အမျိုးသားတွေရဲ့အသံကို လုံးဝမကြားနိုင်တဲ့ အမျိုးသမီးတစ်ဦးရဲ့အဖြစ်
နားဆိုတာ အခြားသောသူတွေနဲ့ ရေလည်ရှင်းလင်းအောင်ပြောဆိုတဲ့နေရာမှာ မုချလိုအပ်သလို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပြောဆိုေနကြတဲ့ အသံတွေကိုလည်း အဲ့ဒီနားရှိမှသာ ကြားသိနိုင်တာပါ။ ဒါပေမဲ့ တရုတ်အမျိုးသမီးတစ်ဦးဟာ အမျိုးသမီးအသံကိုသာကြားနိုင်ပြီးအမျိုးသားတွေရဲ့အသံကို မကြားနိုင်တဲ့ ရှားပါး အခြေအနေတစ်ခုကို တွေ့ရှိထားပါတယ်။
Chen လို့ခေါ်တဲ့ တရုတ်အမျိုသမီးတစ်ဦးဟာညအချိန် အော့အန်ခဲ့ပြီး သူမရဲ့နားထဲမှာ မြည်သံကြားနေရတာကြောင့် တစ်ခုခုတော့မှားနေပြီဆိုပြီး သူမ သိနေခဲ့ပါတယ်။ မနက်နိုးလာေတာ့ သူမရဲ့ ချစ်သူကောင်လေးအသံကို မကြားနိုင်တော့ပါဘူး။သူမချက်ချင်းဘဲ ဆေးကုသမှုခံယူပြီး ဆရာဝန်က သူမဟာ reverse-slope hearing loss ဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ သူမက အသံကြယ်လောင်စွာပြောမှသာ ကြားနိုင်တော့တာပါ။ Reverse-Slope
hearing loss (RSHL) ကို Low-frequency hearing loss လို့လည်းခေါ်ပါတယ်။ Dr.Lin Xiaoqing က Chenကို စစ်ဆေးခဲ့ပြီး “အဲ့ဒီအမျိုးသမီးက ကျွန်မပြောသမျှအသံတွေကို ကြားနိုင်တယ်။ ဒါပေမဲ့ လူနာကောင်လေးတစ်ဦးရဲ့ အသံကိုတော့ သူမ မကြားနိုင်ခဲ့ပါဘူး” လို့ဆရာဝန်က ပြောလာခဲ့ပါတယ်။
ဆရာဝန်ရဲ့ပြောဆိုချက်အရ Chen အလုပ်လုပ်နေတဲ့ အတောအတွင်းမှာ လုံလောက်စွာအိမ်စက်ခြင်းမရှိဘဲ အလုပ်ကို အချိန်ကြာကြာလုပ်ဆောင်ခဲ့ခြင်းကြောင့် အခုလိုမျိုးခံစားရတာဖြစ်ပါတယ်။ ဆရာဝန်ကတော့ အဲ့ဒီအမျိုးသမီး ပုံမှန်အခြေအနေတစ်ခုပြန်ရောက်နိုင်ကြောင်း ယုံကြည်ထားပါတယ်။ Chenရဲ့အခြေအနေ ကောင်းမွန်လာဖို့ အတွက် ကောင်းစွာအနားယူပြီး သူမကိုယ်တိုင် စိတ်ဖိစီးမှုတွေကို ေ
လျှာ့ချဖို့ လိုအပ်ပါတယ်။
zawgyi