ပျော်တုန်းကပျော်ပြီး ကလေးရလားတော့မှ ပစ်ထားကြတယ် မင်းလူဖြစ်ရတာ မတန်ပါဘူး ကလေးရယ်
ပျော်ရတာကို သဘောကျပြီးဗိုက်ကြီးတာကို သဘောမကျတဲ့အမေနဲ့
အိပ်ယာပေါ်ကကိစ္စလောက်သာတာဝန်ယူတတ်တဲ့အဖေမျိုးဆီမှာ မင်းလူဖြစ်ရတာ မတန်ပါဘူး ကလေးရယ်
ယနေ့ခေတ်ကြီးမှာ တိုးတက်လာတာနဲ့အမျှ စက်ဆုပ်ရွံရှာဖွယ် လူသားမဆန်မှု့တွေ
မကြာခဏတွေ့မြင်ကြားနေရတယ် အပျော်ကြူးကြတယ် Living together
လက်မထပ်ရသေးပဲ အတူနေထိုင်ခြင်းတွေ အလွယ်တကူလုပ်ဆောင်နေကြတယ်…
မဖုံးနိုင် မဖိနိုင်တော့မှ ရှက်ရကောင်းမှန်းသိကြပြီး လူဘဝကို လာပြီးနှုတ်ဆက်တဲ့ လူမမည် ကလေးလေးတွေကို
စွန့်ပစ်ချင်လာကြတယ် လူစိတ်ကင်းမဲ့တဲ့ လုပ်ရပ်ဆိုတာ ကိုတော့ လုပ်ဖို့မရှက်ကြဘူး
ဒီကလေးလေးကိုလဲ စေတနာရှင် လူသားဆန်တဲ့လူတစ်ချို့ရှိနေတဲ့အတွက်
ကံကောင်းစွာ အသက်ရှင်ခွင့် လူဖြစ်ခွင့်ရတာပါ…အားလုံးကို ချစ်ခင်လေးစားစွာဖြင့်
ုKo Shwe Thura photo credit