လိုင်းပေါ်တင်ပြီး ချပြလို့မရလို့ ကိုယ်လှူခဲ့ တာတွေ အားလုံးကို တနေ့ တို့တွေ အောင်မြင်သွားတဲ့အခါကျမှ ဂုဏ်ယူပြီး ဖော်ပြပါမယ်လို့ ရင်ဖွင့်လာတဲ့ ပိုးကြာဖြူခင်

ပရိသတ်တွေရဲ့အချစ်တော်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးပိုးကြာဖြူခင်ကတော့ MRTV-4 ဇာတ်လမ်းတွဲတွေရိုက်ကူးရာကနေ အောင်မြင်ကျော်ကြားလာတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

 

ပရိသတ်တွေနဲ့အလုပ်အပေါ်မှာလည်းလေးစားတဲ့သူမကမိဘကိုရှာဖွေကျွေးမွေးပြုစုနေတဲ့ သမီးအလိမ္မာလေးတစ်ယောက်လည်းဖြစ်ပါ တယ်။ပိုးကြာဖြူခင်ကတော့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာတတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေအတွက်အလှူလေးတွေမကြာခဏဆိုသလိုပြုလုပ်နေတာကိုပရိသတ်တွေမြင်တွေ့ကြရမှာပါ။

 

ပိုးကြာဖြူခင် ရေးသားထားတာလေးကတော့လိုင်းပေါ်တင်ပြီး ချပြလို့မရခဲ့တဲ့ကိုယ်ပါဝင်ခဲ့တာတွေကိုယ်လှူခဲ့ ထောက်ပံ့ပေးခဲ့တာတွေအားလုံးကိုတနေ့တို့တွေ အောင်မြင်သွားတဲ့အခါကျမှဂုဏ်ယူပြီးဖော်ပြပါမယ်အများအကျိုးအတွက်အနစ်နာခံစွန့်လွှတ်ကြိုးစားပေးခဲ့ကြသူများကိုအစဉ်လေးစားလျှက်ဆိုပြီး သူမရဲ့ Facebook စာမျက်နှာမှာပိုစ့်တင်လာတာလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

 

Credit

zawgyi




Credit