ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုခြင်းကြောင့် ကြုံတွေ့နိုင်တဲ့ ဒုက္ခ ဆိုးကျိုး (၇) ချက်

ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုခြင်းကြောင့် ကြုံတွေ့နိုင်တဲ့ ဒုက္ခ ဆိုးကျိုး (၇) ချက်

ယနေ့ခေတ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရှေ့ရေးကို သိပ်မတွေးကြဘဲ အိမ်ထောင်ပြုကြသူတွေ တစ်နေ့တစ်ခြား များပြား လာနေပါတယ်။ရည်းစား သက်တမ်း အချိန်တိုတိုလေးနဲ့ စောစီးစွာလက်ထပ်တာဟာ romantic ဆန်တယ်လို့ ထင်ရပေမယ့်၊ငယ်ရွယ်တဲ့ သူတွေ ဖြစ်တဲ့ဖြစ်တဲ့အတွက် အိမ်ထောင်ရေး၊ စီး ပွားရေး ပြဿနာတွေကိုကြုံတွေ့လာနိုင် ပါတယ်။

အိမ်ထောင်ပြုတယ် ဆိုတာဟာ နှစ်ယောက် အတူ လက်တွဲညီညီ တည်ဆောက် ရတဲ့ အရာဖြစ်ပြီး တစ်ယောက်ကို တစ်ယေ ာက် နားလည်မှု ရှိဖို့ အရေးကြီး တာကြောင့် မတည်ငြိမ်၊မရင့်ကျက်သေးတဲ့ အရွယ်မှာ အိမ်ထောင်ပြုခြင်းဟာ ဘဝကိုရင်ဆိုင်ဖို့ခက်ခဲတဲ့အခြေအနေတွေ ဖြစ်ပေါ် လာစေ တတ်ပါ တ ယ်။ ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုခြင်းကြောင့် ဖြစ်ပေါ်လာ နိုင်တဲ့ အကျိုးဆက် (၇) ချက်ကို ဖော်ပြပေး လိုက်ပါ တယ်။

၁။ တာဝန်ယူမှု၊ငယ်ရွယ်တဲ့ အသက်အပိုင်း အခြားမှာ အိမ် ထောင်ရေး တာဝန်ယူမှု ဆိုတာ မနိုင်ဝန်တစ်ခု ဖြစ်လာပါတ ယ်။ တစ်အိမ်လုံးရဲ့ ဝေယျာဝစ္စတွေကို၊တာဝန်ယူရပြီး ကလေးတွေရလာတဲ့အခါမှာလည်း များပြားလှတဲ့ တာဝန်တွေကို အ ရွယ်နဲ့မလိုက်အောင် တာဝန်ယူရတဲ့အတွက်၊အခက်အခဲမျိုးစုံကို ကြုံတွေ့ရတတ် ပါတယ်။ဘယ်နေရာမှာဖြစ်ဖြစ် အသက်အရွယ်အလိုက် တာဝန်ယူမှုတွေကို ခွဲခြား ထားပါတယ်။
ဥပမာ- ဒရိုင်ဘာ လိုင်စင် လုပ် တဲ့ အ ခါ၊ မဲပေးခွင့်၊ စစ်ထဲဝင်တဲ့ အခါ၊ အလုပ်လျှောက်တဲ့အခါတွေနဲ့ ဖေ့ဘွတ်ခ် အကောင့် ဖွင့်ရင်တောင်မှ၊အသက်အရွယ်ကို ကန့်သတ် ထားပါတယ်။ ဒါဟာ ဘာကြောင့်လည်း ဆိုတော့ အသက်မပြည့်ခြင်းဟာ တာဝန်ယူမှု၊ တာဝန်ခံမှု၊အားနည်းသေး တာကြောင့် ဖြစ်ပြီး အိမ်ထောင်ပြုတဲ့ကိစ္စလို ကြီးမားတဲ့ တာဝန်တွေကို ထမ်းဖို့ မလုံလောက်သေး တာကြော င့်ပဲ ဖြစ်ပါတယ်။

 

၂။ ဆယ်ကျော်သက်ဘဝ၊ငယ်ရွယ်တဲ့အချိန်မှာ အိမ်ထောင်ပြု တာဟာ လူငယ်တစ်ယောက်ရဲ့ပျော်စရာအချိန်တွေကို ပျောက် ဆုံး တာပဲ ဖြစ်ပါတယ်။မရင့်ကျက်သေးတဲ့ စိတ်နဲ့ ငြီးငွေ့ဖွယ် အိမ်ထောင်သည် ဘဝကို တစ်သက်၊တာလုံးလျှောက်လှမ်းရမှာဖြစ်တဲ့ အတွက် အိမ်ထောင်ရေး တ င်းမာမှုတွေ၊ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ရဖွယ် ရှိပါ တယ်။ကိုယ့်ရဲ့စိတ်ကို ကိုယ်တိုင် ဦးမဆောင်နိုင်တဲ့ အတွက်လည်း ပြဿနာတွေကို ဖြေရှင်းဖို့ အခက်အခဲ မျိုးစုံနဲ့ မှားယွင်း မှုတွေ ကြုံလာ နိုင်ပါ လိမ့်မယ်။

၃။ ကွာရှင်းပြတ်စဲခြင်း၊ကွာရှင်းပြတ်စဲမှုတွေဟာ အရွယ်အပိုင်း အခြားမရွေးသော်လည်း ငယ်ရွယ်တဲ့ အခြေအနေမှာ ပိုမိုဖြစ် ပွား တတ်ပါတယ် ။ ငြီးငွေ့စရာအိမ်ထောင်ရေး တာဝန်တွေကို အရွယ်နဲ့မမျှအောင် ထမ်းဆောင် ရတာဖြစ်တဲ့ အတွက် စီးပွာ းရေး အဆင်မပြေမှုတွေ၊အိမ်ထောင်ရေး မပြေလည်မှုတွေမှာ တစ်ယောက်ကို တစ်ယေ ာက် သည်းခံနိုင်စွမ်း မရှိပဲ အချိန်တိုင်းရန် ဖြစ်နေရတတ် ပါတယ်။ဒီလိုနဲ့ စိတ်သဘော ထားခြင်း မတိုက်ဆိုင်လို့ အလွယ် တကူ ကွာရှင်းလိုက် ရင်တောင်မှ ပုံမှန်ဘဝအတိုင်း ပြန်ဖြစ်ဖို့ မလွယ်တော့ဘူး ဆိုတာကို သဘောပေါက် သင့်ပါတယ်။

၄။ ပညာရေး၊ဆယ်ကျော်သက် အရွယ်မှာတင် အိမ်ထောင်ကျတဲ့ လူငယ်တွေဟာ ပညာရေးဆုံးခန်းတိုင်မှာမ ဟုတ်ပါဘူး။ အိမ်ထောင်ကျပြီးတဲ့ အခါမှာ လည်း၊မိသားစုတာဝန်တွေနဲ့ ဝင်ငွေ အခက်အခဲတွေကြောင့်ပညာဆက်လက် သင်ကြားဖို့ ဆိုတာ လုံးဝမလွယ်ကူတဲ့ ကိစ္စဖြစ် ပါတယ်။တကယ်လို့ သူတို့ ကိုယ်တိုင်၊ပညာရေးမပြည့်ဝတဲ့မိဘတွေဖြစ်လာတဲ့အခါမှာလည်း ကိုယ်ရဲ့သားသမီးတွေကို ထူးချွန်ထက်မြက်အောင် ပံ့ပိုးပေးဖို့အလွန်ပဲ ခက်ခဲပါလိမ့်မယ်။

၅။ အလုပ်၊ပညာရေး မပြည့်ဝတာနဲ့အမျှ အလုပ်တစ်ခုလျှောက်ဖို့ မလွယ်ကူတော့ သလို ဘယ်အလုပ်မဆို အသက် အပိုင်းအ ခြား ကလည်း ကန့်သတ် ထားပါသေး တယတကယ်တမ်း အထက်တန်း အဆင့်အောင်မြင် ရင်တောင်မှ လ စာနည်းပါးတဲ့ အလုပ်နဲ့ ပင်ပင်ပန်းပန်း လုပ်ကိုင် ရမှာဖြစ် တာကြောင့် ငယ်ရွယ်တဲ့ အချိန်မှာ၊ ပညာကိုပြည့်ဝအောင် အရင်ဆုံး သင်ကြားထား သင့်ပါတယ်။

၆။ ကလေးတွေကြီးပြင်းစေဖို့၊ကလေးတွေ ရလာခဲ့ရင် သူတို့ကို ကြီးပြင်းအောင် ပြုစုပျိုးထောင်ဖို့ ခက်ခဲ ပါလိမ့်မယ်။ ငယ်ရွ ယ်သူ မိဘတွေဖြစ်တဲ့ အတွက် ကလေးတွေ ကိုပြုစု ပျိုးထေ ာင်ဖို့၊သူတို့ရဲ့အသိမှာ ကန့်သတ်ချက် ရှိနေတာကြောင့် သင့် လျော်တဲ့ စောက်ရှောက်မှုတွေ၊ အုပ်ထိန်းမှုတွေ ပေးနိုင် လိမ့် မည် မဟုတ်ပါ။

 

၇။ ကျန်းမာရေး၊ငယ်ရွယ်တဲ့ အသက်အရွယ်မှာ လိင်မှုကိစ္စနဲ့ ကိုယ်ဝန်ဆောင်တဲ့ ကိစ္စတွေမှာ ကျန်းမာရေးအနေနဲ့ အလွန်ပဲ အန္တရာယ် များလှ ပါတယ်။အထူးသဖြင့် မိန်းကလေးတွေမှာ ပိုပြီး အန္တရာယ် များပါတယ်။ စောစောစီးစီး နုနယ်တဲ့အရွယ်မှာ လက်ထပ်တာဟာ ရင်ခုန်စရာ၊
စိတ်ကူးယဉ် စရာကောင်းတယ်လို့၊ထင်နိုင်ပေမယ့် ဒါတွေကပဲ ပြဿနာတွေဖြစ်လာတတ်ပါတယ်။ဒါကြောင့်လည်း နိုင်ငံတိုင်းလိုလိုမှာ အိမ်ထောင်ပြုခြင်းနဲ့ ပတ်သတ်ပြီး အသက်အရွယ် ထိန်းချုပ်ထားတဲ့ ဥပဒေတွေ သတ်မှတ် ထားတာဖြစ် ပါတယ်။

ဘာပဲဖြစ်ဖြစ် အိမ်ထောင်ပြုခြင်းဟာ အချိန်တန်ရင် လူတိုင်းပြုလုပ် သင့်တဲ့ အရာဖြစ်ပေမယ့် အရွယ်မတိုင်ခင်မှာ လုံးဝ မစဉ်းစား သင့်သေးပဲ ပညာရေး..၊ အလုပ်အကိုင်နဲ့ ငွေကြေးကိုသာ အဓိကထားရှာဖွေသင့်သေးကြောင်း အကြံပြု လိုပါတယ်။

Credit Original writer

zawgyi

ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အိမ္ေထာင္ျပဳျခင္းေၾကာင့္ ႀကဳံေတြ႕ႏိုင္တဲ့ ဒုကၡ ဆိုးက်ိဳး (၇) ခ်က္

ယေန႔ေခတ္မွာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေရွ႕ေရးကို သိပ္မေတြးၾကဘဲ အိမ္ေထာင္ျပဳၾကသူေတြ တစ္ေန႔တစ္ျခား မ်ားျပား လာေနပါတယ္။ရည္းစား သက္တမ္း အခ်ိန္တိုတိုေလးနဲ႔ ေစာစီးစြာလက္ထပ္တာဟာ romantic ဆန္တယ္လို႔ ထင္ရေပမယ့္၊ငယ္႐ြယ္တဲ့ သူေတြ ျဖစ္တဲ့ျဖစ္တဲ့အတြက္ အိမ္ေထာင္ေရး၊ စီး ပြားေရး ျပႆနာေတြကိုႀကဳံေတြ႕လာႏိုင္ ပါတယ္။

အိမ္ေထာင္ျပဳတယ္ ဆိုတာဟာ ႏွစ္ေယာက္ အတူ လက္တြဲညီညီ တည္ေဆာက္ ရတဲ့ အရာျဖစ္ၿပီး တစ္ေယာက္ကို တစ္ေယ ာက္ နားလည္မႈ ရွိဖို႔ အေရးႀကီး တာေၾကာင့္ မတည္ၿငိမ္၊မရင့္က်က္ေသးတဲ့ အ႐ြယ္မွာ အိမ္ေထာင္ျပဳျခင္းဟာ ဘဝကိုရင္ဆိုင္ဖို႔ခက္ခဲတဲ့အေျခအေနေတြ ျဖစ္ေပၚ လာေစ တတ္ပါ တ ယ္။ ဒါေၾကာင့္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အိမ္ေထာင္ျပဳျခင္းေၾကာင့္ ျဖစ္ေပၚလာ ႏိုင္တဲ့ အက်ိဳးဆက္ (၇) ခ်က္ကို ေဖာ္ျပေပး လိုက္ပါ တယ္။

၁။ တာဝန္ယူမႈ၊ငယ္႐ြယ္တဲ့ အသက္အပိုင္း အျခားမွာ အိမ္ ေထာင္ေရး တာဝန္ယူမႈ ဆိုတာ မႏိုင္ဝန္တစ္ခု ျဖစ္လာပါတ ယ္။ တစ္အိမ္လုံးရဲ႕ ေဝယ်ာဝစၥေတြကို၊တာဝန္ယူရၿပီး ကေလးေတြရလာတဲ့အခါမွာလည္း မ်ားျပားလွတဲ့ တာဝန္ေတြကို အ ႐ြယ္နဲ႔မလိုက္ေအာင္ တာဝန္ယူရတဲ့အတြက္၊အခက္အခဲမ်ိဳးစုံကို ႀကဳံေတြ႕ရတတ္ ပါတယ္။ဘယ္ေနရာမွာျဖစ္ျဖစ္ အသက္အ႐ြယ္အလိုက္ တာဝန္ယူမႈေတြကို ခြဲျခား ထားပါတယ္။
ဥပမာ- ဒ႐ိုင္ဘာ လိုင္စင္ လုပ္ တဲ့ အ ခါ၊ မဲေပးခြင့္၊ စစ္ထဲဝင္တဲ့ အခါ၊ အလုပ္ေလွ်ာက္တဲ့အခါေတြနဲ႔ ေဖ့ဘြတ္ခ္ အေကာင့္ ဖြင့္ရင္ေတာင္မွ၊အသက္အ႐ြယ္ကို ကန္႔သတ္ ထားပါတယ္။ ဒါဟာ ဘာေၾကာင့္လည္း ဆိုေတာ့ အသက္မျပည့္ျခင္းဟာ တာဝန္ယူမႈ၊ တာဝန္ခံမႈ၊အားနည္းေသး တာေၾကာင့္ ျဖစ္ၿပီး အိမ္ေထာင္ျပဳတဲ့ကိစၥလို ႀကီးမားတဲ့ တာဝန္ေတြကို ထမ္းဖို႔ မလုံေလာက္ေသး တာေၾကာ င့္ပဲ ျဖစ္ပါတယ္။

၂။ ဆယ္ေက်ာ္သက္ဘဝ၊ငယ္႐ြယ္တဲ့အခ်ိန္မွာ အိမ္ေထာင္ျပဳ တာဟာ လူငယ္တစ္ေယာက္ရဲ႕ေပ်ာ္စရာအခ်ိန္ေတြကို ေပ်ာက္ ဆုံး တာပဲ ျဖစ္ပါတယ္။မရင့္က်က္ေသးတဲ့ စိတ္နဲ႔ ၿငီးေငြ႕ဖြယ္ အိမ္ေထာင္သည္ ဘဝကို တစ္သက္၊တာလုံးေလွ်ာက္လွမ္းရမွာျဖစ္တဲ့ အတြက္ အိမ္ေထာင္ေရး တ င္းမာမႈေတြ၊ စိတ္ဖိစီးမႈေတြကို ရင္ဆိုင္ရဖြယ္ ရွိပါ တယ္။ကိုယ့္ရဲ႕စိတ္ကို ကိုယ္တိုင္ ဦးမေဆာင္ႏိုင္တဲ့ အတြက္လည္း ျပႆနာေတြကို ေျဖရွင္းဖို႔ အခက္အခဲ မ်ိဳးစုံနဲ႔ မွားယြင္း မႈေတြ ႀကဳံလာ ႏိုင္ပါ လိမ့္မယ္။

၃။ ကြာရွင္းျပတ္စဲျခင္း၊ကြာရွင္းျပတ္စဲမႈေတြဟာ အ႐ြယ္အပိုင္း အျခားမေ႐ြးေသာ္လည္း ငယ္႐ြယ္တဲ့ အေျခအေနမွာ ပိုမိုျဖစ္ ပြား တတ္ပါတယ္ ။ ၿငီးေငြ႕စရာအိမ္ေထာင္ေရး တာဝန္ေတြကို အ႐ြယ္နဲ႔မမွ်ေအာင္ ထမ္းေဆာင္ ရတာျဖစ္တဲ့ အတြက္ စီးပြာ းေရး အဆင္မေျပမႈေတြ၊အိမ္ေထာင္ေရး မေျပလည္မႈေတြမွာ တစ္ေယာက္ကို တစ္ေယ ာက္ သည္းခံႏိုင္စြမ္း မရွိပဲ အခ်ိန္တိုင္းရန္ ျဖစ္ေနရတတ္ ပါတယ္။ဒီလိုနဲ႔ စိတ္သေဘာ ထားျခင္း မတိုက္ဆိုင္လို႔ အလြယ္ တကူ ကြာရွင္းလိုက္ ရင္ေတာင္မွ ပုံမွန္ဘဝအတိုင္း ျပန္ျဖစ္ဖို႔ မလြယ္ေတာ့ဘူး ဆိုတာကို သေဘာေပါက္ သင့္ပါတယ္။

၄။ ပညာေရး၊ဆယ္ေက်ာ္သက္ အ႐ြယ္မွာတင္ အိမ္ေထာင္က်တဲ့ လူငယ္ေတြဟာ ပညာေရးဆုံးခန္းတိုင္မွာမ ဟုတ္ပါဘူး။ အိမ္ေထာင္က်ၿပီးတဲ့ အခါမွာ လည္း၊မိသားစုတာဝန္ေတြနဲ႔ ဝင္ေငြ အခက္အခဲေတြေၾကာင့္ပညာဆက္လက္ သင္ၾကားဖို႔ ဆိုတာ လုံးဝမလြယ္ကူတဲ့ ကိစၥျဖစ္ ပါတယ္။တကယ္လို႔ သူတို႔ ကိုယ္တိုင္၊ပညာေရးမျပည့္ဝတဲ့မိဘေတြျဖစ္လာတဲ့အခါမွာလည္း ကိုယ္ရဲ႕သားသမီးေတြကို ထူးခြၽန္ထက္ျမက္ေအာင္ ပံ့ပိုးေပးဖို႔အလြန္ပဲ ခက္ခဲပါလိမ့္မယ္။

၅။ အလုပ္၊ပညာေရး မျပည့္ဝတာနဲ႔အမွ် အလုပ္တစ္ခုေလွ်ာက္ဖို႔ မလြယ္ကူေတာ့ သလို ဘယ္အလုပ္မဆို အသက္ အပိုင္းအ ျခား ကလည္း ကန္႔သတ္ ထားပါေသး တယတကယ္တမ္း အထက္တန္း အဆင့္ေအာင္ျမင္ ရင္ေတာင္မွ လ စာနည္းပါးတဲ့ အလုပ္နဲ႔ ပင္ပင္ပန္းပန္း လုပ္ကိုင္ ရမွာျဖစ္ တာေၾကာင့္ ငယ္႐ြယ္တဲ့ အခ်ိန္မွာ၊ ပညာကိုျပည့္ဝေအာင္ အရင္ဆုံး သင္ၾကားထား သင့္ပါတယ္။

၆။ ကေလးေတြႀကီးျပင္းေစဖို႔၊ကေလးေတြ ရလာခဲ့ရင္ သူတို႔ကို ႀကီးျပင္းေအာင္ ျပဳစုပ်ိဳးေထာင္ဖို႔ ခက္ခဲ ပါလိမ့္မယ္။ ငယ္႐ြ ယ္သူ မိဘေတြျဖစ္တဲ့ အတြက္ ကေလးေတြ ကိုျပဳစု ပ်ိဳးေထ ာင္ဖို႔၊သူတို႔ရဲ႕အသိမွာ ကန္႔သတ္ခ်က္ ရွိေနတာေၾကာင့္ သင့္ ေလ်ာ္တဲ့ ေစာက္ေရွာက္မႈေတြ၊ အုပ္ထိန္းမႈေတြ ေပးႏိုင္ လိမ့္ မည္ မဟုတ္ပါ။

၇။ က်န္းမာေရး၊ငယ္႐ြယ္တဲ့ အသက္အ႐ြယ္မွာ လိင္မႈကိစၥနဲ႔ ကိုယ္ဝန္ေဆာင္တဲ့ ကိစၥေတြမွာ က်န္းမာေရးအေနနဲ႔ အလြန္ပဲ အႏၲရာယ္ မ်ားလွ ပါတယ္။အထူးသျဖင့္ မိန္းကေလးေတြမွာ ပိုၿပီး အႏၲရာယ္ မ်ားပါတယ္။ ေစာေစာစီးစီး ႏုနယ္တဲ့အ႐ြယ္မွာ လက္ထပ္တာဟာ ရင္ခုန္စရာ၊
စိတ္ကူးယဥ္ စရာေကာင္းတယ္လို႔၊ထင္ႏိုင္ေပမယ့္ ဒါေတြကပဲ ျပႆနာေတြျဖစ္လာတတ္ပါတယ္။ဒါေၾကာင့္လည္း ႏိုင္ငံတိုင္းလိုလိုမွာ အိမ္ေထာင္ျပဳျခင္းနဲ႔ ပတ္သတ္ၿပီး အသက္အ႐ြယ္ ထိန္းခ်ဳပ္ထားတဲ့ ဥပေဒေတြ သတ္မွတ္ ထားတာျဖစ္ ပါတယ္။

ဘာပဲျဖစ္ျဖစ္ အိမ္ေထာင္ျပဳျခင္းဟာ အခ်ိန္တန္ရင္ လူတိုင္းျပဳလုပ္ သင့္တဲ့ အရာျဖစ္ေပမယ့္ အ႐ြယ္မတိုင္ခင္မွာ လုံးဝ မစဥ္းစား သင့္ေသးပဲ ပညာေရး..၊ အလုပ္အကိုင္နဲ႔ ေငြေၾကးကိုသာ အဓိကထားရွာေဖြသင့္ေသးေၾကာင္း အႀကံျပဳ လိုပါတယ္။

Credit Original writer