သင့္ရဲ႕IPHONE နဲ႔ IPAD ေတြကို BATTERY ၾကာရွည္အသုံးခံေစမယ့္ နည္းလမ္းမ်ား

အားအပြည့် တစ်ခါသွင်းထားရင် အသုံးခံတဲ့ ကြာချိန်ကို “Battery Life” လို့ ခေါ်ပြီး၊ Battery အသစ်လဲဖို့ လိုလာမယ့် အချိန်ကိုတော့ “Battery Lifespan” လို့ ခေါ်ပါတယ်။ Battery Life နဲ့ Battery Lifespan နှစ်ခုလုံးကို အရှည်ကြာဆုံး ဖြစ်အောင် ထိန်းသိမ်းနိုင်မယ် ဆိုရင်တော့ Device တိုင်းကို နှစ်အတော်ကြာ ကောင်းမွန်စွာ အသုံးပြုနိုင်မှာပါ။ iPhone နဲ့ iPad တွေဟာလည်း နေ့စဉ် အသုံးများတဲ့ Device တွေ ဖြစ်တဲ့အတွက် Battery ကြာရှည် အသုံးခံစေမယ့် Tips လေးတွေကို မျှဝေပေးလိုက်ပါတယ်။

 

၁) iOS အသစ်ထွက်တိုင်း အမြဲတမ်း Update လုပ်ပေးပါ။iOS Version အသစ်တွေမှာ Performance Improvement တွေ ပါဝင်ပြီး Battery Draining Issue တွေကို ပြုပြင်ပေးလေ့ ရှိတဲ့အတွက် နောက်ဆုံးထွက် iOS Version ကိုသာ အသုံးပြုခြင်းကBattery ကို ပိုပြီး အသုံးခံစေပါတယ်။

၂) Auto-Brightness ကို သုံးပါ။Brightness တင်ပြီး အသုံးပြုခြင်းက အားကုန်မြန်စေတဲ့အတွက် ပတ်ဝန်းကျင် အလင်းရောင်ပေါ် မူတည်ပြီး အလိုအလျောက် ထိန်းညှိပေးနိုင်တဲ့ Auto-Brightness ကို Settings ထဲမှာ On ထားသင့်ပါတယ်။

 

၃) Cellular Data အစား Wi-Fi ကို ပိုပြီး အသုံးပြုပါ။အင်တာနက်သုံးတဲ့အခါမှာ Cellular Data ထက်စာရင် Wi-Fi က ဘက်ထရီစား သက်သာတဲ့အတွက် တတ်နိုင်သလောက် Wi-Fi နဲ့သာ အင်တာနက် အသုံးပြုသင့်ပါတယ်။

၄) လိုအပ်လာရင် Low Power Mode ကို ဖွင့်ထားပါ။Battery အားကုန်ခါနီးပြီဆိုရင် Low Power Mode ကို ဖွင့်လိုက်ရုံနဲ့ ပုံမှန်ထက်ပိုပြီး အချိန်ကြာကြာ အသုံးခံမှာ ဖြစ်ပါတယ်။ Battery 20% သို့မဟုတ် 10% အထိ လျော့နည်းလာပြီဆိုရင် Low PowerMode ဖွင့်ဖို့ Alert လေး ပေါ်လာမှာ ဖြစ်ပြီး၊ Settings > Battery ထဲမှာလည်း Low Power Mode ကို လိုအပ်သလို Manually ဖွင့်ထားလို့ ရပါတယ်။

 

၅) မလိုအပ်တဲ့ Background Activity တွေကို ပိတ်ထားပါ။Settings > Battery ထဲမှာ ဘယ် App တွေက Battery ဘယ်လောက် သုံးနေလဲ ဆိုတာကို ပြပေးပါတယ်။ တချို့ App တွေက ကိုယ်အသုံးမပြုဘဲနဲ့တောင် Background မှာ Refresh လုပ်နေတတ်တဲ့အတွက် ကိုယ်မလိုအပ်ဘူးဆိုရင် Settings > General > Background App Refresh ထဲကို သွားပြီး Wi-Fi, Wi-Fi & Cellular Data သို့မဟုတ် Off ကို ရွေးပြီး ပိတ်ထားလိုက်လို့ ရပါတယ်။

၆) Background Location ကို ပိတ်ထားပါ။တချို့ App တွေက Background ကို ရောက်သွား ရင်တောင် Location ကို ယူနေတာမျိုး ရှိတတ်တဲ့အတွက် Settings > Privacy > Location Services ထဲကို ဝင်ပြီး App တစ်ခုချင်းစီအလိုက်Location Service Permission တွေကို လိုအပ်သလို ရွေးချယ်သတ်မှတ်လို့ ရသလို ပိတ်ထားလို့လည်း ရပါတယ်။

၇) လိုင်းမမိတဲ့နေရာမှာ ရောက်နေရင် Airplane Mode ကို ဖွင့်ထားပါ။ဖုန်းလိုင်း သိပ်မမိတဲ့ နေရာတွေမှာ Signal မိအောင် ရှာဖွေနေရတဲ့ အတွက် Battery ကို အားပိုကုန်စေပါတယ်။ ဒါကြောင့် လိုင်းမမိတာ သေချာပြီ ဆိုရင် Airplane Mode ဖွင့်ထားလိုက်ပြီး Battery ကို ချွေတာနိုင်ပါတယ်။

၈) Laptop နဲ့ ချိတ်ပြီး အားသွင်းတဲ့အခါ Laptop ကို ပါဝါကြိုး တပ်ထားပါ။ပါဝါကြို း မတပ်ထားဘဲ Sleep Mode သို့မဟုတ် Standby Mode ဖြစ်နေတဲ့ Laptop ကနေ တစ်ဆင့် iPhone / iPad တွေကို အားသွင်းမယ်ဆိုရင် Battery Drain ဖြစ်နိုင်တဲ့အတွက် Laptop ကို အားသွင်းကြိုး တပ်ထားပြီးမှသာ iPhone / iPad ကို အားသွင်းသင့်ပါတယ်။

၉) Original အားသွင်းကြိုးနဲ့ Adapter ကိုသာ အသုံးပြုပါ။iPhone / iPad တွေဟာ မော်ဒယ်အလိုက် အသုံးပြုသင့်တဲ့ Adapter တွေ ကွဲပြားပါတယ်။ ဒါ့အပြင် ကိုယ့် Device နဲ့ ကိုက်ညီတဲ့ ပါဝါပမာဏကို Original Adapter တွေကသာ အကောင်းဆုံးထိန်းညှိပေးနိုင်တဲ့အတွက် Battery Lifespan ကို တိုးစေပါတယ်။

ဒီနည်းလမ်းလေးတွေကို သုံးပြီး Battery Life နဲ့ Battery Lifespan ကို အကောင်းဆုံး ထိန်းသိမ်းနိုင်မှာ ဖြစ်လို့ ကိုယ့်ရဲ့ iPhone နဲ့ iPad တွေကို အချိန်အကြာကြီး စိတ်ချလက်ချအသုံးပြုနိုင်မှာပါ။

ဒီ Tips လေးတွေကို သူငယ်ချင်းတွေကိုလည်း Share ပေးလိုက်ဦးနော်!

zawgyi

အားအျပည့္ တစ္ခါသြင္းထားရင္ အသုံးခံတဲ့ ၾကာခ်ိန္ကို “Battery Life” လို႔ ေခၚၿပီး၊ Battery အသစ္လဲဖို႔ လိုလာမယ့္ အခ်ိန္ကိုေတာ့ “Battery Lifespan” လို႔ ေခၚပါတယ္။ Battery Life နဲ႔ Battery Lifespan ႏွစ္ခုလုံးကို အရွည္ၾကာဆုံး ျဖစ္ေအာင္ ထိန္းသိမ္းႏိုင္မယ္ ဆိုရင္ေတာ့ Device တိုင္းကို ႏွစ္အေတာ္ၾကာ ေကာင္းမြန္စြာ အသုံးျပဳႏိုင္မွာပါ။ iPhone နဲ႔ iPad ေတြဟာလည္း ေန႔စဥ္ အသုံးမ်ားတဲ့ Device ေတြ ျဖစ္တဲ့အတြက္ Battery ၾကာရွည္ အသုံးခံေစမယ့္ Tips ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။

၁) iOS အသစ္ထြက္တိုင္း အၿမဲတမ္း Update လုပ္ေပးပါ။iOS Version အသစ္ေတြမွာ Performance Improvement ေတြ ပါဝင္ၿပီး Battery Draining Issue ေတြကို ျပဳျပင္ေပးေလ့ ရွိတဲ့အတြက္ ေနာက္ဆုံးထြက္ iOS Version ကိုသာ အသုံးျပဳျခင္းကBattery ကို ပိုၿပီး အသုံးခံေစပါတယ္။

၂) Auto-Brightness ကို သုံးပါ။Brightness တင္ၿပီး အသုံးျပဳျခင္းက အားကုန္ျမန္ေစတဲ့အတြက္ ပတ္ဝန္းက်င္ အလင္းေရာင္ေပၚ မူတည္ၿပီး အလိုအေလ်ာက္ ထိန္းညႇိေပးႏိုင္တဲ့ Auto-Brightness ကို Settings ထဲမွာ On ထားသင့္ပါတယ္။

၃) Cellular Data အစား Wi-Fi ကို ပိုၿပီး အသုံးျပဳပါ။အင္တာနက္သုံးတဲ့အခါမွာ Cellular Data ထက္စာရင္ Wi-Fi က ဘက္ထရီစား သက္သာတဲ့အတြက္ တတ္ႏိုင္သေလာက္ Wi-Fi နဲ႔သာ အင္တာနက္ အသုံးျပဳသင့္ပါတယ္။

၄) လိုအပ္လာရင္ Low Power Mode ကို ဖြင့္ထားပါ။Battery အားကုန္ခါနီးၿပီဆိုရင္ Low Power Mode ကို ဖြင့္လိုက္႐ုံနဲ႔ ပုံမွန္ထက္ပိုၿပီး အခ်ိန္ၾကာၾကာ အသုံးခံမွာ ျဖစ္ပါတယ္။ Battery 20% သို႔မဟုတ္ 10% အထိ ေလ်ာ့နည္းလာၿပီဆိုရင္ Low PowerMode ဖြင့္ဖို႔ Alert ေလး ေပၚလာမွာ ျဖစ္ၿပီး၊ Settings > Battery ထဲမွာလည္း Low Power Mode ကို လိုအပ္သလို Manually ဖြင့္ထားလို႔ ရပါတယ္။

၅) မလိုအပ္တဲ့ Background Activity ေတြကို ပိတ္ထားပါ။Settings > Battery ထဲမွာ ဘယ္ App ေတြက Battery ဘယ္ေလာက္ သုံးေနလဲ ဆိုတာကို ျပေပးပါတယ္။ တခ်ိဳ႕ App ေတြက ကိုယ္အသုံးမျပဳဘဲနဲ႔ေတာင္ Background မွာ Refresh လုပ္ေနတတ္တဲ့အတြက္ ကိုယ္မလိုအပ္ဘူးဆိုရင္ Settings > General > Background App Refresh ထဲကို သြားၿပီး Wi-Fi, Wi-Fi & Cellular Data သို႔မဟုတ္ Off ကို ေ႐ြးၿပီး ပိတ္ထားလိုက္လို႔ ရပါတယ္။

၆) Background Location ကို ပိတ္ထားပါ။တခ်ိဳ႕ App ေတြက Background ကို ေရာက္သြား ရင္ေတာင္ Location ကို ယူေနတာမ်ိဳး ရွိတတ္တဲ့အတြက္ Settings > Privacy > Location Services ထဲကို ဝင္ၿပီး App တစ္ခုခ်င္းစီအလိုက္Location Service Permission ေတြကို လိုအပ္သလို ေ႐ြးခ်ယ္သတ္မွတ္လို႔ ရသလို ပိတ္ထားလို႔လည္း ရပါတယ္။

၇) လိုင္းမမိတဲ့ေနရာမွာ ေရာက္ေနရင္ Airplane Mode ကို ဖြင့္ထားပါ။ဖုန္းလိုင္း သိပ္မမိတဲ့ ေနရာေတြမွာ Signal မိေအာင္ ရွာေဖြေနရတဲ့ အတြက္ Battery ကို အားပိုကုန္ေစပါတယ္။ ဒါေၾကာင့္ လိုင္းမမိတာ ေသခ်ာၿပီ ဆိုရင္ Airplane Mode ဖြင့္ထားလိုက္ၿပီး Battery ကို ေခြၽတာႏိုင္ပါတယ္။

၈) Laptop နဲ႔ ခ်ိတ္ၿပီး အားသြင္းတဲ့အခါ Laptop ကို ပါဝါႀကိဳး တပ္ထားပါ။ပါဝါႀကိဳ း မတပ္ထားဘဲ Sleep Mode သို႔မဟုတ္ Standby Mode ျဖစ္ေနတဲ့ Laptop ကေန တစ္ဆင့္ iPhone / iPad ေတြကို အားသြင္းမယ္ဆိုရင္ Battery Drain ျဖစ္ႏိုင္တဲ့အတြက္ Laptop ကို အားသြင္းႀကိဳး တပ္ထားၿပီးမွသာ iPhone / iPad ကို အားသြင္းသင့္ပါတယ္။

၉) Original အားသြင္းႀကိဳးနဲ႔ Adapter ကိုသာ အသုံးျပဳပါ။iPhone / iPad ေတြဟာ ေမာ္ဒယ္အလိုက္ အသုံးျပဳသင့္တဲ့ Adapter ေတြ ကြဲျပားပါတယ္။ ဒါ့အျပင္ ကိုယ့္ Device နဲ႔ ကိုက္ညီတဲ့ ပါဝါပမာဏကို Original Adapter ေတြကသာ အေကာင္းဆုံးထိန္းညႇိေပးႏိုင္တဲ့အတြက္ Battery Lifespan ကို တိုးေစပါတယ္။

ဒီနည္းလမ္းေလးေတြကို သုံးၿပီး Battery Life နဲ႔ Battery Lifespan ကို အေကာင္းဆုံး ထိန္းသိမ္းႏိုင္မွာ ျဖစ္လို႔ ကိုယ့္ရဲ႕ iPhone နဲ႔ iPad ေတြကို အခ်ိန္အၾကာႀကီး စိတ္ခ်လက္ခ်အသုံးျပဳႏိုင္မွာပါ။

ဒီ Tips ေလးေတြကို သူငယ္ခ်င္းေတြကိုလည္း Share ေပးလိုက္ဦးေနာ္!