ကျန်းမာလှပတဲ့ ဆံကေသာ နဲ့ စိုပြည်တဲ့အသားအရည် ပိုင်ဆိုင်ဖို့ ဆန်ဆေးရေကို သုံးရအောင်

ဆန်ဆေးရေဟာ သဘာဝအတိုင်းဆံကေသာတွေကိုလှပသန်စွမ်းစေတဲ့အပြင် အသားအရည် ကိုလည်းချောမွတ်ဖြူဝင်းစေပါတယ်။ဆန်မှာ ဗီတာမင်ဘီ၊ဗီတာမင်စီ၊ဗီတာမင်အီးနဲ့ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့အက်စစ်ဓာတ်၈မျိုးပါဝင်ပါတယ်။

လွယ်ကူပြီးငွေကုန်ကြေးကျလည်း သက်သာတဲ့ဆန်ဆေးရေကိုနည်းလမ်းနှစ်မျိုးနဲ့လုပ်လို့ရပါတယ်။

ပထမတစ်နည်းကတော့

ပုံမှန်အတိုင်းဆန်ကိုဆေးပြီးထမင်းအိုးတည်ပါ။ရေမခမ်းခင်မှာ ခဏချပြီးရေစစ်နဲ့ခွက်အသန့်တစ်လုံးထဲကိုထည့်ပါ။

ပြီးရင် ဆန်ဆေးရေထည့်ထားတဲ့ခွက်ကို ရေခဲသေတ္တာထဲမှာ ၁ပတ်ခန့်ထားပါ။

တစ်ပတ်ပြည့်သွားတဲ့အခါ ဆန်ဆေးရေစားပွဲတင်ဇွန်း၂ဇွန်းနဲ့ရေတစ်ခွက်ရောပြီးအသုံးပြုနိုင်ပါတယ်။

ဒုတိယတစ်နည်းကတော့

ဆန်ကိုရေသန့်သန့်နဲ့ဆေးပါ။ပြီးရင်နာရီဝက်ထားပါ။ နာရီဝက်ပြည့်သွားရင်ဆန်ခါနဲ့ခွက်အသစ်တစ်လုံးထဲ စစ်ထည့်ပါ။

ရေခဲသေတ္တာထဲမှာ ၄ရက်လောက်ထားပေးပါ။သုံးခါနီးရင်မွှေပြီးနည်းနည်းချင်းစီသုံးပေးနိုင်ပါတယ်။

ဆန်ဆေးရေကိုနေ့တိုင်းအသုံးပြုပေးနိုင်ပြီးသဘာ၀ အတိုင်းမျက်နှာနဲ့ဆံပင်ကိုအားဖြည့်ပေးနိုင်ပါတယ်။

မနက်မိုးလင်းမျက်နှာမသစ်ခင်ဆန်ဆေးရေနဲ့သစ်ပေးနိုင်ပါတယ်။နေ့တိုင်းပုံမှန်သစ်ပေးမယ်ဆိုရင် ချွေးပေါက်ကျဉ်းပြီးအစက်အပြောက်ကင်းတဲ့မျက်နှာလေးပိုင်ဆိုင်နိုင်မှာပါ။

ခေါင်းမလျှော်ခင် ဆန်ဆေးရေနဲ့အရင်လောင်းပေးပြီး ၁၀မိနစ်လောက်ထားပါ။ပြီးမှ ခေါင်းလျှော်ရည် နဲ့ သန့်စင်ပေးပါ။ တစ်ပတ်ကိုတစ်ခါပုံမှန်လုပ်ပေးရင်ဗောက်ပျောက်ပြီးနူးညံ့တဲ့ဆံကေသာကိုပိုင်ဆိုင်ရမှာပါ။

ဆန္ေဆးေရဟာ သဘာဝအတိုင္းဆံေကသာေတြကိုလွပသန္စြမ္းေစတဲ့အျပင္ အသားအရည္ ကိုလည္းေခ်ာမြတ္ျဖဴဝင္းေစပါတယ္။ဆန္မွာ ဗီတာမင္ဘီ၊ဗီတာမင္စီ၊ဗီတာမင္အီးနဲ႔က်န္းမာေရးအတြက္ အေထာက္အကူျပဳတဲ့အက္စစ္ဓာတ္၈မ်ိဳးပါဝင္ပါတယ္။

လြယ္ကူၿပီးေငြကုန္ေၾကးက်လည္း သက္သာတဲ့ဆန္ေဆးေရကိုနည္းလမ္းႏွစ္မ်ိဳးနဲ႔လုပ္လို႔ရပါတယ္။

ပထမတစ္နည္းကေတာ့

ပုံမွန္အတိုင္းဆန္ကိုေဆးၿပီးထမင္းအိုးတည္ပါ။ေရမခမ္းခင္မွာ ခဏခ်ၿပီးေရစစ္နဲ႔ခြက္အသန႔္တစ္လုံးထဲကိုထည့္ပါ။

ၿပီးရင္ ဆန္ေဆးေရထည့္ထားတဲ့ခြက္ကို ေရခဲေသတၱာထဲမွာ ၁ပတ္ခန႔္ထားပါ။

တစ္ပတ္ျပည့္သြားတဲ့အခါ ဆန္ေဆးေရစားပြဲတင္ဇြန္း၂ဇြန္းနဲ႔ေရတစ္ခြက္ေရာၿပီးအသုံးျပဳႏိုင္ပါတယ္။

ဒုတိယတစ္နည္းကေတာ့

ဆန္ကိုေရသန႔္သန႔္နဲ႔ေဆးပါ။ၿပီးရင္နာရီဝက္ထားပါ။ နာရီဝက္ျပည့္သြားရင္ဆန္ခါနဲ႔ခြက္အသစ္တစ္လုံးထဲ စစ္ထည့္ပါ။

ေရခဲေသတၱာထဲမွာ ၄ရက္ေလာက္ထားေပးပါ။သုံးခါနီးရင္ေမႊၿပီးနည္းနည္းခ်င္းစီသုံးေပးႏိုင္ပါတယ္။

ဆန္ေဆးေရကိုေန႔တိုင္းအသုံးျပဳေပးႏိုင္ၿပီးသဘာ၀ အတိုင္းမ်က္ႏွာနဲ႔ဆံပင္ကိုအားျဖည့္ေပးႏိုင္ပါတယ္။

မနက္မိုးလင္းမ်က္ႏွာမသစ္ခင္ဆန္ေဆးေရနဲ႔သစ္ေပးႏိုင္ပါတယ္။ေန႔တိုင္းပုံမွန္သစ္ေပးမယ္ဆိုရင္ ေခြၽးေပါက္က်ဥ္းၿပီးအစက္အေျပာက္ကင္းတဲ့မ်က္ႏွာေလးပိုင္ဆိုင္ႏိုင္မွာပါ။

ေခါင္းမေလွ်ာ္ခင္ ဆန္ေဆးေရနဲ႔အရင္ေလာင္းေပးၿပီး ၁၀မိနစ္ေလာက္ထားပါ။ၿပီးမွ ေခါင္းေလွ်ာ္ရည္ နဲ႔ သန႔္စင္ေပးပါ။ တစ္ပတ္ကိုတစ္ခါပုံမွန္လုပ္ေပးရင္ေဗာက္ေပ်ာက္ၿပီးႏူးညံ့တဲ့ဆံေကသာကိုပိုင္ဆိုင္ရမွာပါ။