မိသားစုတစ်ခုလုံးကို ဆုံးရှုံးလိုက်ရပြီးနောက် ကိုယ့်ဘာသာစိုက်ပျိုးလုပ်ကိုင်ကာ တစ်ကိုယ်တည်းရပ်တည်နေခဲ့ရတဲ့ ကလေးငယ်(ရုပ်သံ)

မိသားစုတစ်စုလုံးကို ဆုံးရှုံးပြီးနောက် မွေးစားခြင်းကို ငြင်းဆန်ခဲ့တဲ့ ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးရဲ့ ကြေကွဲဖွယ်သတင်းက ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသောသူတို့ရဲ့ နှလုံးသားကို အရည်ပျော်စေခဲ့ပါတယ်။

အချို့သော အသက် ၁၀ နှစ်အရွယ်လူငယ်တွေဟာ စိုးရိမ်စရာအကြောင်းမရှိဘဲ ကျောင်းကိုသွားကာ ကလေးဘဝကို ပျော်ရွှင်စွာခံစားနိုင် သော်လည်း Dang Van Khuyen အမည်ရှိ ၁၀နှစ်အရွယ် ကောင်လေးဟာ သူ့ရဲ့နေထိုင်ရာ ကျိုးနွံတဲ့အိမ်လေးနဲ့ ဝေးလံခေါင်သီတဲ့ ဗီယက်နမ်နိုင်ငံရဲ့ ရွာတစ်ရွာရှိ လယ်ကွင်းများထဲမှာ ဟင်းသီးဟင်းရွက် စိုက်ခင်းများနဲ့ အတူ နေထိုင်နေခဲ့ပါတယ်။

 

သူ့ရဲ့ ဘဝက ကံမကောင်းခဲ့ပါဘူး။ ငယ်ငယ်ကတည်းက မိခင်ကို ဆုံးရှုံးခဲ့ရပြီးဖခင်ဖြစ်သူက ဆောက်လုပ်ရေးအတွက် အလုပ်ရှာရန် ထွက်သွားစဉ်မှာ အဘွား နဲ့ အတူနေထိုင်ခဲ့ပြီး ဖခင်ဖြစ်သူက မတော်တဆဖြစ်ပွားမှုကြောင့် သေဆုံးသွားပြီးနောက် Khuyen က ဘယ်သူ့အကူအညီကိုမှ မရရှိခဲ့ပါဘူး။

 

Khuyen ဟာ သူ့အဖေမဆုံးခင်မှာ သူ့အဖေထံမှ ငွေကြေးထောက်ပံ့မှုတွေ၊ အစားအစာတွေ၊ အဝတ်အထည်တွေ နဲ့ အခြားလိုအပ်ချက်တွေအတွက် အိမ်ကို ပုံမှန်ငွေတွေပေးပို့ခြင်းကြောင့် သူ့အဘွားကို ချက်ပြုတ်ရန်အတွက် ငွေကိုအားကိုးခဲ့ရပါတယ်။ သို့ပေမဲ့ ဖခင်ဖြစ်သူဆုံးသွားပြီးနောက် သူဟာ အရာရာတိုင်းကို ပြုလုပ်ရန် လိုအပ်လာပါတယ်။

 

ဗီယက်နမ်မီဒီယာတွေရဲ့ ဗီဒီယိုတစ်ခုမှာ ၁၀ နှစ်အရွယ်ကောင်လေးက သူ့အိမ်ဝန်းကျင်ရှိ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးကြောင်း နဲ့ ချက်ပြုတ်ရန် ဝါးအညွန့်တွေကို ခူးဆွတ်နေတာကို ပြသခဲ့ပါတယ်။ Khuyen က အခြားသောသူတွေ မွေးစားဖို့ ပြုလုပ်သော်လည်း သူငြင်းဆန်ခဲ့ပါတယ်။

 

Dang Van Khuyen ဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဆန်တွေ စတဲ့ အာဟာရရှိတဲ့အစားအစာတွေအတွက် ရက်ရောမှု အပေါ်မှီခိုနေပေမဲ့လည်း သူဟာဝါးပင်တွေကိုလည်း ရိတ်သိမ်းပြီး ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးခဲ့ပါသေးတယ်။ သူဟာ သူကိုယ်တိုင်နေထိုင်ရန်ထက် ပိုမိုပြီး မွေးစားခြင်းကို စဉ်းစားရန် ငြင်းဆန်တယ်လို့ ဆိုပါတယ်။

Khuyen ရဲ့ဆရာမက သူ့အကြောင်းကို အွန်လိုင်းပေါ်မှာ မျှဝေပြီး ဗီယက်နမ်မီဒီယာတွေက သူရဲ့ရဲရင့်တဲ့ ရဲစွမ်းသတ္တိအကြောင်း စတင်ရေးသားစဉ်ကတည်းက အထောက်အပံ့တွေဟာ နိုင်ငံတစ်ဝှမ်းလုံးမှာ ရောက်ရှိနေခဲ့ပါတယ်။

အချို့လူတွေက သူ့ကိုမွေးစားရန်ကမ်းလှမ်းခဲ့ပါသေးတယ်။ အချို့က ထောက်ပံ့ရေးပစ္စည်းတွေ လှူဒါန်းလိုကြောင်း ထုတ်ဖော်ပြောကြားကြပေမဲ့လည်း ကောင်လေးက လက်ခံရန် ငြင်းဆိုနေပါသေးတယ်။

ရဲစွမ်းသတ္တိနဲ့ ဒီ ၁၀ နှစ်အရွယ်ကောင်လေး နဲ့ပတ်သက်ပြီး အထင်ကြီးစရာကောင်းတဲ့အချက်တစ်ခုကတော့ အခက်အခဲတွေကြားမှာ သူဟာ ကျောင်းကိုတောင် တက်သေးတယ်ဆိုတာပါပဲ။

နံနက်တိုင်းသူဟာ စက်ဘီးပေါ်တက်ပြီး ကျောင်းသွားတက်ပြီးနောက် သူ့ရဲ့အိမ်မှုကိစ္စတွေကို လုပ်ရန် အိမ်ကို ပြန်လာခဲ့ပါတယ်။

Credit-JRose (KB Chimmy)

 

zawgyi

မိသားစုတစ္စုလုံးကို ဆုံးရႈံးၿပီးေနာက္ ေမြးစားျခင္းကို ျငင္းဆန္ခဲ့တဲ့ ၁၀ ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦးရဲ႕ ေၾကကြဲဖြယ္သတင္းက ကမာၻတစ္ဝွမ္းရွိ သန္းေပါင္းမ်ားစြာေသာသူတို႔ရဲ႕ ႏွလုံးသားကို အရည္ေပ်ာ္ေစခဲ့ပါတယ္။

အခ်ိဳ႕ေသာ အသက္ ၁၀ ႏွစ္အ႐ြယ္လူငယ္ေတြဟာ စိုးရိမ္စရာအေၾကာင္းမရွိဘဲ ေက်ာင္းကိုသြားကာ ကေလးဘဝကို ေပ်ာ္႐ႊင္စြာခံစားႏိုင္ ေသာ္လည္း Dang Van Khuyen အမည္ရွိ ၁၀ႏွစ္အ႐ြယ္ ေကာင္ေလးဟာ သူ႔ရဲ႕ေနထိုင္ရာ က်ိဳးႏြံတဲ့အိမ္ေလးနဲ႔ ေဝးလံေခါင္သီတဲ့ ဗီယက္နမ္ႏိုင္ငံရဲ႕ ႐ြာတစ္႐ြာရွိ လယ္ကြင္းမ်ားထဲမွာ ဟင္းသီးဟင္း႐ြက္ စိုက္ခင္းမ်ားနဲ႔ အတူ ေနထိုင္ေနခဲ့ပါတယ္။

သူ႔ရဲ႕ ဘဝက ကံမေကာင္းခဲ့ပါဘူး။ ငယ္ငယ္ကတည္းက မိခင္ကို ဆုံးရႈံးခဲ့ရၿပီးဖခင္ျဖစ္သူက ေဆာက္လုပ္ေရးအတြက္ အလုပ္ရွာရန္ ထြက္သြားစဥ္မွာ အဘြား နဲ႔ အတူေနထိုင္ခဲ့ၿပီး ဖခင္ျဖစ္သူက မေတာ္တဆျဖစ္ပြားမႈေၾကာင့္ ေသဆုံးသြားၿပီးေနာက္ Khuyen က ဘယ္သူ႔အကူအညီကိုမွ မရရွိခဲ့ပါဘူး။

Khuyen ဟာ သူ႔အေဖမဆုံးခင္မွာ သူ႔အေဖထံမွ ေငြေၾကးေထာက္ပံ့မႈေတြ၊ အစားအစာေတြ၊ အဝတ္အထည္ေတြ နဲ႔ အျခားလိုအပ္ခ်က္ေတြအတြက္ အိမ္ကို ပုံမွန္ေငြေတြေပးပို႔ျခင္းေၾကာင့္ သူ႔အဘြားကို ခ်က္ျပဳတ္ရန္အတြက္ ေငြကိုအားကိုးခဲ့ရပါတယ္။ သို႔ေပမဲ့ ဖခင္ျဖစ္သူဆုံးသြားၿပီးေနာက္ သူဟာ အရာရာတိုင္းကို ျပဳလုပ္ရန္ လိုအပ္လာပါတယ္။

ဗီယက္နမ္မီဒီယာေတြရဲ႕ ဗီဒီယိုတစ္ခုမွာ ၁၀ ႏွစ္အ႐ြယ္ေကာင္ေလးက သူ႔အိမ္ဝန္းက်င္ရွိ ဟင္းသီးဟင္း႐ြက္ေတြကို စိုက္ပ်ိဳးေၾကာင္း နဲ႔ ခ်က္ျပဳတ္ရန္ ဝါးအၫြန႔္ေတြကို ခူးဆြတ္ေနတာကို ျပသခဲ့ပါတယ္။ Khuyen က အျခားေသာသူေတြ ေမြးစားဖို႔ ျပဳလုပ္ေသာ္လည္း သူျငင္းဆန္ခဲ့ပါတယ္။

Dang Van Khuyen ဟာ အိမ္နီးခ်င္းႏိုင္ငံေတြရဲ႕ ဆန္ေတြ စတဲ့ အာဟာရရွိတဲ့အစားအစာေတြအတြက္ ရက္ေရာမႈ အေပၚမွီခိုေနေပမဲ့လည္း သူဟာဝါးပင္ေတြကိုလည္း ရိတ္သိမ္းၿပီး ဟင္းသီးဟင္း႐ြက္ေတြကို စိုက္ပ်ိဳးခဲ့ပါေသးတယ္။ သူဟာ သူကိုယ္တိုင္ေနထိုင္ရန္ထက္ ပိုမိုၿပီး ေမြးစားျခင္းကို စဥ္းစားရန္ ျငင္းဆန္တယ္လို႔ ဆိုပါတယ္။

Khuyen ရဲ႕ဆရာမက သူ႔အေၾကာင္းကို အြန္လိုင္းေပၚမွာ မွ်ေဝၿပီး ဗီယက္နမ္မီဒီယာေတြက သူရဲ႕ရဲရင့္တဲ့ ရဲစြမ္းသတၱိအေၾကာင္း စတင္ေရးသားစဥ္ကတည္းက အေထာက္အပံ့ေတြဟာ ႏိုင္ငံတစ္ဝွမ္းလုံးမွာ ေရာက္ရွိေနခဲ့ပါတယ္။

အခ်ိဳ႕လူေတြက သူ႔ကိုေမြးစားရန္ကမ္းလွမ္းခဲ့ပါေသးတယ္။ အခ်ိဳ႕က ေထာက္ပံ့ေရးပစၥည္းေတြ လႉဒါန္းလိုေၾကာင္း ထုတ္ေဖာ္ေျပာၾကားၾကေပမဲ့လည္း ေကာင္ေလးက လက္ခံရန္ ျငင္းဆိုေနပါေသးတယ္။

ရဲစြမ္းသတၱိနဲ႔ ဒီ ၁၀ ႏွစ္အ႐ြယ္ေကာင္ေလး နဲ႔ပတ္သက္ၿပီး အထင္ႀကီးစရာေကာင္းတဲ့အခ်က္တစ္ခုကေတာ့ အခက္အခဲေတြၾကားမွာ သူဟာ ေက်ာင္းကိုေတာင္ တက္ေသးတယ္ဆိုတာပါပဲ။

နံနက္တိုင္းသူဟာ စက္ဘီးေပၚတက္ၿပီး ေက်ာင္းသြားတက္ၿပီးေနာက္ သူ႔ရဲ႕အိမ္မႈကိစၥေတြကို လုပ္ရန္ အိမ္ကို ျပန္လာခဲ့ပါတယ္။

Credit-JRose (KB Chimmy)