
သူမတို့ပြဿနာတက်တုန်းက အဆင်ပြေအောင်ကြားဝင်စေ့စပ်ပေးခဲ့ပြီး တကယ်သဘောကောင်းလွန်းတဲ့ ရေမွန်အတွက်စိတ်မကောင်းဖြစ်နေတဲ့ ဇာဇာထက်

ယနေ့ဇွန်လ(၂၃)ရက်နေ့မှာတော့ ပရိသတ်တွေများစွာရဲ့အားပေးချစ်ခင်မှုကိုရရှိခဲ့တဲ့ အဆိုတော်ရေမွန်တစ်ယောက် တောထဲမှာရှောင်တိမ်းနေထိုင်ရင်းငှက်ဖျားရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။

 

Idiots ဂီတအဖွဲ့က ပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ ရေမွန်ဟာ လူငယ်ပီပီ နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ပန်းသပိတ်မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့အဆိုတော်ရေမွန်ဟာ ယခုမှာတော့ သူချစ်တဲ့အနုပညာနဲ့ သူချစ်တဲ့ပရိသတ်တွေကို ထာဝရနှုတ်ဆက်ခွဲခွာသွားပြီပဲဖြစ်ပါတယ်။

ပရိသတ်တွေကလည်း အနှစ်အရသာရှိတဲ့ သီချင်းကောင်းတွေများစွာကို သီဆိုခဲ့တဲ့ အဆိုတော်ရေမွန်တစ်ယောက် မမျှော်လင့်ဘဲအခုလိုဆုံးပါးသွားခဲ့လို့ ဝမ်းနည်းမိတဲ့အကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြောဆိုနေကြပါတယ်။

 

သူနဲ့ခင်မင်ရင်နှီးတဲ့ အနုပညာရှင်တွေများစွာကလည်း ရေမွန်အတွက် ယူကျုံးမရဖြစ်ကာဝမ်းနည်းမိတဲ့အကြောင်း ရေးသားနေကြပါတယ်။

ဇာဇာထက်ကတော့ လူတိုင်းနဲ့ချစ်ချစ်ခင်ခင်ရှိသလို သူမကိုလည်းမောင်နှမလိုနွေးနွေးထွေးထွေးခင်မင်ပေးခဲ့တဲ့ အဆိုတော်ရေမွန်တစ်ယောက် အခုလိုရုတ်တရက်ကြွေလွင့်သွားခဲ့ရလို့ စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။

ဇာဇာထက်ကတော့ ” Super Hero broသီချင်းဖန်တီးရာမှာ ပါရမီပြည့်သူကြီးတကယ်သဘောကောင်းသူကြီး မောင်နှမလိုနွေးနွေးထွေးထွေးခင်မင်ပေးသူ ကျွန်မတို့ပြဿနာတွေတက်တုန်းကလဲအဆင်ပြေအောင်ကြားဝင်စေ့စပ်ပေးသူကြီး မာန်မာနမရှိလူတိုင်းအပေါ်ခင်မင်ပေးသူ အကိုချစ်တဲ့ကေ့အတွက်

 

သတင်းအမှားဖြစ်ပါစေလို့ဆုတောင်းပေးနေပေမဲ့ ဆုတောင်းမပြည့်ခဲ့ဘူးကိုရေမွန်ရေ အကြွေစောလွန်းလို့နှမြောမိတယ် သေမင်းကအကောင်းကြိုက်လွန်းတယ်အကိုကောင်းရာသုဂတိလားပါစေ “ဆိုပြီး စိတ်မကောင်းဖြစ်မိကြောင်း ရေးသားထားခဲ့ပါတယ်။

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အဆိုတော်ရေမွန်ရဲ့ အမှတ်တရပုံရိပ်လေးတွေကို စိတ်မကောင်းစွာနဲ့ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Crd….

Zawgyi



 






 



Crd….