ပ်ိဳေမတို႔ရဲ႕ စိတ္ေရာ ကိုယ္ပါ လွသထက္ ပိုလွလာေစမယ့္ အေလ့အက်င့္ေကာင္းေလးမ်ား

ပ်ိဳေမတို႔ရဲ႕ စိတ္ေရာ ကိုယ္ပါ လွသထက္ ပိုလွလာေစမယ့္ အေလ့အက်င့္ေကာင္းေလးမ်ား

မိန္းကေလး လွဖို႔ဆိုတာ မိန္းကေလးေတြ ကိုယ္တုိင္ပဲ အေရးပါပါတယ္။ လွေအာင္ ေနရင္ေတာ့ လွမွာပါပဲ။ လွတယ္ဆိုတာက စိတ္လက္ၾကည္လင္မွသာ လွလာမွာ ျဖစ္ပါတယ္။

မိန္းကေလးေတြ လွသထက္ လွလာဖို႔ဆိုရင္ေတာ့ ေန႔စဥ္လုပ္ေဆာင္ရတဲ့ အရာေတြက အေရးပါပါတယ္။ ဒီလိုသာ လုပ္မယ္ဆိုရင္ေတာ့ သင္လည္း လွသထက္ လွလာမွာပါေနာ္။

(၁) ေန႔စဥ္ ေဝယ်ာဝစၥေလးေတြ လုပ္ပါ

ကိုယ့္ရဲ႕ အိပ္ရာခင္းကို ပံုမွန္ သိမ္းတာ၊ ပံုမွန္ သန္႔ရွင္းေရး လုပ္တာမ်ိဳးက သင့္ကို လန္းဆန္းေစႏိုင္ပါတယ္။ သန္႔ရွင္းေနတဲ့ ပတ္ဝန္းက်င္က သင့္ကို လန္းဆန္းတက္ႂကြေနေစမွာပါ။

ဒါ့အျပင္ ကိုယ္လက္ လႈပ္ရွားမႈလည္း ျဖစ္ေတာ့ သင့္အတြက္ ေလးလံ ထုိင္းမိႈင္းမႈေတြကို မရွိေစေအာင္ ျပဳလုပ္ေပးႏုိင္ပါတယ္။

(၂) Skincare ပံုမွန္ လုပ္ေပးပါ

ေန႔တိုင္း Skincare လုပ္ရတာက နာရီဝက္၊ ေလးဆယ့္ငါးမိနစ္ပဲ အခ်ိန္ေပးရမွာပါ။ ဒီလို အခ်ိန္ေပးလိုက္ျခင္းျဖင့္ သင့္အသားအေရ ပ်က္စီးမႈေတြကို ကာကြယ္ တားဆီးႏိုင္ၿပီး ႏုပ်ိဳေစႏိုင္မွာပါ။

အသားအေရ ေကာင္းျခင္းကလည္း စိတ္ကို ခ်မ္းသာေစလို႔ သင့္ကို လန္းဆန္းၿပီး လွေစႏိုင္ပါတယ္။

(၃) ရုပ္ရွင္ေတြ ၾကည့္ပါ

ကိုယ္စိတ္ က်န္းမာၿပီး လွပဖုိ႔ဆို စိတ္ေတြ အနားယူဖုိ႔ လိုပါတယ္။ ဒီအတြက္ဆို ရုပ္ရွင္္ေလးေတြ ၾကည့္ေပးတာမ်ိဳးက အေကာင္းဆံုးပါပဲ။ ရုပ္ရွင္ေတြ ၾကည့္တာက ဗဟုသုတလည္း ရသလို အနားယူျခင္းလည္း ျဖစ္္ပါတယ္။

ေခတ္နဲ႔ ညီတဲ့ ဖက္ရွင္ေတြကိုလည္း ရုပ္ရွင္ထဲကေန ေလ့လာလို႔ ရလို႔ သင့္အျပင္အဆင္ေတြကို ထူးျခားေစႏိုင္ပါတယ္။

(၄) သူငယ္ခ်င္းေတြနဲ႔ ခရီးထြက္ပါ

စိတ္ဆိုတာ ပံုမွန္ အနားယူတာေတြ အျပင္ အေျပာင္းအလဲ ျဖစ္ေအာင္လည္း ေနထိုင္ရမွာပါ။ ဒီလိုဆို သင္က လန္းဆန္းမႈေတြ ေပ်ာ္ရႊင္မႈေတြ ဖံုးလႊမ္းၿပီး ပိုၿပီး စိတ္ခ်မ္းသာလာရမွာပါ။

စိတ္ခ်မ္းသာတဲ့သူက ပိုၿပီး ရုပ္ေတြ ၾကည္လင္ၿပီး လွလာတတ္တာမို႔ ခရီးေတြလည္း ထြက္ေပးသင့္ပါတယ္။

(၅) လွလွပပ ဝတ္စား ေနထိုင္ပါ

လွေအာင္ေနမွ လူက ပိုလွလာတာပါ။ ဒါေၾကာင့္ လွလွပပေလး ေနသင့္ပါတယ္။ ကိုယ္နဲ႔ လိုက္တဲ့ အေရာင္နဲ႔ ဖက္ရွင္ေတြကို တြဲဖက္ ဝတ္ဆင္တာကလည္း သင့္ကို အျမဲ စတိုင္က်ေစမွာပါ။

စိတ္ေတြလည္း ၾကည္လင္ၿပီး စတိုင္ေတြလည္း က်လာရင္ သင္က အျမဲ လွသထက္ လွလာမွာ ျဖစ္ပါတယ္။

(၆) စိတ္ဖိစီးမႈေတြကို ေျဖရွင္းဖို႔ အခ်ိန္ေပးပါ

လူတိုင္းမွာ စိတ္ဖိစီးမႈ ကိုယ္စီ ရွိၾကပါတယ္။ စိတ္ေတြ ဖိစီးတဲ့အခါ ဖိစီးမႈေတြ ေလ်ာ့ေအာင္ ေျဖရွင္းဖို႔ မျဖစ္မေန လိုအပ္ပါတယ္။ စိတ္ေတြ ဖိစီးတဲ့အခါ ရုပ္ရည္လည္း ေျပာင္းလဲႏုိင္ပါတယ္။

ရင့္ေရာ္မႈေတြလည္း ျမန္ဆန္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ စိတ္ဖိစီးမႈေတြကို အျမဲ အခ်ိန္တစ္ခုေပးၿပီး ေျဖရွင္းတာကလည္း သင့္ရဲ႕ ႏုပ်ိဳမႈေတြကို ထိိန္းသိမ္းတဲ့ နည္းလမ္းတစ္ခုအျပင္ က်န္းမာေရးအတြက္လည္း ျဖစ္ပါတယ္ေနာ္။

Kham

Unicode

ပျိုမေတို့ရဲ့ စိတ်ရော ကိုယ်ပါ လှသထက် ပိုလှလာစေမယ့် အလေ့အကျင့်ကောင်းလေးများ

မိန်းကလေး လှဖို့ဆိုတာ မိန်းကလေးတွေ ကိုယ်တိုင်ပဲ အရေးပါပါတယ်။ လှအောင် နေရင်တော့ လှမှာပါပဲ။ လှတယ်ဆိုတာက စိတ်လက်ကြည်လင်မှသာ လှလာမှာ ဖြစ်ပါတယ်။

မိန်းကလေးတွေ လှသထက် လှလာဖို့ဆိုရင်တော့ နေ့စဉ်လုပ်ဆောင်ရတဲ့ အရာတွေက အရေးပါပါတယ်။ ဒီလိုသာ လုပ်မယ်ဆိုရင်တော့ သင်လည်း လှသထက် လှလာမှာပါနော်။

(၁) နေ့စဉ် ဝေယျာဝစ္စလေးတွေ လုပ်ပါ

ကိုယ့်ရဲ့ အိပ်ရာခင်းကို ပုံမှန် သိမ်းတာ၊ ပုံမှန် သန့်ရှင်းရေး လုပ်တာမျိုးက သင့်ကို လန်းဆန်းစေနိုင်ပါတယ်။ သန့်ရှင်းနေတဲ့ ပတ်ဝန်းကျင်က သင့်ကို လန်းဆန်းတက်ကြွနေစေမှာပါ။

ဒါ့အပြင် ကိုယ်လက် လှုပ်ရှားမှုလည်း ဖြစ်တော့ သင့်အတွက် လေးလံ ထိုင်းမှိုင်းမှုတွေကို မရှိစေအောင် ပြုလုပ်ပေးနိုင်ပါတယ်။

(၂) Skincare ပုံမှန် လုပ်ပေးပါ

နေ့တိုင်း Skincare လုပ်ရတာက နာရီဝက်၊ လေးဆယ့်ငါးမိနစ်ပဲ အချိန်ပေးရမှာပါ။ ဒီလို အချိန်ပေးလိုက်ခြင်းဖြင့် သင့်အသားအရေ ပျက်စီးမှုတွေကို ကာကွယ် တားဆီးနိုင်ပြီး နုပျိုစေနိုင်မှာပါ။

အသားအရေ ကောင်းခြင်းကလည်း စိတ်ကို ချမ်းသာစေလို့ သင့်ကို လန်းဆန်းပြီး လှစေနိုင်ပါတယ်။

(၃) ရုပ်ရှင်တွေ ကြည့်ပါ

ကိုယ်စိတ် ကျန်းမာပြီး လှပဖို့ဆို စိတ်တွေ အနားယူဖို့ လိုပါတယ်။ ဒီအတွက်ဆို ရုပ်ရှင်လေးတွေ ကြည့်ပေးတာမျိုးက အကောင်းဆုံးပါပဲ။ ရုပ်ရှင်တွေ ကြည့်တာက ဗဟုသုတလည်း ရသလို အနားယူခြင်းလည်း ဖြစ်ပါတယ်။

ခေတ်နဲ့ ညီတဲ့ ဖက်ရှင်တွေကိုလည်း ရုပ်ရှင်ထဲကနေ လေ့လာလို့ ရလို့ သင့်အပြင်အဆင်တွေကို ထူးခြားစေနိုင်ပါတယ်။

(၄) သူငယ်ချင်းတွေနဲ့ ခရီးထွက်ပါ

စိတ်ဆိုတာ ပုံမှန် အနားယူတာတွေ အပြင် အပြောင်းအလဲ ဖြစ်အောင်လည်း နေထိုင်ရမှာပါ။ ဒီလိုဆို သင်က လန်းဆန်းမှုတွေ ပျော်ရွှင်မှုတွေ ဖုံးလွှမ်းပြီး ပိုပြီး စိတ်ချမ်းသာလာရမှာပါ။

စိတ်ချမ်းသာတဲ့သူက ပိုပြီး ရုပ်တွေ ကြည်လင်ပြီး လှလာတတ်တာမို့ ခရီးတွေလည်း ထွက်ပေးသင့်ပါတယ်။

(၅) လှလှပပ ဝတ်စား နေထိုင်ပါ

လှအောင်နေမှ လူက ပိုလှလာတာပါ။ ဒါကြောင့် လှလှပပလေး နေသင့်ပါတယ်။ ကိုယ်နဲ့ လိုက်တဲ့ အရောင်နဲ့ ဖက်ရှင်တွေကို တွဲဖက် ဝတ်ဆင်တာကလည်း သင့်ကို အမြဲ စတိုင်ကျစေမှာပါ။

စိတ်တွေလည်း ကြည်လင်ပြီး စတိုင်တွေလည်း ကျလာရင် သင်က အမြဲ လှသထက် လှလာမှာ ဖြစ်ပါတယ်။

(၆) စိတ်ဖိစီးမှုတွေကို ဖြေရှင်းဖို့ အချိန်ပေးပါ

လူတိုင်းမှာ စိတ်ဖိစီးမှု ကိုယ်စီ ရှိကြပါတယ်။ စိတ်တွေ ဖိစီးတဲ့အခါ ဖိစီးမှုတွေ လျော့အောင် ဖြေရှင်းဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ စိတ်တွေ ဖိစီးတဲ့အခါ ရုပ်ရည်လည်း ပြောင်းလဲနိုင်ပါတယ်။

ရင့်ရော်မှုတွေလည်း မြန်ဆန်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို အမြဲ အချိန်တစ်ခုပေးပြီး ဖြေရှင်းတာကလည်း သင့်ရဲ့ နုပျိုမှုတွေကို ထိန်းသိမ်းတဲ့ နည်းလမ်းတစ်ခုအပြင် ကျန်းမာရေးအတွက်လည်း ဖြစ်ပါတယ်နော်။

Kham