Unicode
မိုးတွင်းကာလဆိုတာ ဦးရေပြားပေါ်မှာ ယားယံမှုတွေကို ဖြစ်ပေါ်စေတဲ့ကာလပါ။ အုန်းဆီကို အနွေးဓာတ်ပေးပြီး ဦးရေပြားပေါ် လိမ်းခြယ်နှိပ်နယ်ပေးပါ။
ဆံပင်ကို မိုးရေမစိုအောင် ဂရုစိုက်ပါ။ စိုသွားရင် ရှန်ပူနဲ့ချက်ချင်းခေါင်းလျှော်ပြီး အခြောက်ခံပါ။
မိုးတွင်းကာလမှာ ရှန်ပူအပျော့စားနဲ့ ခေါင်းလျှော်ပါ။ Conditioner ကိုလည်း သုံးပေးပါ။
မိုးတွင်းတလျှောက်လုံး ဆံပင်အရောင်ဆိုးခြင်းကို ရှောင်ကြဉ်ပါ။
ဆံသားတောက်ပမှုကို ထိန်းသိမ်းဖို့ ဓာတုပစ္စည်းမပါတဲ့ သဘာဝထုတ်ကုန်တွေကို အသုံးပြုပါ။
လှပဖို့အားစိုက်ထုတ်နေရတဲ့ပုံစံထက် သဘာဝကျတဲ့ဆံပင်ပုံစံမျိုး ညှပ်ပါ။
ခေါင်းလျှော်ပြီးရင် လေမှုတ်စက်မသုံးဘဲ တဘက်နဲ့အခြောက်ခံပြီး အစိုဓာတ်ထိန်းသိမ်းပေးပါ။
သိမှတ်သင့်တဲ့ဗဟုသုတလေးတွေကို ပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။