ရည္းစားေဟာင္းနဲ႔ ျပန္ဆက္ဖို႔ အဆင္သင့္ျဖစ္ေနေၾကာင္း ေဖာ္ျပေနတဲ့အေျခအေန (၄) ခု

ရည္းစားေဟာင္းနဲ႔ ျပန္ဆက္ဖို႔ အဆင္သင့္ျဖစ္ေနေၾကာင္း ေဖာ္ျပေနတဲ့အေျခအေန (၄) ခု

သင့္အေနနဲ႔ ရည္းစားနဲ႔ျပတ္သြားတဲ့အခါ သင့္ေဘးနားက လူေတြက အသစ္တစ္ေယာက္ရွာဖို႔ အားေပးရင္ေပးမယ္၊ ရည္းစားေဟာင္းနဲ႔ ျပန္တြဲမယ္ဆိုရင္ေတာ့ တားဖို႔ႀကိဳးစားၾကမွာပါ …။

ဘာျဖစ္လို႔လဲဆိုေတာ့ ရည္းစားေဟာင္းနဲ႔ျပန္တြဲတာက အသစ္တစ္ေယာက္ ထားတာထက္ ပိုျပီးရႈပ္ေထြးလို႔ပါ …။

ဒါေၾကာင့္ သင့္အဆက္ေဟာင္းနဲ႔ ျပန္တြဲခ်င္တဲ့အခါ တျခား သူေတြကို တိုင္ပင္တာထက္ ကိုယ္တိုင္စဥ္းစားဆုံးျဖတ္တာ ပိုေကာင္းပါတယ္။ သင္တို႔ႏွစ္ေယာက္ၾကားမွာ ဒီလိုအေျခအေနေလးေတြျဖစ္လာရင္ ျပန္ဆက္သင့္ေနပါၿပီေနာ္ …။

(၁) သူ႔အေၾကာင္းအေသးစိတ္ သိခ်င္တယ္

သူနဲ႔ပတ္သက္တဲ့ အေသးစိတ္အေၾကာင္းအရာေတြကို စိတ္ဝင္တစားသိခ်င္ေနၿပီဆိုရင္ သင့္စိတ္ထဲမွာ သူက ေနရာျပန္ယူေနပါၿပီ။ ဒါဟာ သင္တို႔ႏွစ္ေယာက္ျပန္ဆက္ဖို႔ လမ္းစျဖစ္လာႏိုင္ပါတယ္ …။

(၂) သူနဲ႔ေတြ႕ဖို႔ ႀကိဳးစားမိေနရင္

သူ႔အေၾကာင္းေတြ ျပန္ၿပီးစိတ္ဝင္စားလာ႐ုံမက သူနဲ႔ေတြ႕ဖို႔ေမၽွာ္လင့္ၿပီး သူသြားတတ္တဲ့ေနရာေတြ သြားတာမ်ိဳး၊ သူပါတဲ့ခရီးစဥ္ေတြ လိုက္တာမ်ိဳးေတြ လုပ္မိေနရင္ေတာ့ သူနဲ႔ျပန္ဆက္ဖို႔ အဆင္ေျပနိုင္မလားဆိုတာ သင့္ကိုယ္သင္ ျပန္ေမးၾကည့္ပါ …။

(၃) သင္တို႔ႏွစ္ေယာက္လမ္းခြဲခဲ့တဲ့အေၾကာင္းကို ေသခ်ာေဆြးေႏြးမိရင္

ႏွစ္ေယာက္သားေတြ႕ျဖစ္ၿပီး စကားေတြဘာေတြေျပာျဖစ္တဲ့အခါ လမ္းခြဲခဲ့တဲ့ အေၾကာင္းအရင္းကို ျပန္ေဆြးေႏြးမိေနရင္ သူ႔ဘက္ကလည္း သင့္အေပၚျပန္ၿပီးစိတ္လည္ေနပါၿပီ။ သင္တို႔ႏွစ္ေယာက္လုံးက အဆင္မေျပမႈကို သိခ်င္ၿပီး အဆင္ေျပေအာင္ လုပ္ခ်င္ေနတာ အသိသာႀကီးပါ …။

(၄) သူ႔ကိုလုံးဝအျပစ္မျမင္ေတာ့ဘူးဆိုရင္

လမ္းခြဲတုန္းကေတာ့ ကိုယ့္မ်က္စိထဲမွာ အရာရာအျပစ္ေတြလို႔ပဲျမင္ေနတာပါ။ သူလုပ္သမၽွအရာအားလုံးက ခြင့္မလႊတ္နိုင္စရာေတြခ်ည္းပဲေပါ့။ အခုေတာ့ အဲ့လိုမဟုတ္ေတာ့ဘူး …။

အရင္က သူ႔အေပၚအျပစ္လို႔ ျမင္ခဲ့တာေတြကလည္း အခုမရွိေတာ့သလိုပါပဲ၊ သူ႔ကို အေကာင္းျမင္ေနနိုင္ၿပီ။ ဒီလိုဆိုရင္ေတာ့ သင့္အေနနဲ႔ သူ႔အေပၚစိတ္ျပန္လည္ေနတာ ေသခ်ာသေလာက္ရွိသြားပါၿပီ …။

တကယ္လို႔ သူနဲ႔ျပန္ဆက္ခ်င္တာ ေသခ်ာရင္ သူ႔ဘက္ကေရာ အေျခအေနဘယ္လိုရွိလဲဆိုတာေလ့လာၿပီးမွ ဇာတ္လမ္းျပန္စဖို႔ ႀကိဳးစားပါ …။

တစ္ခုရွိတာက ရည္းစားေဟာင္းနဲ႔ျပန္ဆက္တာက အသစ္တစ္ေယာက္ ထားတာထက္ ပိုအႏၲရာယ္ႀကီးတာမို႔ ေသခ်ာေလးေတာ့ စဥ္းစားေစခ်င္ပါတယ္ေနာ္ …။ ။

ခရက္ဒစ္

Unicode

ရည်းစားဟောင်းနဲ့ ပြန်ဆက်ဖို့ အဆင်သင့်ဖြစ်နေကြောင်း ဖော်ပြနေတဲ့အခြေအနေ (၄) ခု

သင့်အနေနဲ့ ရည်းစားနဲ့ပြတ်သွားတဲ့အခါ သင့်ဘေးနားက လူတွေက အသစ်တစ်ယောက်ရှာဖို့ အားပေးရင်ပေးမယ်၊ ရည်းစားဟောင်းနဲ့ ပြန်တွဲမယ်ဆိုရင်တော့ တားဖို့ကြိုးစားကြမှာပါ …။

ဘာဖြစ်လို့လဲဆိုတော့ ရည်းစားဟောင်းနဲ့ပြန်တွဲတာက အသစ်တစ်ယောက် ထားတာထက် ပိုပြီးရှုပ်ထွေးလို့ပါ …။

ဒါကြောင့် သင့်အဆက်ဟောင်းနဲ့ ပြန်တွဲချင်တဲ့အခါ တခြား သူတွေကို တိုင်ပင်တာထက် ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တာ ပိုကောင်းပါတယ်။ သင်တို့နှစ်ယောက်ကြားမှာ ဒီလိုအခြေအနေလေးတွေဖြစ်လာရင် ပြန်ဆက်သင့်နေပါပြီနော် …။

(၁) သူ့အကြောင်းအသေးစိတ် သိချင်တယ်

သူနဲ့ပတ်သက်တဲ့ အသေးစိတ်အကြောင်းအရာတွေကို စိတ်ဝင်တစားသိချင်နေပြီဆိုရင် သင့်စိတ်ထဲမှာ သူက နေရာပြန်ယူနေပါပြီ။ ဒါဟာ သင်တို့နှစ်ယောက်ပြန်ဆက်ဖို့ လမ်းစဖြစ်လာနိုင်ပါတယ် …။

(၂) သူနဲ့တွေ့ဖို့ ကြိုးစားမိနေရင်

သူ့အကြောင်းတွေ ပြန်ပြီးစိတ်ဝင်စားလာရုံမက သူနဲ့တွေ့ဖို့မျှော်လင့်ပြီး သူသွားတတ်တဲ့နေရာတွေ သွားတာမျိုး၊ သူပါတဲ့ခရီးစဉ်တွေ လိုက်တာမျိုးတွေ လုပ်မိနေရင်တော့ သူနဲ့ပြန်ဆက်ဖို့ အဆင်ပြေနိုင်မလားဆိုတာ သင့်ကိုယ်သင် ပြန်မေးကြည့်ပါ …။

(၃) သင်တို့နှစ်ယောက်လမ်းခွဲခဲ့တဲ့အကြောင်းကို သေချာဆွေးနွေးမိရင်

နှစ်ယောက်သားတွေ့ဖြစ်ပြီး စကားတွေဘာတွေပြောဖြစ်တဲ့အခါ လမ်းခွဲခဲ့တဲ့ အကြောင်းအရင်းကို ပြန်ဆွေးနွေးမိနေရင် သူ့ဘက်ကလည်း သင့်အပေါ်ပြန်ပြီးစိတ်လည်နေပါပြီ။ သင်တို့နှစ်ယောက်လုံးက အဆင်မပြေမှုကို သိချင်ပြီး အဆင်ပြေအောင် လုပ်ချင်နေတာ အသိသာကြီးပါ …။

(၄) သူ့ကိုလုံးဝအပြစ်မမြင်တော့ဘူးဆိုရင်

လမ်းခွဲတုန်းကတော့ ကိုယ့်မျက်စိထဲမှာ အရာရာအပြစ်တွေလို့ပဲမြင်နေတာပါ။ သူလုပ်သမျှအရာအားလုံးက ခွင့်မလွှတ်နိုင်စရာတွေချည်းပဲပေါ့။ အခုတော့ အဲ့လိုမဟုတ်တော့ဘူး …။

အရင်က သူ့အပေါ်အပြစ်လို့ မြင်ခဲ့တာတွေကလည်း အခုမရှိတော့သလိုပါပဲ၊ သူ့ကို အကောင်းမြင်နေနိုင်ပြီ။ ဒီလိုဆိုရင်တော့ သင့်အနေနဲ့ သူ့အပေါ်စိတ်ပြန်လည်နေတာ သေချာသလောက်ရှိသွားပါပြီ …။

တကယ်လို့ သူနဲ့ပြန်ဆက်ချင်တာ သေချာရင် သူ့ဘက်ကရော အခြေအနေဘယ်လိုရှိလဲဆိုတာလေ့လာပြီးမှ ဇာတ်လမ်းပြန်စဖို့ ကြိုးစားပါ …။

တစ်ခုရှိတာက ရည်းစားဟောင်းနဲ့ပြန်ဆက်တာက အသစ်တစ်ယောက် ထားတာထက် ပိုအန္တရာယ်ကြီးတာမို့ သေချာလေးတော့ စဉ်းစားစေချင်ပါတယ်နော် …။ ။

ခရက်ဒစ်