သိပ္ကို ေတာ္လြန္းတဲ့ မိန္းမဆိုတာ ဒီလိုအခ်က္ေတြနဲ႔ ကိုက္ညီတဲ႔သူေတြပါ…

သိပ္ကို ေတာ္လြန္းတဲ့ မိန္းမဆိုတာ ဒီလိုအခ်က္ေတြနဲ႔ ကိုက္ညီတဲ႔သူေတြပါ…

မိန္းကေလးေတြက ႏူးညံ့တယ္ ႏုံအတယ္ ေယာက်ၤားေလးေတြေလာက္ မေတာ္ၾကဘူး စတဲ့ သေဘာထားေတြ ၾကားဖူးၾကမွာပါ။ တကယ္တမ္းမွာေတာ့ မိန္းကေလးေတြလည္း လူပါပဲ။ မိန္းကေလးေတြထဲမွာလည္း သိပ္ကို ေတာ္လြန္းတဲ့သူေတြ ရွိပါတယ္။ မိန္းကေလးေတြ ေတာ္သြားၿပီဆိုရင္ ဒီလို အခ်က္ေတြ ရွိေနတာကို ေတြ႔ရမွာပဲ ျဖစ္ပါတယ္ေနာ္ …..။

(၁) ခံစားခ်က္ေတြကို ထိန္းညွိႏိုင္တယ္”

မိန္းကေလးေတြက စိတ္ခံစားခ်က္ကို မထိန္းႏိုင္ၾကဘူးလို႔ ေျပာၾကတာ ရွိေပမယ့္ ေတာ္လြန္းတဲ့ မိန္းကေလးေတြကေတာ့ အဆိုးအေကာင္းကို သိလို႔ စိတ္ခံစားခ်က္ေတြကို ေကာင္းေကာင္း ထိန္းညွိႏိုင္ၾကပါတယ္။ ေဒါသထြက္ရင္ေတာင္မွ ထြက္ျပသင့္လား မသင့္လား ေတြးတတ္ၾကတဲ့သူေတြ ျဖစ္ပါတယ္။ သူတို႔က ကိုယ့္ကို ထိခိုက္ေစႏိုင္တဲ့ အျပဳအမူေတြ မျဖစ္ေအာင္ အျမဲ ဂရုစိုက္တတ္ ၾကပါတယ္ …။

(၂) စိတ္ကို အလိုမလိုက္ဘူး”

စိတ္အလိုအတိုင္း အျမဲ ေနတတ္ၾကသူေတြလည္း မဟုတ္ပါဘူး။ သူတို႔ေတြက စိတ္ခံစားခ်က္ေတြကို ျဖစ္သင့္လား အမွား ျဖစ္သြားႏိုင္လား ေတြးၿပီး အျမဲ ႏွလံုးသားနဲ႔ ဦးေႏွာက္ မွ်ေအာင္ေနတတ္ၾကသူေတြ ျဖစ္ပါတယ္။ စိတ္အလိုမလိုက္တတ္တာေၾကာင့္ သူတို႔မွာ အမွားနည္းၿပီး ဘဝကို လိပ္ျပာလံုေအာင္ ေနတတ္ၾကသူေတြလည္း ျဖစ္ပါတယ္ …။

(၃) ကိုယ့္ဘာသာ ရပ္တည္္ႏိုင္တယ္”

တစ္ေယာက္ေယာက္ကို မွီခိုမွ ဘဝကို ရပ္တည္လို႔ ရတာ မဟုတ္ဘူးလို႔ သူတို႔က ယူဆထားၾကပါတယ္။ ကိုယ္တိုင္လည္း ဦးေႏွာက္နဲ႔ လက္နဲ႔ ေျခနဲ႔ ရွိတာမို႔ ဘဝကို ရုန္းကန္ႏိုင္တယ္လို႔ ခံယူထားၾကပါတယ္။ ကိုယ္တိုင္ ရွာေဖြတဲ့ ေငြတဲ့ ေငြနဲ႔ ရပ္တည္ႏိုင္တာကိုလည္း သူတို႔က ဂုဏ္ယူၿပီး သေဘာက်တတ္ပါတယ္။ ကိုယ့္အရည္အခ်င္းနဲ႔ ထိုက္တန္တဲ့ လုပ္ငန္းခြင္ေတြကိုလည္း ရွာေဖြၿပီး သူတို႔ အရည္အခ်င္းကို အလဟသ အျဖစ္မခံၾကတတ္တဲ႔ လူမ်ိဳးေတြပါ …..။

(၄) ကိုယ့္ကိုယ္ကို တန္ဖိုးထားတယ္”

သူတို႔ေတြကေတာ့ မာနလည္း ရွိၿပီး ကိုယ့္ကိုယ္ကို သိပ္ကို တန္ဖိုးထားၾကပါတယ္။ ငါ သူမ်ားေတြအေပၚမွာ မေကာင္းတာ မလုပ္ဘူး၊ လိပ္ျပာလံုတယ္ဆိုတဲ့ သူ ျဖစ္ေအာင္ က်င့္ၾကံေနထိုင္ၾကသူေတြလည္း ျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကို မေကာင္းတဲ့သူ ျဖစ္သြားမွာကို စိုးရိမ္တတ္ၾကၿပီး တန္ဖိုးရွိတဲ့ သူတစ္ေယာက္အျဖစ္ ႀကိဳးစားေနထိုင္တတ္ၾကတာ သူတို႔ရဲ႕အသိစိတ္ေၾကာင့္ပါပဲေနာ္ …။

(၅) ေရွးရိုးစြဲ အျမင္ေတြ မရွိဘူး”

သူတို႔ေတြက လက္ေတြ႔မဆန္တဲ့ အရာေတြကိုလည္း ဆန္႔က်င္ၾကသူေတြ ျဖစ္ပါတယ္။ မိန္းမဆိုတာ ဟင္းခ်က္ကို ခ်က္တတ္ရမယ္ဆိုတဲ့ အျမင္ေတြကို လက္မခံသလို မိန္းမဆိုတာ ေယာက်ၤားကို ျပဳစုေပးရမယ့္သူေတြဆိုတာမ်ိဳးကိုလည္း လက္မခံၾကပါဘူး။ သူတို႔ေတြက ဒီလို ေရွးရိုးစြဲ အျမင္ကို လက္မခံတဲ့သူေတြက မေကာင္းတာ မဟုတ္ေၾကာင္းကိုလည္း သက္ေသျပတတ္ ၾကပါေသးတယ္ …။ ။

Writer – Kham

Unicode

သိပ်ကို တော်လွန်းတဲ့ မိန်းမဆိုတာ ဒီလိုအချက်တွေနဲ့ ကိုက်ညီတဲ့သူတွေပါ…

မိန်းကလေးတွေက နူးညံ့တယ် နုံအတယ် ယောင်္ကျားလေးတွေလောက် မတော်ကြဘူး စတဲ့ သဘောထားတွေ ကြားဖူးကြမှာပါ။ တကယ်တမ်းမှာတော့ မိန်းကလေးတွေလည်း လူပါပဲ။ မိန်းကလေးတွေထဲမှာလည်း သိပ်ကို တော်လွန်းတဲ့သူတွေ ရှိပါတယ်။ မိန်းကလေးတွေ တော်သွားပြီဆိုရင် ဒီလို အချက်တွေ ရှိနေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်နော် …။

(၁) ခံစားချက်တွေကို ထိန်းညှိနိုင်တယ်”

မိန်းကလေးတွေက စိတ်ခံစားချက်ကို မထိန်းနိုင်ကြဘူးလို့ ပြောကြတာ ရှိပေမယ့် တော်လွန်းတဲ့ မိန်းကလေးတွေကတော့ အဆိုးအကောင်းကို သိလို့ စိတ်ခံစားချက်တွေကို ကောင်းကောင်း ထိန်းညှိနိုင်ကြပါတယ်။ ဒေါသထွက်ရင်တောင်မှ ထွက်ပြသင့်လား မသင့်လား တွေးတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့က ကိုယ့်ကို ထိခိုက်စေနိုင်တဲ့ အပြုအမူတွေ မဖြစ်အောင် အမြဲ ဂရုစိုက်တတ် ကြပါတယ် …။

(၂) စိတ်ကို အလိုမလိုက်ဘူး”

စိတ်အလိုအတိုင်း အမြဲ နေတတ်ကြသူတွေလည်း မဟုတ်ပါဘူး။ သူတို့တွေက စိတ်ခံစားချက်တွေကို ဖြစ်သင့်လား အမှား ဖြစ်သွားနိုင်လား တွေးပြီး အမြဲ နှလုံးသားနဲ့ ဦးနှောက် မျှအောင်နေတတ်ကြသူတွေ ဖြစ်ပါတယ်။ စိတ်အလိုမလိုက်တတ်တာကြောင့် သူတို့မှာ အမှားနည်းပြီး ဘဝကို လိပ်ပြာလုံအောင် နေတတ်ကြသူတွေလည်း ဖြစ်ပါတယ် …။

(၃) ကိုယ့်ဘာသာ ရပ်တည်နိုင်တယ်”

တစ်ယောက်ယောက်ကို မှီခိုမှ ဘဝကို ရပ်တည်လို့ ရတာ မဟုတ်ဘူးလို့ သူတို့က ယူဆထားကြပါတယ်။ ကိုယ်တိုင်လည်း ဦးနှောက်နဲ့ လက်နဲ့ ခြေနဲ့ ရှိတာမို့ ဘဝကို ရုန်းကန်နိုင်တယ်လို့ ခံယူထားကြပါတယ်။ ကိုယ်တိုင် ရှာဖွေတဲ့ ငွေတဲ့ ငွေနဲ့ ရပ်တည်နိုင်တာကိုလည်း သူတို့က ဂုဏ်ယူပြီး သဘောကျတတ်ပါတယ်။ ကိုယ့်အရည်အချင်းနဲ့ ထိုက်တန်တဲ့ လုပ်ငန်းခွင်တွေကိုလည်း ရှာဖွေပြီး သူတို့ အရည်အချင်းကို အလဟသ အဖြစ်မခံကြတတ်တဲ့ လူမျိုးတွေပါ …။

(၄) ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ်”

သူတို့တွေကတော့ မာနလည်း ရှိပြီး ကိုယ့်ကိုယ်ကို သိပ်ကို တန်ဖိုးထားကြပါတယ်။ ငါ သူများတွေအပေါ်မှာ မကောင်းတာ မလုပ်ဘူး၊ လိပ်ပြာလုံတယ်ဆိုတဲ့ သူ ဖြစ်အောင် ကျင့်ကြံနေထိုင်ကြသူတွေလည်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မကောင်းတဲ့သူ ဖြစ်သွားမှာကို စိုးရိမ်တတ်ကြပြီး တန်ဖိုးရှိတဲ့ သူတစ်ယောက်အဖြစ် ကြိုးစားနေထိုင်တတ်ကြတာ သူတို့ရဲ့အသိစိတ်ကြောင့်ပါပဲနော် …။

(၅) ရှေးရိုးစွဲ အမြင်တွေ မရှိဘူး”

သူတို့တွေက လက်တွေ့မဆန်တဲ့ အရာတွေကိုလည်း ဆန့်ကျင်ကြသူတွေ ဖြစ်ပါတယ်။ မိန်းမဆိုတာ ဟင်းချက်ကို ချက်တတ်ရမယ်ဆိုတဲ့ အမြင်တွေကို လက်မခံသလို မိန်းမဆိုတာ ယောင်္ကျားကို ပြုစုပေးရမယ့်သူတွေဆိုတာမျိုးကိုလည်း လက်မခံကြပါဘူး။ သူတို့တွေက ဒီလို ရှေးရိုးစွဲ အမြင်ကို လက်မခံတဲ့သူတွေက မကောင်းတာ မဟုတ်ကြောင်းကိုလည်း သက်သေပြတတ် ကြပါသေးတယ် …။ ။

Writer – Kham