စစ်ကောင်စီဘက်မှ လာနိုင်တဲ့လမ်းကြောင်းမှန်သမျှမှာ မန္တလေးကပြည်သူများအနေနဲ့ ပြုလုပ်သင့်တဲ့အရာတွေကို ပြောပြလိုက်တဲ့ နိုဗန်ထူး










ဒီနေ့မနက်ပိုင်းမှာတော့ မန္တလေးမြို့က နေရာအချို့တွင် ပျောက်ကျားစနစ်ဖြင့် တိုက်ပွဲတွေ ဖြစ်နေကြပြီ ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘေးအန္တရာယ်ကင်းကြစေဖို့ ပြည်သူတွေအားလုံးက ဆုတောင်းမေတ္တာပို့သပေးနေတာ ဖြစ်ပါတယ်။

PDF တွေရှိတဲ့ နေရာများနဲ့ တိုက်ပွဲဖြစ်နေကြတာတွေကို ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်များ ရိုက်ထားမိပါက လူမှုကွန်ယက်ပေါ် မတင်ကြဖို့ကိုလည်း အားလုံးက တောင်းဆိုထားကြတာ ဖြစ်ပါတယ်။

မကြာသေးခင် မိနစ်ပိုင်းလောက်က အဆိုတော် နိုဗန်ထူးရဲ့ လူမှုကွန်ယက်တွင် မန္တလေးကပြည်သူမျ ားအနေနဲ့ စစ်ကောင်စီဘက်မှ လာနိုင်တဲ့လမ်းကြေ ာင်းမှန်သမျှတွင် ပြုလုပ်သင့်တဲ့အရာတွေကို ပြောပြလာတာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်တဲ့ နေရာသို့ ပြင်ဦးလွင်နဲ့ မန္တလေးမှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အင်အားဖြည့်တ င်းရန် လာနေကြပြီ ဖြစ်တဲ့အတွက် သူတို့လာတဲ့ လမ်းကြောင်းတွေမှာ တာယာတွေ မီးရှို့ပြီး သဲအိတ်နဲ့ အုတ်ခဲတွေ ပစ်တင်ဖို့ လိုကြောင်း ပြော ထားတာ ဖြစ်ပါတယ်။

သတင်းကောင်းတွေကိုလည်း စောင့်မျှော်နေပြီဖြစ်ကြောင်းကိုလည်း အခုလို ရေးသားဝေမျှပေးထားတာပါ။

” သတင်းကောင်းတွေ စောင့်နေပါပြီ Mandalay စစ်ခွေးတွေ လာနိုင်မယ့် လမ်းကြောင်းမှန်သမျှကိုတာယာမီးရှို့ သဲအိတ်တွေ အုတ်ခဲတွေ ပစ်တင်ပြီး ရွေ့လျားမှု နှေးအောင် ကူညီကြပါအုန်း MDYပြ ည်သူများ ငါတို့ အလှည့် ဘာလည်း ဆိုတာပြကြမယ်ဗျာ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

လူမှုကွန်ယက်တွင်လည်း PDF တပ်ဖွဲ့ဝင်တွေ အောင်မြင်စွာဆုတ်ခွာနိုင်ပြီတိုတဲ့ သတင်းအမှားတွေ တောက်လျှောက် တင်နေကြတာ ဖြစ်ပါတ ယ်။

ဒီလိုသတင်းအမှားတွေကိုပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီးမှ ချင့်ယုံသင့်ကြောင်းနဲ့ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ PDF လူငယ်လေးတွေအားလုံး ဘေးအန္တရာယ်ကင်းပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

credit original writer