အချိန်တိုအတွင်း ဝက်ခြံ အမာရွတ်တွေကို ပျောက်ကင်းစေနိုင်မယ့် သဘာဝနည်းလမ်းမျာ

အချိန်တိုအတွင်း ဝက်ခြံ အမာရွတ်တွေကို ပျောက်ကင်းစေနိုင်မယ့် သဘာဝနည်းလမ်းများ

မျက်နှာ အသားအရေပေါ်မှာ ဝက်ခြံပေါက်တဲ့အခါ စိတ်ညစ်ရသလို ဝက်ခြံပေါက်ပြီးတဲ့အခါ ကျန်ခဲ့တဲ့ ဝက်ခြံအမာရွတ် ချိုင့်ခွက်တွေကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်ကြရပြန်ပါတယ်။

အချိန်တိုအတွင်း ဝက်ခြံ အမာရွတ်တွေကို ပျောက်ကင်းစေနိုင်မယ့် သဘာဝနည်းလမ်းများ

ဝက်ခြံ ပျောက်သွားသည့်တိုင်အောင် ကျန်ခဲ့တဲ့ အမာရွတ်တွေကြောင့် စိတ်မညစ်ရလေအောင် ဝက်ခြံ အမာရွတ်တွေကို အချိန်တို အတွင်း ပျောက်ကင်းစေနိုင်မယ့် သဘာဝ နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက် ပါတယ်။

အချိန်တိုအတွင်း ဝက်ခြံ အမာရွတ်တွေကို ပျောက်ကင်းစေနိုင်မယ့် သဘာဝနည်းလမ်းများ

 

(၁) သခွားသီးကို ကြိတ်ချေပြီးရလာတဲ့ သခွားရည်ကို ဂွမ်းစလေးနဲ့တို့ပြီး ဝက်ခြံအမာရွတ်တွေပေါ်မှာ ပုံမှန်သုတ်လိမ်း ပေးမယ်ဆိုရင် ဝက်ခြံအမာရွတ်တွေကို ပျောက်ကင်းစေနိုင်တဲ့ အပြင် ဝက်ခြံတွေ ထပ်မထွက် လာစေဖို့လည်း ကာကွယ်ပေး နိုင်ပါတယ်။

(၂) အိန္ဒိယ တိုင်းရင်းဆေးနည်းတွေထဲမှာ မပါမဖြစ် အသုံးပြုကြ တဲ့ နနွင်းဟာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အပြင် ဝက်ခြံပေါက်ပြီး ကျန်ခဲ့တဲ့ အမာရွတ် ချိုင့်ခွက်တွေကိုပါ ပျောက်ကင်းစေနိုင် ပါတယ်ဒီနည်း

နနွင်း လက်ဖက်ရည်ဇွန်း တဇွန်းနဲ့ သံပုရာရည် အနည်းငယ်ကို ရောပြီး ဝက်ခြံ အမာရွတ်တွေပေါ်မှာ တနေ့ နှစ်ကြိမ်ခန့် လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

(၃) နနွင်း၊ ဒိန်ချဉ်နဲ့ အုန်းဆီတို့ကို ဆတူ ရောထားတဲ့အရောကို ဝက်ခြံအမာရွတ်တွေပေါ်မှာ လိမ်းပေးပြီး ခြောက်သွေ့တဲ့ အထိ ထားပြီးမှ ရေနဲ့ပြန်လည် ဆေးကြောပေးပါ။

ဒီနည်းလမ်းကို တပတ်မှာ ၃ ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့ သိသာထူးခြားတဲ့ ရလဒ်ကို ရရှိမှာပဲဖြစ်ပါတယ်။

(၄) ပျားရည် လက်ဖက် ရည်ဇွန်း တဇွန်းနဲ့ သံပုရာရည် အနည်းငယ်တို့ကို ရောထားတဲ့ အရောကို ဂွမ်းစလေးကို အသုံးပြုပြီး ဝက်ခြံအမာရွတ်တွေပေါ်မှာ တနေ့ ၂ ကြိမ်ခန့် လိမ်းပေးခြင်းဖြင့်လည်း ပျောက်ကင်းစေနိုင်ပါတယ်။

(၅) ပန်းသီးရှာလကာရည်ကို ရေအနည်းငယ်နဲ့ရောပြီး ဝက်ခြံအမာရွတ်တွေပေါ်မှာ လိမ်းပေးခြင်းအားဖြင့် လည်း ဝက်ခြံ အမာရွတ်တွေကို အချိန်တိုအတွင်း ပျောက်ကင်းစေ နိုင်ပါတယ်။

Credit

zawgyi













Credit