တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

17.6.2021 မှ 23.6.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

ဒီတစ်ပတ်အတွင်း လုပ်စရာအလုပ်တွေပုံနေတတ်ပါတယ်။ ဒါကြောင့်ပဲ အချိန်မဖြုန်းဘဲလုပ်စရာရှိတာကို အားထည့်လုပ်ကိုင်ဆောင်ရွက်စေချင်ပါတယ်။ ငွေကြေးကတော့ ဝင်လာလိုက် ထွက်သွားလိုက်နဲ့ ကိုယ်ထဲမှာလက် ပူအောင်တောင်နေမည် မဟုတ်ပါ။ ဒီတစ်ပတ်မှာတစ်ခုသတိပေးချင်တာက သွေး‌ပေါင်ကျတာ၊သွေးတိုးတာမျိုးတွေ အထူးဖြစ်တတ်သလို…ဦးခေါင်းနှင့်အာရုံ‌ကြောအားနည်းနေတတ်ပါတယ်။

ရပ်ဝေးသွားဖို့ကြံစည်ထားတဲ့ ကိစ္စတွေ ပျက်ပြယ်သွားတတ်ပါတယ်။ ငွေကြေးရင်းနှီးမြုပ်နှံမှုတွေမှားယွင်းတတ်ပါတယ်။ ငွေများများအသုံးပြုရမဲ့ကိစ္စတွေ မှာနားလည်သူတွေကိုတိုင်ပင်ပါ။ အထူးသဖြင့်ရတနာတွေ၊ကျောက်တွေဝယ်မယ်ဆို နားလည်သူနဲ့သာ ပြပြီးဝယ်စေ ချင်ပါတယ်။ အကြီးအကဲတွေ အထက်လူကြီးတွေ အလုပ်နားနေတာမို့ တာဝန်တွေက ကိုယ့်အပေါ်ပိလာတတ်ပါ တယ်။ အတိတ်ကပြဿနာဟောင်းတွေ ပြန်ပေါ်လာတတ်ပါတယ်။

အချစ်ရေးမှာတော့ မိဘတွေ၊လူကြီးတွေကြား ဝင်မှုကြောင့်အဆင်မပြေဖြစ်ရတတ်ပါတယ်။ အိမ်ထောင်သည်များ စီးပွားရေးအတွက် အာရုံစိုက်နေရသဖြင့် မိသားစုအရေးကိစ္စတွေမှာ လျစ်လျူရှုမိသလိုဖြစ်နေရတတ်ပါတယ်။ ပညာ‌ရေးမှာတော့လိုအပ်နေတဲ့ သင်တန်း ကြေးတွေ ရလာတတ်တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း ၆/၇/ဝအထူးဟော အနည်းငယ်အလုပ်များပြီး စိတ်ရှုပ်ထွေးနေမယ် ယတြာ အသုပ်စုံ ဘုရားကပ်လှူလိုက်ပါ

တနင်္လာ

စိတ်တူကိုယ်တူ ကြိုးစားလုပ်ကိုင်မဲ့ မိတ်ဆွေကောင်းတွေရလာတတ်ပါတယ်။ အများနဲ့တွဲစပ်လုပ်ထားတဲ့ အလုပ်တွေအကျိုးအမြတ်ရလာတတ်ပါတယ်။ ငွေရှာချင်သူများ၊ဘဏ်ကိစ္စဆောင်ရွက်လိုသူများ၊ ငွေကြေးချေးငှား လိုသူများ ဆောင်ရွက်လို့ကောင်းတဲ့ကာလပါပဲ။ စိတ်ပျော်ရွှင်စရာကိစ္စတွေကြုံလာရတတ်ပါတယ်။

လူငယ်တွေမှာ တော့ မိမိအတွက်ကောင်းသော အပေါင်းအသင်းတွေရလာတတ်ပါတယ်။ ရန်များနေသူများ ဒီကာလမှာပြေလည်မှု တွေပြန်ရတတ်ပါတယ်။ အမှုအခင်းကိစ္စများ တစ်ဖက်က ကြေအေးပေးတာမျိုးတွေကြုံရတတ်ပါတယ်။ စီးပွားရေး နဲ့ပတ်သက်ပြီး စိတ်ကူးကောင်းတွေရလာတတ်ပါတယ်။ ဒီကာလအတွင်းပေါ်လာတဲ့စိတ်ကူးတွေကတော့ လက်တွေ့ မှာအသုံးချလို့အဆင်ပြေနိုင်တာကိုတွေ့ရပါတယ်။ ကျန်းမာရေးတော့ စိတ်ပူစရာမလိုပေမဲ့ အစားတွေကို အဝအပြဲ မစားလိုက်ပါနဲ့။

မအီမသာဖြစ်တာ၊ဗိုက်အောက်တာမျိုးတွေကြုံရတတ်ပါတယ်။အချစ်ရေးမှာတော့ မိမိကိုယ်တိုင်က အချစ်ရေးအပေါ်မှာ လေးလေးနက်နက်တွေးလာပါလိမ့်မယ်။ ဖြတ်သင့်လား.ရှေ့ဆက်သင့်လားဆိုတဲ့အတွေးတွေဝင် လာတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အနည်းငယ်အားနည်းနေတတ်ပါတယ်။ အိမ်ထောင်ဘက်နဲ့ညှိနှိုင်းရခက် ခဲနေတဲ့ကိစ္စတွေရှိနေတတ်ပါတယ်။ ပညာရှာနေသူများအခက်အခဲတွေကင်းဝေးပြီး သင်တဲ့စာနားလည်လွယ်လာ လိမ့်မယ်။

အကျိုးပေးဂဏန်း ၁/၂/၉ အထူးဟော ကံမြင့်မားနေမယ် ယတြာ,,,အုန်းနို့ဆန်ပြုတ်ဘုရားကပ်လှူပေးပါ

အင်္ဂါ

မိမိစိတ်ကူးထဲဖြစ်ချင်နေတာတွေ ဖြစ်လာတတ်ပါတယ်။ အရင်ကစိတ်ထဲမှာရှိပြီးတော့ လက်တွေ့အကောင် အထည်မဖော်ဖြစ်တဲ့ကိစ္စတွေ လက်တွေ့လုပ်ခွင့်ရလာတတ်ပါတယ်..။ သားသမီးတွေအတွက် စိတ်ချမ်းသာစရာတွေ ကြုံရတတ်ပါတယ်။ တစ်ခုခုအတွက် အကြံအိုက်နေရင် ကိုယ့်အောက်လူတွေဆီက အကြံဉာဏ်ယူကြည့်ပါ။ ရလဒ် ကောင်းတွေရလာတတ်ပါတယ်။

ဆက်ဆံရေး၊ပေါင်းသင်းရေးကိစ္စတွေများ မိတ်ဆွေသစ်တွေ ဖောက်သည်တွေတိုး လာတတ်ပါတယ်။ မိမိဝယ်ချင်တဲ့ ဖုန်း၊ ကွန်ပျူတာ၊နာရီစတဲ့ကိုယ်နဲ့မကွာအသုံးပြုရတဲ့ပစ္စည်းတွေဝင်လာတတ်ပါ တယ်။ ခရီးတိုပဲဖြစ်ဖြစ်၊ခရီးရှည်ပဲဖြစ်ဖြစ် ခရီးကိစ္စတော်တော်များများလွယ်ကူအဆင်ပြေချောမွေ့လာတတ်ပါ တယ်။ ငွေကြေးရှာဖွယ်လို့လွယ်ပေမဲ့ ဝယ်ချင်စရာလေးတွေ များနေတာမို့ငွေပြန်ကုန်ရတတ်ပါတယ်။

ကျန်းမာရေး ကတော့အထူးမညံ့ပေမဲ့ လေးလံထိုင်းမှိုင်းနေတတ်ပါတယ်။ ဘာလုပ်လုပ် သွေးလေးနေတာမျိုးဖြစ်နေတတ်ပါ တယ်။ အချစ်ရေးကတော့ အထူးကောင်းမွန်ချိန်ပါပဲ။ ချစ်သူမရှိသူများတောင် ကိုယ့်ထက်ငယ်သောသူတွေနဲ့ ချစ်ခွင့် ကြုံရတတ်ပါတယ်။အိမ်ထောင်ရေးကတော့ အိမ်ထောင်ဘက်က မိမိအလုပ်တွေဝိုင်းကူနေတာကြောင့် စိတ်ချမ်းသာ ရပါလိမ့်မယ်။ ပညာရှာနေသူများ ပညာထက် အပျော်အပါးကိုစိတ်ပိုဝင်စားနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၃/၂ အထူးဟော လိုရာဆန္ဒလေးတွေပြည့်လာတတ်ပါတယ်။ယတြာ အကြောအားတိုးဆေး(သို့) အာရုံကြောဆေး မိတ်ဆွေတစ်ဦးကိုလက်ဆောင်ပေးပါ

ဗုဒ္ဓဟူး/ရာဟု

လုပ်ငန်းရှင်များ အောက်လက်ငယ်သားကြောင့် ပြဿနာတွေကိုဖြေရှင်းနေရတတ်ပါတယ်။ မိတ်ဆွေ ကောင်းနည်းပြီး မိတ်ဆွေတုတွေပေါများနေတတ်ပါတယ်။ ယုတ်မာကောက်ကျစ်သူများ အရှက်တကွဲဖြစ် လွယ်နေ တဲ့ ကာလပါပဲ။ စိတ်ကောင်းစေတနာကောင်းသူများအခက်အခဲနည်းပါလိမ့်မယ်။အတိုက်အခံ ရန်တွေရှိနေတတ်ပါ တယ်။ စိတ်သောကများပြားနေတတ်ပြီး အဘက်ဘက်ကပူပန်မှုများနှင့် လဲ ယှဉ်တွဲနေတတ်ပါတယ်။

ငွေကြေးကိစ္စ များ အတွက်စကားစစ်ခင်းရတတ်ပါတယ်။ မောင်နှမသားချင်းအရေးကိစ္စ များကြောင့် လူပင်ပန်းရတတ်ပါတယ်။ အဆက်အသွယ်ကောင်းတွေတော့ ရလာတတ်ပါတယ်။ အနာဂတ်အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေပေါ် လာတတ်ပါတယ်။ သူများချည်းအားကိုးလို့တော့မရပါဘူး။ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားစေချင်ပါတယ်။ငွေကြေးချေး ငှားတာမျိုးတွေဒီကာလဆင်ခြင်ပါ။

ရစရာရှိတဲ့အကြွေးသွားတောင်းရင်တောင် ရန်လုပ်ခံရတတ်ပါတယ်။ ကျန်းမာ ရေးမှာတော့ ဦး ခေါင်းမကြည်မလင်ဖြစ်မည်။ သွေးတိုးရောဂါသည်များ ဝေဒနာဖိစီးပါလိမ့်မယ်။ ချစ်သူများ ကြား စကား တွေကိုမယုံ မှပဲ အချစ်ရေးသာယာပါလိမ့်မယ်။ အိမ်ထောင်ရေးမှာတော့ သုခချမ်းသာမှုနည်းပါးနေချိန်ပါပဲ။ ပညာ ရေးနယ်ပယ် မှာတော့ ကျန်းမာရေးကြောင့် မိမိသင်ချင်တတ်ချင်တဲ့ပညာတွေနဲ့လွဲချော်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၃/၅ အထူးဟော ကံညံ့နေမည်။ယတြာ ရဟန်းသံဃာတွေကိုဆပ်ပြာလှူပေးပါ။

ကြာသပတေး

လုံလစိုက်ထုတ်မှု အားနည်းနေတတ်ပြီး အပျော်အပါးအသောက်အစားကိုဖက်နေသူတွေ ဒုက္ခပိုများနိုင်ပါ တယ်။ မိမိလုပ်ချင်တာကို ဝီရိယထားကြိုးစားသင့်တဲ့နေ့ရက်တွေပါပဲ။စိတ်အကျဉ်းအကြပ်တွေကြုံရတတ်ပါတယ်။ လုပ်ငန်းရှင်များ ဒီကာလမှာလုပ်ငန်းတိုးချဲ့မိရင်တော့ အရှုံးနဲ့ရင်ဆိုင် ရတတ်ပါတယ်။ဘာမှလွယ်လွယ်မဖြစ်ပါ။ အချိန်ယူရတတ်ပါတယ်။မိမိဆန္ဒနှင့် စိတ်ကူးများကိုလှပစွာပုံဖော်နိုင်သော်လည်း စိတ်ပင်ပန်းစရာတော့များနေတတ် ပါတယ်။

ခရီး ဝေးသွားလာမှုများတွင် ငွေကြေးအခက်အခဲဖြစ်ရတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကုန်ကျ စရိတ်များနေ တဲ့အတွက် ချွေတာဖို့ တိုက်တွန်းလိုက်ပါတယ်။အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေဖြစ် ရတတ်ပါတယ်။ အတိုက်အခံကြားကနေပဲ ရာထူးတိုးခြင်း၊နေရာကောင်းရခြင်းမျိုးတွေကြုံရတတ်ပါတယ်။

ကျန်းမာ ရေး မှာတော့ အညံ့အဆိုးနည်းပေမဲ့ ကာယပင်ပန်းမှုကြောင့် လူနုန်းနေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ ပဋိ ပက္ခ တွေ၊ ကတောက်ကဆတွေ ကြုံ နေရတတ်ပါတယ်။ အချစ်ရေးမှာလဲ ဘဝကခါးခါး၊အချစ်ကလဲ ခါးခါး ဆိုတာ မျိုး ဖြစ်နေရတတ်ပါတယ်။ ပညာရပ် တစ်ခုစတင်သင်ကြားလို့ကောင်းပါတယ်။ ပညာရေးအတွက်အခွင့် အရေးပေး နေချိန်ပါပဲ။

အကျိုးပေးဂဏန်း ၃/၄/၆အထူးဟော ထင်သလောက်မထွန်းပေါက်သေးပါ။ယတြာ ခရီးသွားမဲ့ ရဟန်းသံဃာတစ်ပါးပါးကိုရှာပြီး နဝကမ္မဝတ္ထုငွေလှူဒါန်းလိုက်ပါ။

သောကြ

ဒီကာလမှာကိုယ်လုပ်နေတဲ့စီးပွားရေးကိုအာရုံစိုက်ပါ။ အလုပ်မှာအခွင့်အလမ်းတွေပေါ်လာတတ်လို့ပါ။ မိမိ ကသာဂရုမစိုက်ရင်အခွင့်အရေးတွေနဲ့ဝေးသွားရတတ်ပါတယ်။အညံ့အဆိုးတွေကလွတ်မြောက်ပြီးတော့ ကံကောင်း ကြီး ပွား တိုးတတ်မှုများကို ရယူပိုင်ဆိုင်နိုင် ပါလိမ့်မယ်။စီးပွားရှာဖွေမှုများတွင် အခွင့်အရေးကောင်းများ ပေါ်ထွက် လာ တတ်ပါတယ်။ မထင်မှတ်ဘဲ ငွေကြေးအများ အပြားရရှိတတ်ပါတယ်။

ထီဝါသနာပါသူများစနေနေ့တွင် ထီ ကံစမ်းလိုက်ပါ။ ရှယ်ယာအလုပ်များ၊ စပ်တူအလုပ်များ တိုးတတ်အဆင်ပြေပါလိမ့်မယ်။အောက်လက် ငယ်သား တွေထံကအကူအညီတွေရလိမ့်မယ်။ မိတ်ဆွေသစ်တွေ တိုးပွားတတ်သလို မိတ်ဆွေဟောင်းတွေထံကအကြံဉာဏ် ကောင်း တွေရလာတတ်ပါတယ်။ ခရီးတို၊ခရီးရှည်ထွက် ရဖို့အကြောင်းဖန်လာတတ်ပါတယ်။ အိမ်ပြုပြင်ခြင်း၊ မြေသန့်ခြင်း၊ခြံစည်းရိုးခတ်ခြင်းများကိုဒီအပတ်ထဲ ရက်ကောင်း ရွေးပြီးဆောင်ရွက်ပါ။

ကျန်းမာရေးကတော့ ဆီးပူ၊ ကိုယ်ပူ၊ အပူအောင်းနေတတ်ပါတယ်။ မိုးရွာတဲ့အခါမိုးရေထွက်ချိုးလိုက်ပါ။ချစ်သူများ စိတ်ကူးဆန္ဒနှင့် ထပ်တူ ကျပြီး သံယောဇဉ်နှောင်ကြိုးခိုင်မြဲနေတတ်ပါ တယ်။ အိမ်ထောင်ရေးမှာတော့ စီးပွားရေးကြောင့် အိမ်ထောင်ဘက် ကို ဂရုမစိုက်နိုင်ဖြစ်ရတတ်ပါတယ်။ပညာရေး မှာစူးစမ်းလိုစိတ်ကြောင့် သိလွယ်တတ်လွယ်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၄/၅/၈ အထူးဟော အခွင့်အလမ်းကောင်းတွေရလာမည်။ယတြာ သကြားဖြူးစားရသောမုန့်တစ်မျိုးမျိုး ဘုရားကပ်လှူပါ။

စနေ

ဒီကာလဟာ ကံကောင်းခြင်းတွေစတင်မွေးဖွားတဲ့ကာလဖြစ်သော်လည်း အခက်အခဲတစ်ချို့တော့ယှဉ်တွဲပါ လာတတ်ပါတယ်။ အနီးအနားထက် ရပ်ဝေးကအလုပ် တွေကပိုမိုအောင်မြင်တတ်ပါတယ်။ နိုင်ငံခြားရောက် နေသူများ အသိအမှတ်ပြုခြင်း၊လစားတိုးခြင်းမျိုးတွေဖြစ်ရ တတ်ပါတယ်။ အမှန်ကိုအမှန်အတိုင်း ဘွင်ဘွင်ရှင်းရှင်း ပြောတတ်တာကြောင့် လူမုန်းများနေတတ်ပါတယ်။ ဘုန်းကံတွေတဖြည်းဖြည်းမြင့်လာပါတော့မယ်။

စေတနာ ကောင်းသူများ၊သူများကိုကူညီတတ်သူများ နာမည်ဂုဏ်သတင်းကျော်ကြားတတ်ပါတယ်။ အလုပ်မှာပင်ပန်းသော် လည်း စိတ်ပါလက်ပါနဲ့ကြိုးစားနေမိ တတ်ပါတယ်။ ကတိမတည်တဲ့သူတွေကြောင့်တော့ စိတ်ရှုပ်စိတ်ပျက်ရ တတ် ပါတယ်။ လုပ်ငန်းရှင်များ အမြတ် နည်းနေပေမဲ့ ဖောက်သည်တွေတိုးပြီး အလုပ်အော်ဒါတွေများနေတတ်ပါတယ်။ ကျန်းမာရေးအားနည်းနေချိန်ကိုဖြတ်သန်းနေရတတ်ပါတယ်။

ဝေဒနာမကြီးပေမဲ့ တရှောင်ရှောင်ဖြစ်လွယ်ပါတယ်။ အချစ်ရေးမှာ အချစ်ကြောင့်ပဲ အရာရာဟာလှပနေတဲ့အချိန်ပါပဲ။ အချစ်အတွက်ပေးဆပ်ချင်စိတ်တွေပေါ်နေတတ် ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ဂရုစိုက်မှုတွေကိုခံစားသိရှိရလိမ့်မယ်။ ပညာရေးကံအညံ့များ နေလိမ့်မယ်။ စာမေးပွဲကံအင်တာဗျူးကံအားနည်းနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၅/၆/ဝအထူးဟော အဆင်ပြေဖို့ လမ်းစပေါ်ပါပြီ ယတြာ လက်ဖက်သုပ်ပြီး ဘုရားကပ်လှူပေးပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 / 09 44 5555 695

Zawgyi

17.6.2021 မွ 23.6.2021 အထိ တစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ

ဒီတစ္ပတ္အတြင္း လုပ္စရာအလုပ္ေတြပုံေနတတ္ပါတယ္။ ဒါေၾကာင့္ပဲ အခ်ိန္မျဖဳန္းဘဲလုပ္စရာရွိတာကို အားထည့္လုပ္ကိုင္ေဆာင္႐ြက္ေစခ်င္ပါတယ္။ ေငြေၾကးကေတာ့ ဝင္လာလိုက္ ထြက္သြားလိုက္နဲ႔ ကိုယ္ထဲမွာလက္ ပူေအာင္ေတာင္ေနမည္ မဟုတ္ပါ။ ဒီတစ္ပတ္မွာတစ္ခုသတိေပးခ်င္တာက ေသြး‌ေပါင္က်တာ၊ေသြးတိုးတာမ်ိဳးေတြ အထူးျဖစ္တတ္သလို…ဦးေခါင္းႏွင့္အာ႐ုံ‌ေၾကာအားနည္းေနတတ္ပါတယ္။

ရပ္ေဝးသြားဖို႔ႀကံစည္ထားတဲ့ ကိစၥေတြ ပ်က္ျပယ္သြားတတ္ပါတယ္။ ေငြေၾကးရင္းႏွီးျမဳပ္ႏွံမႈေတြမွားယြင္းတတ္ပါတယ္။ ေငြမ်ားမ်ားအသုံးျပဳရမဲ့ကိစၥေတြ မွာနားလည္သူေတြကိုတိုင္ပင္ပါ။ အထူးသျဖင့္ရတနာေတြ၊ေက်ာက္ေတြဝယ္မယ္ဆို နားလည္သူနဲ႔သာ ျပၿပီးဝယ္ေစ ခ်င္ပါတယ္။ အႀကီးအကဲေတြ အထက္လူႀကီးေတြ အလုပ္နားေနတာမို႔ တာဝန္ေတြက ကိုယ့္အေပၚပိလာတတ္ပါ တယ္။ အတိတ္ကျပႆနာေဟာင္းေတြ ျပန္ေပၚလာတတ္ပါတယ္။

အခ်စ္ေရးမွာေတာ့ မိဘေတြ၊လူႀကီးေတြၾကား ဝင္မႈေၾကာင့္အဆင္မေျပျဖစ္ရတတ္ပါတယ္။ အိမ္ေထာင္သည္မ်ား စီးပြားေရးအတြက္ အာ႐ုံစိုက္ေနရသျဖင့္ မိသားစုအေရးကိစၥေတြမွာ လ်စ္လ်ဴရႈမိသလိုျဖစ္ေနရတတ္ပါတယ္။ ပညာ‌ေရးမွာေတာ့လိုအပ္ေနတဲ့ သင္တန္း ေၾကးေတြ ရလာတတ္တဲ့ကာလပါပဲ။

အက်ိဳးေပးဂဏန္း ၆/၇/၀အထူးေဟာ အနည္းငယ္အလုပ္မ်ားၿပီး စိတ္ရႈပ္ေထြးေနမယ္ ယၾတာ အသုပ္စုံ ဘုရားကပ္လႉလိုက္ပါ

တနလၤာ

စိတ္တူကိုယ္တူ ႀကိဳးစားလုပ္ကိုင္မဲ့ မိတ္ေဆြေကာင္းေတြရလာတတ္ပါတယ္။ အမ်ားနဲ႔တြဲစပ္လုပ္ထားတဲ့ အလုပ္ေတြအက်ိဳးအျမတ္ရလာတတ္ပါတယ္။ ေငြရွာခ်င္သူမ်ား၊ဘဏ္ကိစၥေဆာင္႐ြက္လိုသူမ်ား၊ ေငြေၾကးေခ်းငွား လိုသူမ်ား ေဆာင္႐ြက္လို႔ေကာင္းတဲ့ကာလပါပဲ။ စိတ္ေပ်ာ္႐ႊင္စရာကိစၥေတြႀကဳံလာရတတ္ပါတယ္။

လူငယ္ေတြမွာ ေတာ့ မိမိအတြက္ေကာင္းေသာ အေပါင္းအသင္းေတြရလာတတ္ပါတယ္။ ရန္မ်ားေနသူမ်ား ဒီကာလမွာေျပလည္မႈ ေတြျပန္ရတတ္ပါတယ္။ အမႈအခင္းကိစၥမ်ား တစ္ဖက္က ေၾကေအးေပးတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ စီးပြားေရး နဲ႔ပတ္သက္ၿပီး စိတ္ကူးေကာင္းေတြရလာတတ္ပါတယ္။ ဒီကာလအတြင္းေပၚလာတဲ့စိတ္ကူးေတြကေတာ့ လက္ေတြ႕ မွာအသုံးခ်လို႔အဆင္ေျပႏိုင္တာကိုေတြ႕ရပါတယ္။ က်န္းမာေရးေတာ့ စိတ္ပူစရာမလိုေပမဲ့ အစားေတြကို အဝအၿပဲ မစားလိုက္ပါနဲ႔။

မအီမသာျဖစ္တာ၊ဗိုက္ေအာက္တာမ်ိဳးေတြႀကဳံရတတ္ပါတယ္။အခ်စ္ေရးမွာေတာ့ မိမိကိုယ္တိုင္က အခ်စ္ေရးအေပၚမွာ ေလးေလးနက္နက္ေတြးလာပါလိမ့္မယ္။ ျဖတ္သင့္လား.ေရွ႕ဆက္သင့္လားဆိုတဲ့အေတြးေတြဝင္ လာတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ အနည္းငယ္အားနည္းေနတတ္ပါတယ္။ အိမ္ေထာင္ဘက္နဲ႔ညႇိႏႈိင္းရခက္ ခဲေနတဲ့ကိစၥေတြရွိေနတတ္ပါတယ္။ ပညာရွာေနသူမ်ားအခက္အခဲေတြကင္းေဝးၿပီး သင္တဲ့စာနားလည္လြယ္လာ လိမ့္မယ္။

အက်ိဳးေပးဂဏန္း ၁/၂/၉ အထူးေဟာ ကံျမင့္မားေနမယ္ ယၾတာ,,,အုန္းႏို႔ဆန္ျပဳတ္ဘုရားကပ္လႉေပးပါ

အဂၤါ

မိမိစိတ္ကူးထဲျဖစ္ခ်င္ေနတာေတြ ျဖစ္လာတတ္ပါတယ္။ အရင္ကစိတ္ထဲမွာရွိၿပီးေတာ့ လက္ေတြ႕အေကာင္ အထည္မေဖာ္ျဖစ္တဲ့ကိစၥေတြ လက္ေတြ႕လုပ္ခြင့္ရလာတတ္ပါတယ္..။ သားသမီးေတြအတြက္ စိတ္ခ်မ္းသာစရာေတြ ႀကဳံရတတ္ပါတယ္။ တစ္ခုခုအတြက္ အႀကံအိုက္ေနရင္ ကိုယ့္ေအာက္လူေတြဆီက အႀကံဉာဏ္ယူၾကည့္ပါ။ ရလဒ္ ေကာင္းေတြရလာတတ္ပါတယ္။

ဆက္ဆံေရး၊ေပါင္းသင္းေရးကိစၥေတြမ်ား မိတ္ေဆြသစ္ေတြ ေဖာက္သည္ေတြတိုး လာတတ္ပါတယ္။ မိမိဝယ္ခ်င္တဲ့ ဖုန္း၊ ကြန္ပ်ဴတာ၊နာရီစတဲ့ကိုယ္နဲ႔မကြာအသုံးျပဳရတဲ့ပစၥည္းေတြဝင္လာတတ္ပါ တယ္။ ခရီးတိုပဲျဖစ္ျဖစ္၊ခရီးရွည္ပဲျဖစ္ျဖစ္ ခရီးကိစၥေတာ္ေတာ္မ်ားမ်ားလြယ္ကူအဆင္ေျပေခ်ာေမြ႕လာတတ္ပါ တယ္။ ေငြေၾကးရွာဖြယ္လို႔လြယ္ေပမဲ့ ဝယ္ခ်င္စရာေလးေတြ မ်ားေနတာမို႔ေငြျပန္ကုန္ရတတ္ပါတယ္။

က်န္းမာေရး ကေတာ့အထူးမညံ့ေပမဲ့ ေလးလံထိုင္းမႈိင္းေနတတ္ပါတယ္။ ဘာလုပ္လုပ္ ေသြးေလးေနတာမ်ိဳးျဖစ္ေနတတ္ပါ တယ္။ အခ်စ္ေရးကေတာ့ အထူးေကာင္းမြန္ခ်ိန္ပါပဲ။ ခ်စ္သူမရွိသူမ်ားေတာင္ ကိုယ့္ထက္ငယ္ေသာသူေတြနဲ႔ ခ်စ္ခြင့္ ႀကဳံရတတ္ပါတယ္။အိမ္ေထာင္ေရးကေတာ့ အိမ္ေထာင္ဘက္က မိမိအလုပ္ေတြဝိုင္းကူေနတာေၾကာင့္ စိတ္ခ်မ္းသာ ရပါလိမ့္မယ္။ ပညာရွာေနသူမ်ား ပညာထက္ အေပ်ာ္အပါးကိုစိတ္ပိုဝင္စားေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/၃/၂ အထူးေဟာ လိုရာဆႏၵေလးေတြျပည့္လာတတ္ပါတယ္။ယၾတာ အေၾကာအားတိုးေဆး(သို႔) အာ႐ုံေၾကာေဆး မိတ္ေဆြတစ္ဦးကိုလက္ေဆာင္ေပးပါ

ဗုဒၶဟူး/ရာဟု

လုပ္ငန္းရွင္မ်ား ေအာက္လက္ငယ္သားေၾကာင့္ ျပႆနာေတြကိုေျဖရွင္းေနရတတ္ပါတယ္။ မိတ္ေဆြ ေကာင္းနည္းၿပီး မိတ္ေဆြတုေတြေပါမ်ားေနတတ္ပါတယ္။ ယုတ္မာေကာက္က်စ္သူမ်ား အရွက္တကြဲျဖစ္ လြယ္ေန တဲ့ ကာလပါပဲ။ စိတ္ေကာင္းေစတနာေကာင္းသူမ်ားအခက္အခဲနည္းပါလိမ့္မယ္။အတိုက္အခံ ရန္ေတြရွိေနတတ္ပါ တယ္။ စိတ္ေသာကမ်ားျပားေနတတ္ၿပီး အဘက္ဘက္ကပူပန္မႈမ်ားႏွင့္ လဲ ယွဥ္တြဲေနတတ္ပါတယ္။

ေငြေၾကးကိစၥ မ်ား အတြက္စကားစစ္ခင္းရတတ္ပါတယ္။ ေမာင္ႏွမသားခ်င္းအေရးကိစၥ မ်ားေၾကာင့္ လူပင္ပန္းရတတ္ပါတယ္။ အဆက္အသြယ္ေကာင္းေတြေတာ့ ရလာတတ္ပါတယ္။ အနာဂတ္အတြက္ အလုပ္အကိုင္အခြင့္အလမ္းေတြေပၚ လာတတ္ပါတယ္။ သူမ်ားခ်ည္းအားကိုးလို႔ေတာ့မရပါဘူး။ ကိုယ့္ဒူးကိုယ္ခြၽန္ ႀကိဳးစားေစခ်င္ပါတယ္။ေငြေၾကးေခ်း ငွားတာမ်ိဳးေတြဒီကာလဆင္ျခင္ပါ။

ရစရာရွိတဲ့အေႂကြးသြားေတာင္းရင္ေတာင္ ရန္လုပ္ခံရတတ္ပါတယ္။ က်န္းမာ ေရးမွာေတာ့ ဦး ေခါင္းမၾကည္မလင္ျဖစ္မည္။ ေသြးတိုးေရာဂါသည္မ်ား ေဝဒနာဖိစီးပါလိမ့္မယ္။ ခ်စ္သူမ်ား ၾကား စကား ေတြကိုမယုံ မွပဲ အခ်စ္ေရးသာယာပါလိမ့္မယ္။ အိမ္ေထာင္ေရးမွာေတာ့ သုခခ်မ္းသာမႈနည္းပါးေနခ်ိန္ပါပဲ။ ပညာ ေရးနယ္ပယ္ မွာေတာ့ က်န္းမာေရးေၾကာင့္ မိမိသင္ခ်င္တတ္ခ်င္တဲ့ပညာေတြနဲ႔လြဲေခ်ာ္ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၂/၃/၅ အထူးေဟာ ကံညံ့ေနမည္။ယၾတာ ရဟန္းသံဃာေတြကိုဆပ္ျပာလႉေပးပါ။

ၾကာသပေတး

လုံလစိုက္ထုတ္မႈ အားနည္းေနတတ္ၿပီး အေပ်ာ္အပါးအေသာက္အစားကိုဖက္ေနသူေတြ ဒုကၡပိုမ်ားႏိုင္ပါ တယ္။ မိမိလုပ္ခ်င္တာကို ဝီရိယထားႀကိဳးစားသင့္တဲ့ေန႔ရက္ေတြပါပဲ။စိတ္အက်ဥ္းအၾကပ္ေတြႀကဳံရတတ္ပါတယ္။ လုပ္ငန္းရွင္မ်ား ဒီကာလမွာလုပ္ငန္းတိုးခ်ဲ႕မိရင္ေတာ့ အရႈံးနဲ႔ရင္ဆိုင္ ရတတ္ပါတယ္။ဘာမွလြယ္လြယ္မျဖစ္ပါ။ အခ်ိန္ယူရတတ္ပါတယ္။မိမိဆႏၵႏွင့္ စိတ္ကူးမ်ားကိုလွပစြာပုံေဖာ္ႏိုင္ေသာ္လည္း စိတ္ပင္ပန္းစရာေတာ့မ်ားေနတတ္ ပါတယ္။

ခရီး ေဝးသြားလာမႈမ်ားတြင္ ေငြေၾကးအခက္အခဲျဖစ္ရတတ္ပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကုန္က် စရိတ္မ်ားေန တဲ့အတြက္ ေခြၽတာဖို႔ တိုက္တြန္းလိုက္ပါတယ္။အလုပ္ခြင္မွာ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အဆင္မေျပျဖစ္ ရတတ္ပါတယ္။ အတိုက္အခံၾကားကေနပဲ ရာထူးတိုးျခင္း၊ေနရာေကာင္းရျခင္းမ်ိဳးေတြႀကဳံရတတ္ပါတယ္။

က်န္းမာ ေရး မွာေတာ့ အညံ့အဆိုးနည္းေပမဲ့ ကာယပင္ပန္းမႈေၾကာင့္ လူႏုန္းေနတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ ပဋိ ပကၡ ေတြ၊ ကေတာက္ကဆေတြ ႀကဳံ ေနရတတ္ပါတယ္။ အခ်စ္ေရးမွာလဲ ဘဝကခါးခါး၊အခ်စ္ကလဲ ခါးခါး ဆိုတာ မ်ိဳး ျဖစ္ေနရတတ္ပါတယ္။ ပညာရပ္ တစ္ခုစတင္သင္ၾကားလို႔ေကာင္းပါတယ္။ ပညာေရးအတြက္အခြင့္ အေရးေပး ေနခ်ိန္ပါပဲ။

အက်ိဳးေပးဂဏန္း ၃/၄/၆အထူးေဟာ ထင္သေလာက္မထြန္းေပါက္ေသးပါ။ယၾတာ ခရီးသြားမဲ့ ရဟန္းသံဃာတစ္ပါးပါးကိုရွာၿပီး နဝကမၼဝတၳဳေငြလႉဒါန္းလိုက္ပါ။

ေသာၾက

ဒီကာလမွာကိုယ္လုပ္ေနတဲ့စီးပြားေရးကိုအာ႐ုံစိုက္ပါ။ အလုပ္မွာအခြင့္အလမ္းေတြေပၚလာတတ္လို႔ပါ။ မိမိ ကသာဂ႐ုမစိုက္ရင္အခြင့္အေရးေတြနဲ႔ေဝးသြားရတတ္ပါတယ္။အညံ့အဆိုးေတြကလြတ္ေျမာက္ၿပီးေတာ့ ကံေကာင္း ႀကီး ပြား တိုးတတ္မႈမ်ားကို ရယူပိုင္ဆိုင္ႏိုင္ ပါလိမ့္မယ္။စီးပြားရွာေဖြမႈမ်ားတြင္ အခြင့္အေရးေကာင္းမ်ား ေပၚထြက္ လာ တတ္ပါတယ္။ မထင္မွတ္ဘဲ ေငြေၾကးအမ်ား အျပားရရွိတတ္ပါတယ္။

ထီဝါသနာပါသူမ်ားစေနေန႔တြင္ ထီ ကံစမ္းလိုက္ပါ။ ရွယ္ယာအလုပ္မ်ား၊ စပ္တူအလုပ္မ်ား တိုးတတ္အဆင္ေျပပါလိမ့္မယ္။ေအာက္လက္ ငယ္သား ေတြထံကအကူအညီေတြရလိမ့္မယ္။ မိတ္ေဆြသစ္ေတြ တိုးပြားတတ္သလို မိတ္ေဆြေဟာင္းေတြထံကအႀကံဉာဏ္ ေကာင္း ေတြရလာတတ္ပါတယ္။ ခရီးတို၊ခရီးရွည္ထြက္ ရဖို႔အေၾကာင္းဖန္လာတတ္ပါတယ္။ အိမ္ျပဳျပင္ျခင္း၊ ေျမသန႔္ျခင္း၊ၿခံစည္း႐ိုးခတ္ျခင္းမ်ားကိုဒီအပတ္ထဲ ရက္ေကာင္း ေ႐ြးၿပီးေဆာင္႐ြက္ပါ။

က်န္းမာေရးကေတာ့ ဆီးပူ၊ ကိုယ္ပူ၊ အပူေအာင္းေနတတ္ပါတယ္။ မိုး႐ြာတဲ့အခါမိုးေရထြက္ခ်ိဳးလိုက္ပါ။ခ်စ္သူမ်ား စိတ္ကူးဆႏၵႏွင့္ ထပ္တူ က်ၿပီး သံေယာဇဥ္ေႏွာင္ႀကိဳးခိုင္ၿမဲေနတတ္ပါ တယ္။ အိမ္ေထာင္ေရးမွာေတာ့ စီးပြားေရးေၾကာင့္ အိမ္ေထာင္ဘက္ ကို ဂ႐ုမစိုက္ႏိုင္ျဖစ္ရတတ္ပါတယ္။ပညာေရး မွာစူးစမ္းလိုစိတ္ေၾကာင့္ သိလြယ္တတ္လြယ္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၄/၅/၈ အထူးေဟာ အခြင့္အလမ္းေကာင္းေတြရလာမည္။ယၾတာ သၾကားျဖဴးစားရေသာမုန႔္တစ္မ်ိဳးမ်ိဳး ဘုရားကပ္လႉပါ။

စေန

ဒီကာလဟာ ကံေကာင္းျခင္းေတြစတင္ေမြးဖြားတဲ့ကာလျဖစ္ေသာ္လည္း အခက္အခဲတစ္ခ်ိဳ႕ေတာ့ယွဥ္တြဲပါ လာတတ္ပါတယ္။ အနီးအနားထက္ ရပ္ေဝးကအလုပ္ ေတြကပိုမိုေအာင္ျမင္တတ္ပါတယ္။ ႏိုင္ငံျခားေရာက္ ေနသူမ်ား အသိအမွတ္ျပဳျခင္း၊လစားတိုးျခင္းမ်ိဳးေတြျဖစ္ရ တတ္ပါတယ္။ အမွန္ကိုအမွန္အတိုင္း ဘြင္ဘြင္ရွင္းရွင္း ေျပာတတ္တာေၾကာင့္ လူမုန္းမ်ားေနတတ္ပါတယ္။ ဘုန္းကံေတြတျဖည္းျဖည္းျမင့္လာပါေတာ့မယ္။

ေစတနာ ေကာင္းသူမ်ား၊သူမ်ားကိုကူညီတတ္သူမ်ား နာမည္ဂုဏ္သတင္းေက်ာ္ၾကားတတ္ပါတယ္။ အလုပ္မွာပင္ပန္းေသာ္ လည္း စိတ္ပါလက္ပါနဲ႔ႀကိဳးစားေနမိ တတ္ပါတယ္။ ကတိမတည္တဲ့သူေတြေၾကာင့္ေတာ့ စိတ္ရႈပ္စိတ္ပ်က္ရ တတ္ ပါတယ္။ လုပ္ငန္းရွင္မ်ား အျမတ္ နည္းေနေပမဲ့ ေဖာက္သည္ေတြတိုးၿပီး အလုပ္ေအာ္ဒါေတြမ်ားေနတတ္ပါတယ္။ က်န္းမာေရးအားနည္းေနခ်ိန္ကိုျဖတ္သန္းေနရတတ္ပါတယ္။

ေဝဒနာမႀကီးေပမဲ့ တေရွာင္ေရွာင္ျဖစ္လြယ္ပါတယ္။ အခ်စ္ေရးမွာ အခ်စ္ေၾကာင့္ပဲ အရာရာဟာလွပေနတဲ့အခ်ိန္ပါပဲ။ အခ်စ္အတြက္ေပးဆပ္ခ်င္စိတ္ေတြေပၚေနတတ္ ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ရဲ႕ဂ႐ုစိုက္မႈေတြကိုခံစားသိရွိရလိမ့္မယ္။ ပညာေရးကံအညံ့မ်ား ေနလိမ့္မယ္။ စာေမးပြဲကံအင္တာဗ်ဴးကံအားနည္းေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၅/၆/၀အထူးေဟာ အဆင္ေျပဖို႔ လမ္းစေပၚပါၿပီ ယၾတာ လက္ဖက္သုပ္ၿပီး ဘုရားကပ္လႉေပးပါ။

၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 / 09 44 5555 695