နစ်နာစေတဲ့ အချစ်မျိုးဖြစ်အောင် မချစ်ကြဖို့ သတိပေးလိုက် တဲ့ ပုညခင်…

နစ်နာစေတဲ့ အချစ်မျိုးဖြစ်အောင် မချစ်ကြဖို့ သတိပေးလိုက် တဲ့ ပုညခင်…

လွန်ခဲ့တဲ့နှစ်တွေကတည်းကရင်သပ်ရှု့မောဖွယ် ဇာတ်အချိုးအကွေ့အဖွဲ့အနွဲ့အသုံးအနှုန်းတွေနဲ့ ဝတ္ထုစာအုပ်ပေါင်းများစွာထုတ်ပြီးပရိသတ်တွေ ရင်ထဲကိုဝင်ရောက်လာခဲ့တဲ့ပုညခင်ဆိုတဲ့ စာရေးဆရာမကိုလူတိုင်းနီးပါးသိကြမှာပါ။

ပုညခင်ဟာစာရေးဆရာမသက်သက်တင်မဟုတ်၊ ဇာတ်ညွှန်းတွေကြုံရင်ရေးသားသူလည်းဖြစ်တဲ့အပြင်စာအုပ်တွေထဲမှာ

လူငယ်တွေအတွက်ချစ်မှုရေးရာအကြံပေးစကားတွေလည်း အားရှိစရာထည့်သွင်းရေးသားတတ်တဲ့ အားကိုးချင်စရာအချစ်ရေး အကြံပေးတစ်ဦးလည်းဖြစ်ပါသေးတယ်။

ပုညခင်က မီဒီယာတွေနဲ့အင်တာဗျူးမှာ အချစ်အပေါ် ခံယူချက်တွေနဲ့ လူငယ်တွေအတွက် အကြံပေးစကားအချို့ကို ဖြေကြားထားပေးပါတယ် …။

ပုညခင်ကသူမရဲ့ချစ်ခြင်းမေတ္တာအပေါ် ရှု့မြင်ပုံကို “အချစ်ဆိုတာကတော့အနည်းဆုံးတော့တစ်ယောက်နဲ့ တစ်ယောက် လူဆိုတာ အတ္တမကင်းဘူး ဆိုပေမယ့်လည်း

အတ္တကို လျှော့ပြီးတော့တစ်ယောက်နဲ့ တစ်ယောက်ညှိုနှိုင်းရမယ့်အရာမျိုးလို့ အစ်မကတော့ ထင်ပါတယ်”လို့ဆရာမကပြောပြထားပါတယ် …။

ပုညခင်ကသူမရဲ့အိမ်ထောင်ရေးအကြောင်းကိုလည်း “အစ်မက အသက်သုံးဆယ်ကျော်မှ အိမ်ထောင်ကျတာ။ အိမ်ထောင်ကျတော့ (၃၇) နှစ် ရှိပါပြီ။

အစ်မထက် ငယ်တဲ့လူနဲ့အိမ်ထောင်ကျတာပါ။ အစ်မထက်ငယ်တယ်ဆိုပေမယ့်အစ်မထက် ရှစ်နှစ်လောက်ငယ်တာပေါ့နော်။ ငယ်ပေမယ့်အခု အိမ်ထောင်သက်က ကိုးနှစ်လောက် ရှိပါပြီ …”လို့ ပြောပြထားပါတယ် …။

ပုညခင်ကအချစ်ရေးပင်လယ်ထဲမှာမြှပ်ချီပေါ်ချီ ကူးခတ် နေကြဆဲဖြစ်တဲ့သူမရဲ့စာဖတ်ပရိသတ်မနူးမနပ် လူငယ်လေးတွေ အတွက်လည်း

စေတနာဗရပွနဲ့ အကြံပေးစကားတွေကို “လူငယ်တွေကို ပြောချင်တာကတော့ အချစ်ဆိုတဲ့ဟာအပေါ်မှာအရမ်းကြီး ရူးသွပ်နေတာမျိုးမဟုတ်ပဲနဲ့လေ တစ်ယောက်နဲ့ တစ်ယောက် နစ်နာစေတဲ့ အချစ်မျိုး မဖြစ်အောင်ပေါ့နော် …။

ကိုယ်ကလည်း ကိုယ်ချစ်တဲ့သူကိုနစ်နာမသွားအောင် ကိုယ့်ကြောင့် ဆုတ်ယုတ် မသွားအောင်၊

ကိုယ်ချစ်တဲ့သူကလည်း ကိုယ့်ကို နစ်နာအောင် လုပ်ရင်လည်း ဒီအပေါ်မှာ ကိုယ့်ဘဝပျက်စီးမသွားပဲနဲ့ ကိုယ့်ဘဝကိုယ် ထိန်းကွပ်နိုင်အောင် အများကြီး ကြိုးစားသင့်တယ်လို့ အစ်မကတော့ထင်ပါတယ်”လို့ သေချာလေး ပြောပြထားပါတယ် …။

ပရိသတ်ကြီးထဲမှာရော.. ပုညခင်စာအုပ်တွေကို စွဲစွဲလန်းလန်း ဖတ်ရှု့သူတွေ ရှိကြလား။ ပုညခင်ရဲ့ နောက်ထွက်လာမယ့် စာအုပ်တွေကိုရော.. အားပေးဖို့ အသင့်ပဲလား …?

Credit to original

Zawgyi

နစ္နာေစတဲ့ အခ်စ္မ်ိဳးျဖစ္ေအာင္ မခ်စ္ၾကဖို႔ သတိေပးလိုက္ တဲ့ ပုညခင္…

လြန္ခဲ့တဲ့ႏွစ္ေတြကတည္းကရင္သပ္ရႈ႕ေမာဖြယ္ ဇာတ္အခ်ိဳးအေကြ႕အဖြဲ႕အႏြဲ႕အသုံးအႏႈန္းေတြနဲ႔ ဝတၳဳစာအုပ္ေပါင္းမ်ားစြာထုတ္ၿပီးပရိသတ္ေတြ ရင္ထဲကိုဝင္ေရာက္လာခဲ့တဲ့ပုညခင္ဆိုတဲ့ စာေရးဆရာမကိုလူတိုင္းနီးပါးသိၾကမွာပါ။

ပုညခင္ဟာစာေရးဆရာမသက္သက္တင္မဟုတ္၊ ဇာတ္ၫႊန္းေတြႀကဳံရင္ေရးသားသူလည္းျဖစ္တဲ့အျပင္စာအုပ္ေတြထဲမွာ

လူငယ္ေတြအတြက္ခ်စ္မႈေရးရာအႀကံေပးစကားေတြလည္း အားရွိစရာထည့္သြင္းေရးသားတတ္တဲ့ အားကိုးခ်င္စရာအခ်စ္ေရး အႀကံေပးတစ္ဦးလည္းျဖစ္ပါေသးတယ္။

ပုညခင္က မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ အခ်စ္အေပၚ ခံယူခ်က္ေတြနဲ႔ လူငယ္ေတြအတြက္ အႀကံေပးစကားအခ်ိဳ႕ကို ေျဖၾကားထားေပးပါတယ္ …။

ပုညခင္ကသူမရဲ႕ခ်စ္ျခင္းေမတၱာအေပၚ ရႈ႕ျမင္ပုံကို “အခ်စ္ဆိုတာကေတာ့အနည္းဆုံးေတာ့တစ္ေယာက္နဲ႔ တစ္ေယာက္ လူဆိုတာ အတၱမကင္းဘူး ဆိုေပမယ့္လည္း

အတၱကို ေလွ်ာ့ၿပီးေတာ့တစ္ေယာက္နဲ႔ တစ္ေယာက္ညႇိဳႏႈိင္းရမယ့္အရာမ်ိဳးလို႔ အစ္မကေတာ့ ထင္ပါတယ္”လို႔ဆရာမကေျပာျပထားပါတယ္ …။

ပုညခင္ကသူမရဲ႕အိမ္ေထာင္ေရးအေၾကာင္းကိုလည္း “အစ္မက အသက္သုံးဆယ္ေက်ာ္မွ အိမ္ေထာင္က်တာ။ အိမ္ေထာင္က်ေတာ့ (၃၇) ႏွစ္ ရွိပါၿပီ။

အစ္မထက္ ငယ္တဲ့လူနဲ႔အိမ္ေထာင္က်တာပါ။ အစ္မထက္ငယ္တယ္ဆိုေပမယ့္အစ္မထက္ ရွစ္ႏွစ္ေလာက္ငယ္တာေပါ့ေနာ္။ ငယ္ေပမယ့္အခု အိမ္ေထာင္သက္က ကိုးႏွစ္ေလာက္ ရွိပါၿပီ …”လို႔ ေျပာျပထားပါတယ္ …။

ပုညခင္ကအခ်စ္ေရးပင္လယ္ထဲမွာျမႇပ္ခ်ီေပၚခ်ီ ကူးခတ္ ေနၾကဆဲျဖစ္တဲ့သူမရဲ႕စာဖတ္ပရိသတ္မႏူးမနပ္ လူငယ္ေလးေတြ အတြက္လည္း

ေစတနာဗရပြနဲ႔ အႀကံေပးစကားေတြကို “လူငယ္ေတြကို ေျပာခ်င္တာကေတာ့ အခ်စ္ဆိုတဲ့ဟာအေပၚမွာအရမ္းႀကီး ႐ူးသြပ္ေနတာမ်ိဳးမဟုတ္ပဲနဲ႔ေလ တစ္ေယာက္နဲ႔ တစ္ေယာက္ နစ္နာေစတဲ့ အခ်စ္မ်ိဳး မျဖစ္ေအာင္ေပါ့ေနာ္ …။

ကိုယ္ကလည္း ကိုယ္ခ်စ္တဲ့သူကိုနစ္နာမသြားေအာင္ ကိုယ့္ေၾကာင့္ ဆုတ္ယုတ္ မသြားေအာင္၊

ကိုယ္ခ်စ္တဲ့သူကလည္း ကိုယ့္ကို နစ္နာေအာင္ လုပ္ရင္လည္း ဒီအေပၚမွာ ကိုယ့္ဘဝပ်က္စီးမသြားပဲနဲ႔ ကိုယ့္ဘဝကိုယ္ ထိန္းကြပ္ႏိုင္ေအာင္ အမ်ားႀကီး ႀကိဳးစားသင့္တယ္လို႔ အစ္မကေတာ့ထင္ပါတယ္”လို႔ ေသခ်ာေလး ေျပာျပထားပါတယ္ …။

ပရိသတ္ႀကီးထဲမွာေရာ.. ပုညခင္စာအုပ္ေတြကို စြဲစြဲလန္းလန္း ဖတ္ရႈ႕သူေတြ ရွိၾကလား။ ပုညခင္ရဲ႕ ေနာက္ထြက္လာမယ့္ စာအုပ္ေတြကိုေရာ.. အားေပးဖို႔ အသင့္ပဲလား …?

Credit to original