သူမ လှူဒါန်းပေးလိုက်တဲ့ ခြေတုလေးကို ရလို့ ဝမ်းသာပီတိဖြစ်ပြီး ငိုနေရှာတဲ့ သမီးလေးကို ကြည့်ကာ စိတ်မကောင်းဖြစ်နေတဲ့ ခိုင်နှင်းဝေ



 


Yuan – Cele Zone

 


အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ အပြင် ပရဟိတအလုပ်တွေကိုလည်း အင်တိုက်အားတိုက်လုပ်ဆောင်နေသူကတော့ သရုပ်ဆောင်မင်းသမီးချော ခိုင်နှင်းဝေပဲ ဖြစ်ပါတယ်။ပရဟိတမင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေအသိအမှတ်ပြု လက်ခံအားပေးနေတဲ့ ခိုင်နှင်းဝေကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး လှူဒါန်းမှုတွေကိုလည်းပြုလုပ်နေသူပါ။

လိုအပ်နေတဲ့ နေရာဒေသတွေကို ကိုယ်တိုင်သွားရောက်ကာ စားနပ်ရိက္ခာတွေ လှူဒါန်းဝေငှပေးခဲ့ပါတယ် ။ ဒါ့အပြင် ဒီလိုခက်ခဲတဲ့ ကာလတွေမှာတောင် စွန့်ပစ်ခံရတဲ့ ကလေးငယ်လေးတွေကိုလည်း မိခင်မေတ္တာ အပြည့်နဲ့ ခေါ်ယူစောင့်ရှောက်ပေးမှုတွေလည်း ပြုလုပ်ခဲ့တာ တွေ့ရပါတယ် ။ တကယ်ကို မွန်မြတ်တဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါပဲနော် ။

ဒါ့အပြင် မသန်းစွမ်းတဲ့ ခြေတုလိုအပ်နေသူတွေကိုလည်း မကြာခဏ ဆိုသလို ခြေတုများ လှူဒါန်းလျက် ရှိပါသေးတယ် ။ ဒီနေ့လည်း သမီးလေးတစ်ယောက်ကို ခြေတုလေး လှူဒါန်းပေးခဲ့ရာ ဝမ်းသာပီတိဖြစ်ပြီး သူမကို ထိုင်ကန်တော့ကာ ငိုနေရှာတာကြောင့် စိတ်မကောင်းဖြစ်မိကြောင်း ခုလိုရေးသားဖော်ပြလာပါတယ် ။ ” ခြေတုလေး အဆင်ပြေပြေ လှုဖြစ်ပါတယ်ရှင်..သမီးလေးက ငိုတော့ စိတ်မကောင်းလဲ ဖြစ်မိတယ်..လှုပေးရတဲ့ အတွက်လဲ ပီတိဖြစ်ရပါတယ်..ပြုပြု သမျှ ကုသိုလ် အားလုံး သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်.” ဆိုတဲ့ စာလေးပဲ ဖြစ်ရာ ကြည့်ပြီး ပီတိဖြစ်မိတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone