို

ပြန်လည်မျှဝေပေးချင်ပါတယ်။

(၁) တယောက်တည်းခရီးတွေ ထွက်ပါ

မိန်းကလေးတယောက်အနေနဲ့

တယောက်တည်းခရီးသွားဖို့ဆိုတာဟာ

အနည်းငယ်စွန့်စားရတဲ့ ကိစ္စတခုဆိုပေမယ့်

တယောက်တည်းခရီးသွားခြင်းကနေ

ထင်မထားလောက်တဲ့ အကျိုးကျေးဇူးတွေ

ရနိုင်တာကြောင့် လုံခြုံဘေးကင်းမယ်လို့

ထင်ရတဲ့ နေရာဒေသတခုခုကို

တယောက်တည်း ခရီးသွားဖို့ပြင်ဆင်ပြုလုပ်ကြည့်ဖို့

အကြံပြုချင်ပါတယ်။

(၂) တရက်လောက် ဖုန်းမသုံးဘဲ အချိန်တွေကို ဖြတ်သန်းကြည့်ပါ

စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတဲ့

ဆိုရှယ်မီဒီယာတွေကို ဖြတ်ပြီး

ဖုန်းအသုံးမပြုဘဲ နေကြည့်ဖို့ဆိုတာဟာ

လွယ်တဲ့ကိစ္စတခုတော့ မဟုတ်ပေမယ့်

အားလပ်ရက်တရက်မှာ ဖုန်းကိုလုံးဝမသုံံးဘဲ

ကိုယ်ဝါသနာပါရာလေးတွေ လုပ်ရင်း

တနေ့တာအချိန်ကို ဖြတ်သန်းကြည့်သင့်ပါတယ်။

(၃) ဖက်ရှင်စတိုင်ပြောင်းတာမျိုး လုပ်ကြည့်ပါ

ဆံပင်စတိုင်ပြောင်းလိုက်တာမျိုးဖြစ်ဖြစ်၊

ကိုယ်ဝတ်နေကျ ပြင်ဆင်နေကျ

နေ့စဉ် Makeup look ကို ပြောင်းလိုက်တာမျိုးလို

လုပ်ကြည့်ခြင်းက စိတ်အပြောင်းအလဲလည်း

ဖြစ်စေမှာဖြစ်သလို ကိုယ့်ကိုယ့်ကို

ယုံကြည်မှုပိုရှိလာဖို့ကိုလည်း အထောက်အကူဖြစ်စေမှာပါ။

(၄) ကိုယ်တကယ်မလုပ်ချင်တဲ့ အရာတွေကို ငြင်းဆိုကြည့်ပါ

ဘယ်လိုကိစ္စမျိုးကိုမဆို အမြဲတမ်းခေါင်းညိတ်ပြီး

လိုက်လျောညီထွေ ဆက်ဆံနေရတာဟာ

စိတ်ပိုင်းဆိုင်ရာအတွက် ရေရှည်မှာ မကောင်းသလို

ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားသလိုလည်း

ဖြစ်တာကြောင့် တခါတရံလောက်ဖြစ်ဖြစ်တော့

ကိုယ်တကယ်ဆန္ဒမရှိတဲ့၊ မလုပ်ချင်တဲ့အရာတွေကို

ငြင်းဆိုကြည့်ဖို့ သင့်ပါတယ်။

Credit