တရုတ်ကုမ္ပဏီ Huawei ၏ 5G ကွန်ရက်ပစ္စည်းများအပေါ် ပိတ်ပင်ချက် ဆွီဒင်တရားရုံးက အတည်ပြုထိန်းသိမ်

ဆွီဒင်နိုင်ငံတွင် တရုတ်တယ်လီကွန်းကုမ္ပဏီ Huawei Technologies ၏ 5G အင်တာနက်ကွန်ရက် နည်းပညာတပ်ဆင်ပစ္စည်းများ ရောင်းချမှုအပေါ် ပိတ်ပင်ချက်တစ်ရပ်ကို ယခုအခါ ဆွီဒင်တရားရုံးတစ်ခုက အတည်ပြုထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ဆွီဒင်နိုင်ငံ၏ စည်းမျဥ်းထိန်းသိမ်းရေးအဖွဲ့အစည်းဖြစ်သည့် ဆက်သွယ်ရေးနှင့် တယ်လီကွန်းအာဏာပိုင်အဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလက Huawei နှင့် အခြားတရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် ZTE တို့ကို နိုင်ငံတွင် အင်တာနက်ကွန်ရက်ဆိုင်ရာ ပတ်သက်လုပ်ကိုင်ခွင့်နှင့်ပတ်သက်ပြီး ပိတ်ပင်တားမြစ်ထားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ အကြံပြုချက်အပေါ် မူတည်ပြီး လုံခြုံရေး စိုးရိမ်ပူပန်မှုများအရ ယင်းကဲ့သို့ ပိတ်ပင်ရခြင်းဖြစ်သည်ဟု ဆွီဒင်အာဏာပိုင်အဖွဲ့က ပြောသည်။ Huawei သည် ပြီးခဲ့သည့် ဒီဇင်ဘာလက ယင်း၏ ကနဦး အယူခံ၀င်မှုတစ်ခုတွင်လည်း အရေးနိမ့်ထားခဲ့သည်။

“ဆွီဒင်ရဲ့ လုံခြုံရေးဟာ အထူးအရေးကြီးပါတယ်၊ ဆွီဒင်နိုင်ငံအပေါ် ခြိမ်းခြောက်မှုနဲ့ ဆွီဒင်ရဲ့ လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့ကတော့ လုံခြုံရေးရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတို့ကသာလျင် အခြေအနေအပေါ် အလုံးစုံသိရှိမှု ရှိထားတယ်ဆိုတာကို တရားရုံးက ထည့်သွင်းစဥ်းစားခဲ့ပါတယ်” ဟု တရားရုံးက ဇွန်လ ၂၂ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။

တရားရုံး အဆုံးအဖြတ်နှင့်ပတ်သက်ပြီး ကုမ္ပဏီဘက်က “စိတ်ပျက်မိသည်” ဟု Huawei ၏ ကိုယ်စားလှယ်တစ်ဦးက ပြောသွားသည်။ သို့သော် ယင်းသည် “မိမိတို့ ကိစ္စအတွက် အပြီးသတ် ဆုံးဖြတ်ချက်မဟုတ်” ဟုလည်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ရဲ့ တရား၀င် အခွင့်အရေးတွေနဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် နောက်ထပ် ဘယ်လိုမျိုး ဥပဒေဆိုင်ရာ ကုစားမှုတွေ လုပ်ဆောင်သွားနိုင်မလဲ ဆိုတာကို လေ့လာကြည့်ရှုဖို့အတွက် လက်ရှိအချိန်မှာ တရားရုံး ဆုံးဖြတ်ချက်နဲ့ အကြောင်းပြချက်တို့အပေါ် ကျွန်တော်တို့ သုံးသပ်ကြည့်ရှုနေပါတယ်၊ လုံခြုံရေး စိုးရိမ်ပူပန်မှု မှန်သမျှကို လျော့ပါးစေမယ့် လက်တွေ့ကျတဲ့ ဖြေရှင်းချက်နည်းလမ်းတွေ ဖော်ထုတ်နိုင်အောင် သက်ဆိုင်ရာ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ အပြုသဘောဆောင် ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဖို့ တံခါးပွင့်နေဆဲဖြစ်ပါတယ်” ဟု Huawei ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဆွီဒင်စည်းမျဥ်းထိန်းသိမ်းရေးအဖွဲ့အစည်းအနေဖြင့် Huawei တပ်ဆင်ပစ္စည်းများတွင် နည်းပညာဆိုင်ရာ လုံခြုံရေးပြဿနာများ ရှိနေသည်ဆိုပြီး ထုတ်ဖော်ရန် သက်သေအထောက်အထား သို့မဟုတ် အချက်အလက် တစုံတရာ ပြသနိုင်ခြင်း မရှိခဲ့ဟုလည်း ယင်းက ဖြည့်စွက်ပြောခဲ့သည်။

ပိတ်ပင်ချက်များနှင့် ကြုံတွေ့ထားခဲ့ရပြီးနောက် ယခု တရားရုံးဆုံးဖြတ်ချက်သည်လည်း Huawei ၏ ဥရောပဆိုင်ရာ အစီအစဥ်များအတွက် ထပ်မံ ပေါ်ပေါက်လာသော ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

ယခုလအစောပိုင်းကလည်း ရိုမေးနီးယားနိုင်ငံကလည်း လုံခြုံရေး အန္တရာယ်ကို ရည်ညွှန်းဖော်ပြရင်း အဆိုပါ တရုတ်ကုမ္ပဏီကို ယင်းနိုင်ငံ၏ 5G ကွန်ရက် ဖြန့်ကျက်မှုတွင် ပါ၀င်ခြင်း မပြုရန် တားမြစ်ပိတ်ပင်ခဲ့သည်။

ယမန်နှစ်ကလည်း ဗြိတိန်နိုင်ငံကလည်း ၂၀၂၁ စက်တင်ဘာလမှစ၍ Huawei 5G တပ်ဆင်ပစ္စည်းများ တပ်ဆင်ခြင်းအပေါ် ပိတ်ပင်ချက် ထုတ်ခဲ့သလို Huawei ကို ၂၀၂၇ မတိုင်မီ ယင်း၏ 5G ကွန်ရက်ကနေ အဆင့်ဆင့် ရုပ်သိမ်းသွားရန် ညွှန်ကြားထားခဲ့သည်။ ယင်းမတိုင်မီက Huawei အပေါ် ပိတ်ပင်ရေးနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံက ဦးဆောင်လုပ်ဆောင်ထားခဲ့သည်။

တစ်ချိန်တည်းမှာလည်း ပြင်သစ်နှင့် ဂျာမနီ အပါအ၀င် အခြားသော ဥရောပနိုင်ငံများသည်လည်း Huawei အပေါ် ပိတ်ပင်ချက် ချမှတ်ရန် စဥ်းစားနေခဲ့ကြသည်။ ယမန်နှစ် ဇူလိုင်လက အီးယူသည် ဆိုက်ဘာလုံခြုံရေးအန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းပေးသွင်းသူများကို အသုံးပြုမှု ရပ်ဆိုင်းရန် အဖွဲ့၀င်နိုင်ငံများကို တိုက်တွန်းခဲ့သေးပြီး ယင်းကလည်း တရုတ်ကုမ္ပဏီများကို ရည်ရွယ်ပစ်မှတ်ထားသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရသည်။

Huawei ပိတ်ပင်ချက်ကို အတည်ပြုထိန်းသိမ်းသည့် စတော့ဟုမ်းတရားရုံး၏ ဆုံးဖြတ်ချက်ကြောင့် Huawei ၏ ပြိုင်ဘက်တစ်ခုဖြစ်သလို ဖောက်သည်တစ်ဦးလည်း ဖြစ်သည့် ဆွီဒင်လုပ်ငန်းကြီး Ericsson အနေဖြင့် တရုတ်တွင် လက်တုံ့ပြန်မှုကို ရင်ဆိုင်သွားရနိုင်သည်ဆိုသည့် ကောလာဟလတစ်ရပ်ကိုလည်း ထွက်ပေါ်စေခဲ့သည်။

ဆြီဒင္ႏိုင္ငံတြင္ တ႐ုတ္တယ္လီကြန္းကုမၸဏီ Huawei Technologies ၏ 5G အင္တာနက္ကြန္ရက္ နည္းပညာတပ္ဆင္ပစၥည္းမ်ား ေရာင္းခ်မႈအေပၚ ပိတ္ပင္ခ်က္တစ္ရပ္ကို ယခုအခါ ဆြီဒင္တရား႐ုံးတစ္ခုက အတည္ျပဳထိန္းသိမ္းခဲ့ေၾကာင္း သိရသည္။

ဆြီဒင္ႏိုင္ငံ၏ စည္းမ်ဥ္းထိန္းသိမ္းေရးအဖြဲ႕အစည္းျဖစ္သည့္ ဆက္သြယ္ေရးႏွင့္ တယ္လီကြန္းအာဏာပိုင္အဖြဲ႕သည္ ၿပီးခဲ့သည့္ ေအာက္တိုဘာလက Huawei ႏွင့္ အျခားတ႐ုတ္ကုမၸဏီတစ္ခုျဖစ္သည့္ ZTE တို႔ကို ႏိုင္ငံတြင္ အင္တာနက္ကြန္ရက္ဆိုင္ရာ ပတ္သက္လုပ္ကိုင္ခြင့္ႏွင့္ပတ္သက္ၿပီး ပိတ္ပင္တားျမစ္ထားခဲ့ျခင္းျဖစ္သည္။ ႏိုင္ငံ၏ ေထာက္လွမ္းေရးအဖြဲ႕အစည္းမ်ား၏ အႀကံျပဳခ်က္အေပၚ မူတည္ၿပီး လုံၿခဳံေရး စိုးရိမ္ပူပန္မႈမ်ားအရ ယင္းကဲ့သို႔ ပိတ္ပင္ရျခင္းျဖစ္သည္ဟု ဆြီဒင္အာဏာပိုင္အဖြဲ႕က ေျပာသည္။ Huawei သည္ ၿပီးခဲ့သည့္ ဒီဇင္ဘာလက ယင္း၏ ကနဦး အယူခံ၀င္မႈတစ္ခုတြင္လည္း အေရးနိမ့္ထားခဲ့သည္။

“ဆြီဒင္ရဲ႕ လုံၿခဳံေရးဟာ အထူးအေရးႀကီးပါတယ္၊ ဆြီဒင္ႏိုင္ငံအေပၚ ၿခိမ္းေျခာက္မႈနဲ႔ ဆြီဒင္ရဲ႕ လုံၿခဳံေရးပိုင္းနဲ႔ ပတ္သက္လို႔ကေတာ့ လုံၿခဳံေရးရဲတပ္ဖြဲ႕နဲ႔ လက္နက္ကိုင္အဖြဲ႕အစည္းတို႔ကသာလ်င္ အေျခအေနအေပၚ အလုံးစုံသိရွိမႈ ရွိထားတယ္ဆိုတာကို တရား႐ုံးက ထည့္သြင္းစဥ္းစားခဲ့ပါတယ္” ဟု တရား႐ုံးက ဇြန္လ ၂၂ ရက္တြင္ ေျပာၾကားခဲ့သည္ဟု ႐ိုက္တာသတင္းဌာနက ေဖာ္ျပသည္။

တရား႐ုံး အဆုံးအျဖတ္ႏွင့္ပတ္သက္ၿပီး ကုမၸဏီဘက္က “စိတ္ပ်က္မိသည္” ဟု Huawei ၏ ကိုယ္စားလွယ္တစ္ဦးက ေျပာသြားသည္။ သို႔ေသာ္ ယင္းသည္ “မိမိတို႔ ကိစၥအတြက္ အၿပီးသတ္ ဆုံးျဖတ္ခ်က္မဟုတ္” ဟုလည္း ၎က ေျပာသည္။

“ကြၽန္ေတာ္တို႔ရဲ႕ တရား၀င္ အခြင့္အေရးေတြနဲ႔ အက်ိဳးစီးပြားေတြကို ကာကြယ္ေစာင့္ေရွာက္ႏိုင္ဖို႔အတြက္ ေနာက္ထပ္ ဘယ္လိုမ်ိဳး ဥပေဒဆိုင္ရာ ကုစားမႈေတြ လုပ္ေဆာင္သြားႏိုင္မလဲ ဆိုတာကို ေလ့လာၾကည့္ရႈဖို႔အတြက္ လက္ရွိအခ်ိန္မွာ တရား႐ုံး ဆုံးျဖတ္ခ်က္နဲ႔ အေၾကာင္းျပခ်က္တို႔အေပၚ ကြၽန္ေတာ္တို႔ သုံးသပ္ၾကည့္ရႈေနပါတယ္၊ လုံၿခဳံေရး စိုးရိမ္ပူပန္မႈ မွန္သမွ်ကို ေလ်ာ့ပါးေစမယ့္ လက္ေတြ႕က်တဲ့ ေျဖရွင္းခ်က္နည္းလမ္းေတြ ေဖာ္ထုတ္ႏိုင္ေအာင္ သက္ဆိုင္ရာ ပုဂၢိဳလ္ အဖြဲ႕အစည္းေတြနဲ႔ အျပဳသေဘာေဆာင္ ေဆြးေႏြးတိုင္ပင္မႈေတြ လုပ္ဖို႔ တံခါးပြင့္ေနဆဲျဖစ္ပါတယ္” ဟု Huawei ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ ဆြီဒင္စည္းမ်ဥ္းထိန္းသိမ္းေရးအဖြဲ႕အစည္းအေနျဖင့္ Huawei တပ္ဆင္ပစၥည္းမ်ားတြင္ နည္းပညာဆိုင္ရာ လုံၿခဳံေရးျပႆနာမ်ား ရွိေနသည္ဆိုၿပီး ထုတ္ေဖာ္ရန္ သက္ေသအေထာက္အထား သို႔မဟုတ္ အခ်က္အလက္ တစုံတရာ ျပသႏိုင္ျခင္း မရွိခဲ့ဟုလည္း ယင္းက ျဖည့္စြက္ေျပာခဲ့သည္။

ပိတ္ပင္ခ်က္မ်ားႏွင့္ ႀကဳံေတြ႕ထားခဲ့ရၿပီးေနာက္ ယခု တရား႐ုံးဆုံးျဖတ္ခ်က္သည္လည္း Huawei ၏ ဥေရာပဆိုင္ရာ အစီအစဥ္မ်ားအတြက္ ထပ္မံ ေပၚေပါက္လာေသာ ထိုးႏွက္ခ်က္တစ္ခု ျဖစ္လာခဲ့သည္။

ယခုလအေစာပိုင္းကလည္း ႐ိုေမးနီးယားႏိုင္ငံကလည္း လုံၿခဳံေရး အႏၲရာယ္ကို ရည္ၫႊန္းေဖာ္ျပရင္း အဆိုပါ တ႐ုတ္ကုမၸဏီကို ယင္းႏိုင္ငံ၏ 5G ကြန္ရက္ ျဖန႔္က်က္မႈတြင္ ပါ၀င္ျခင္း မျပဳရန္ တားျမစ္ပိတ္ပင္ခဲ့သည္။

ယမန္ႏွစ္ကလည္း ၿဗိတိန္ႏိုင္ငံကလည္း ၂၀၂၁ စက္တင္ဘာလမွစ၍ Huawei 5G တပ္ဆင္ပစၥည္းမ်ား တပ္ဆင္ျခင္းအေပၚ ပိတ္ပင္ခ်က္ ထုတ္ခဲ့သလို Huawei ကို ၂၀၂၇ မတိုင္မီ ယင္း၏ 5G ကြန္ရက္ကေန အဆင့္ဆင့္ ႐ုပ္သိမ္းသြားရန္ ၫႊန္ၾကားထားခဲ့သည္။ ယင္းမတိုင္မီက Huawei အေပၚ ပိတ္ပင္ေရးႏွင့္ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံက ဦးေဆာင္လုပ္ေဆာင္ထားခဲ့သည္။

တစ္ခ်ိန္တည္းမွာလည္း ျပင္သစ္ႏွင့္ ဂ်ာမနီ အပါအ၀င္ အျခားေသာ ဥေရာပႏိုင္ငံမ်ားသည္လည္း Huawei အေပၚ ပိတ္ပင္ခ်က္ ခ်မွတ္ရန္ စဥ္းစားေနခဲ့ၾကသည္။ ယမန္ႏွစ္ ဇူလိုင္လက အီးယူသည္ ဆိုက္ဘာလုံၿခဳံေရးအႏၲရာယ္ျဖစ္ေစႏိုင္သည့္ ပစၥည္းေပးသြင္းသူမ်ားကို အသုံးျပဳမႈ ရပ္ဆိုင္းရန္ အဖြဲ႕၀င္ႏိုင္ငံမ်ားကို တိုက္တြန္းခဲ့ေသးၿပီး ယင္းကလည္း တ႐ုတ္ကုမၸဏီမ်ားကို ရည္႐ြယ္ပစ္မွတ္ထားသည္ဟု က်ယ္က်ယ္ျပန႔္ျပန႔္ ရႈျမင္ခံထားရသည္။

Huawei ပိတ္ပင္ခ်က္ကို အတည္ျပဳထိန္းသိမ္းသည့္ စေတာ့ဟုမ္းတရား႐ုံး၏ ဆုံးျဖတ္ခ်က္ေၾကာင့္ Huawei ၏ ၿပိဳင္ဘက္တစ္ခုျဖစ္သလို ေဖာက္သည္တစ္ဦးလည္း ျဖစ္သည့္ ဆြီဒင္လုပ္ငန္းႀကီး Ericsson အေနျဖင့္ တ႐ုတ္တြင္ လက္တုံ႔ျပန္မႈကို ရင္ဆိုင္သြားရႏိုင္သည္ဆိုသည့္ ေကာလာဟလတစ္ရပ္ကိုလည္း ထြက္ေပၚေစခဲ့သည္။