ခ်စ္တာလား ၊ စိတ္စြဲလန္းတာလား ဆိုတာကို ဒီအခ်က္ေတြ ၾကည့္ၿပီး ခြဲျခားႏိုင္ပါတယ္..

အခ်စ္ဆိုတာကို လူတုိင္း သိၾကပါတယ္။ ဒါေပမယ့္လည္း ခ်စ္တယ္ဆိုတဲ့ ခံစားခ်က္အမွန္ကိုေတာ့ လူတိုင္း မသိၾကပါဘူး။

ခ်စ္တယ္လို႔ ထင္ေနၿပီး တကယ္ မခ်စ္တာမ်ိဳးလည္း ရွိေနတတ္ပါေသးတယ္။ တစ္ခ်ိဳ႕သူေတြကေတာ့ ကိုယ့္ကိုယ္ကို ခ်စ္ေနတယ္ထင္ၿပီး စြဲလမ္းမႈ ျဖစ္ေနတတ္တာလည္း ျဖစ္ေနတတ္ပါတယ္။ ဒီေတာ့ လူတစ္ေယာက္ကို စိတ္စြဲလန္းလြန္ေနသလား၊ ခ်စ္မိသလားဆိုတာကို ဒီအခ်က္ေတြနဲ႔ ခြဲျခားၾကည့္ေနႏိုင္ပါတယ္။

နံပါတ္ (၁)

ခ်စ္မိတဲ့အခါ ခ်စ္ရတဲ့သူအနားမွာ ေနခ်င္တယ္ဆိုတာမ်ိဳး ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကိုယ္ လုပ္စရာ ရွိတဲ့ အရာေတြကို သိၿပီး ခ်စ္ေနၾကတာမ်ိဳးပါ။ အခ်စ္ကိုု ပူေလာင္မႈ ထပ္ မျဖစ္တတ္ၾကပါဘူး။

စိတ္စြဲလမ္းလြန္းတဲ့အခါက်ေတာ့ ဘယ္သြားသြား ဘာလုပ္လုပ္ သူ႔အနားမွာပဲ ကပ္ေနမိတတ္တာမ်ိဳး ျဖစ္တတ္ပါတယ္။ သူ သြားတဲ့ေနရာကို သင္ မလိုက္ရရင္ စိတ္မခ်တာနဲ႔ ျပႆနာ ရွာတာမ်ိဳးေတြေတာင္ လုပ္မိတတ္ပါေသးတယ္။

ပုရိသေတြကိုရင္ေဘာင္တန္းႏိုုင္တဲ့ ထက္ျမက္ေသာမိန္းကေလးမ်ားရဲ့အမူအက်င့္မ်ား

နံပါတ္ (၂)

ခ်စ္မိတဲ့အခါ ခ်စ္သူကို သဝန္တိုမိတတ္ပါတယ္။ ဒါေပမယ့္လည္း သဝန္တိုစိတ္ကို အသိစိတ္နဲ႔ ထိန္းခ်ဳပ္တတ္ၿပီး ဆက္ခ်စ္ေနတတ္ပါတယ္။ သဝန္တိုလို႔ စိတ္ပူတဲ့အခါမွာလည္း ပံုမွန္အတိုင္းပဲ စိတ္ပူတတ္ၾကပါတယ္။

စိတ္စြဲလမ္းလြန္တဲ့အခါမွာေတာ့ သူ႔ေဘးနားမွာ ရွိတဲ့သူတိုင္းလိုလိုကို သဝန္တိုမိတတ္ပါတယ္။ ဒါ့အျပင္ စြပ္စြဲမႈေတြပါ လုပ္လာတတ္သလို သဝန္တိုတာကေန သဝန္ေၾကာင္တဲ့ပံုစံအထိ ျဖစ္ၿပီး ပူေလာင္ေနတတ္ပါတယ္။

နံပါတ္ (၃)

ခ်စ္မိတဲ့အခါ ခ်စ္သူ ရွိတဲ့အခါ အခ်ိန္ေပးရတာမ်ိဳးနဲ႔ ခ်စ္သူနဲ႔ အခ်ိန္ကုန္ရတာကို သေဘာက်တတ္ပါတယ္။ ဒါေပမယ့္ ကိုယ္လုပ္စရာ ရွိတာေတြနဲ႔ အားလပ္ခ်ိန္ေတြကိုလည္း အခ်ိန္ေပးတတ္ပါတယ္။

စိတ္စြဲလမ္းလြန္တဲ့အခါမွာေတာ့ အခ်ိန္ျပည့္နီးပါး ခ်စ္သူနဲ႔ပဲ အခ်ိန္ကုန္ခ်င္တတ္ၾကပါတယ္။ ကိုယ့္အတြက္အခ်ိန္ေတြ အနားယူတဲ့ အခ်ိန္ေတြကိုေတာင္မွ အခ်ိန္ေပးဖို႔ ေမ့ေနတတ္ပါတယ္။

နံပါတ္ (၄)

ဖူးစာရွင္အစစ္အမွန္နဲ႕ဆံုေတြ႕မွသာ ခံစားရမယ့္ ခံစားခ်က္မ်ား

ခ်စ္မိတဲ့အခါ ခ်စ္သူအေၾကာင္းကို သိခ်င္သလို စိတ္ပူတာမ်ိဳးေတြလည္း ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ သတိေပးတာ အၾကံဉာဏ္ေပးတာနဲ႔ သတိထားဖို႔ ဂရုစိုက္ေပးတာေတြ ျပဳလုပ္တတ္ၾကပါတယ္။

စိတ္စြဲလမ္းလြန္ျဖစ္တဲ့အခါမွာေတာ့ သင္က သူ႔အတြက္ စိတ္ပူတာေတြ ျဖစ္တဲ့အခါ ခ်ဳပ္ခ်ယ္တာေတြ ခြင့္မျပဳတာေတြ ျပဳလုပ္တတ္ပါတယ္။ ဒီလို မလုပ္ရရင္ သင့္မွာ စိတ္မခ်မ္းသာ ျဖစ္ေနၿပီး သင္စိတ္ပူတာကို တစ္ဖက္က နားမလည္ဘူးလို႔ေတာင္ ယူဆမိတတ္ပါေသးတယ္။

Kham

unicode..

အချစ်ဆိုတာကို လူတိုင်း သိကြပါတယ်။ ဒါပေမယ့်လည်း ချစ်တယ်ဆိုတဲ့ ခံစားချက်အမှန်ကိုတော့ လူတိုင်း မသိကြပါဘူး။

ချစ်တယ်လို့ ထင်နေပြီး တကယ် မချစ်တာမျိုးလည်း ရှိနေတတ်ပါသေးတယ်။ တစ်ချို့သူတွေကတော့ ကိုယ့်ကိုယ်ကို ချစ်နေတယ်ထင်ပြီး စွဲလမ်းမှု ဖြစ်နေတတ်တာလည်း ဖြစ်နေတတ်ပါတယ်။ ဒီတော့ လူတစ်ယောက်ကို စိတ်စွဲလန်းလွန်နေသလား၊ ချစ်မိသလားဆိုတာကို ဒီအချက်တွေနဲ့ ခွဲခြားကြည့်နေနိုင်ပါတယ်။

နံပါတ် (၁)

ချစ်မိတဲ့အခါ ချစ်ရတဲ့သူအနားမှာ နေချင်တယ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ် လုပ်စရာ ရှိတဲ့ အရာတွေကို သိပြီး ချစ်နေကြတာမျိုးပါ။ အချစ်ကိုု ပူလောင်မှု ထပ် မဖြစ်တတ်ကြပါဘူး။

စိတ်စွဲလမ်းလွန်းတဲ့အခါကျတော့ ဘယ်သွားသွား ဘာလုပ်လုပ် သူ့အနားမှာပဲ ကပ်နေမိတတ်တာမျိုး ဖြစ်တတ်ပါတယ်။ သူ သွားတဲ့နေရာကို သင် မလိုက်ရရင် စိတ်မချတာနဲ့ ပြဿနာ ရှာတာမျိုးတွေတောင် လုပ်မိတတ်ပါသေးတယ်။

ပုရိသတွေကိုရင်ဘောင်တန်းနိုုင်တဲ့ ထက်မြက်သောမိန်းကလေးများရဲ့အမူအကျင့်များ

နံပါတ် (၂)

ချစ်မိတဲ့အခါ ချစ်သူကို သဝန်တိုမိတတ်ပါတယ်။ ဒါပေမယ့်လည်း သဝန်တိုစိတ်ကို အသိစိတ်နဲ့ ထိန်းချုပ်တတ်ပြီး ဆက်ချစ်နေတတ်ပါတယ်။ သဝန်တိုလို့ စိတ်ပူတဲ့အခါမှာလည်း ပုံမှန်အတိုင်းပဲ စိတ်ပူတတ်ကြပါတယ်။

စိတ်စွဲလမ်းလွန်တဲ့အခါမှာတော့ သူ့ဘေးနားမှာ ရှိတဲ့သူတိုင်းလိုလိုကို သဝန်တိုမိတတ်ပါတယ်။ ဒါ့အပြင် စွပ်စွဲမှုတွေပါ လုပ်လာတတ်သလို သဝန်တိုတာကနေ သဝန်ကြောင်တဲ့ပုံစံအထိ ဖြစ်ပြီး ပူလောင်နေတတ်ပါတယ်။

နံပါတ် (၃)

ချစ်မိတဲ့အခါ ချစ်သူ ရှိတဲ့အခါ အချိန်ပေးရတာမျိုးနဲ့ ချစ်သူနဲ့ အချိန်ကုန်ရတာကို သဘောကျတတ်ပါတယ်။ ဒါပေမယ့် ကိုယ်လုပ်စရာ ရှိတာတွေနဲ့ အားလပ်ချိန်တွေကိုလည်း အချိန်ပေးတတ်ပါတယ်။

စိတ်စွဲလမ်းလွန်တဲ့အခါမှာတော့ အချိန်ပြည့်နီးပါး ချစ်သူနဲ့ပဲ အချိန်ကုန်ချင်တတ်ကြပါတယ်။ ကိုယ့်အတွက်အချိန်တွေ အနားယူတဲ့ အချိန်တွေကိုတောင်မှ အချိန်ပေးဖို့ မေ့နေတတ်ပါတယ်။

နံပါတ် (၄)

ဖူးစာရှင်အစစ်အမှန်နဲ့ဆုံတွေ့မှသာ ခံစားရမယ့် ခံစားချက်များ

ချစ်မိတဲ့အခါ ချစ်သူအကြောင်းကို သိချင်သလို စိတ်ပူတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် သတိပေးတာ အကြံဉာဏ်ပေးတာနဲ့ သတိထားဖို့ ဂရုစိုက်ပေးတာတွေ ပြုလုပ်တတ်ကြပါတယ်။

စိတ်စွဲလမ်းလွန်ဖြစ်တဲ့အခါမှာတော့ သင်က သူ့အတွက် စိတ်ပူတာတွေ ဖြစ်တဲ့အခါ ချုပ်ချယ်တာတွေ ခွင့်မပြုတာတွေ ပြုလုပ်တတ်ပါတယ်။ ဒီလို မလုပ်ရရင် သင့်မှာ စိတ်မချမ်းသာ ဖြစ်နေပြီး သင်စိတ်ပူတာကို တစ်ဖက်က နားမလည်ဘူးလို့တောင် ယူဆမိတတ်ပါသေးတယ်။

Kham