“အဝေးပြေးဝင်း ခရီးသည်တင်ယာဉ်တစ်စီးပေါ်တွင် သေဆုံးနေသည့် ယာဉ်မောင်းအား စစ်ဆေးရာ COVID-19 ပိုးတွေ့ရှိ”

အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းရှိ ခရီးသည်တင်ယာဉ်တစ်စီးပေါ်တွင် သေဆုံးခဲ့သည့် ယာဉ်မောင်းအား စစ်ဆေးရာ COVID-COVID19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

 

ဇွန် ၂၆ ရက် နံနက် ၈ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အောင်မင်္ဂလာအဝေးပြေးဝင်း ၊ မကွေးလမ်းတွင် ရပ်ထားသည့် ခရီးသည်တင်ယာဉ် တစ်စီးပေါ်တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းရသဖြင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သွားရောက်သယ်ဆောင်ခဲ့သည်။

“ မနက် ၈ နာရီလောက်မှာ သတင်းရလို့ သွားတာ။ ရပ်ထားတဲ့ ခရီးသည်တင်ယာဉ်ပေါမှာ ယာဉ်မောင်းက ကားပေါ်မှာ သေဆုံးတာ။ အသက် ငါးဆယ်ဝန်းကျင်ရှိပြီ။​ ပြင်ပဒဏ်ရာ ဘာမှ မရှိပါဘူး” ဟု ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင် က ပြောကြားသည်။

သေဆုံးသူ ယာဉ်မောင်းအား မေဓါဝီ ဆေးရုံသို့ ပို့ဆောင်ပြီး စစ်ဆေးရာ ၄င်းထံတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်၏ ပြောကြားချက်အရသိရသည်။

“ ဆေးရုံပို့ပြီး စစ်ဆေးတော့ COVID-19 ပိုး တွေ့တယ်။ကျွန်တော်တို့ကတော့ အခုချိန်မှာ ဘယ် body သယ်သယ် PPE နဲ့ စနစ်တကျသယ်ဆောင်ပါတယ်” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင် ကပြောကြားသည်။

ဇွန် ၂၄ ရက် မှ ဇွန် ၂၅ ရက်အထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၇၀၁ ၄၀၀ ခုအား စစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၅၁၅၇၃ ဦး ရှိပြီဖြစ်ကြောင်း ဆေးရုံဆင်းခွင့်ရရှိသူ ၁၉၀ ဦး ရှိသဖြင့် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၁၃၄၇၇၉ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်ထိ သေဆုံးသူ စုစုပေါင်း ၃ ၂၈၂ ဦး ရှိကြောင်း သိရသည်။

zawgyi

ေအာင္မဂၤလာအေဝးေျပးဝင္းအတြင္းရွိ ခရီးသည္တင္ယာဥ္တစ္စီးေပၚတြင္ ေသဆုံးခဲ့သည့္ ယာဥ္ေမာင္းအား စစ္ေဆးရာ COVID-COVID19 ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္း ပုလဲအရန္မီးသတ္တပ္ဖြဲ႕မွ စုံစမ္းသိရွိရသည္။

ဇြန္ ၂၆ ရက္ နံနက္ ၈ နာရီခန႔္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ေအာင္မဂၤလာအေဝးေျပးဝင္း ၊ မေကြးလမ္းတြင္ ရပ္ထားသည့္ ခရီးသည္တင္ယာဥ္ တစ္စီးေပၚတြင္ အမ်ိဳးသားတစ္ဦး ေသဆုံးေနေၾကာင္း သတင္းရသျဖင့္ ပုလဲအရန္မီးသတ္တပ္ဖြဲ႕မွ သြားေရာက္သယ္ေဆာင္ခဲ့သည္။

“ မနက္ ၈ နာရီေလာက္မွာ သတင္းရလို႔ သြားတာ။ ရပ္ထားတဲ့ ခရီးသည္တင္ယာဥ္ေပါမွာ ယာဥ္ေမာင္းက ကားေပၚမွာ ေသဆုံးတာ။ အသက္ ငါးဆယ္ဝန္းက်င္ရွိၿပီ။​ ျပင္ပဒဏ္ရာ ဘာမွ မရွိပါဘူး” ဟု ပုလဲ အရန္မီးသတ္တပ္ဖြဲ႕မွ ကိုထင္လင္းေအာင္ က ေျပာၾကားသည္။

ေသဆုံးသူ ယာဥ္ေမာင္းအား ေမဓါဝီ ေဆး႐ုံသို႔ ပို႔ေဆာင္ၿပီး စစ္ေဆးရာ ၄င္းထံတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္း ပုလဲအရန္မီးသတ္တပ္ဖြဲ႕မွ ကိုထင္လင္းေအာင္၏ ေျပာၾကားခ်က္အရသိရသည္။

“ ေဆး႐ုံပို႔ၿပီး စစ္ေဆးေတာ့ COVID-19 ပိုး ေတြ႕တယ္။ကြၽန္ေတာ္တို႔ကေတာ့ အခုခ်ိန္မွာ ဘယ္ body သယ္သယ္ PPE နဲ႔ စနစ္တက်သယ္ေဆာင္ပါတယ္” ဟု ပုလဲအရန္မီးသတ္တပ္ဖြဲ႕မွ ကိုထင္လင္းေအာင္ ကေျပာၾကားသည္။

ဇြန္ ၂၄ ရက္ မွ ဇြန္ ၂၅ ရက္အထိ ျမန္မာႏိုင္ငံတြင္ ဓာတ္ခြဲနမူနာ စုစုေပါင္း ၂၇၀၁ ၄၀၀ ခုအား စစ္ေဆးခဲ့ရာ ဓာတ္ခြဲအတည္ျပဳလူနာေပါင္း ၁၅၁၅၇၃ ဦး ရွိၿပီျဖစ္ေၾကာင္း ေဆး႐ုံဆင္းခြင့္ရရွိသူ ၁၉၀ ဦး ရွိသျဖင့္ ေဆး႐ုံဆင္းခြင့္ရရွိသူ စုစုေပါင္း ၁၃၄၇၇၉ ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

လက္ရွိ အခ်ိန္ထိ ေသဆုံးသူ စုစုေပါင္း ၃ ၂၈၂ ဦး ရွိေၾကာင္း သိရသည္။