ဝိတ်ချလိုပြီး အစားမလျှော့နိုင်သူများအတွက် သိသိသာသာ ဗိုက်ချပ်လှပစေမည့် ဖျော်ရည် ၅ မျိုး
Detox water က ခန္ဓါကိုယ်ကို တစ်ခဏတာ အကျိုးပြုတာ မဟုတ်ပါဘူး။Detox water က ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ပေးပြီး ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။
အိမ်မှာတင် လွယ်လွယ်ကူကူ ပြုလုပ်နိုင်မယ့် ဗိုက်ချပ်ပြီး အဆီကျစေတဲ့ ဖျော်ရည်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အိုင်အိုဒင်းမပါသော ဆားဖျော်ရည်
အိုင်အိုဒင်းဓါတ် မပါတဲ့ ဆားဖျော်ရည်က အူမကြီးကို သန့်စင်ပေးပြီး ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။
ဆိုဒီယမ်က သွေးကြောတွေ၊ ကြွက်သားတွေ၊ သွေးပေါင်ချိန်တွေကို သင့်တော်အောင် ထိန်းညှိပေးပါတယ်။
လုပ်နည်းလေးကတော့ အိုင်အိုဒင်းဓါတ် မပါသော ဆားလက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရေနွေး ၄ ခွက်ကို ထည့်ဖျော်ပါ။
အရသာပိုကောင်းချင်ရင် သံပုရာရည် ထည့်သောက်လို့ ရပါတယ်။ အစာမရှိခင်မှာ မြန်မြန်သောက်နိုင်ရင် ပိုကောင်းပါတယ်။
၂။ ဂျင်းဖျော်ရည်
ဂျင်းက ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့ သဘာဝဆေးပါပဲ။ ဂျင်းက သွေးတိုးကျစေသလို အဖျားကိုလည်း ကာကွယ်ပေးပါတယ်။
ကိုလက်စထရောကို ထိန်းပေးတာ၊ ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ပေးတာက ဂျင်းရဲ့ကောင်းကျိုးတွေပါပဲ။
ဂျင်းဖျော်ရည်လုပ်ဖို့အတွက် ဂျင်းပြား ၂ပြားကို ရေ ၅၀၀ မီလီလီတာနဲ့ ရောမွှေပြီး ၂ နာရီခန့် ကြာရင် သောက်လို့ရပါပြီ။
၃။ ပန်းသီး၊ သစ်ကြံပိုးခေါက်ဖျော်ရည်
ပန်းသီးနဲ့ သစ်ကြံပိုးခေါက်က ကိုယ်အလေးချိန်ကျစေဖို့ ကူညီပေးပါတယ်။သစ်ကြံပိုးခေါက်က ကိုလက်စထရောကို နည်းစေပြီး ဆီးချိုကိုလည်း ကာကွယ်ပေးပါတယ်။
ပန်းသီးဖျော်ရည်အတွက် ပန်းသီး ၂ စိတ်နဲ့ သစ်ကြံပိုးခေါက်ချောင်း ၂ ချောင်းကို ရေတစ်ဖန်ခွက်ထဲမှာ အတူတူ စိမ်ထားပါ။ရေခဲသေ တ္တာထဲမှာ တစ်နာရီခန့် ထားပြီးရင်တော့ သောက်လို့ရပါပြီ။
၄။ သခွားသီးဖျော်ရည်
လတ်ဆတ်တဲ့ သခွားသီးဖျော်ရည်က ခဏခဏ ဗိုက်ဆာတာကို သက်သာစေပါတယ်။သခွားသီးတစ်လုံးမှ ၃၄ ကယ်လိုရီပဲ ပါဝင်ပါတယ်။ သခွားသီးဖျော်ရည်က အဆာခံစေရုံမက အသားအရေလည်း လှစေပါတယ်။
သခွားသီးဖျော်ရည် လုပ်ဖို့အတွက် သခွားသီးလေးတွေကို အတုံးသေးသေးလေးတွေ လှီးထာပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။
ရေဆာတဲ့အခါတိုင်း ရေထဲကို သခွားသီးလေးတုံးလေးတွေ ထည့်ပြီးသောက်ရင်တော့ ဗိုက်ချပ်လာတာကို တွေ့ရမှာပါ။သခွားသီးဖျော်ရည်ထဲကို သံပုရာသီးနဲ့ ပူစီနံ ထည့်သောက်လို့လည်း ရပါတယ်နော်။
၅။ ငရုတ်ကောင်းရေနွေး
ဝိတ်ကျစေတဲ့အထဲမှာ ငရုတ်ကောင်းစေ့လည်း ပါဝင်ပါတယ်။အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ ရောင်ရမ်းခြင်း၊ နှလုံးရောဂါကို ငရုတ်ကောင်းစေ့က ကာကွယ်ပေးပါတယ်။ကိုလက်စထရောကိုလည်း နည်းပါးစေပါတယ်။
ငရုတ်ကောင်း ဖျော်ရည် လုပ်နည်းကတော့ ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ဂျင်းလက်ဖက်ရည် ဇွန်းတစ်ဇွန်း၊ပျားရည်လက်ဖက်ရည် ဇွန်းတစ်ဇွန်း၊ သံပုရာသီးတစ်လုံး၊ ရေ ၂ ဖန်ခွက်တို့ လိုအပ်ပါတယ်၊ ရေကို ပွက်အောင် တည်ပြီး ပါဝင်ပစ္စည်းတွေကို ရောထည့်လိုက်ပါ။ငရုတ်ကောင်းရေနွေးကို အေးအောင်မစောင့်ဘဲ ခပ်နွေးနွေး အနေအထားမှာ သောက်သင့်ပါတယ်။
မှုရင်းတင်သူအားလေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။
လေးစားစွာဖြင့်
ထိန်ဝင်း
zawgyi
ဝိတ္ခ်လိုၿပီး အစားမေလွ်ာ့ႏိုင္သူမ်ားအတြက္ သိသိသာသာ ဗိုက္ခ်ပ္လွပေစမည့္ ေဖ်ာ္ရည္ ၅ မ်ိဳး
Detox water က ခႏၶါကိုယ္ကို တစ္ခဏတာ အက်ိဳးျပဳတာ မဟုတ္ပါဘူး။Detox water က ခႏၶါကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ေပးၿပီး ကိုယ္အေလးခ်ိန္ကိုလည္း က်ေစပါတယ္။
အိမ္မွာတင္ လြယ္လြယ္ကူကူ ျပဳလုပ္ႏိုင္မယ့္ ဗိုက္ခ်ပ္ၿပီး အဆီက်ေစတဲ့ ေဖ်ာ္ရည္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
၁။ အိုင္အိုဒင္းမပါေသာ ဆားေဖ်ာ္ရည္
အိုင္အိုဒင္းဓါတ္ မပါတဲ့ ဆားေဖ်ာ္ရည္က အူမႀကီးကို သန႔္စင္ေပးၿပီး ဝမ္းခ်ဳပ္တာကိုလည္း သက္သာေစပါတယ္။
ဆိုဒီယမ္က ေသြးေၾကာေတြ၊ ႂကြက္သားေတြ၊ ေသြးေပါင္ခ်ိန္ေတြကို သင့္ေတာ္ေအာင္ ထိန္းညႇိေပးပါတယ္။
လုပ္နည္းေလးကေတာ့ အိုင္အိုဒင္းဓါတ္ မပါေသာ ဆားလက္ဖက္ရည္ဇြန္း ၂ ဇြန္းနဲ႔ ေရေႏြး ၄ ခြက္ကို ထည့္ေဖ်ာ္ပါ။
အရသာပိုေကာင္းခ်င္ရင္ သံပုရာရည္ ထည့္ေသာက္လို႔ ရပါတယ္။ အစာမရွိခင္မွာ ျမန္ျမန္ေသာက္ႏိုင္ရင္ ပိုေကာင္းပါတယ္။
၂။ ဂ်င္းေဖ်ာ္ရည္
ဂ်င္းက ခႏၶါကိုယ္အတြက္ အက်ိဳးျပဳတဲ့ သဘာဝေဆးပါပဲ။ ဂ်င္းက ေသြးတိုးက်ေစသလို အဖ်ားကိုလည္း ကာကြယ္ေပးပါတယ္။
ကိုလက္စထေရာကို ထိန္းေပးတာ၊ ခႏၶါကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ေပးတာက ဂ်င္းရဲ႕ေကာင္းက်ိဳးေတြပါပဲ။
ဂ်င္းေဖ်ာ္ရည္လုပ္ဖို႔အတြက္ ဂ်င္းျပား ၂ျပားကို ေရ ၅၀၀ မီလီလီတာနဲ႔ ေရာေမႊၿပီး ၂ နာရီခန႔္ ၾကာရင္ ေသာက္လို႔ရပါၿပီ။
၃။ ပန္းသီး၊ သစ္ႀကံပိုးေခါက္ေဖ်ာ္ရည္
ပန္းသီးနဲ႔ သစ္ႀကံပိုးေခါက္က ကိုယ္အေလးခ်ိန္က်ေစဖို႔ ကူညီေပးပါတယ္။သစ္ႀကံပိုးေခါက္က ကိုလက္စထေရာကို နည္းေစၿပီး ဆီးခ်ိဳကိုလည္း ကာကြယ္ေပးပါတယ္။
ပန္းသီးေဖ်ာ္ရည္အတြက္ ပန္းသီး ၂ စိတ္နဲ႔ သစ္ႀကံပိုးေခါက္ေခ်ာင္း ၂ ေခ်ာင္းကို ေရတစ္ဖန္ခြက္ထဲမွာ အတူတူ စိမ္ထားပါ။ေရခဲေသ တၱာထဲမွာ တစ္နာရီခန႔္ ထားၿပီးရင္ေတာ့ ေသာက္လို႔ရပါၿပီ။
၄။ သခြားသီးေဖ်ာ္ရည္
လတ္ဆတ္တဲ့ သခြားသီးေဖ်ာ္ရည္က ခဏခဏ ဗိုက္ဆာတာကို သက္သာေစပါတယ္။သခြားသီးတစ္လုံးမွ ၃၄ ကယ္လိုရီပဲ ပါဝင္ပါတယ္။ သခြားသီးေဖ်ာ္ရည္က အဆာခံေစ႐ုံမက အသားအေရလည္း လွေစပါတယ္။
သခြားသီးေဖ်ာ္ရည္ လုပ္ဖို႔အတြက္ သခြားသီးေလးေတြကို အတုံးေသးေသးေလးေတြ လွီးထာၿပီး ေရခဲေသတၱာထဲမွာ ထည့္ထားပါ။
ေရဆာတဲ့အခါတိုင္း ေရထဲကို သခြားသီးေလးတုံးေလးေတြ ထည့္ၿပီးေသာက္ရင္ေတာ့ ဗိုက္ခ်ပ္လာတာကို ေတြ႕ရမွာပါ။သခြားသီးေဖ်ာ္ရည္ထဲကို သံပုရာသီးနဲ႔ ပူစီနံ ထည့္ေသာက္လို႔လည္း ရပါတယ္ေနာ္။
၅။ င႐ုတ္ေကာင္းေရေႏြး
ဝိတ္က်ေစတဲ့အထဲမွာ င႐ုတ္ေကာင္းေစ့လည္း ပါဝင္ပါတယ္။အ႐ြယ္မတိုင္မီ အိုမင္းရင့္ေရာ္ျခင္း၊ ေရာင္ရမ္းျခင္း၊ ႏွလုံးေရာဂါကို င႐ုတ္ေကာင္းေစ့က ကာကြယ္ေပးပါတယ္။ကိုလက္စထေရာကိုလည္း နည္းပါးေစပါတယ္။
င႐ုတ္ေကာင္း ေဖ်ာ္ရည္ လုပ္နည္းကေတာ့ င႐ုတ္ေကာင္းေစ့ လက္ဖက္ရည္ဇြန္းတစ္ဝက္၊ ဂ်င္းလက္ဖက္ရည္ ဇြန္းတစ္ဇြန္း၊ပ်ားရည္လက္ဖက္ရည္ ဇြန္းတစ္ဇြန္း၊ သံပုရာသီးတစ္လုံး၊ ေရ ၂ ဖန္ခြက္တို႔ လိုအပ္ပါတယ္၊ ေရကို ပြက္ေအာင္ တည္ၿပီး ပါဝင္ပစၥည္းေတြကို ေရာထည့္လိုက္ပါ။င႐ုတ္ေကာင္းေရေႏြးကို ေအးေအာင္မေစာင့္ဘဲ ခပ္ေႏြးေႏြး အေနအထားမွာ ေသာက္သင့္ပါတယ္။
မႈရင္းတင္သူအားေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။
ေလးစားစြာျဖင့္
ထိန္ဝင္း