ရန်ကုန်က ဓာတ်ပုံရိုက်လို့ကောင်းမယ့်နေရာ ၁၃ နေရာ

ရန်ကုန်က ဓာတ်ပုံရိုက်လို့ကောင်းမယ့်နေရာ ၁၃ နေရာ

မိုးတွင်းချိန်ဆိုတာ အရာအားလုံးစိမ်းစိမ်းစိုစိုနဲ့ သာယာလာတဲ့ ရာသီတစ်ခုလို ခံစားရပါတယ်. ခရီးချစ်သူတွေထဲမှာရော မိုးကိုချစ်တဲ့သူတွေရှိတယ်ဟုတ်..စိမ်းစိုနေတဲ့ အချိန်New Normal Lifestyle မှာ အသားကျဖို့ ကြိုးစားရင်း

ရန်ကုန်မြို့ထဲ ဟိုဟိုဒီဒီလျှောက်သွားချင်သူတွေအနေနဲ့ ရန်ကုန်က မိုးတွင်း ရန်ကုန်မှာ ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတွေကို ပြောပြပေးမယ်နော်.

ဒီနေရာတွေက ဘယ်သူမှ သတ်မှတ်ထားတာတော့ မဟုတ်ပါဖူး.ချောစု တစ်ဦးတစ်ယောက်အမြင်နဲ့တော့ ဓာတ်ပုံရိုက်လို့ကောင်းတယ်လို့ ယူဆရတဲ့ နေရာတွေကို ပြောပြပေးထားတာမို့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်ရှင်.

ဝန်ကြီးများရုံး

အခုလောလောဆယ်တော့ ဒီထဲကို ဝင်လို့ရပါတယ်. Day Tour တွေကိုတော့ ပိတ်ထားဆဲပါ..စားသောက်ဆိုင်ခန်းတွေရှိတဲ့ဘက်ခြမ်းကိုတော့ သွားကြည့်လို့ရသလို ဓာတ်ပုံရိုက်လို့ရပါတယ်.

ချောစုသိရသလောက်တော့ ဇူလိုင် ၁၇၊ ၁၈၊ ၁၉ မှပဲ ( ၃) ရက်ဆက်တိုက် တဝန်းလုံး ဖွင့်မယ်လို့ သိရပါတယ်. အသေးစိတ်ပိုသိချင်ရင်တော့ The Secretariat Facebook Page မှာ ဝင်ကြည့်လို့ရပါတယ်နော်.

ဘိုကလေးဈေးလမ်း

ကိုလိုနီခေတ်လက်ရာ အဆောက်အအုံတွေ တဝကြီး နဲ့ရိုက်ချင်ရင်တော့ ဝန်ကြီးများရှေ့တည့်တည့်မှာပဲရှိတဲ့ ဘိုကလေးဈေးလမ်းကတော့ အမိုက်စားလမ်းပါပဲ.

Bonjour

ဘိုကလေးဈေးလမ်းထဲမှာပဲ ရှိတဲ့ ဒီဆိုင်လေးက အလှဆင်ပစ္စည်းလေးတွေရောင်းတဲ့ ဆိုင်လေးပါ. Modern ဆန်တဲ့ ပစ္စည်းတွေရော မြန်မာမှုဆိုင်ရာ ပစ္စည်းလေးတွေအထိပါ ရှိတဲ့ ပစ္စည်းလေးတွေကို ရောင်းပေမယ့်နေရာလေးပါ

ဆိုင်အ၀ အပြင်အဆင်တွေက အစ အကုန်အမိုက်စားတွေလုပ်ထားတဲ့ ဒီဆိုင်လေးက ချောစုသွားရိုက်တုန်းကတော့ ဆိုင် ပိတ်ထားပေမယ့် ဆိုင်အဝလေးရပ်ရိုက်လို့ရပါတယ်

ပန်သူရိယ Art Gallery ရှေ့

ဒီနေရာကတော့ ဘိုကလေးဈေးလမ်းထဲမှာပဲ Bonjour မရောက်ခင်လေးမှာပါ.. ပန်သူရိယရှေ့မှာပန်းပင်တွေပါ ရှိတာမို့ မိုးတွင်းမှာ ပိုလှပါတယ်.. ချောစုသွားတုန်းကတော့ ဆိုင်ပိတ်ထားလို့ ရိုက်ရတာအဆင်ပြေခဲ့တယ်

ရေသူမအပြုံး

ဒီဆိုင်က သွားမယ်ဆို မနက် ၉ကစပြီး တစ်ခါတစ်လေ ညနေ ၃ နာရီ ၄ န၄ာရီအထိ အမျိုးသမီး ဝတ်တွေချုပ်ရောင်းတဲ့ စက်ချုပ်ဆိုင်ပါ.ဆိုင်ဖွင့်ထားရင်တော့ တံခါးမှာ ရပ်ရိုက်ဖို့အခက်အခဲရှိပါလိမ့်မယ်. .ချောစုကတော့ တနင်္ဂနွေနေ့ ဆိုင်ပိတ်တဲ့အချိန် သွားရိုက်ထားတာပါ

Yangon Heritage Trust

ဆရာဦး သန့်မြင့်ဦး စတင်တည်ထောင်ထားတဲ့ Yangon Heritage Trust NGO အဖွဲ့အစည်းရှိတဲ့ နေရာကတော့ အောက်ပန်းဆိုးတန်းလမ်းပေါ် ပထမထပ်မှာရှိပါတယ်.. အောက်ထပ်မှာတော့ စာကြည့်တိုက်ရှိ ပြီးတော့ အပေါ်ထပ်ဆုံးမှာကျတော့ ပြန်ကြားရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာနရှိပါတယ်.

၄ ထပ် အဆောက်အအုံကြီးရဲ့ ပထမထပ်မှာရှိတဲ့ ဆီကို လှေကားနဲ့တက်ပြီးရင် တက်တက်ချင်း အဝင်ဝမှာပဲ အခန်းတစ်ခုရှိပါတယ်. အဲ့အခန်းမှာ ထားထားတဲ့ခုံရှည်နဲ့ ပိန်းပင်နဲ့ အလင်းဝင်နေမှုက vintage vibe လေးရသလိုလို.နေသာထိုးနေရင် အပေါက်လေးတွေကနေ နေရောင်အထဲကို ဝင်နေတာကိုပါမြင်ရမှာပါ.

Heritage Trust အခန်းထဲမှာတင်ပဲ ရိုက်စရာ ၄ နေရာလောက်ရှိပါတယ်… ခွင့်တောင်းပြီးရိုက်လို့ရသလို အခမဲ့ဝင်လေ့လာနိုင်ပါတယ်

ဆရာသန်းမြင့်ဦးရေးတဲ့ တချို့ စာအုပ်မူရင်းတွေကိုလည်းဝယ်လို့ရသလို Yangon Heritage Building Day Tour တွေကို ဝင်လျှောက်ချင်ရင်လည်း သက်ဆိုင်ရာနေရာအသီးသီးအတွက် ဈေးအသီးသီးကို စုံစမ်းလို့ရပါသေးတယ်. မရောက်ဖူးသေးရင်သွားကြည့်သင့်တဲ့နေရာထဲပါပါတယ်နော်

Rooftop တစ်ခုခု

မိုးရာသီမှာ ခေါင်းမိုးတစ်ခုခုပေါ်တက်ပြီး တိမ်တွေညို့မည်းတက်လာတာကို အမိအရရိုက်ရင် ပိုမိုက်ပါတယ်. ထီးတစ်လက်တော့ မမေ့နဲ့ပေါ့နော်. ရောင်စုံထီး ဒါမှ မဟုတ် ထီးအကြည်ရောင်ဆိုလည်းမိုက်ပါတယ်.

ကြည့်မြင်တိုင်ဘူတာ

ရန်ုကုန်က လူရှင်းတဲ့ ဘူတာတစ်ခုကို ရိုက်ချင်လို့ လိုက်ရှာတဲ့အခါ ကြည့်မြင်တိုင်ဘူတာက ရှင်းတယ်ဆိုတာကြောင့် သွားကြည့်လိုက်တော့ သဘောကျမိပါတယ်

ရိုက်မယ်ဆိုရင်တော့ ရထားထွက်တဲ့ အချိန်ကို မှတ်ပြီးမှ သွားမှပဲတော်ကာကျမယ်.. နည်းနည်းတော့ ဘူတာကုန်းကျော်တံတားက ညစ်ပတ်တယ်. ဘူတာလေးကတော့ ရှင်းပါတယ်.. ရုတ်တရက်ကြည့်လိုက်ရင် ကလော ဘူတာနဲ့တောင် ဆင်တင်တင်လေး.

ရန်ကုန်ဘူတာကြီး

ရန်ကုန်ဘူတာကြီးကတော့ ရန်ကုန်ရဲ့ သမိုင်းဝင် အဆောက်အအုံ ၆၀ ထဲ က တစ်ခုအပါအဝင်ဖြစ်တဲ့အပြင်ကို ချောစု သဘောအကျဆုံးကတော့ တိုင်ကပ်နာရီ ကြီးနဲ့ ရထားပလက်ဖောင်းနံပါတ်ရေးထားတဲ့ သင်္ချာဂဏန်းကြီးတွေက တော်တော်မိုက်ပါတယ်

လူရှင်းတဲ့အချိန်သွားချင်ရင်တော့ ရထားဆိုက်မယ့် အချိန်တွေကို သတိပြုပါနော်. မနက် ၉။ နေ့လည် ၁၂း၂၀ နဲ့ ညနေ ၅ ခွဲလို့တော့ အကြမ်းဖျင်းသိထားပါတယ်.

ပန်းဆိုးတန်းကုန်းတံတားအောက်

ဒီနေရာကို Htoo The Wanderlust ကထူးကို ရှာတွေ့ထားတာပါ. သွားကြည့်ရင်းနဲ့ နေရာလေးက တော်တော်လှပါတယ်. ပန်းဆိုးတမ်းကုန်းတံတားပေါ်ကနေ တက်ရိုက်ရတာပါ

ဘူတာကြီးကျောကပ်ရပ်က ရထားတွဲအဟောင်းတွေထားတဲ့ ဝန်းထဲကို ကားဝင်ပြီး ပန်းဆိုးတန်းကုန်းတံတားအောက်ကို နည်းနည်းလျှောက်ရပါတယ်. မြွေပါးကင်းပါးတော့ သတိထားပေါ့နော်..တစ်ယောက်တည်း သွားရိုက်ရင်တော့ အဆင်မပြေနိုင်ပါဘူး.

Strand road နဲ့ ဆူးလေဘုရားလမ်းထောင့်

ဒီနေရာကနေ ၆ ထပ်ရုံးကို နောက်ခံထားပြီး ရန်ကုန်မြို့လည်ခေါင်ပတ်ဝန်းကျင်လေးပါတာပေါ့နော်. ရိုက်နေတုန်း မိုးသည်းသည်းရွာတာကတော့ အမှတ်တရပါပဲ.. အခုအဲ့နားမှာ Container Bar တွေပါ ပါလာတော့ ပိုပြီး Urban ဆန်တဲ့ ပုံမျိုးရိုက်လို့ရတာပေါ့နော်..

Thiripyisaya Sky Bistro

ဒီနေရာကနေ ဆူးလေဘုရားဘက်ခြမ်းကို parallel world ပုံစံ ရိုက်လို့ရပါတယ်.ဒီနေရာကတော့ ချောစုသွားတုန်းကဖွင့်ပါတယ်. လူလည်းရှင်းပါတယ်. အပေါ်မှာတော့ Yangon Yangon Bar ကနေ တက်ရိုက်ရင် ပိုလှပေမယ့် ချောစုသွားတုန်းကအထိတော့ မဖွင့်သေးပါဘူး.

အပေါ်ကနေရာတွေတင်မကဘဲ တခြားရန်ကုန်ရဲ့ မိုးတွင်းမှာ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာလေးတွေကို သိရင်လည်း အားလုံးနဲ့ အတူတူ ဝေမျှပေးခဲ့ပါအုန်းနော်.

အားလုံးပဲ New Normal Lifestyle မှာ စည်းကမ်းတကျ အလုပ်တွေ ပြန်လုပ်နိုင်ကြပါစေနော်.☺

လေးစားစွာဖြင့်ခရက်ဒစ် I write, I travel ချောစု

Zawgyi

ရန္ကုန္က ဓာတ္ပုံ႐ိုက္လို႔ေကာင္းမယ့္ေနရာ ၁၃ ေနရာ

မိုးတြင္းခ်ိန္ဆိုတာ အရာအားလုံးစိမ္းစိမ္းစိုစိုနဲ႔ သာယာလာတဲ့ ရာသီတစ္ခုလို ခံစားရပါတယ္. ခရီးခ်စ္သူေတြထဲမွာေရာ မိုးကိုခ်စ္တဲ့သူေတြရွိတယ္ဟုတ္..စိမ္းစိုေနတဲ့ အခ်ိန္New Normal Lifestyle မွာ အသားက်ဖို႔ ႀကိဳးစားရင္း

ရန္ကုန္ၿမိဳ႕ထဲ ဟိုဟိုဒီဒီေလွ်ာက္သြားခ်င္သူေတြအေနနဲ႔ ရန္ကုန္က မိုးတြင္း ရန္ကုန္မွာ ဓာတ္ပုံ႐ိုက္လို႔ေကာင္းတဲ့ေနရာေလးေတြကို ေျပာျပေပးမယ္ေနာ္.
ဒီေနရာေတြက ဘယ္သူမွ သတ္မွတ္ထားတာေတာ့ မဟုတ္ပါဖူး.ေခ်ာစု တစ္ဦးတစ္ေယာက္အျမင္နဲ႔ေတာ့ ဓာတ္ပုံ႐ိုက္လို႔ေကာင္းတယ္လို႔ ယူဆရတဲ့ ေနရာေတြကို ေျပာျပေပးထားတာမို႔ လြတ္လပ္စြာ သေဘာထားကြဲလြဲခြင့္ရွိပါတယ္ရွင္.

ဝန္ႀကီးမ်ား႐ုံး

အခုေလာေလာဆယ္ေတာ့ ဒီထဲကို ဝင္လို႔ရပါတယ္. Day Tour ေတြကိုေတာ့ ပိတ္ထားဆဲပါ..စားေသာက္ဆိုင္ခန္းေတြရွိတဲ့ဘက္ျခမ္းကိုေတာ့ သြားၾကည့္လို႔ရသလို ဓာတ္ပုံ႐ိုက္လို႔ရပါတယ္.

ေခ်ာစုသိရသေလာက္ေတာ့ ဇူလိုင္ ၁၇၊ ၁၈၊ ၁၉ မွပဲ ( ၃) ရက္ဆက္တိုက္ တဝန္းလုံး ဖြင့္မယ္လို႔ သိရပါတယ္. အေသးစိတ္ပိုသိခ်င္ရင္ေတာ့ The Secretariat Facebook Page မွာ ဝင္ၾကည့္လို႔ရပါတယ္ေနာ္.

ဘိုကေလးေဈးလမ္း

ကိုလိုနီေခတ္လက္ရာ အေဆာက္အအုံေတြ တဝႀကီး နဲ႔႐ိုက္ခ်င္ရင္ေတာ့ ဝန္ႀကီးမ်ားေရွ႕တည့္တည့္မွာပဲရွိတဲ့ ဘိုကေလးေဈးလမ္းကေတာ့ အမိုက္စားလမ္းပါပဲ.

Bonjour

ဘိုကေလးေဈးလမ္းထဲမွာပဲ ရွိတဲ့ ဒီဆိုင္ေလးက အလွဆင္ပစၥည္းေလးေတြေရာင္းတဲ့ ဆိုင္ေလးပါ. Modern ဆန္တဲ့ ပစၥည္းေတြေရာ ျမန္မာမႈဆိုင္ရာ ပစၥည္းေလးေတြအထိပါ ရွိတဲ့ ပစၥည္းေလးေတြကို ေရာင္းေပမယ့္ေနရာေလးပါ

ဆိုင္အ၀ အျပင္အဆင္ေတြက အစ အကုန္အမိုက္စားေတြလုပ္ထားတဲ့ ဒီဆိုင္ေလးက ေခ်ာစုသြား႐ိုက္တုန္းကေတာ့ ဆိုင္ ပိတ္ထားေပမယ့္ ဆိုင္အဝေလးရပ္႐ိုက္လို႔ရပါတယ္

ပန္သူရိယ Art Gallery ေရွ႕

ဒီေနရာကေတာ့ ဘိုကေလးေဈးလမ္းထဲမွာပဲ Bonjour မေရာက္ခင္ေလးမွာပါ.. ပန္သူရိယေရွ႕မွာပန္းပင္ေတြပါ ရွိတာမို႔ မိုးတြင္းမွာ ပိုလွပါတယ္.. ေခ်ာစုသြားတုန္းကေတာ့ ဆိုင္ပိတ္ထားလို႔ ႐ိုက္ရတာအဆင္ေျပခဲ့တယ္

ေရသူမအၿပဳံး

ဒီဆိုင္က သြားမယ္ဆို မနက္ ၉ကစၿပီး တစ္ခါတစ္ေလ ညေန ၃ နာရီ ၄ န၄ာရီအထိ အမ်ိဳးသမီး ဝတ္ေတြခ်ဳပ္ေရာင္းတဲ့ စက္ခ်ဳပ္ဆိုင္ပါ.ဆိုင္ဖြင့္ထားရင္ေတာ့ တံခါးမွာ ရပ္႐ိုက္ဖို႔အခက္အခဲရွိပါလိမ့္မယ္. .ေခ်ာစုကေတာ့ တနဂၤေႏြေန႔ ဆိုင္ပိတ္တဲ့အခ်ိန္ သြား႐ိုက္ထားတာပါ

Yangon Heritage Trust

ဆရာဦး သန္႔ျမင့္ဦး စတင္တည္ေထာင္ထားတဲ့ Yangon Heritage Trust NGO အဖြဲ႕အစည္းရွိတဲ့ ေနရာကေတာ့ ေအာက္ပန္းဆိုးတန္းလမ္းေပၚ ပထမထပ္မွာရွိပါတယ္.. ေအာက္ထပ္မွာေတာ့ စာၾကည့္တိုက္ရွိ ၿပီးေတာ့ အေပၚထပ္ဆုံးမွာက်ေတာ့ ျပန္ၾကားေရးနဲ႔ဆက္သြယ္ေရး ဝန္ႀကီးဌာနရွိပါတယ္.

၄ ထပ္ အေဆာက္အအုံႀကီးရဲ႕ ပထမထပ္မွာရွိတဲ့ ဆီကို ေလွကားနဲ႔တက္ၿပီးရင္ တက္တက္ခ်င္း အဝင္ဝမွာပဲ အခန္းတစ္ခုရွိပါတယ္. အဲ့အခန္းမွာ ထားထားတဲ့ခုံရွည္နဲ႔ ပိန္းပင္နဲ႔ အလင္းဝင္ေနမႈက vintage vibe ေလးရသလိုလို.ေနသာထိုးေနရင္ အေပါက္ေလးေတြကေန ေနေရာင္အထဲကို ဝင္ေနတာကိုပါျမင္ရမွာပါ.

Heritage Trust အခန္းထဲမွာတင္ပဲ ႐ိုက္စရာ ၄ ေနရာေလာက္ရွိပါတယ္… ခြင့္ေတာင္းၿပီး႐ိုက္လို႔ရသလို အခမဲ့ဝင္ေလ့လာႏိုင္ပါတယ္

ဆရာသန္းျမင့္ဦးေရးတဲ့ တခ်ိဳ႕ စာအုပ္မူရင္းေတြကိုလည္းဝယ္လို႔ရသလို Yangon Heritage Building Day Tour ေတြကို ဝင္ေလွ်ာက္ခ်င္ရင္လည္း သက္ဆိုင္ရာေနရာအသီးသီးအတြက္ ေဈးအသီးသီးကို စုံစမ္းလို႔ရပါေသးတယ္. မေရာက္ဖူးေသးရင္သြားၾကည့္သင့္တဲ့ေနရာထဲပါပါတယ္ေနာ္

Rooftop တစ္ခုခု

မိုးရာသီမွာ ေခါင္းမိုးတစ္ခုခုေပၚတက္ၿပီး တိမ္ေတြညိဳ႕မည္းတက္လာတာကို အမိအရ႐ိုက္ရင္ ပိုမိုက္ပါတယ္. ထီးတစ္လက္ေတာ့ မေမ့နဲ႔ေပါ့ေနာ္. ေရာင္စုံထီး ဒါမွ မဟုတ္ ထီးအၾကည္ေရာင္ဆိုလည္းမိုက္ပါတယ္.

ၾကည့္ျမင္တိုင္ဘူတာ

ရႏ္ုကုန္က လူရွင္းတဲ့ ဘူတာတစ္ခုကို ႐ိုက္ခ်င္လို႔ လိုက္ရွာတဲ့အခါ ၾကည့္ျမင္တိုင္ဘူတာက ရွင္းတယ္ဆိုတာေၾကာင့္ သြားၾကည့္လိုက္ေတာ့ သေဘာက်မိပါတယ္

႐ိုက္မယ္ဆိုရင္ေတာ့ ရထားထြက္တဲ့ အခ်ိန္ကို မွတ္ၿပီးမွ သြားမွပဲေတာ္ကာက်မယ္.. နည္းနည္းေတာ့ ဘူတာကုန္းေက်ာ္တံတားက ညစ္ပတ္တယ္. ဘူတာေလးကေတာ့ ရွင္းပါတယ္.. ႐ုတ္တရက္ၾကည့္လိုက္ရင္ ကေလာ ဘူတာနဲ႔ေတာင္ ဆင္တင္တင္ေလး.

ရန္ကုန္ဘူတာႀကီး

ရန္ကုန္ဘူတာႀကီးကေတာ့ ရန္ကုန္ရဲ႕ သမိုင္းဝင္ အေဆာက္အအုံ ၆၀ ထဲ က တစ္ခုအပါအဝင္ျဖစ္တဲ့အျပင္ကို ေခ်ာစု သေဘာအက်ဆုံးကေတာ့ တိုင္ကပ္နာရီ ႀကီးနဲ႔ ရထားပလက္ေဖာင္းနံပါတ္ေရးထားတဲ့ သခ်ၤာဂဏန္းႀကီးေတြက ေတာ္ေတာ္မိုက္ပါတယ္

လူရွင္းတဲ့အခ်ိန္သြားခ်င္ရင္ေတာ့ ရထားဆိုက္မယ့္ အခ်ိန္ေတြကို သတိျပဳပါေနာ္. မနက္ ၉။ ေန႔လည္ ၁၂း၂၀ နဲ႔ ညေန ၅ ခြဲလို႔ေတာ့ အၾကမ္းဖ်င္းသိထားပါတယ္.

ပန္းဆိုးတန္းကုန္းတံတားေအာက္

ဒီေနရာကို Htoo The Wanderlust ကထူးကို ရွာေတြ႕ထားတာပါ. သြားၾကည့္ရင္းနဲ႔ ေနရာေလးက ေတာ္ေတာ္လွပါတယ္. ပန္းဆိုးတမ္းကုန္းတံတားေပၚကေန တက္႐ိုက္ရတာပါ

ဘူတာႀကီးေက်ာကပ္ရပ္က ရထားတြဲအေဟာင္းေတြထားတဲ့ ဝန္းထဲကို ကားဝင္ၿပီး ပန္းဆိုးတန္းကုန္းတံတားေအာက္ကို နည္းနည္းေလွ်ာက္ရပါတယ္. ေႁမြပါးကင္းပါးေတာ့ သတိထားေပါ့ေနာ္..တစ္ေယာက္တည္း သြား႐ိုက္ရင္ေတာ့ အဆင္မေျပႏိုင္ပါဘူး.

Strand road နဲ႔ ဆူးေလဘုရားလမ္းေထာင့္

ဒီေနရာကေန ၆ ထပ္႐ုံးကို ေနာက္ခံထားၿပီး ရန္ကုန္ၿမိဳ႕လည္ေခါင္ပတ္ဝန္းက်င္ေလးပါတာေပါ့ေနာ္. ႐ိုက္ေနတုန္း မိုးသည္းသည္း႐ြာတာကေတာ့ အမွတ္တရပါပဲ.. အခုအဲ့နားမွာ Container Bar ေတြပါ ပါလာေတာ့ ပိုၿပီး Urban ဆန္တဲ့ ပုံမ်ိဳး႐ိုက္လို႔ရတာေပါ့ေနာ္..

Thiripyisaya Sky Bistro

ဒီေနရာကေန ဆူးေလဘုရားဘက္ျခမ္းကို parallel world ပုံစံ ႐ိုက္လို႔ရပါတယ္.ဒီေနရာကေတာ့ ေခ်ာစုသြားတုန္းကဖြင့္ပါတယ္. လူလည္းရွင္းပါတယ္. အေပၚမွာေတာ့ Yangon Yangon Bar ကေန တက္႐ိုက္ရင္ ပိုလွေပမယ့္ ေခ်ာစုသြားတုန္းကအထိေတာ့ မဖြင့္ေသးပါဘူး.

အေပၚကေနရာေတြတင္မကဘဲ တျခားရန္ကုန္ရဲ႕ မိုးတြင္းမွာ ဓာတ္ပုံ႐ိုက္လို႔ေကာင္းတဲ့ ေနရာေလးေတြကို သိရင္လည္း အားလုံးနဲ႔ အတူတူ ေဝမွ်ေပးခဲ့ပါအုန္းေနာ္.

အားလုံးပဲ New Normal Lifestyle မွာ စည္းကမ္းတက် အလုပ္ေတြ ျပန္လုပ္ႏိုင္ၾကပါေစေနာ္.☺

ေလးစားစြာျဖင့္ခရက္ဒစ္ I write, I travel ေခ်ာစု