အောင်မြင်တဲ့ ယောင်္ကျားတွေရဲ့နောက်ကွယ်က လက်တစ်စုံ

အောင်မြင်တဲ့ ယောင်္ကျားတွေရဲ့နောက်ကွယ်က လက်တစ်စုံ (သို့)ဇနီးမယား

လွန်ခဲ့တဲ့ရက်သတ္တပတ်က ကျတော့် ရဲ့အမျိုးသမီးကျောင်းကပြန်လာတဲ့အချိန် အိမ်ထဲကို ဝင်ဝင်ချင်းပဲ ကျတော့်ကိုလှမ်းမေးတာ။ မောင်ရေ! ဗျာ ဒီနေ့ဘယ်ကိုသွားသေးလဲ ကျတော်လည်း ပြန်ဖြေပါတယ် ဘယ်မှမသွားပါဘူး ဘာလို့လဲ။ မဟုတ်ပါဘူး မောင့်ပိုက်ဆံအိတ်ကို ဗီရိုပေါ်မှာ မတွေ့ပဲ မောင့် ဘောင်းဘီအိတ်ထဲမှာတွေ့နေလို့လေ။ အော် ဒါက စောစောက အာလူးသွားဝယ်ပြီး ပြန်တက်လာတာ။

ဒါကြောင့် ပိုက်ဆံအိတ်ကို ထုတ်ဖို့မေ့သွားတာ။ ဒါပေမယ့် စဉ်းစားမိတာ တစ်ခုက ကျတော်ဆိုတဲ့ကောင်က ဘယ်မှမသွားရင် ပိုက်ဆံအိတ်ကို ဗီရိုပေါ်တင်ထားတတ်တဲ့ အကျင့် ရှိတယ်ဆိုတာ ကိုယ့်ဟာကိုယ်တောင် သတိမထားမိဘူး။ ဒါကို သူက သတိထားမိနေတော့ ငါ့မိန်းမက နှယ်နှယ်ရရတော့ မဟုတ်ဘူးဆိုတာ သိလိုက်တယ်။ ဆယ့်နှစ်ကြိုးလောက်မတတ်ရင်တောင် ဆယ့်တစ်ကြိုးခွဲလောက်တော့ တတ်မယ်ထင်တာပဲ။

အောင်မြင်တဲ့ယောင်္ကျားတွေရဲ့နောက်မှာ သူတို့ကြောက်ရတဲ့မိန်းမတွေရှိတယ်။(ကိုယ့်ဘက်ကိုယ်ယက်ပြီးတွေးသည်)ကျတော် အောင်မြင်တာ မအောင်မြင်တာတော့ မသိသေးဘူး။ ဒါပေမယ့် မိန်းမကို ကြောက်ရမှာတော့ သိနေတယ်။

ပြောချင်တာကတော့ ကျတော်တို့က မိန်းမကိုကြောက်တယ်ကြောက်တယ် ပြောပြောနေတာ။ တစ်ခြားလူတွေအမြင်မှာတော့ ဒီကောင် ဘာကိုကြောက်လဲလို့ထင်မိမှာပဲ။ ဟုတ်တယ်လေ ကျတော့်အမျို ုးသမီးက ပိန်ပိန်လေးရယ် ခုတောင် ကိုယ်ဝန်နဲ့မို့လို့အကောင်က ကြီးနေတာ။ ဘယ်နားမှာ ကြောက်စရာရှိလို့လဲ ရန်ဖြစ်လို့ ကိုယ်ကကျွေးရင်တောင် ပင်ပင်ပန်းပန်းလုပ်စရာမလိုဘူး နဖူးကိုထိုင်တောက်နေရုံနဲ့ ခေါင်းပါသွေးခဲသွားမယ်။

အမှန်တော့ ကျတော်တို့ကြောက်တယ်ဆိုတာ သူများသားသမီးကို ယူပြီး စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင်ထားမိမှာ အဲ့တစ်ခုပဲကြောက်တာ ။ ကျတော်တို့ညားခါစ က ခဏခဏရန်ဖြစ်တယ်။ သူငယ်ချင်းတွေကြောင့် ကျတော့်ရဲ့ workaholic စိတ်ကြောင့်။ ဒီတော့ အရမ်းစိတ်ညစ်ရတယ်။ အဲ့တော့ဘာဖြစ်လဲ သူနဲ့လည်း မျက်နှာချင်းမဆိုင်ချင်တော့ဘူး။

နောက်ဆုံး ကိုယ့်မိဘအိမ် ကိုယ်ပြန်မယ်လို့တောင် တွေးမိလိုက်တယ်။ အဲ့တော့မှသာ ကိုယ့်ကိုကိုယ် ယောင်္ကျားမပီသတဲ့ကောင် ဆိုတာ သိလိုက်ရတယ်။ ဟုတ်တယ်လေ အိမ်ထာင်တစ်ခုတည်ထောင်ထားပြီး ကိုယ့်အိမ်ထောင်ကို သာသာယာယာဖြစ်အောင် မဖန်တီးပေးနိုင်မှတော့ ကျတော့်ကိုကျတော် ငါယောင်္ကျားကောင်းလို့ မပြောချင်တော့ဘူး။

သူများသားသမီးကို သူ့မိဘလက်ထဲကနေ ချစ်လို့ကြိုက်လို့ယူထားပြီး ကိုယ့်လက်ထဲရောက်မှ မိန်းမ တစ်ယောက်ကို စိတ်ချမ်းသာအောင် မထားနိုင် ကိုယ့်ကိုကိုယ် ယောကျ်ားကောင်းတစ်ယောက်လို့ ပြောရမှာ ကျတော်ရှက်တယ်။

အဲ့မှာ စပြီး ကျတော့်ကိုကျတော် ပြင်တယ်။ ကျတော်မကောင်းတဲ့ အချက်တွေကို ကျတော် တတ်နိုင်သလောက်ပြင်သလို သူ့ကိုလည်း ကျတော်မကြိုက်တဲ့ အချက်တွေကို ပြင်ခိုင်းတယ်။ ဒါပေမယ့် လူပဲလေ အကုန်လုံးတော့ဘယ်ပြင်နိုင်မလဲ တစ်ချို့ ုအရာဆို ပြင်မရတဲ့ ခေါက်ရိုးကျိ ုးနေတဲ့အကျင့်တွေတော့ ရှိနေသးတာ။ဥပမာ ကျတော်ဆို အိမ်သာတက်ရင် တံခါးမပိတ်တတ်တဲ့အကျင့် အဲ့ဒါမျိ ုးတွေကြတော့ နားလည်မှုနဲ့ပဲ သွားလိုက်တယ်။

ဒီတော့ အိမ်ထောင်ရေးက ပိုအဆင်ပြေလာတယ်။ အရင်လို အော်ဟစ်ပြီးပြောဆိုရမယ့် နေရာမှာ အတတ်နိုင်ဆုံး ပြေပြပြစ်ပြစ်နဲ့ ပြောတတ်လာတယ်။ နောက်ပြီးအိမ်ထောင်ရေးကြောင့် ဖြစ်လာမယ့် စိတ်ဖိစီးမှု ဒဏ်တွေလျော့ချဖို့ အတွက် အရင်လို အပြင်တွေလျှောက်လျှောက်မသွားတော့ဘူး စိတ်ညစ်စရာပဲရှိရှိ ပျော်စရာပဲရှိရှိသူ့အနားမှာပဲ အချိန်ပေးဖြစ်ပေးတယ်။ နောက်ပြီး သူလုပ်ရမယ့် အိမ် အလုပ်တွေပါ ဝင်လုပ်ပေးတတ်လာတယ်။အဲ့မှာစပြီး မိန်းမကြောက်တယ်လို့အပြောခံရတာပဲ။

ပြောလည်းပြောပြောပါ ငါကယောင်္ကျားပဲကွ ဘာလို့မိန်းမကို လိုက်ဂရုစိုက်ပေးရမှာလဲ ငါသွားချင်သွားမယ် ငါလုပ်ချင်လုပ်မယ် လာပြောလို့ကတော့ ငါ့မိန်းမငါအရိုးကွဲအောင်ရိုက်လိုက်မှာ ဘာညာ ဆိုပြီး ယောင်္ကျားဝါဒီကြီးနဲ့ လူပုံလယ် ဂုဏ်ယူနေတတ်တဲ့သူတွေကိုတွေ့ရင် အိမ်ကသူ့မိန်းမမျက်နှာကို ကျတော်မြင်ယောင်ကြည့်ပြီး တော်တော်သနားတာ။

ကျတော်တို့ကတော့ ရှင်းတယ် ဟရောင် မင်းမိန်းမကိုမင်းကြောက်လားလို့မေးရင် ကြောက်တယ်ပဲ တန်းဖြေမှာ ဘာကိုကြောက်တာလဲမေးရင် အဖြေကတစ်ခုထဲ သူစိတ်ဆင်းရဲနေမှာကြောက်တာ။

Credit #မူရင်းရေးသားသူ

ေအာင္ျမင္တဲ့ ေယာက်ၤားေတြရဲ႕ေနာက္ကြယ္က လက္တစ္စုံ (သို႔)ဇနီးမယား

လြန္ခဲ့တဲ့ရက္သတၱပတ္က က်ေတာ့္ ရဲ႕အမ်ိဳးသမီးေက်ာင္းကျပန္လာတဲ့အခ်ိန္ အိမ္ထဲကို ဝင္ဝင္ခ်င္းပဲ က်ေတာ့္ကိုလွမ္းေမးတာ။ ေမာင္ေရ! ဗ်ာ ဒီေန႔ဘယ္ကိုသြားေသးလဲ က်ေတာ္လည္း ျပန္ေျဖပါတယ္ ဘယ္မွမသြားပါဘူး ဘာလို႔လဲ။ မဟုတ္ပါဘူး ေမာင့္ပိုက္ဆံအိတ္ကို ဗီ႐ိုေပၚမွာ မေတြ႕ပဲ ေမာင့္ ေဘာင္းဘီအိတ္ထဲမွာေတြ႕ေနလို႔ေလ။ ေအာ္ ဒါက ေစာေစာက အာလူးသြားဝယ္ၿပီး ျပန္တက္လာတာ။

ဒါေၾကာင့္ ပိုက္ဆံအိတ္ကို ထုတ္ဖို႔ေမ့သြားတာ။ ဒါေပမယ့္ စဥ္းစားမိတာ တစ္ခုက က်ေတာ္ဆိုတဲ့ေကာင္က ဘယ္မွမသြားရင္ ပိုက္ဆံအိတ္ကို ဗီ႐ိုေပၚတင္ထားတတ္တဲ့ အက်င့္ ရွိတယ္ဆိုတာ ကိုယ့္ဟာကိုယ္ေတာင္ သတိမထားမိဘူး။ ဒါကို သူက သတိထားမိေနေတာ့ ငါ့မိန္းမက ႏွယ္ႏွယ္ရရေတာ့ မဟုတ္ဘူးဆိုတာ သိလိုက္တယ္။ ဆယ့္ႏွစ္ႀကိဳးေလာက္မတတ္ရင္ေတာင္ ဆယ့္တစ္ႀကိဳးခြဲေလာက္ေတာ့ တတ္မယ္ထင္တာပဲ။

ေအာင္ျမင္တဲ့ေယာက်ၤားေတြရဲ႕ေနာက္မွာ သူတို႔ေၾကာက္ရတဲ့မိန္းမေတြရွိတယ္။(ကိုယ့္ဘက္ကိုယ္ယက္ၿပီးေတြးသည္)က်ေတာ္ ေအာင္ျမင္တာ မေအာင္ျမင္တာေတာ့ မသိေသးဘူး။ ဒါေပမယ့္ မိန္းမကို ေၾကာက္ရမွာေတာ့ သိေနတယ္။

ေျပာခ်င္တာကေတာ့ က်ေတာ္တို႔က မိန္းမကိုေၾကာက္တယ္ေၾကာက္တယ္ ေျပာေျပာေနတာ။ တစ္ျခားလူေတြအျမင္မွာေတာ့ ဒီေကာင္ ဘာကိုေၾကာက္လဲလို႔ထင္မိမွာပဲ။ ဟုတ္တယ္ေလ က်ေတာ့္အမ်ိဳ ုးသမီးက ပိန္ပိန္ေလးရယ္ ခုေတာင္ ကိုယ္ဝန္နဲ႔မို႔လို႔အေကာင္က ႀကီးေနတာ။ ဘယ္နားမွာ ေၾကာက္စရာရွိလို႔လဲ ရန္ျဖစ္လို႔ ကိုယ္ကေကြၽးရင္ေတာင္ ပင္ပင္ပန္းပန္းလုပ္စရာမလိုဘူး နဖူးကိုထိုင္ေတာက္ေန႐ုံနဲ႔ ေခါင္းပါေသြးခဲသြားမယ္။

အမွန္ေတာ့ က်ေတာ္တို႔ေၾကာက္တယ္ဆိုတာ သူမ်ားသားသမီးကို ယူၿပီး စိတ္ဆင္းရဲကိုယ္ဆင္းရဲျဖစ္ေအာင္ထားမိမွာ အဲ့တစ္ခုပဲေၾကာက္တာ ။ က်ေတာ္တို႔ညားခါစ က ခဏခဏရန္ျဖစ္တယ္။ သူငယ္ခ်င္းေတြေၾကာင့္ က်ေတာ့္ရဲ႕ workaholic စိတ္ေၾကာင့္။ ဒီေတာ့ အရမ္းစိတ္ညစ္ရတယ္။ အဲ့ေတာ့ဘာျဖစ္လဲ သူနဲ႔လည္း မ်က္ႏွာခ်င္းမဆိုင္ခ်င္ေတာ့ဘူး။

ေနာက္ဆုံး ကိုယ့္မိဘအိမ္ ကိုယ္ျပန္မယ္လို႔ေတာင္ ေတြးမိလိုက္တယ္။ အဲ့ေတာ့မွသာ ကိုယ့္ကိုကိုယ္ ေယာက်ၤားမပီသတဲ့ေကာင္ ဆိုတာ သိလိုက္ရတယ္။ ဟုတ္တယ္ေလ အိမ္ထာင္တစ္ခုတည္ေထာင္ထားၿပီး ကိုယ့္အိမ္ေထာင္ကို သာသာယာယာျဖစ္ေအာင္ မဖန္တီးေပးႏိုင္မွေတာ့ က်ေတာ့္ကိုက်ေတာ္ ငါေယာက်ၤားေကာင္းလို႔ မေျပာခ်င္ေတာ့ဘူး။

သူမ်ားသားသမီးကို သူ႔မိဘလက္ထဲကေန ခ်စ္လို႔ႀကိဳက္လို႔ယူထားၿပီး ကိုယ့္လက္ထဲေရာက္မွ မိန္းမ တစ္ေယာက္ကို စိတ္ခ်မ္းသာေအာင္ မထားႏိုင္ ကိုယ့္ကိုကိုယ္ ေယာက်္ားေကာင္းတစ္ေယာက္လို႔ ေျပာရမွာ က်ေတာ္ရွက္တယ္။

အဲ့မွာ စၿပီး က်ေတာ့္ကိုက်ေတာ္ ျပင္တယ္။ က်ေတာ္မေကာင္းတဲ့ အခ်က္ေတြကို က်ေတာ္ တတ္ႏိုင္သေလာက္ျပင္သလို သူ႔ကိုလည္း က်ေတာ္မႀကိဳက္တဲ့ အခ်က္ေတြကို ျပင္ခိုင္းတယ္။ ဒါေပမယ့္ လူပဲေလ အကုန္လုံးေတာ့ဘယ္ျပင္ႏိုင္မလဲ တစ္ခ်ိဳ႕ ုအရာဆို ျပင္မရတဲ့ ေခါက္႐ိုးက်ိ ုးေနတဲ့အက်င့္ေတြေတာ့ ရွိေနသးတာ။ဥပမာ က်ေတာ္ဆို အိမ္သာတက္ရင္ တံခါးမပိတ္တတ္တဲ့အက်င့္ အဲ့ဒါမ်ိ ုးေတြၾကေတာ့ နားလည္မႈနဲ႔ပဲ သြားလိုက္တယ္။

ဒီေတာ့ အိမ္ေထာင္ေရးက ပိုအဆင္ေျပလာတယ္။ အရင္လို ေအာ္ဟစ္ၿပီးေျပာဆိုရမယ့္ ေနရာမွာ အတတ္ႏိုင္ဆုံး ေျပျပျပစ္ျပစ္နဲ႔ ေျပာတတ္လာတယ္။ ေနာက္ၿပီးအိမ္ေထာင္ေရးေၾကာင့္ ျဖစ္လာမယ့္ စိတ္ဖိစီးမႈ ဒဏ္ေတြေလ်ာ့ခ်ဖို႔ အတြက္ အရင္လို အျပင္ေတြေလွ်ာက္ေလွ်ာက္မသြားေတာ့ဘူး စိတ္ညစ္စရာပဲရွိရွိ ေပ်ာ္စရာပဲရွိရွိသူ႔အနားမွာပဲ အခ်ိန္ေပးျဖစ္ေပးတယ္။ ေနာက္ၿပီး သူလုပ္ရမယ့္ အိမ္ အလုပ္ေတြပါ ဝင္လုပ္ေပးတတ္လာတယ္။အဲ့မွာစၿပီး မိန္းမေၾကာက္တယ္လို႔အေျပာခံရတာပဲ။

ေျပာလည္းေျပာေျပာပါ ငါကေယာက်ၤားပဲကြ ဘာလို႔မိန္းမကို လိုက္ဂ႐ုစိုက္ေပးရမွာလဲ ငါသြားခ်င္သြားမယ္ ငါလုပ္ခ်င္လုပ္မယ္ လာေျပာလို႔ကေတာ့ ငါ့မိန္းမငါအ႐ိုးကြဲေအာင္႐ိုက္လိုက္မွာ ဘာညာ ဆိုၿပီး ေယာက်ၤားဝါဒီႀကီးနဲ႔ လူပုံလယ္ ဂုဏ္ယူေနတတ္တဲ့သူေတြကိုေတြ႕ရင္ အိမ္ကသူ႔မိန္းမမ်က္ႏွာကို က်ေတာ္ျမင္ေယာင္ၾကည့္ၿပီး ေတာ္ေတာ္သနားတာ။

က်ေတာ္တို႔ကေတာ့ ရွင္းတယ္ ဟေရာင္ မင္းမိန္းမကိုမင္းေၾကာက္လားလို႔ေမးရင္ ေၾကာက္တယ္ပဲ တန္းေျဖမွာ ဘာကိုေၾကာက္တာလဲေမးရင္ အေျဖကတစ္ခုထဲ သူစိတ္ဆင္းရဲေနမွာေၾကာက္တာ။

Credit #မူရင္းေရးသားသူ