သင့္ရဲ႕ အနာဂါတ္ကို ေဖာ္ျပေနတဲ့ သင့္ရဲ႕လက္ေဗြပံုစံ

(၁) Whorl

Whorl ဆိုတဲ့ လက္ေဗြကို- သာမုၿဒီက လကၡဏာ က်မ္းေတြမွာ- ခ်ကၠရ (ဝါ) စၾက္ာ၊ ဒါမွမဟုတ္ – သွ်ံခ शंख ဆိုတဲ့ ခ႐ုသင္း လို႔ ေခၚပါတယ္။

ဗိႆႏိုး နတ္ဘုရားရဲ႕ လက္ေခ်ာင္းေတြမွာ ရွိတယ္လို႔ ဆိုပါတယ္ ျမန္မာကေတာ့- ခ႐ုပတ္ လက္ေဗြ လို႔ ေခၚပါတယ္။

ထူးျခားတဲ့ အခ်က္တခုက- လကၡဏာ နဲ႔ ဇာတာ ပညာကို ေပါင္းစပ္တဲ့ ပညာေတြ အရ ဆိုယင္ စၾက္ာ လက္ေဗြ- တနည္းအားျဖင့္ ခ႐ုပတ္ေဗြ ဟာ- ရာဇယုဂ္ ကို ေဖၚျပတာပါတဲ့။

ခ႐ုပတ္ေဗြ တခုပါယင္- ရာဇယုဂ္ တခုျဖစ္ၿပီး ၁၀-ခုပါယင္ ရာဇယုဂ္ ၁၀-ခု ျဖစ္ပါတယ္တဲ့ တနည္းအားျဖင့္ သူမ်ားကို မမွီခို၊ လမ္းေၾကာင္းသစ္ ေဖာက္ထြက္မယ့္၊ အရွင္သခင္ လက္ပါတဲ့။

သက္ဆိုင္ရာ လက္ေခ်ာင္း အလိုက္ – Field တခုမွာ ေဖာက္ထြက္ တတ္ၾကပါတယ္ ေဖာက္ထြက္ၿပီး လမ္းေၾကာင္းသစ္ရွာသူမွသာ အရွင္သခင္ ျဖစ္တာမို႔ ဒါဟာလည္းသဘာ၀က်တဲ့ အခ်က္တခုပါ။

လက္မ မွာ ခ႐ုပတ္ဆိုယင္- သိပ္မထူးဆန္းပါဘူး ျဖစ္တတ္ၾကပါတယ္ လက္ခလယ္မွာ ခ႐ုပတ္ စၾက္ာ ကေတာ့ ရွားပါး ပါတယ္။

တကယ္တမ္းကေတာ့- လက္ေဗြ ဆိုတာ- စၾကာ၀ဠာ က စြမ္းအင္ေတြကို ခံယူတဲ့ Receptors ေတြ ျဖစ္ပါတယ္ လက္ေဗြ ဟာ အဲဒီလူတစ္သက္မွာ မေျပာင္းေတာ့ပါဘူး။

-လက္ေဗြမွာ လမ္းေၾကာင္းေလးေတြ ရစ္ၿပီး ၀င္သြားတဲ့ အခါ- ခ႐ုပတ္ရဲ႕ ဗဟို အလယ္ခ်က္ ကေန- စၾက္ာ၀ဠာ စြမ္းအင္ေတြကို- ကိုယ္ထဲ ယူသြင္း ႏိုင္ပါတယ္တဲ့။ ဒါေၾကာင့္ သူ႔မွာ စြမ္းအား ပိုရွိျခင္း ျဖစ္ပါတယ္။

-လက္ဖဝါး က လမ္းေၾကာင္းေတြကေတာ့- စြမ္းအင္ေတြ ျဖန္႔ျဖဴးေပးတဲ့ ေနရာ ျဖစ္ၿပီး- အေျပာင္းအလဲ- ရွိေနတတ္ပါတယ္။

စၾကၤာဝဠာ ရဲ႕ စြမ္းအင္ေတြကို လက္ခံ သုံးစြဲ ႏိုင္ဘို႔ အတြက္- တရားထိုင္ တဲ့ အခါ၊ ဆုေတာင္းတဲ့ အခါ ေတြမွာ- လက္ဖဝါးေတြကို အေပၚလွန္ထားၿပီး- လက္ခံတဲ့ အေနထား ျဖစ္ေနဘို႔ သင္ၾကားေပးၾကျခင္းလည္း ျဖစ္ပါတယ္။

ေယာဂ က်င့္စဥ္ေတြမွာ. မုျဒာ ပုံစံ အမ်ိဳးမ်ိဳးဟာ- သက္ဆိုင္ရာ စြမ္းအင္မ်ားကို လက္ခံႏိုင္ဘို႔ လုပ္ ေဆာင္ျခင္း ျဖစ္ပါတယ္။

တကယ္လို႔ – လက္ဆယ္ေခ်ာင္း စလုံး ခ႐ုပတ္ ျဖစ္ေနသူ ဆိုယင္ ေတာ့သူရဲ႕ အိမ္ေထာင္ဘက္ ဟာ- ေက်ာ့ကြင္းေဗြ ဆိုတဲ့- Loop ဆယ္ေခ်ာင္း ျဖစ္သူ ဆိုယင္ အေကာင္းဆုံး ပါပဲ လို႔ ဆိုပါတယ္။

ဘာလို႔ လဲ ဆိုေတာ့ တေယာက္က- လမ္းေၾကာင္းသစ္ ေဖာက္ထြက္သူ၊ အမ်ားနဲ႔ဆန္႔က်င္ ေနတတ္သူ၊ တေယာက္ အမ်ားနဲ႔ လိုက္ေလ်ာညီေထြ ေနတတ္သူ တဦးကို တဦး ျဖည့္ဆည္းဘက္ ျဖစ္ေနၾကလို႔ပါ။

सामुद्रिक သာမုၿဒီက က်မ္းအရ ဟိႏၵဴ နတ္ ဘုရားမွ လူအျဖစ္ အ၀တာရ ၀င္စားတဲ့အခါ- ၃၂ ပါး ေသာ လကၡဏာ အဂၤါရပ္မ်ား ပါရွိပါတယ္။

လက္ေခ်ာင္းေပါင္းမ်ားစြာ- စၾက္ာ လက္ေဗြ၊ ခ႐ုပတ္ လက္ေဗြ ျဖစ္ေနယင္ – နတ္ဘုရားဓါတ္ မ်ားသူ ျဖစ္ပါတယ္။

တနည္းအားျဖင့္- ဇီဝါ အတၱမာ နဲ႔ ပရမ အတၱမာ – အပိုင္း ၂-ခုမွာ-ျမင့္ျမတ္တဲ့ ပရာမ အတၱမာ အပိုင္းက ပိုမ်ားသူမ်ား ျဖစ္ၾကတယ္ လို႔- က်မ္းဂန္ တို႔က ျပဆိုပါတယ္။

(၂) Curves

ကိုယ့္ကိုယ္ကိုယုံၾကည္စိတ္ခ်မႈ ျမင့္မားလြန္းၿပီး ပတ္၀န္းက်င္မွာ သြားလာ သြက္လက္ လႈပ္ရွားေနတတ္တဲ့ Crves သမားေတြကို ေတြ႕ရပါလိမ့္မယ္။

သူတို႔ဟာ သူငယ္ခ်င္းေတြကို တန္ဖိုးထားၿပီး သူငယ္ခ်င္းေတြရဲ႕ အကူအညီေတြကို ေတာင္းခံတတ္ၾကေပမဲ့ ဆုံးျဖတ္ခ်က္ကိုေတာ့ ကိုယ္တိုင္ ခ်မွတ္ ဆုံးျဖတ္ၾကတဲ့ သူမ်ား ျဖစ္ပါတယ္။

တျခားသူေတြအေပၚကိုလႊမ္းမိုးမႈ ရွိတဲ့ ၾသဇာဓါတ္တစ္မ်ိဳးပါရွိေလ့ ရွိတတ္ၿပီးတျခားသူေတြရဲ႕ အျမင္ကိုေတာ့ ေလးစားတတ္ပါတယ္

သူတို႔ဟာထိလြယ္၊ ရွလြယ္ တဲ့ စိတ္မ်ိဳးရွိၿပီးေၾကကြဲတယ္ ဆိုတာကိုလည္း သူတို႔ ဘ ၀ ထဲမွာမၾကာခဏေတြ႕ရေလ့ရွိပါတယ္ ..။

(၃) Loops

ဥေရာပမွာလူသုံးအမ်ာဆုံးနဲ႔ အေတြ႕ရအမ်ားဆုံးလက္ေဗြ ပုံစံ ျဖစ္ပါတယ္ သူတို႔ေတြ ဟာစိတ္ေနစိတ္ထား ျဖဴစင္ၿပီးတျခားသူေတြရဲ႕ စိတ္မခ်မ္းသာမႈ

စိတ္မသက္မသာ ျဖစ္မႈေတြကို ေဝမွ် ခံစားေပးၾကတဲ့ အေကာင္းဆုံး Listeners ေတြပါ။ စာနာနားလည္မႈ စိတ္အျပည့္အ၀ ရွိသူမ်ားပဲ ျဖစ္ပါတယ္။

ကိုယ္ရည္ကိုယ္ေသြး ျပည့္၀ ေကာင္းမြန္တဲ့ လူသားမ်ိဳးေတြ ျဖစ္ၿပီး ပြင့္ပြင့္လင္းလင္း ေျပာတာဆိုတာကို သေဘာက်ႏွစ္သက္ သူမ်ားလဲ ျဖစ္ပါတယ္။

သူတို႔ ဟာအိပ္မက္ မက္ မေနဘဲ အလုပ္ကိုသာ ထလုပ္တတ္ၾကတဲ့သူေတြ ျဖစ္တဲ့အတြက္ သူတို႔ရဲ႕ အခ်စ္ေရး၊ အခ်စ္ရာေတြ ဟာ ႏူးညံ့သိမ္ေမြ႕မႈ မရွိတာကို ေတြ႕ရပါလိမ့္မယ္။

(၄) swirls

ေမြးကတည္း က ပါရမီပါလာၿပီး သိလြယ္ ၊ တတ္လြယ္တဲ့အျပင္ ပတ္၀န္းက်င္ကို ျပဳျပင္ယူဖို႔ အဆင္သင့္ျဖစ္ေနၾကတဲ့ လူစားမ်ိဳးေတြမွာ Swirls လက္ေဗြရာ ေတြ႕ရေလ့ရွိပါတယ္။

သူတို႔ဟာ ႀကိဳးစားရင္ ေအာင္ျမင္ႏိုင္သေလာက္ ကိုအရည္အခ်င္းရွိၾကေပမဲ့ အရာတစ္ခုထဲကို ေရရွည္ စိတ္၀င္စားေလ့မရွိဘဲ ၿငီးေငြ႕သြားတတ္တဲ့ စိတ္ေတြေၾကာင့္ သူတို႔ ဟာမေအာင္မျမင္ ျဖစ္ၾကေလ့ရွိပါတယ္။

အႏုပညာရွင္အမ်ားအျပားဟာ Swirls သူတို႔ဟာစိတ္ခံစားခ်က္ကိုမ်က္ႏွာေပၚမွာေပၚလြင္ေအာင္ ေဖာ္ျပေလ့မရွိၾကတဲ့ အတြက္ သူတို႔ရဲ႕ အတြင္းစိတ္သေဘာကိုခန္႔မွန္းမိႏိုင္ဖို႔ သိတ္ေတာ့ မလြယ္ကူလွပါဘူး။

လူတိုင္းကိုသံသယႀကီးႀကီးထားၿပီးခ်ဥ္းကပ္ေလ့ရွိတာသူတို႔ရဲ႕ လူမႈဆက္ဆံေရး ျဖစ္ပါတယ္။ စိတ္ကူးနဲ႔ အႀကံအစည္ စဥ္းစားတဲ့ ေနရာမွာ အလြန္ ထက္ျမက္ၿပီး

တည္တံ့ခန္႔လြန္းတဲ့ ႐ုပ္ရည္ပိုင္ရွင္မ်ိဳးေတြ ျဖစ္တဲ့အတြက္ အမ်ားကနည္းနည္း ႐ြံ႕ၾကေပမဲ့ သူတို႔ ပင္ကိုယ္သေဘာကေတာ့ ေကာက္က်စ္မႈ ကိုမုန္းတီးတဲ့ လူေတြ ပါ။

CRD

Whorl ဆိုတဲ့ လက်ဗွေကို- သာမုဒြီက လက္ခဏာ ကျမ်းတွေမှာ- ချက္ကရ (ဝါ) စြက်ာ၊ ဒါမှမဟုတ် – သျှံခ शंख ဆိုတဲ့ ခရုသင်း လို့ ခေါ်ပါတယ်။

ဗိဿနိုး နတ်ဘုရားရဲ့ လက်ချောင်းတွေမှာ ရှိတယ်လို့ ဆိုပါတယ် မြန်မာကတော့- ခရုပတ် လက်ဗွေ လို့ ခေါ်ပါတယ်။

ထူးခြားတဲ့ အချက်တခုက- လက္ခဏာ နဲ့ ဇာတာ ပညာကို ပေါင်းစပ်တဲ့ ပညာတွေ အရ ဆိုယင် စြက်ာ လက်ဗွေ- တနည်းအားဖြင့် ခရုပတ်ဗွေ ဟာ- ရာဇယုဂ် ကို ဖေါ်ပြတာပါတဲ့။

ခရုပတ်ဗွေ တခုပါယင်- ရာဇယုဂ် တခုဖြစ်ပြီး ၁၀-ခုပါယင် ရာဇယုဂ် ၁၀-ခု ဖြစ်ပါတယ်တဲ့ တနည်းအားဖြင့် သူများကို မမှီခို၊ လမ်းကြောင်းသစ် ဖောက်ထွက်မယ့်၊ အရှင်သခင် လက်ပါတဲ့။

သက်ဆိုင်ရာ လက်ချောင်း အလိုက် – Field တခုမှာ ဖောက်ထွက် တတ်ကြပါတယ် ဖောက်ထွက်ပြီး လမ်းကြောင်းသစ်ရှာသူမှသာ အရှင်သခင် ဖြစ်တာမို့ ဒါဟာလည်းသဘာဝကျတဲ့ အချက်တခုပါ။

လက်မ မှာ ခရုပတ်ဆိုယင်- သိပ်မထူးဆန်းပါဘူး ဖြစ်တတ်ကြပါတယ် လက်ခလယ်မှာ ခရုပတ် စြက်ာ ကတော့ ရှားပါး ပါတယ်။

တကယ်တမ်းကတော့- လက်ဗွေ ဆိုတာ- စကြာဝဠာ က စွမ်းအင်တွေကို ခံယူတဲ့ Receptors တွေ ဖြစ်ပါတယ် လက်ဗွေ ဟာ အဲဒီလူတစ်သက်မှာ မပြောင်းတော့ပါဘူး။

-လက်ဗွေမှာ လမ်းကြောင်းလေးတွေ ရစ်ပြီး ဝင်သွားတဲ့ အခါ- ခရုပတ်ရဲ့ ဗဟို အလယ်ချက် ကနေ- စြက်ာဝဠာ စွမ်းအင်တွေကို- ကိုယ်ထဲ ယူသွင်း နိုင်ပါတယ်တဲ့။ ဒါကြောင့် သူ့မှာ စွမ်းအား ပိုရှိခြင်း ဖြစ်ပါတယ်။

-လက်ဖဝါး က လမ်းကြောင်းတွေကတော့- စွမ်းအင်တွေ ဖြန့်ဖြူးပေးတဲ့ နေရာ ဖြစ်ပြီး- အပြောင်းအလဲ- ရှိနေတတ်ပါတယ်။

စင်္ကြာဝဠာ ရဲ့ စွမ်းအင်တွေကို လက်ခံ သုံးစွဲ နိုင်ဘို့ အတွက်- တရားထိုင် တဲ့ အခါ၊ ဆုတောင်းတဲ့ အခါ တွေမှာ- လက်ဖဝါးတွေကို အပေါ်လှန်ထားပြီး- လက်ခံတဲ့ အနေထား ဖြစ်နေဘို့ သင်ကြားပေးကြခြင်းလည်း ဖြစ်ပါတယ်။

ယောဂ ကျင့်စဉ်တွေမှာ. မုဒြာ ပုံစံ အမျိုးမျိုးဟာ- သက်ဆိုင်ရာ စွမ်းအင်များကို လက်ခံနိုင်ဘို့ လုပ် ဆောင်ခြင်း ဖြစ်ပါတယ်။

တကယ်လို့ – လက်ဆယ်ချောင်း စလုံး ခရုပတ် ဖြစ်နေသူ ဆိုယင် တော့သူရဲ့ အိမ်ထောင်ဘက် ဟာ- ကျော့ကွင်းဗွေ ဆိုတဲ့- Loop ဆယ်ချောင်း ဖြစ်သူ ဆိုယင် အကောင်းဆုံး ပါပဲ လို့ ဆိုပါတယ်။

ဘာလို့ လဲ ဆိုတော့ တယောက်က- လမ်းကြောင်းသစ် ဖောက်ထွက်သူ၊ အများနဲ့ဆန့်ကျင် နေတတ်သူ၊ တယောက် အများနဲ့ လိုက်လျောညီထွေ နေတတ်သူ တဦးကို တဦး ဖြည့်ဆည်းဘက် ဖြစ်နေကြလို့ပါ။

सामुद्रिक သာမုဒြီက ကျမ်းအရ ဟိန္ဒူ နတ် ဘုရားမှ လူအဖြစ် အဝတာရ ဝင်စားတဲ့အခါ- ၃၂ ပါး သော လက္ခဏာ အင်္ဂါရပ်များ ပါရှိပါတယ်။

လက်ချောင်းပေါင်းများစွာ- စြက်ာ လက်ဗွေ၊ ခရုပတ် လက်ဗွေ ဖြစ်နေယင် – နတ်ဘုရားဓါတ် များသူ ဖြစ်ပါတယ်။

တနည်းအားဖြင့်- ဇီဝါ အတ္တမာ နဲ့ ပရမ အတ္တမာ – အပိုင်း ၂-ခုမှာ-မြင့်မြတ်တဲ့ ပရာမ အတ္တမာ အပိုင်းက ပိုများသူများ ဖြစ်ကြတယ် လို့- ကျမ်းဂန် တို့က ပြဆိုပါတယ်။

—– (၂) Curves —–

ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှု မြင့်မားလွန်းပြီး ပတ်ဝန်းကျင်မှာ သွားလာ သွက်လက် လှုပ်ရှားနေတတ်တဲ့ Crves သမားတွေကို တွေ့ရပါလိမ့်မယ်။

သူတို့ဟာ သူငယ်ချင်းတွေကို တန်ဖိုးထားပြီး သူငယ်ချင်းတွေရဲ့ အကူအညီတွေကို တောင်းခံတတ်ကြပေမဲ့ ဆုံးဖြတ်ချက်ကိုတော့ ကိုယ်တိုင် ချမှတ် ဆုံးဖြတ်ကြတဲ့ သူများ ဖြစ်ပါတယ်။

တခြားသူတွေအပေါ်ကိုလွှမ်းမိုးမှု ရှိတဲ့ သြဇာဓါတ်တစ်မျိုးပါရှိလေ့ ရှိတတ်ပြီးတခြားသူတွေရဲ့ အမြင်ကိုတော့ လေးစားတတ်ပါတယ်

သူတို့ဟာထိလွယ်၊ ရှလွယ် တဲ့ စိတ်မျိုးရှိပြီးကြေကွဲတယ် ဆိုတာကိုလည်း သူတို့ ဘ ၀ ထဲမှာမကြာခဏတွေ့ရလေ့ရှိပါတယ် ..။

—– (၃) Loops —–

ဥရောပမှာလူသုံးအမျာဆုံးနဲ့ အတွေ့ရအများဆုံးလက်ဗွေ ပုံစံ ဖြစ်ပါတယ် သူတို့တွေ ဟာစိတ်နေစိတ်ထား ဖြူစင်ပြီးတခြားသူတွေရဲ့ စိတ်မချမ်းသာမှု

စိတ်မသက်မသာ ဖြစ်မှုတွေကို ဝေမျှ ခံစားပေးကြတဲ့ အကောင်းဆုံး Listeners တွေပါ။ စာနာနားလည်မှု စိတ်အပြည့်အ၀ ရှိသူများပဲ ဖြစ်ပါတယ်။

ကိုယ်ရည်ကိုယ်သွေး ပြည့်၀ ကောင်းမွန်တဲ့ လူသားမျိုးတွေ ဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ပြောတာဆိုတာကို သဘောကျနှစ်သက် သူများလဲ ဖြစ်ပါတယ်။

သူတို့ ဟာအိပ်မက် မက် မနေဘဲ အလုပ်ကိုသာ ထလုပ်တတ်ကြတဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ အချစ်ရေး၊ အချစ်ရာတွေ ဟာ နူးညံ့သိမ်မွေ့မှု မရှိတာကို တွေ့ရပါလိမ့်မယ်။

—– (၄) swirls —–

မွေးကတည်း က ပါရမီပါလာပြီး သိလွယ် ၊ တတ်လွယ်တဲ့အပြင် ပတ်ဝန်းကျင်ကို ပြုပြင်ယူဖို့ အဆင်သင့်ဖြစ်နေကြတဲ့ လူစားမျိုးတွေမှာ Swirls လက်ဗွေရာ တွေ့ရလေ့ရှိပါတယ်။

သူတို့ဟာ ကြိုးစားရင် အောင်မြင်နိုင်သလောက် ကိုအရည်အချင်းရှိကြပေမဲ့ အရာတစ်ခုထဲကို ရေရှည် စိတ်ဝင်စားလေ့မရှိဘဲ ငြီးငွေ့သွားတတ်တဲ့ စိတ်တွေကြောင့် သူတို့ ဟာမအောင်မမြင် ဖြစ်ကြလေ့ရှိပါတယ်။

အနုပညာရှင်အများအပြားဟာ Swirls သူတို့ဟာစိတ်ခံစားချက်ကိုမျက်နှာပေါ်မှာပေါ်လွင်အောင် ဖော်ပြလေ့မရှိကြတဲ့ အတွက် သူတို့ရဲ့ အတွင်းစိတ်သဘောကိုခန့်မှန်းမိနိုင်ဖို့ သိတ်တော့ မလွယ်ကူလှပါဘူး။

လူတိုင်းကိုသံသယကြီးကြီးထားပြီးချဉ်းကပ်လေ့ရှိတာသူတို့ရဲ့ လူမှုဆက်ဆံရေး ဖြစ်ပါတယ်။ စိတ်ကူးနဲ့ အကြံအစည် စဉ်းစားတဲ့ နေရာမှာ အလွန် ထက်မြက်ပြီး

တည်တံ့ခန့်လွန်းတဲ့ ရုပ်ရည်ပိုင်ရှင်မျိုးတွေ ဖြစ်တဲ့အတွက် အများကနည်းနည်း ရွံ့ကြပေမဲ့ သူတို့ ပင်ကိုယ်သဘောကတော့ ကောက်ကျစ်မှု ကိုမုန်းတီးတဲ့ လူတွေ ပါ။

CRD