ကိုယ့္ကိုယ္ကို အလွပဆံုး ျဖစ္ေအာင္ ေနထိုင္ျခင္းရဲ႕ ေကာင္းက်ိဳးမ်ား

လွလိုက္တာလို႔ ေျပာရတာ လြယ္ေကာင္းလြယ္ေပမယ့္ လွဖို႔ဆိုတာ အရမ္းေတာ့ မလြယ္ပါဘူး။ မိန္းကေလးေတြ လွေအာင္ ေနတယ္ဆိုတာ အခ်ိန္ေတြ ေပးမွသာ ျဖစ္ႏိုင္တာပါ။ အခ်ိန္ေပးတာနဲ႔ တန္္ေအာင္လည္း လွေနတဲ့ မိန္းကေလးေတြက ေကာင္းတဲ့အခ်က္ေတြ ရတတ္ပါေသးတယ္။ ဘယ္လိုအခ်က္ေတြလဲ ဆိုရင္….

(၁) စိတ္ခ်မ္းသာရတယ္

လူဆိုတာ လွပေနတာကို ျမင္ေနရရင္ စိတ္ၾကည္လင္တတ္ပါတယ္။ ကိုယ္ကပါ လွေနရင္ေတာ့ ပိုၿပီးေတာ့ေတာင္ စိတ္ခ်မ္းသာေနရပါေသးတယ္။ ကိုယ့္ကိုယ္ကို အလွပဆံုး ျဖစ္ေအာင္ ေနတဲ့အခါ အမ်ားအျမင္မွာ လွေနရံုသက္သက္ မဟုတ္ပဲ ကိုယ့္အတြက္ စိတ္ခ်မ္းသာမႈေတြပါ သယ္လာေပးတတ္ပါတယ္။

(၂) ေပ်ာ္ရႊင္မႈ

စုတ္ျပတ္ေနတဲ့ ပံုစံနဲ႔ေတာ့ မေပ်ာ္ရတတ္ပါဘူး။ လွပၿပီး သပ္ရပ္ေနတဲ့ အခါမွာေတာ့ ကိုယ့္ကိုယ္ကို စိတ္တုိင္းက်ေနမွာပါ။ ဒါေၾကာင့္ ေပ်ာ္ရႊင္ေစတဲ့ ေသာ့ခ်က္တစ္ခုက လွပျခင္းလည္း ျဖစ္ပါတယ္ေနာ္။

ၿပီးျပည့္စံုတဲ့မိတ္ကပ္ျပင္ဆင္မႈရဖို႔ မ်က္လံုးမိတ္ကပ္ကို ဒီနည္းအတုိင္း ျခယ္သပါ
(၃) က်န္းမာေစတယ္

အလွပဆံုး ျဖစ္ေအာင္ ေနတယ္ဆိုတာ အေပၚယံ လုပ္ရတာ မဟုတ္ပါဘူး။ လွပဖို႔အတြက္ဆို က်န္းမာေရးကိုပါ ဂရုစိုက္ရတာ ျဖစ္လို႔ က်န္းမာေနတဲ့ ခႏၶာကိုယ္ကိုပါ ပိုင္ဆိုင္ရမွာ ျဖစ္ပါတယ္။ အလွပဆံုး ျဖစ္ေအာင္ေနေလ က်န္းမာေလေပါ့ေနာ္။

(၄) ကိုယ့္ကိုယ္ကို ဂရုစိုက္ျဖစ္တယ္

ကိုယ့္ကိုယ္ကုိ လွေအာင္ ေနတဲ့အခါ ကိုယ့္ကိုယ္ကို ပိုၿပီး ဂရုစိုက္ ျဖစ္လာမွာပါ။ အစားအေသာက္ကိုလည္း ဂရုစိုက္ရသလို အဝတ္အစားနဲ႔ ေနထိုင္မႈပံုစံေတြကပါ ဂရုစိုက္ရတာ ျဖစ္တဲ့အျပင္ အလုပ္ေတြကိုပါ ပိုဂရုစိုက္ႏိုင္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အလွပဆံုး ေနမယ္ဆိုတာနဲ႔ ကိုယ့္ကိုယ္ကုိ ပိုၿပီး ဂရုစိုက္ျဖစ္လာမွာပါ။

(၅) သန္႔ရွင္းတယ္

လွပမႈက သန္႔ရွင္းမႈနဲ႔အတူ တြဲလာပါတယ္။ တစ္ကိုယ္ရည္ သန္႔ရွင္းမႈ လုပ္ရသလို ကိုယ္ေနထိုင္တဲ့ေနရာ အခန္း စတာေတြကိုပါ လွလွပပထားရတာ ျဖစ္လို႔ သန္႔ရွင္းေရး ပံုမွန္္ လုပ္ေနရမွာပါ။ ဒါေၾကာင့္ သန္႔ရွင္းမႈ ရွိတဲ့သူအျဖစ္လည္း အက်င့္ျဖစ္ၿပီး ေနထိုင္ေနမိေတာ့မွာပဲ ျဖစ္ပါတယ္။

unicode

လှလိုက်တာလို့ ပြောရတာ လွယ်ကောင်းလွယ်ပေမယ့် လှဖို့ဆိုတာ အရမ်းတော့ မလွယ်ပါဘူး။ မိန်းကလေးတွေ လှအောင် နေတယ်ဆိုတာ အချိန်တွေ ပေးမှသာ ဖြစ်နိုင်တာပါ။ အချိန်ပေးတာနဲ့ တန််အောင်လည်း လှနေတဲ့ မိန်းကလေးတွေက ကောင်းတဲ့အချက်တွေ ရတတ်ပါသေးတယ်။ ဘယ်လိုအချက်တွေလဲ ဆိုရင်….

(၁) စိတ်ချမ်းသာရတယ်

လူဆိုတာ လှပနေတာကို မြင်နေရရင် စိတ်ကြည်လင်တတ်ပါတယ်။ ကိုယ်ကပါ လှနေရင်တော့ ပိုပြီးတော့တောင် စိတ်ချမ်းသာနေရပါသေးတယ်။ ကိုယ့်ကိုယ်ကို အလှပဆုံး ဖြစ်အောင် နေတဲ့အခါ အများအမြင်မှာ လှနေရုံသက်သက် မဟုတ်ပဲ ကိုယ့်အတွက် စိတ်ချမ်းသာမှုတွေပါ သယ်လာပေးတတ်ပါတယ်။

(၂) ပျော်ရွှင်မှု

စုတ်ပြတ်နေတဲ့ ပုံစံနဲ့တော့ မပျော်ရတတ်ပါဘူး။ လှပပြီး သပ်ရပ်နေတဲ့ အခါမှာတော့ ကိုယ့်ကိုယ်ကို စိတ်တိုင်းကျနေမှာပါ။ ဒါကြောင့် ပျော်ရွှင်စေတဲ့ သော့ချက်တစ်ခုက လှပခြင်းလည်း ဖြစ်ပါတယ်နော်။

ပြီးပြည့်စုံတဲ့မိတ်ကပ်ပြင်ဆင်မှုရဖို့ မျက်လုံးမိတ်ကပ်ကို ဒီနည်းအတိုင်း ခြယ်သပါ
(၃) ကျန်းမာစေတယ်

အလှပဆုံး ဖြစ်အောင် နေတယ်ဆိုတာ အပေါ်ယံ လုပ်ရတာ မဟုတ်ပါဘူး။ လှပဖို့အတွက်ဆို ကျန်းမာရေးကိုပါ ဂရုစိုက်ရတာ ဖြစ်လို့ ကျန်းမာနေတဲ့ ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အလှပဆုံး ဖြစ်အောင်နေလေ ကျန်းမာလေပေါ့နော်။

(၄) ကိုယ့်ကိုယ်ကို ဂရုစိုက်ဖြစ်တယ်

ကိုယ့်ကိုယ်ကို လှအောင် နေတဲ့အခါ ကိုယ့်ကိုယ်ကို ပိုပြီး ဂရုစိုက် ဖြစ်လာမှာပါ။ အစားအသောက်ကိုလည်း ဂရုစိုက်ရသလို အဝတ်အစားနဲ့ နေထိုင်မှုပုံစံတွေကပါ ဂရုစိုက်ရတာ ဖြစ်တဲ့အပြင် အလုပ်တွေကိုပါ ပိုဂရုစိုက်နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် အလှပဆုံး နေမယ်ဆိုတာနဲ့ ကိုယ့်ကိုယ်ကို ပိုပြီး ဂရုစိုက်ဖြစ်လာမှာပါ။

(၅) သန့်ရှင်းတယ်

လှပမှုက သန့်ရှင်းမှုနဲ့အတူ တွဲလာပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းမှု လုပ်ရသလို ကိုယ်နေထိုင်တဲ့နေရာ အခန်း စတာတွေကိုပါ လှလှပပထားရတာ ဖြစ်လို့ သန့်ရှင်းရေး ပုံမှန်် လုပ်နေရမှာပါ။ ဒါကြောင့် သန့်ရှင်းမှု ရှိတဲ့သူအဖြစ်လည်း အကျင့်ဖြစ်ပြီး နေထိုင်နေမိတော့မှာပဲ ဖြစ်ပါတယ်။