ရေဝေးခရစ္စယာန်သင်္ချိုင်းမှာ အခုချိန်ထိ တည်ရှိနေဆဲဖြစ်တဲ့ ပရိသတ်အချစ်တော် ဦးဝင်းဦးရဲ့ အုတ်ဂူ



 







 

Unicode

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်၊သရုပ်ဆောင်၊ဒါရိုက်တာ၊စာရေးဆရာ ဝင်းဦးကတော့သက်တမ်းတစ်ခုထိ အနုပညာလောကမှာ အောင်မြင်ကျော်ကြားခဲ့တာဖြစ်ပါတယ်။

ဦးဝင်းဦးက ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူသီဆိုတဲ့သီချင်းတွေကလည်း အခုခေတ်ထိ အရမ်းအောင်မြင်နေဆဲဖြစ်ပါတယ်။အနုပညာကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ ဦးဝင်းဦး စောစီးစွာကြွေလွင့်သွားခဲ့တာကြောင့် ပရိသတ်တွေလည်းအရမ်းနှမျောခဲ့ကြတာဖြစ်ပါတယ်။

အနုပညာနဲ့ပတ်သက်ရင် ဘက်စုံထူးချွန်တဲ့ ဦးဝင်းဦးက အသက်(၅၄) နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ရှာတာဖြစ်ပါတယ်။ဦးဝင်းဦးကတော့ လူသေသွားပေမယ့်လည်း နာမည်မသေဘဲ အခုချိန်ထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားနေဆဲဖြစ်ပါတယ်။

 

ဦးဝင်းဦးရဲ့ ကွယ်လွန်တဲ့ အချိန်က ၁၄ရက်၊၁၂လ၊၈၈ခုနှစ်ဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို ရေဝေးခရစ္စယာန်သင်္ချိုင်းမှာ မြှုပ်နှံခဲ့တာဖြစ်ပါတယ်။အခုချိန်ထိလည်း ဦးဝင်းဦးရဲ့အုတ်ဂူက ရေဝေးခရစ္စယာန်သင်္ချိုင်းမှာ တည်ရှိနေဆဲဖြစ်ပါတယ်။

အခုဆိုရင်တော့ ဦးဝင်းဦးကို အရမ်းကြိုက်နှစ်သက်တဲ့ ပြည်သူတစ်ဦးက ဦးဝင်းဦးရဲ့အုတ်ဂူဆီရောက်တုန်းရောက်ခိုက်မှာ အမှတ်တရဓာတ်ပုံရိုက်လာတာဖြစ်ပါတယ်။

ခေတ်တစ်ခေတ်မှာ အရမ်းအောင်မြင်ခဲ့ပြီး နာမည်ကြီးခဲ့တဲ့ ဦးဝင်းဦးကို အခုခေတ်လူငယ်တွေတောင် ကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။

ပရိသတ်တွေလည်း ဦးဝင်းဦးရဲ့အုတ်ဂူကို ကြည့်ရှု့ပြီး သူ့ရဲ့ရုပ်ရှင်ကားတွေ၊သီချင်းတွေကို ပြန်လည်တမ်းတမိအောင်လို့ ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 

Source&Photo Credit: Original Uploder