ယနေ့ (22.6.2021) တွင် ရန်ကုန် (၈)မြို့နယ် ဓာတ်အားပြတ်တောက်မည်

ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်(8)ခုတွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများခုတ်ထွင် ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများထိန်းသိမ်းပြုပြင်ခြင်းကို (၂၂.၆.၂၀၂၁) ရက်နေ့၊ အင်္ဂါနေ့တွင် (၀၉:၀၀)နာရီမှ(၁၂:၀၀)နာရီ အချိန်အတွင်းလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း။

 

ဒဂုံဆိပ်ကမ်းကမာရွတ်သန်လျင်ကျောက်တန်လှည်းကူးဖောင်ကြီးမင်္ဂလာဒုံထောက်ကြန့်မြို့နယ်များ၏ ရပ်ကွက်နေရာအချို့တို့တွင်ယာယီဓာတ်အားပြတ်တောက်နိုင်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းမှ ကြေညာချက်ထုတ်ပြန်ထားသည်။

 

အသေးစိတ်သိရှိလိုပါက 1717 သို့စုံစမ်းမေးမြန်းနိုင်ပါသည်။

zawgyi


