လူတစ္ေယာက္ရဲ႕စိတ္ကို ေဖာက္ထြင္းျမင္ႏိုင္ေစမယ့္ ေမးခြန္းမ်ား

လူတစ္ေယာက္ရဲ႕စိတ္ကို ေဖာက္ထြင္းျမင္ႏိုင္ေစမယ့္ ေမးခြန္းမ်ား

“Deep discussions” ဝက္ဆိုက္ဒ္ဟာ အေနာက္ႏိူင္ငံေတြၾကားမွာ ေရပန္းစားလာေနပါတယ္။ ဒါဟာ သူငယ္ခ်င္းမိတ္ေဆြႏွစ္ေယာက္ၾကားမွာ ေျပာဆိုေဆြးေႏြးႏိူင္တဲ့ အေတြးအေခၚပိုင္းဆိုင္ရာ စကားဝိုင္းပဲျဖစ္ပါတယ္။

ၿပီးေတာ့ ဒီေမးခြန္းေတြက တစ္ေယာက္ရဲ႕စိတ္က တစ္ေယာက္သိႏိုင္မယ့္ ေမးခြန္းမ်ိဳးေတြလည္းျဖစ္ပါတယ္။

အခု kwee page က ကိုယ့္ရဲ႕သူငယ္ခ်င္းမိတ္ေဆြအေပါင္းအသင္းေတြရဲ႕ စိတ္ကိုသိႏိူင္မယ့္ ေမးခြန္း (၉) ခုကိုေဖာ္ျပေပးလိုက္ပါတယ္။ ေမးခြန္းေတြမွာ အေျဖအတိအက်ရယ္လို႔ေတာ့ မ႐ွိပါဘူး။

ေျဖတဲ့လူေတြအေပၚမူတည္ၿပီး ကြဲလြဲသြားႏိုင္ပါတယ္။ ၿပီးေတာ့ “yes” or “no” ပဲေျဖရင္ အဆင္မေျပပါဘူး။ ဒီေမခြန္းေတြကို မိမိစိတ္ပ်က္မသြားခ်င္တဲ့ လူေတြအေပၚ မေမးမိဖို႔ေတာ့ အၾကံေပးပါရေစ။

မင္းရဲ႕ေသမယ့္ေနကို ေရးထားတဲ့ စာအိတ္ကို ဖြင့္ၾကည့္မွာလာ? ဒီေမးခြန္းကေန လူတစ္ေယာက္ရဲ႕ ေသျခင္းတရားအေပၚ ထား႐ွိတဲ့သေဘာထားနဲ႔ ဘဝကို ေယဘုယ်အားျဖင့္ ဘယ္လို႐ႈျမင္ေနလဲဆိုတာကို သိႏိူင္ပါတယ္။

မင္းကိုယ္မင္း သူငယ္ခ်င္းျပန္လုပ္မွာလာ? ဒီေမးခြန္းျဖင့္ လူတစ္ေယာက္ရဲ႕ မိမိကိုယ္ကိုတန္ဖိုးထားမူ၊ အားနည္းခ်က္အားသာခ်က္ကို သႏိူင္သလို သူတို႔ဟာ ဘယ္ေလာက္ထိစိတ္ဝင္စားဖို႔ေကာင္းတဲ့လူလဲဆိုတာ သိႏိုင္ပါတယ္။

တကယ္လို႔ လူတစ္ေယာက္ရဲ႕ ေခါင္းေပၚမွာ အရာရာကို တိုင္းတာႏိုင္တဲ့အရာသာ ႐ွိခဲ့မယ္ဆိုရင္ သင့္အေနနဲ႔ ဘာကိုတိုင္းဖို႔အသုံးျပဳမလဲ? ဥပမာ သူတို႔ရဲ႕ ခ်မ္းသာမႈ၊ ေပ်ာ္႐ႊင္မႈ၊ လူမႈဆက္ဆံေရး အစ႐ွိသျဖင့္ တိုင္းမွာလာ? ဒီေမခြန္းကေန လူတစ္ေယာက္ရဲ႕ တန္ဖိုးနဲ႔ သူ႕ရဲ႕ ဦးစားေပးမႈကို သိႏိုင္ပါတယ္။

တျခားလူေတြနဲ႔မတူေအာင္ သင္ဘာလုပ္မွာလဲ? ဒီေမးခြန္းကေန လူတစ္ေယာက္ရဲ႕ မိမိကိုယ္ကို တန္ဖိုးထားမႈ၊ သူတို႔ရဲ႕ ဟာသဉာဏ္၊ ႐ႈးသြပ္မႈ အတိုင္းအတာ နဲ႔ ထူးျခားတဲ့ပင္ကိုယ္ေတြကို သိျမင္ႏိုင္ပါတယ္။

တကယ္လို႔ မထင္မွတ္ဘဲသင္ေဖာက္ျပန္မိခဲ့တာကို သင့္ရဲ႕ပါတနာက ဘယ္ေတာ့မွသိမွာမဟုတ္ဘူးဆိုရင္ သူ႕ကိုေျပာျပမွာလာ? ဒီေမးခြန္းကေန လူတစ္ေယာက္ရဲ႕ စိတ္ပိုင္းဆိုင္ရာ အဆင့္အတန္းနဲ႔ လူေတြအေပၚထားတဲ့ သူတို႔ရဲ႕သေဘာထားကို သိႏိုင္ပါတယ္။

ဒီေန႔လိုေန႔မ်ိဳး အႀကိမ္ (၁၀၀) ခန္႔မၾကာခဏ ၾကဳံေနရတယ္လို႔ သင္ခံစားေနရလာ? အေျဖကို ၾကည့္ၿပီးေတာ့ လူတစ္ေယာက္ရဲ႕ ဘဝေနထိုင္မႈကို သိႏိုင္သလို သူတို႔ရဲ႕ဘဝဟာ အဓိပၸာယ္႐ွိရဲ႕လား (သို႔) မ႐ွိဘူးလာဆိုတာကို သိျမင္ႏိုင္ပါတယ္။

တကယ္လို႔ အမ်ိဳးသားမ်ားနဲ႔အမ်ိဳးသမီးေတြဟာ မတူညီတဲ့ ၿဂိဳလ္ႏွစ္ခုအေပၚမွာသီးျခားစီ ေနထိုင္ေနၾကမယ္ဆိုရင္ အဲ့ဒီ ၿဂိဳလ္ေတြမွာ ဘာေတြျဖစ္ပ်က္မယ္ထင္သလဲ? ဒီေမးခြန္းကေန လူတစ္ေယာက္ရဲ႕ ေတြးေခၚမႈပုံစံ (သို႔) သူတို႔ ဘယ္ေလာက္ထိ ယုတၱိ႐ွိ႐ွိ ေတြးေခၚႏိုင္လဲဆိုတာကို သိျမင္ႏိုင္ပါတယ္။

တကယ္လို႔ ဗိုက္ဆာေနတဲ့သင့္ရဲ႕ကေလးေတြ (သို႔) မိသားစုဝင္ေတြကို ေကြၽးေမြးဖို႔အတြက္ ရာဇဝတ္မူက်ဴးလြန္ခဲ့တယ္ဆိုရင္ သင္ဟာ မိမိကိုယ္မိမိ မေကာင္းတဲ့သူလို႔ယူဆသလား?

ဒါမွမဟုတ္ လိုအပ္လို႔ ရာဇဝတ္မူကို က်ဴးလြန္တယ္လို႔ ယူဆသလား? ဒီေမးခြန္းကေတာ့ လူတစ္ေယာက္ရဲ႕ စိတ္ေနစိတ္ထား အဆင့္အတန္းကို သိႏိူင္သလို သူတို႔ရဲ႕မိသားစုအေပၚထားတဲ့ စိတ္ေနသေဘာထားကိုလည္း သိႏိူင္ပါတယ္။

တကယ္လို႔ ေငြေၾကးသာ ေပ်ာ္႐ႊင္မႈျဖစ္ခဲ့မယ္ဆိုရင္ သင္ဘာအလုပ္လုပ္ေနမယ္ထင္သလဲ? ဒီေမးခြန္းကေန လူတစ္ေယာက္ရဲ႕ ေမွ်ာ္လင့္ခ်က္မ်ား၊ အိပ္မက္မ်ား နဲ႔ သူတို႔ဘဝမွာ ဘာေတြလိုအပ္ေနလဲဆိုတာကို သိျမင္ႏိုင္ပါတယ္။

အခု kwee ေဖာ္ျပေပးထားတဲ့ ေမးခြန္းေတြအျပင္ တျခားေမးခြန္းေတြလည္း ထြင္ၿပီးေမးႏိုင္ပါတယ္။ ဒီေမးခြန္းမ်ိဳးေတြက အေပ်ာ္သေဘာအေနနဲ႔လည္း ေမးႏိုင္သလို လူတစ္ေယာက္ရဲ႕ စိတ္ေနသေဘာထားကို သိခ်င္တယ္ဆိုရင္လည္း အသုံးျပဳႏိုင္ပါတယ္။

Unicode

လူတစ်ယောက်ရဲ့စိတ်ကို ဖောက်ထွင်းမြင်နိုင်စေမယ့် မေးခွန်းများ

“Deep discussions” ဝက်ဆိုက်ဒ်ဟာ အနောက်နိူင်ငံတွေကြားမှာ ရေပန်းစားလာနေပါတယ်။ ဒါဟာ သူငယ်ချင်းမိတ်ဆွေနှစ်ယောက်ကြားမှာ ပြောဆိုဆွေးနွေးနိူင်တဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ စကားဝိုင်းပဲဖြစ်ပါတယ်။

ပြီးတော့ ဒီမေးခွန်းတွေက တစ်ယောက်ရဲ့စိတ်က တစ်ယောက်သိနိုင်မယ့် မေးခွန်းမျိုးတွေလည်းဖြစ်ပါတယ်။

အခု kwee page က ကိုယ့်ရဲ့သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေရဲ့ စိတ်ကိုသိနိူင်မယ့် မေးခွန်း (၉) ခုကိုဖော်ပြပေးလိုက်ပါတယ်။ မေးခွန်းတွေမှာ အဖြေအတိအကျရယ်လို့တော့ မရှိပါဘူး။

ဖြေတဲ့လူတွေအပေါ်မူတည်ပြီး ကွဲလွဲသွားနိုင်ပါတယ်။ ပြီးတော့ “yes” or “no” ပဲဖြေရင် အဆင်မပြေပါဘူး။ ဒီမေခွန်းတွေကို မိမိစိတ်ပျက်မသွားချင်တဲ့ လူတွေအပေါ် မမေးမိဖို့တော့ အကြံပေးပါရစေ။

မင်းရဲ့သေမယ့်နေကို ရေးထားတဲ့ စာအိတ်ကို ဖွင့်ကြည့်မှာလာ? ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ သေခြင်းတရားအပေါ် ထားရှိတဲ့သဘောထားနဲ့ ဘဝကို ယေဘုယျအားဖြင့် ဘယ်လိုရှုမြင်နေလဲဆိုတာကို သိနိူင်ပါတယ်။

မင်းကိုယ်မင်း သူငယ်ချင်းပြန်လုပ်မှာလာ? ဒီမေးခွန်းဖြင့် လူတစ်ယောက်ရဲ့ မိမိကိုယ်ကိုတန်ဖိုးထားမူ၊ အားနည်းချက်အားသာချက်ကို သနိူင်သလို သူတို့ဟာ ဘယ်လောက်ထိစိတ်ဝင်စားဖို့ကောင်းတဲ့လူလဲဆိုတာ သိနိုင်ပါတယ်။

တကယ်လို့ လူတစ်ယောက်ရဲ့ ခေါင်းပေါ်မှာ အရာရာကို တိုင်းတာနိုင်တဲ့အရာသာ ရှိခဲ့မယ်ဆိုရင် သင့်အနေနဲ့ ဘာကိုတိုင်းဖို့အသုံးပြုမလဲ? ဥပမာ သူတို့ရဲ့ ချမ်းသာမှု၊ ပျော်ရွှင်မှု၊ လူမှုဆက်ဆံရေး အစရှိသဖြင့် တိုင်းမှာလာ? ဒီမေခွန်းကနေ လူတစ်ယောက်ရဲ့ တန်ဖိုးနဲ့ သူ့ရဲ့ ဦးစားပေးမှုကို သိနိုင်ပါတယ်။

တခြားလူတွေနဲ့မတူအောင် သင်ဘာလုပ်မှာလဲ? ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ မိမိကိုယ်ကို တန်ဖိုးထားမှု၊ သူတို့ရဲ့ ဟာသဉာဏ်၊ ရှုးသွပ်မှု အတိုင်းအတာ နဲ့ ထူးခြားတဲ့ပင်ကိုယ်တွေကို သိမြင်နိုင်ပါတယ်။

တကယ်လို့ မထင်မှတ်ဘဲသင်ဖောက်ပြန်မိခဲ့တာကို သင့်ရဲ့ပါတနာက ဘယ်တော့မှသိမှာမဟုတ်ဘူးဆိုရင် သူ့ကိုပြောပြမှာလာ? ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းနဲ့ လူတွေအပေါ်ထားတဲ့ သူတို့ရဲ့သဘောထားကို သိနိုင်ပါတယ်။

ဒီနေ့လိုနေ့မျိုး အကြိမ် (၁၀၀) ခန့်မကြာခဏ ကြုံနေရတယ်လို့ သင်ခံစားနေရလာ? အဖြေကို ကြည့်ပြီးတော့ လူတစ်ယောက်ရဲ့ ဘဝနေထိုင်မှုကို သိနိုင်သလို သူတို့ရဲ့ဘဝဟာ အဓိပ္ပာယ်ရှိရဲ့လား (သို့) မရှိဘူးလာဆိုတာကို သိမြင်နိုင်ပါတယ်။

တကယ်လို့ အမျိုးသားများနဲ့အမျိုးသမီးတွေဟာ မတူညီတဲ့ ဂြိုလ်နှစ်ခုအပေါ်မှာသီးခြားစီ နေထိုင်နေကြမယ်ဆိုရင် အဲ့ဒီ ဂြိုလ်တွေမှာ ဘာတွေဖြစ်ပျက်မယ်ထင်သလဲ? ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ တွေးခေါ်မှုပုံစံ (သို့) သူတို့ ဘယ်လောက်ထိ ယုတ္တိရှိရှိ တွေးခေါ်နိုင်လဲဆိုတာကို သိမြင်နိုင်ပါတယ်။

တကယ်လို့ ဗိုက်ဆာနေတဲ့သင့်ရဲ့ကလေးတွေ (သို့) မိသားစုဝင်တွေကို ကျွေးမွေးဖို့အတွက် ရာဇဝတ်မူကျူးလွန်ခဲ့တယ်ဆိုရင် သင်ဟာ မိမိကိုယ်မိမိ မကောင်းတဲ့သူလို့ယူဆသလား?

ဒါမှမဟုတ် လိုအပ်လို့ ရာဇဝတ်မူကို ကျူးလွန်တယ်လို့ ယူဆသလား? ဒီမေးခွန်းကတော့ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား အဆင့်အတန်းကို သိနိူင်သလို သူတို့ရဲ့မိသားစုအပေါ်ထားတဲ့ စိတ်နေသဘောထားကိုလည်း သိနိူင်ပါတယ်။

တကယ်လို့ ငွေကြေးသာ ပျော်ရွှင်မှုဖြစ်ခဲ့မယ်ဆိုရင် သင်ဘာအလုပ်လုပ်နေမယ်ထင်သလဲ? ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ မျှော်လင့်ချက်များ၊ အိပ်မက်များ နဲ့ သူတို့ဘဝမှာ ဘာတွေလိုအပ်နေလဲဆိုတာကို သိမြင်နိုင်ပါတယ်။

အခု kwee ဖော်ပြပေးထားတဲ့ မေးခွန်းတွေအပြင် တခြားမေးခွန်းတွေလည်း ထွင်ပြီးမေးနိုင်ပါတယ်။ ဒီမေးခွန်းမျိုးတွေက အပျော်သဘောအနေနဲ့လည်း မေးနိုင်သလို လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကို သိချင်တယ်ဆိုရင်လည်း အသုံးပြုနိုင်ပါတယ်။