ေက်ာ္ဟိန္းရဲ႕သမီး ခင္ခင္ခ တင္ထားတဲ့ “ပထမဆံုး” လြမ္းဆြတ္ဖြယ္သီခ်င္းေလး…

ေက်ာ္ဟိန္းရဲ႕သမီး ခင္ခင္ခ တင္ထားတဲ့ “ပထမဆံုး” လြမ္းဆြတ္ဖြယ္သီခ်င္းေလး…

ရုပ္သံကို ေအာက္ဆံုးတြင္ ေဖာ္ျပေပးထားပါတယ္ …။

မင္းသားႀကီး ဦးေက်ာ္ဟိန္းရဲ႕ လူသိနည္းေသာ ဘဝဇာတ္ေၾကာင္းကို ျပန္လည္ မၽွေဝေပးလိုက္ပါတယ္ေနာ္ …။

ရန္ကုန္ၿမိဳ႕၊ ၾကည့္ျမင္တိုင္၊ ABM ေက်ာင္းမွာ ပထမတန္း ကေန စတုတၳတန္း အထိ ေက်ာင္းစာ သင္ၾကားခဲ့သည္။ စတုတၳတန္းစာေမးပြဲမွာ ေအာင္မွတ္ မျပည့္လို႔ ေႏြရာသီေက်ာင္းပိတ္ရက္ ႏွစ္လ မွာ စာက်က္ၿပီး စာေမးပြဲျပန္ေျဖရတယ္ …။

(၁၉၅၆ ခုႏွစ္ အလုံၿမိဳ႕နယ္၊ ဟုမ္းလမ္း ဘူတာ႐ုံနားက ယူနစ္ကရင္ေက်ာင္းမွာ ပဥၥမတန္း ကို တက္ေရာက္သင္ၾကား။၁၉၅၇ခုႏွစ္အလုံၿမိဳ႕နယ္၊ ကူရွင္ေက်ာင္းမွာ ဆ႒မတန္း၊ သတၱမတန္း (ႏွစ္ႀကိမ္)၊အ႒မတန္း၊ နဝမတန္း (ႏွစ္ခါ က်လို႔ေက်ာင္းထြက္လိုက္ရ)၁၉၆၄ခုႏွစ္ ရန္ကုန္ၿမိဳ႕၊ ၿမိဳ႕နယ္ အသီးသီးရွိ အလြတ္ ပညာသင္ေက်ာင္း (ညေက်ာင္း အပါအဝင္)၊(၂၃) ေက်ာင္းေျပာင္းေရႊ႕သင္ၾကား၊ေနာက္ပိုင္း ေက်ာင္း မေနျဖစ္ေတာ့ဘဲ အိမ္က ၁၆ ႀကိမ္ဆင္းခဲ႔ပါတယ္ …။

အိမ္ေျပး ဘဝနဲ႔ လမ္းေပၚမွာ ေလလြင့္ခဲ႔ျပီး ၁၉၆၅ ခုႏွစ္ ကမာရြတ္ၿမိဳ႕နယ္၊ ေဒၚသာထက္ ေက်ာင္းမွာ နဝမတန္း(သုံးႀကိမ္ေျမာက္)သင္ၾကားေအာင္ျမင္ ။၁၉၆၆ ခုႏွစ္ ဒဂုံၿမိဳ႕နယ္၊ ေဒၚႏုႏုခင္အလြတ္ ပညာသင္ေက်ာင္းမွာ ဒသမတန္းသင္ၾကား၊ သုံးလေလာက္တက္ၿပီး ေရတပ္ထဲဝင္ (ကိုယ္ပိုင္ နံပါတ္ ၁၂၂၀၅) ၁၉၆၇ ခုႏွစ္ ေရတပ္ထဲကထြက္၊ ဒသမတန္း ျပန္ေျဖ၊ဆယ္တန္း(ခ)ႏွင့္ေအာင္ (တကၠသိုလ္ဝင္တန္း) အထိ ပညာ သင္ၾကားခဲ့ပါတယ္ …။

ငယ္စဥ္က စိန္ေဂၚလီ ဂိုဏ္း ဝင္ တစ္ဦးျဖစ္သည္။ ႐ုပ္ရွင္ေလာကထဲေရာက္။၁၉၇၀ ျပည့္ႏွစ္မွ စ၍ ႐ုပ္ရွင္ မင္းသမီး စႏၵာႏွင့္ အတူဖူးစာလမ္းစုံ ဇာတ္ကားျဖင့္ ႐ုပ္ရွင္ေလာကထဲသို႔ ဝင္ေရာက္ခဲ့ပါတယ္။ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ အျဖစ္ `အကာက အခ်စ္ အႏွစ္ကေမတၱာမြန္းတည့္ခ်ိန္တြင္ ေနဝင္သည္´၊ `ပန္းၿမိဳင္လယ္က ဥယ်ာဥ္မႉး´၊ `ေဝလည္းေမႊး ႂကြေလည္းေမႊး´ဇာတ္ကားမ်ားျဖင့္ အကယ္ဒမီ ေလးႀကိမ္ရရွိခဲ့ပါတယ္ …။

မြန္းတည့္ခ်ိန္တြင္ ေနဝင္သည္´ဇာတ္ကားကို ကိုယ္တိုင္ ဒါရိုက္တာ အျဖစ္ ရိုက္ကူးခဲ့ပါတယ္။ ၁၉၇၀ခုႏွစ္တြင္ ပထမဆုံးဒါရိုက္တာလုပ္၍သ႐ုပ္ေဆာင္ ရိုက္ကူးခဲ့ေသာ ဇာတ္ကားမွာ စိန္ သို႔မဟုတ္ စိန္ျဖစ္ပါတယ္။ ထို ဇာတ္ကား၏ ေၾကာ္ျငာ ဒီဇိုင္း၊ပိုစတာမ်ား အားလုံးကိုသူကိုယ္တိုင္ ေနမင္းထိပ္ေခါင္ အမည္ျဖင့္ ေရးဆြဲခဲ့ေပသည္။ဝတၳဳတို၊ ဝတၳဳရွည္ အခ်ိဳ႕ ေရးသားခဲ့ၿပီးေတးစီးရီး အခ်ိဳ႕ကိုလည္းသီဆို ထုတ္လုပ္ခဲ့ပါတယ္။ ႐ုပ္သံေၾကာ္ျငာမ်ားတြင္လည္း သ႐ုပ္ေဆာင္ေၾကး အမ်ားဆုံးရသူျဖစ္ပါတယ္ …။

၂၀ဝ၈ ခုႏွစ္၊ နိုဝင္ဘာ (၄)ရက္ေန႔မွ စ၍ ဦးေက်ာ္ဟိန္း သည္ ႐ုပ္ရွင္ေလာကမွ အနားယူကာ ရဟန္း ဝတ္ခဲ့ပါတယ္။ ဘြဲ႕ေတာ္မွာ ဦးကိတၱိသာရ ျဖစ္ပါတယ္ …။

ဘုန္းႀကီးဝတ္ အေနျဖင့္ စာေပမ်ားေရးေသာအခါ ကေလာင္ နာမည္ ဦးကိတၱိသာရ (ေခတၱ ၃၁ ဘုံ) ဟုျဖစ္သည္။ ေနာက္ဆုံး ရိုက္ကူးခဲ့ေသာ ႐ုပ္ရွင္ကား မွာ ႀကိဳးတန္း ျဖစ္သည္။၁၉၆၇ ခုႏွစ္မွ ၂၀ဝ၈ ခုႏွစ္ထိ (ႏွစ္ေပါင္း ၄၁ ႏွစ္အတြင္း)ရိုက္ကူးခဲ့ေသာ ႐ုပ္ရွင္ ကားေပါင္း ၂၂၂ကား၊ ဗီဒီယို ကားေပါင္း ၃၆၂ ကား ဆိုခဲ့တဲ့သီခ်င္းေခြေပါင္း ၁၄ ေခြ ျဖစ္သည္။ငယ္စဥ္က ၉တန္းေက်ာင္းထပ္မတက္ပဲ ေရတပ္သားဘဝနဲ႔တစ္ႏွစ္ေနခဲ့တယ္ …။

ေရတပ္သားဘဝမွာလည္းသူမေပ်ာ္ျပန္ဘူး..နတ္တလင္းကအေဒၚျဖစ္သူကအတင္းလိုက္ရွာၿပီ ၉တန္းျပန္ေျဖခိုင္းတယ္။ေအာင္သြားပါတယ္။ဆယ္တန္းမတက္ေတာ့ဘူး.အိမ္မွာလည္းငါမေနခ်င္ေတာ့ဘူးဆိုၿပီး ထြက္လာတယ္။ လမ္းမွာဆိတ္ၿခံတစ္ၿခံမွာအိပ္စရာမရွိလို႔ဒီညအိပ္ပါရေစဆိုေတာ့ ဆိတ္ၿခံထဲေတာ့အိပ္လို႔ရမယ္.ဒါေပမယ့္မနက္ဆိတ္ေခ်းက်ဳံးရမယ္။သူ႔အတြက္တစ္ညတာအိပ္စက္ခြင့္ရသြားပါတယ္။ဦးတည္ရာမရွိရည္မွန္းခ်က္မရွိသြားခ်င္ရာသြား လမ္းသူရဲေတြနဲ႔ေပါင္း ၿပီးဘိန္းေတြရႈ …။

ေနာက္ပိုင္းမွာေတာ့ ႀကံေတာသခၤ်င္းမွာကိုယ္လက္အဂၤါမစုံသူေတြနဲ႔ ဖဲေတြရိုက္ဒီလိုနဲ႔ဘဝကိုကုန္ဆုံးေစခဲ့တယ္။ စာဖတ္ဝါသနာပါတဲ့သူတစ္ရက္မွာ ႐ုပ္ရွင္သ႐ုပ္ေဆာင္သင္တန္းကေခၚတဲ့စာေလးက ိုဖတ္လိုက္မိတယ္။ ဟာ မဆိုဘူးပဲ သူေလၽွာက္ဖို႔ စိတ္ကူးလိုက္တယ္။ ကံပဲေကာင္းတာလား ေတာ္လို႔ပဲလားပါရမီလားမသိေပမယ့္ သ႐ုပ္ေဆာင္သင္တန္းတက္ခြင ့္စာေမးပြဲေအာင္သြားပါတယ္။သ႐ုပ္ေဆာင္သင္တန္းၿပီးၿပီ ႐ုပ္ရွင္ရိုက္ခ်င္ၿပီ ဘယ္ကုမၸဏီကမွ လာမေခၚဘူး …။

ကံေကာင္းေစတဲ့ေန႔ သူ႔အေဒၚအဆက္အသြယ္နဲ ႔႐ုပ္ရွင္ကားတစ္ကားမွာ ပါဝင္ခြင့္ရခဲ့ပါတယ္။ ဇတ္လမ္းရိုက္မွာက မႏၲေလးမွာ..ဒါရိုက္တာကသူ႔ကို ေသခ်ာသ႐ုပ္ေဆာင္ေနာ္ မွားရင္ျပန္ရမယ္။ မနက္ျဖန္မႏၲေလးလိုက္ခဲ့ဒါပဲ။ ဆရာက်န္ေတာ့္လမ္းစာရိတ္ေလးေရာ.!ဒါရိုက္တာကဟာ ရိုက္ေတာင္မရိုက္ရေသးဘူး မေပးနိုင္ဘူး။ သူေဒါသထြက္သြားပါတယ္။ ဟုတ္ၿပီ ရေအာင္ ရိုက္ျပမယ္။ မနက္ခင္းမီးရထားဘူတာကို ေငးငိုင္ၿပီးလမ္းေလၽွာက္လာတယ္ …။

ရပ္ထားတဲ့ရထားေဘးမွာမတ္တပ္ရပ္ေနတုန္း ရထားေပၚကလမ္းေခၚလိုက္တာက မင္းသမီးႀကီးေဒၚစံရွားတင္။ ဟိတ္ေကာင္ေလး နင္ငါတို႔႐ုပ္ရွင္ထဲမွာပါတဲ့ေကာင္ေလးမလား လာေလဘာလုပ္ေနတာလဲ။ က်န္ေတာ္ ရထားစီးဖို႔ ပိုက္ဆံက..လာပါငါစိုက္ေပးမယ္(ေနာက္ပိုင္းမွာေဒၚစံရွားတင္ဟာ သူ႔ဘဝရဲ့ပထမဆုံးေက်းဇူးရွင္လို႔ေျပာသြားပါတယ္)မႏၲေလးကသူ႔ဘဝရဲ႕ ပထမဆုံး႐ုပ္ရွင္သူဟာ သူေဌးသားဆရာဝန္။သူ႔ခ်စ္သူက ရပ္ကြက္ထဲက ပဲျပဳပ္သည္ေကာင္မေလး …။

မိခင္ျဖစ္သူက သေဘာမတူတဲ့ခ်ိန္မွာ သူျပန္ေျပာပါတယ္ ဟာ မာသားႀကီးတို႔ကလည္း လူခ်င္းတူတူပဲဗ် ပခုံးႏွစ္ဖက္ၾကားက ေခါင္းေပါက္တာ ႏွာေခါင္းနဲ႔အသက္ရႈတာ ..ပထမဆုံးဇာတ္လမ္းဟာ သူ႔အတြက္ ပရိတ္သတ္စတင္လက္ခံခဲ့တယ္။ဒါရိုက္တာကလည္းသူ႔စကားလုံးေတြကို ေႂကြသြားခဲ့တယ္။ သူဟာ နာမည္ေက်ာ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္လာခဲ့တယ္။႐ုပ္ရွင္ရိုက္ခါနီးမွာေပ်ာက္ေပ်ာက္ေနတယ္။ ဘာလုပ္တာလဲ။ သူအင္မတန္စြဲေနတဲ့ ဘိန္းခိုးရႈေနခဲ့တယ္ …။

တစ္ရက္မွာေတာ့ မိမိဝင္းေရႊရဲ့အေဖ ပန္းခ်ီဦးဝင္းေဖဟာ သူ႔ကိုရိုက္ကြင္းထဲမွာ ဒိုင္ယာေလာ့တစ္ခုခ်ျပေနတုန္း သူနဲ႔ဦးဝင္းေဖမ်က္လုံးခ်င္းဆုံမိလိုက္တယ္။ သူ႔အေၾကာင္းသိေနတဲ့ ဦးဝင္းေဖရဲ့မ်က္လုံးတစ္စုံက စကားေတြေျပာေနတာသူသိတယ္“အလကားေကာင္ဘိန္းစား”တဲ့ သူေဒါသထြက္သြားတယ္ ငါေလးစားရတဲ့ ငါ့ဆရာကဒီလိုေျပာတယ္ငါမခံနိုင္ဘူး။ငါရေအာင္ျဖတ္မယ္ဆိုၿပီး အိမ္ကိုျပန္လာခဲ့တယ္။ အိမ္ေရာက္ေတာ့ သူႀကိဳက္တဲ့ဘိန္းထုပ္ကိုဝေအာင္ရႈလိုက္တယ္ …။

ဝၿပီဆိုတာနဲ႔ဘိန္းထုပ္ကိုယူၿပီး ေႂကြးေၾကာ္လိုက္တယ္ျပတ္ၿပီကြဆိုၿပီး သူ႔ဘိန္းထုပ္ကိုအိမ္သာခြက္ထဲေလာင္းထည့္လိုက္တယ္။မၾကာပါဘူး သူယင္းေတြျပန္ထလာပါတယ္။ မေနနိုင္ေတာ့တဲ့အဆုံးမွာသူဟာအိမ္သာဘက္ကိုသြားၿပီး အိမ္သာခြက္ေဘးမွာတင္ေနတဲ့ဘိန္းမႈန႔္တစ္ခ်ိဳ႕ကို လက္နဲ႔ယူလိုက္တယ္။ၿပီးေတာ့ ပါစပ္နားထည့္ခါနီးမွာ သူ႔မ်က္ဝန္းတစ္စုံဟာ မ်က္ရည္ေတြစီးက်လာတယ္။ရွက္လိုက္တာရွက္လိုက္တာ …။

မရႈေတာ့ဘူးဒီဘိန္းကိုလုံးဝမသုံးေတာ့ဘူးဆိုၿပီးသူ႔အသက္သုံးဆယ္မွာ ဆရာဝန္အကူအညီမပါပဲ ဘိန္းျပတ္သြားခဲ့ပါတယ္။႐ုပ္႐ုံေလာကမွာလည္းသူမွသူသီခ်င္းဆိုရာမွာလည္းသူမွသူ ဇာတ္ဝင္ေတးဆိုရာမွာလည္း သူမွသူျဖစ္ခဲ့သူႀကီးေပါ့။ စိတ္ဓာတ္ပိုင္းဆိုင္ရာဇာတ္လမ္းေတြ ေလာကဆိုင္ရာဇာတ္လမ္းေတြကို မ်ားမ်ားရိုက္ၿပီး သူ႔ဘဝကို ျမင့္ျမတ္ေသာ ရဟန္းဘဝနဲ႔အခ်ိန္ကုန္ေစပါေတာ့တယ္ …။

မင္းသားႀကီးေက်ာ္ဟိန္းကေတာ့ လက္ရွိမွာ သာသနာ့ေဘာင္ထဲသို႔ဝင္ေရာက္ၿပီး ၁၁.၇.၂၀၂၀ ရက္ေန႔ နံနက္ ၉ နာရီ ၂၇မိနစ္မွာေတာ့ဘဝတစ္ပါးသို႔ ကူးေျပာင္းသြားၿပီျဖစ္ပါတယ္။ တိုက္တိုက္ဆိုင္ဆိုင္ပဲ ျမန္မာနိုင္ငံရဲ့ ေအာင္ျမင္အေက်ာ္ၾကားဆုံးျဖစ္တဲ့မင္းသား ေဒြး ေသဆုံးခဲ့တဲ့ေသဆုံးခဲ့တဲ့ ေန႔နဲ႔ထပ္တူျဖစ္ေနတာပါပဲ။ ယေန႔ မင္းသားႀကီး ေက်ာ္ဟိန္းရဲ့ ႐ုပ္ရွင္ကားေတြကလည္းပရိသတ္ေတြရဲ့ရင္ထဲမွာ ရွင္သန္ေနဆဲပါ …။

ပရိသတ္ေတြလည္း ယူတတ္ရင္ သင္ခန္းစာေတြအမ်ားႀကီးရနိုင္တဲ့ ေက်ာ္ဟိန္းရဲ့ဘဝဇာတ္ေၾကာင္းကို သေဘာက်ႏွစ္သက္တယ္ဆိုရင္shareသြားၾကဖို႔ မေမ့ပါနဲ႔အံုးေနာ္ …။ ။

Writer ; Happy and Lucky

Source ; ေဇာ္ခိုင္ဦး(မႏၲေလး)

Unicode

ကျော်ဟိန်းရဲ့သမီး ခင်ခင်ခ တင်ထားတဲ့ “ပထမဆုံး” လွမ်းဆွတ်ဖွယ်သီချင်းလေး…

ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြပေးထားပါတယ် …။

မင်းသားကြီး ဦးကျော်ဟိန်းရဲ့ လူသိနည်းသော ဘဝဇာတ်ကြောင်းကို ပြန်လည် မျှဝေပေးလိုက်ပါတယ်နော် …။

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ABM ကျောင်းမှာ ပထမတန်း ကနေ စတုတ္ထတန်း အထိ ကျောင်းစာ သင်ကြားခဲ့သည်။ စတုတ္ထတန်းစာမေးပွဲမှာ အောင်မှတ် မပြည့်လို့ နွေရာသီကျောင်းပိတ်ရက် နှစ်လ မှာ စာကျက်ပြီး စာမေးပွဲပြန်ဖြေရတယ် …။

(၁၉၅၆ ခုနှစ် အလုံမြို့နယ်၊ ဟုမ်းလမ်း ဘူတာရုံနားက ယူနစ်ကရင်ကျောင်းမှာ ပဉ္စမတန်း ကို တက်ရောက်သင်ကြား။၁၉၅၇ခုနှစ်အလုံမြို့နယ်၊ ကူရှင်ကျောင်းမှာ ဆဋ္ဌမတန်း၊ သတ္တမတန်း (နှစ်ကြိမ်)၊အဋ္ဌမတန်း၊ နဝမတန်း (နှစ်ခါ ကျလို့ကျောင်းထွက်လိုက်ရ)၁၉၆၄ခုနှစ် ရန်ကုန်မြို့၊ မြို့နယ် အသီးသီးရှိ အလွတ် ပညာသင်ကျောင်း (ညကျောင်း အပါအဝင်)၊(၂၃) ကျောင်းပြောင်းရွှေ့သင်ကြား၊နောက်ပိုင်း ကျောင်း မနေဖြစ်တော့ဘဲ အိမ်က ၁၆ ကြိမ်ဆင်းခဲ့ပါတယ် …။

အိမ်ပြေး ဘဝနဲ့ လမ်းပေါ်မှာ လေလွင့်ခဲ့ပြီး ၁၉၆၅ ခုနှစ် ကမာရွတ်မြို့နယ်၊ ဒေါ်သာထက် ကျောင်းမှာ နဝမတန်း(သုံးကြိမ်မြောက်)သင်ကြားအောင်မြင် ။၁၉၆၆ ခုနှစ် ဒဂုံမြို့နယ်၊ ဒေါ်နုနုခင်အလွတ် ပညာသင်ကျောင်းမှာ ဒသမတန်းသင်ကြား၊ သုံးလလောက်တက်ပြီး ရေတပ်ထဲဝင် (ကိုယ်ပိုင် နံပါတ် ၁၂၂၀၅) ၁၉၆၇ ခုနှစ် ရေတပ်ထဲကထွက်၊ ဒသမတန်း ပြန်ဖြေ၊ဆယ်တန်း(ခ)နှင့်အောင် (တက္ကသိုလ်ဝင်တန်း) အထိ ပညာ သင်ကြားခဲ့ပါတယ် …။

ငယ်စဉ်က စိန်ဂေါ်လီ ဂိုဏ်း ဝင် တစ်ဦးဖြစ်သည်။ ရုပ်ရှင်လောကထဲရောက်။၁၉၇၀ ပြည့်နှစ်မှ စ၍ ရုပ်ရှင် မင်းသမီး စန္ဒာနှင့် အတူဖူးစာလမ်းစုံ ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ ဝင်ရောက်ခဲ့ပါတယ်။ ရုပ်ရှင် သရုပ်ဆောင် အဖြစ် `အကာက အချစ် အနှစ်ကမေတ္တာမွန်းတည့်ချိန်တွင် နေဝင်သည်´၊ `ပန်းမြိုင်လယ်က ဥယျာဉ်မှူး´၊ `ဝေလည်းမွှေး ကြွလေည်းမွှေး´ဇာတ်ကားများဖြင့် အကယ်ဒမီ လေးကြိမ်ရရှိခဲ့ပါတယ် …။

မွန်းတည့်ချိန်တွင် နေဝင်သည်´ဇာတ်ကားကို ကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့ပါတယ်။ ၁၉၇၀ခုနှစ်တွင် ပထမဆုံးဒါရိုက်တာလုပ်၍သရုပ်ဆောင် ရိုက်ကူးခဲ့သော ဇာတ်ကားမှာ စိန် သို့မဟုတ် စိန်ဖြစ်ပါတယ်။ ထို ဇာတ်ကား၏ ကြော်ငြာ ဒီဇိုင်း၊ပိုစတာများ အားလုံးကိုသူကိုယ်တိုင် နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့ပေသည်။ဝတ္ထုတို၊ ဝတ္ထုရှည် အချို့ ရေးသားခဲ့ပြီးတေးစီးရီး အချို့ကိုလည်းသီဆို ထုတ်လုပ်ခဲ့ပါတယ်။ ရုပ်သံကြော်ငြာများတွင်လည်း သရုပ်ဆောင်ကြေး အများဆုံးရသူဖြစ်ပါတယ် …။

၂၀ဝ၈ ခုနှစ်၊ နိုဝင်ဘာ (၄)ရက်နေ့မှ စ၍ ဦးကျော်ဟိန်း သည် ရုပ်ရှင်လောကမှ အနားယူကာ ရဟန်း ဝတ်ခဲ့ပါတယ်။ ဘွဲ့တော်မှာ ဦးကိတ္တိသာရ ဖြစ်ပါတယ် …။

ဘုန်းကြီးဝတ် အနေဖြင့် စာပေများရေးသောအခါ ကလောင် နာမည် ဦးကိတ္တိသာရ (ခေတ္တ ၃၁ ဘုံ) ဟုဖြစ်သည်။ နောက်ဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ကား မှာ ကြိုးတန်း ဖြစ်သည်။၁၉၆၇ ခုနှစ်မှ ၂၀ဝ၈ ခုနှစ်ထိ (နှစ်ပေါင်း ၄၁ နှစ်အတွင်း)ရိုက်ကူးခဲ့သော ရုပ်ရှင် ကားပေါင်း ၂၂၂ကား၊ ဗီဒီယို ကားပေါင်း ၃၆၂ ကား ဆိုခဲ့တဲ့သီချင်းခွေပေါင်း ၁၄ ခွေ ဖြစ်သည်။ငယ်စဉ်က ၉တန်းကျောင်းထပ်မတက်ပဲ ရေတပ်သားဘဝနဲ့တစ်နှစ်နေခဲ့တယ် …။

ရေတပ်သားဘဝမှာလည်းသူမပျော်ပြန်ဘူး..နတ်တလင်းကအဒေါ်ဖြစ်သူကအတင်းလိုက်ရှာပြီ ၉တန်းပြန်ဖြေခိုင်းတယ်။အောင်သွားပါတယ်။ဆယ်တန်းမတက်တော့ဘူး.အိမ်မှာလည်းငါမနေချင်တော့ဘူးဆိုပြီး ထွက်လာတယ်။ လမ်းမှာဆိတ်ခြံတစ်ခြံမှာအိပ်စရာမရှိလို့ဒီညအိပ်ပါရစေဆိုတော့ ဆိတ်ခြံထဲတော့အိပ်လို့ရမယ်.ဒါပေမယ့်မနက်ဆိတ်ချေးကျုံးရမယ်။သူ့အတွက်တစ်ညတာအိပ်စက်ခွင့်ရသွားပါတယ်။ဦးတည်ရာမရှိရည်မှန်းချက်မရှိသွားချင်ရာသွား လမ်းသူရဲတွေနဲ့ပေါင်း ပြီးဘိန်းတွေရှု …။

နောက်ပိုင်းမှာတော့ ကြံတောသင်္ချင်းမှာကိုယ်လက်အင်္ဂါမစုံသူတွေနဲ့ ဖဲတွေရိုက်ဒီလိုနဲ့ဘဝကိုကုန်ဆုံးစေခဲ့တယ်။ စာဖတ်ဝါသနာပါတဲ့သူတစ်ရက်မှာ ရုပ်ရှင်သရုပ်ဆောင်သင်တန်းကခေါ်တဲ့စာလေးကိုဖတ်လိုက်မိတယ်။ ဟာ မဆိုဘူးပဲ သူလျှောက်ဖို့ စိတ်ကူးလိုက်တယ်။ ကံပဲကောင်းတာလား တော်လို့ပဲလားပါရမီလားမသိပေမယ့် သရုပ်ဆောင်သင်တန်းတက်ခွင့်စာမေးပွဲအောင်သွားပါတယ်။သရုပ်ဆောင်သင်တန်းပြီးပြီ ရုပ်ရှင်ရိုက်ချင်ပြီ ဘယ်ကုမ္ပဏီကမှ လာမခေါ်ဘူး …။

ကံကောင်းစေတဲ့နေ့ သူ့အဒေါ်အဆက်အသွယ်နဲ့ရုပ်ရှင်ကားတစ်ကားမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ဇတ်လမ်းရိုက်မှာက မန္တလေးမှာ..ဒါရိုက်တာကသူ့ကို သေချာသရုပ်ဆောင်နော် မှားရင်ပြန်ရမယ်။ မနက်ဖြန်မန္တလေးလိုက်ခဲ့ဒါပဲ။ ဆရာကျန်တော့်လမ်းစာရိတ်လေးရော.!ဒါရိုက်တာကဟာ ရိုက်တောင်မရိုက်ရသေးဘူး မပေးနိုင်ဘူး။ သူဒေါသထွက်သွားပါတယ်။ ဟုတ်ပြီ ရအောင် ရိုက်ပြမယ်။ မနက်ခင်းမီးရထားဘူတာကို ငေးငိုင်ပြီးလမ်းလျှောက်လာတယ် …။

ရပ်ထားတဲ့ရထားဘေးမှာမတ်တပ်ရပ်နေတုန်း ရထားပေါ်ကလမ်းခေါ်လိုက်တာက မင်းသမီးကြီးဒေါ်စံရှားတင်။ ဟိတ်ကောင်လေး နင်ငါတို့ရုပ်ရှင်ထဲမှာပါတဲ့ကောင်လေးမလား လာလေဘာလုပ်နေတာလဲ။ ကျန်တော် ရထားစီးဖို့ ပိုက်ဆံက..လာပါငါစိုက်ပေးမယ်(နောက်ပိုင်းမှာဒေါ်စံရှားတင်ဟာ သူ့ဘဝရဲ့ပထမဆုံးကျေးဇူးရှင်လို့ပြောသွားပါတယ်)မန္တလေးကသူ့ဘဝရဲ့ ပထမဆုံးရုပ်ရှင်သူဟာ သူဌေးသားဆရာဝန်။သူ့ချစ်သူက ရပ်ကွက်ထဲက ပဲပြုပ်သည်ကောင်မလေး …။

မိခင်ဖြစ်သူက သဘောမတူတဲ့ချိန်မှာ သူပြန်ပြောပါတယ် ဟာ မာသားကြီးတို့ကလည်း လူချင်းတူတူပဲဗျ ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်တာ နှာခေါင်းနဲ့အသက်ရှုတာ ..ပထမဆုံးဇာတ်လမ်းဟာ သူ့အတွက် ပရိတ်သတ်စတင်လက်ခံခဲ့တယ်။ဒါရိုက်တာကလည်းသူ့စကားလုံးတွေကို ကြွေသွားခဲ့တယ်။ သူဟာ နာမည်ကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့တယ်။ရုပ်ရှင်ရိုက်ခါနီးမှာပျောက်ပျောက်နေတယ်။ ဘာလုပ်တာလဲ။ သူအင်မတန်စွဲနေတဲ့ ဘိန်းခိုးရှုနေခဲ့တယ် …။

တစ်ရက်မှာတော့ မိမိဝင်းရွှေရဲ့အဖေ ပန်းချီဦးဝင်းဖေဟာ သူ့ကိုရိုက်ကွင်းထဲမှာ ဒိုင်ယာလော့တစ်ခုချပြနေတုန်း သူနဲ့ဦးဝင်းဖေမျက်လုံးချင်းဆုံမိလိုက်တယ်။ သူ့အကြောင်းသိနေတဲ့ ဦးဝင်းဖေရဲ့မျက်လုံးတစ်စုံက စကားတွေပြောနေတာသူသိတယ်“အလကားကောင်ဘိန်းစား”တဲ့ သူဒေါသထွက်သွားတယ် ငါလေးစားရတဲ့ ငါ့ဆရာကဒီလိုပြောတယ်ငါမခံနိုင်ဘူး။ငါရအောင်ဖြတ်မယ်ဆိုပြီး အိမ်ကိုပြန်လာခဲ့တယ်။ အိမ်ရောက်တော့ သူကြိုက်တဲ့ဘိန်းထုပ်ကိုဝအောင်ရှုလိုက်တယ် …။

ဝပြီဆိုတာနဲ့ဘိန်းထုပ်ကိုယူပြီး ကြွေးကြော်လိုက်တယ်ပြတ်ပြီကွဆိုပြီး သူ့ဘိန်းထုပ်ကိုအိမ်သာခွက်ထဲလောင်းထည့်လိုက်တယ်။မကြာပါဘူး သူယင်းတွေပြန်ထလာပါတယ်။ မနေနိုင်တော့တဲ့အဆုံးမှာသူဟာအိမ်သာဘက်ကိုသွားပြီး အိမ်သာခွက်ဘေးမှာတင်နေတဲ့ဘိန်းမှုန့်တစ်ချို့ကို လက်နဲ့ယူလိုက်တယ်။ပြီးတော့ ပါစပ်နားထည့်ခါနီးမှာ သူ့မျက်ဝန်းတစ်စုံဟာ မျက်ရည်တွေစီးကျလာတယ်။ရှက်လိုက်တာရှက်လိုက်တာ …။

မရှုတော့ဘူးဒီဘိန်းကိုလုံးဝမသုံးတော့ဘူးဆိုပြီးသူ့အသက်သုံးဆယ်မှာ ဆရာဝန်အကူအညီမပါပဲ ဘိန်းပြတ်သွားခဲ့ပါတယ်။ရုပ်ရုံလောကမှာလည်းသူမှသူသီချင်းဆိုရာမှာလည်းသူမှသူ ဇာတ်ဝင်တေးဆိုရာမှာလည်း သူမှသူဖြစ်ခဲ့သူကြီးပေါ့။ စိတ်ဓာတ်ပိုင်းဆိုင်ရာဇာတ်လမ်းတွေ လောကဆိုင်ရာဇာတ်လမ်းတွေကို များများရိုက်ပြီး သူ့ဘဝကို မြင့်မြတ်သော ရဟန်းဘဝနဲ့အချိန်ကုန်စေပါတော့တယ် …။

မင်းသားကြီးကျော်ဟိန်းကတော့ လက်ရှိမှာ သာသနာ့ဘောင်ထဲသို့ဝင်ရောက်ပြီး ၁၁.၇.၂၀၂၀ ရက်နေ့ နံနက် ၉ နာရီ ၂၇မိနစ်မှာတော့ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြန်မာနိုင်ငံရဲ့ အောင်မြင်အကျော်ကြားဆုံးဖြစ်တဲ့မင်းသား ဒွေး သေဆုံးခဲ့တဲ့သေဆုံးခဲ့တဲ့ နေ့နဲ့ထပ်တူဖြစ်နေတာပါပဲ။ ယနေ့ မင်းသားကြီး ကျော်ဟိန်းရဲ့ ရုပ်ရှင်ကားတွေကလည်းပရိသတ်တွေရဲ့ရင်ထဲမှာ ရှင်သန်နေဆဲပါ …။

ပရိသတ်တွေလည်း ယူတတ်ရင် သင်ခန်းစာတွေအများကြီးရနိုင်တဲ့ ကျော်ဟိန်းရဲ့ဘဝဇာတ်ကြောင်းကို သဘောကျနှစ်သက်တယ်ဆိုရင်shareသွားကြဖို့ မမေ့ပါနဲ့အုံးနော် …။ ။

Writer ; Happy and Lucky

Source ; ဇော်ခိုင်ဦး(မန္တလေး)