ကျင်းနက်ထဲ ပြုတ်ကျသွားတဲ့ မြည်းကလေးက ပေးတဲ့ဘဝသင်ခန်းစာ

တစ်ခါက မြည်းတစ်ကောင်ဟာ ကျင်းနက်တစ်ခုထဲကို ပြုတ်ကျသွားခဲ့ပါတယ်။ မြည်းပိုင်ရှင်လည်း နည်းမျိုးစုံနဲ့ ပြန်ကယ်တင်နိုင်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ မြည်းကလည်း အိုနေတာကြောင့် နောက်ဆုံးမှာတော့ အရှင် လတ်လတ်မြေမြှုပ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပိုင်ရှင်ဖြစ် သူက အပေါ်တက်ဖို့ မဖြစ်နိုင်တော့မှန်းမသိရှာဘဲ ပင်ပင် ပန်းပန်း ကြိုးစားရုန်းကန်တက်လှမ်းနေရှာတဲ့ မြည်းအိုရဲ့ ဆင်းရဲမှုဝေဒနာကို ရေရှည်မခံစားစေလိုတဲ့ စိတ်ကူးနဲ့ပေါ့။

ဒါကြောင့်အိမ်နီးနားချင်းတွေကိုပါ အကူခေါ်လိုက်ပြီး မြည်းလေးကို မြေမြှုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ပထမတော့ မြည်းလေးဟာ သူ့ကို မြေမြုပ်နေမှန်းမသိရှာပါဘူး။ ဒါကြောင့် အမောဖြေရင်း ရပ်နေခဲ့ပါတယ်။ နည်းနည်းကြာတော့ သူ့ကျောပေါ်မှာ မြေကြီးတွေ စုပုံလာပြီး လေးလံ မှုကို စတင်ခံစား ခဲ့ရပါတော့တယ်။ အဲဒီအခါမှ မြည်းလေးဟာ သူ့ကို မြေမြုပ်နေမှန်း သတိထားမိသွားပြီး အပေါ်က ကျလာသမျှ မြေကြီးတွေကို ထမ်းပိုးမထားတော့ဘဲ ခါချ လိုက်၊ တက်နင်းလိုက် ပြုလုပ်နေပါတော့တယ်။

ပိုင်ရှင်ဖြစ်သူနဲ့ အိမ်နီးချင်းများလည်း မြေဖို့တာ လုံလောက်ပြီ ဆိုတဲ့ အတွေးကိုယ်စီနဲ့ ကျင်းထဲကို ဝိုင်းအုံကြည့်လိုက် ချိန်မှာတော့ ထူးဆန်းတဲ့ မြင်ကွင်းကို တွေ့မြင်ခဲ့ကြရပါတော့တယ်။ မြည်းအိုဟာ ကျင်းဝကို ရောက်ရှိနေခဲ့လို့ပါ။ အဲဒီအခါမှ တစ်ဦးမျက်နှာ တစ်ဦးပြန်ကြည့်ပြီး မြည်းကို ဝိုင်းဝန်းဆွဲတင်လိုက်ကြပါတယ်။ မြည်းအဖို့လည်း မှောင်နက်ကျဉ်းမြောင်းတဲ့ ကျင်းနက်တွင်းမှ လွတ်မြောက်ပြီး ကျယ်ဝန်းသော စားကျက်မြေများသို့ ပြန်လည်ခြေချခွင့် ရရှိခဲ့ပါတယ်။

မြည်းအိုက ဘာသင်ခန်းစာတွေ ပေးခဲ့ပါသလဲ?။ ၄င်းသာ ခက်ခဲပင်ပန်းမှုတွေကို ရင်ဆိုင် အန်မတုခဲ့ရင်၊ လူတွေ ဝိုင်းပြီး လေးလံမှုတွေ (ပင်ပန်းဆင်းရဲမှုတွေ) သူ့ကျောပေါ်ကို ပစ်ချပေးနေချိန်မှာ ခါမချ၊ နင်းမတက်ဘဲ ဝမ်းနည်းငိုကြွေး စိတ်အားငယ်လက်လျော့နေခဲ့ရင် သူအလွယ် တကူ ပျောက် ကွယ်သွားခဲ့မှာပါ။

ဒါကြောင့်ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ။ သင့်ကိုယ်သင်အားကိုးပါ။ ယုံကြည်ပါ။ အခက်အခဲတွေ၊ ပြဿနာတွေကို တွန်းအားအဖြစ် အသုံးပြုပါ။ အခက်အခဲ တစ်ခုကို အာရုံစူးစိုက် ကျော်ဖြတ်ဖြစ်လေ ဘဝအတွေ့အကြုံ ပိုတိုးလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်မားလာမှု နဲ့အတူ ဖြစ်ထွန်းအောင်မြင်လာလေ ဖြစ်ပါလိမ့်မယ်။

Credit: Kaung Sam Thar

#Zawgyi Version

က်င္းနက္ထဲ ျပဳတ္က်သြားတဲ့ ျမည္းကေလးက ေပးတဲ့ဘဝသင္ခန္းစာ

တစ္ခါက ျမည္းတစ္ေကာင္ဟာ က်င္းနက္တစ္ခုထဲကို ျပဳတ္က်သြားခဲ့ပါတယ္။ ျမည္းပိုင္ရွင္လည္း နည္းမ်ိဳးစုံနဲ႕ ျပန္ကယ္တင္နိုင္ဖို႔ ႀကိဳးစားေပမဲ့ မေအာင္ျမင္ခဲ့ပါဘူး။ ျမည္းကလည္း အိုေနတာေၾကာင့္ ေနာက္ဆုံးမွာေတာ့ အရွင္ လတ္လတ္ေျမျမႇုပ္ပစ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ပိုင္ရွင္ျဖစ္ သူက အေပၚတက္ဖို႔ မျဖစ္နိုင္ေတာ့မွန္းမသိရွာဘဲ ပင္ပင္ ပန္းပန္း ႀကိဳးစား႐ုန္းကန္တက္လွမ္းေနရွာတဲ့ ျမည္းအိုရဲ႕ ဆင္းရဲမႈေဝဒနာကို ေရရွည္မခံစားေစလိုတဲ့ စိတ္ကူးနဲ႕ေပါ့။

ဒါေၾကာင့္အိမ္နီးနားခ်င္းေတြကိုပါ အကူေခၚလိုက္ၿပီး ျမည္းေလးကို ေျမျမႇုပ္ဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။ ပထမ ေတာ့ ျမည္းေလးဟာ သူ႕ကို ေျမျမဳပ္ေနမွန္းမသိရွာပါဘူး။ ဒါေၾကာင့္ အေမာေျဖရင္း ရပ္ေနခဲ့ပါတယ္။ နည္းနည္း ၾကာေတာ့ သူ႕ေက်ာေပၚမွာ ေျမႀကီးေတြ စုပုံလာၿပီး ေလးလံ မႈကို စတင္ခံစား ခဲ့ရပါေတာ့တယ္။ အဲဒီအခါမွ ျမည္းေလး ဟာ သူ႕ကို ေျမျမဳပ္ေနမွန္း သတိထားမိသြားၿပီး အေပၚက က်လာသမွ် ေျမႀကီးေတြကို ထမ္းပိုးမထားေတာ့ဘဲ ခါခ် လိုက္၊ တက္နင္းလိုက္ ျပဳလုပ္ေနပါေတာ့တယ္။

ပိုင္ရွင္ျဖစ္သူနဲ႕ အိမ္နီးခ်င္းမ်ားလည္း ေျမဖို႔တာ လုံေလာက္ ၿပီ ဆိုတဲ့ အေတြးကိုယ္စီနဲ႕ က်င္းထဲကို ဝိုင္းအုံၾကည့္လိုက္ ခ်ိန္မွာေတာ့ ထူးဆန္းတဲ့ ျမင္ကြင္းကို ေတြ႕ျမင္ခဲ့ၾကရ ပါ ေတာ့တယ္။ ျမည္းအိုဟာ က်င္းဝကို ေရာက္ရွိေနခဲ့လို႔ပါ။ အဲဒီအခါမွ တစ္ဦးမ်က္ႏွာ တစ္ဦးျပန္ၾကည့္ၿပီး ျမည္းကို ဝိုင္းဝန္းဆြဲတင္လိုက္ၾကပါတယ္။ ျမည္းအဖို႔လည္း ေမွာင္ နက္က်ဥ္းေျမာင္းတဲ့ က်င္းနက္တြင္းမွ လြတ္ေျမာက္ၿပီး က်ယ္ဝန္းေသာ စားက်က္ေျမမ်ားသို႔ ျပန္လည္ေျခခ်ခြင့္ ရရွိခဲ့ပါတယ္။

ျမည္းအိုက ဘာသင္ခန္းစာေတြ ေပးခဲ့ပါသလဲ?။ ၄င္းသာ ခက္ခဲပင္ပန္းမႈေတြကို ရင္ဆိုင္ အန္မတုခဲ့ရင္၊ လူေတြ ဝိုင္း ၿပီး ေလးလံမႈေတြ (ပင္ပန္းဆင္းရဲမႈေတြ) သူ႕ေက်ာေပၚကို ပစ္ခ်ေပးေနခ်ိန္မွာ ခါမခ်၊ နင္းမတက္ဘဲ ဝမ္းနည္းငိုေႂကြး စိတ္အားငယ္လက္ေလ်ာ့ေနခဲ့ရင္ သူအလြယ္ တကူ ေပ်ာက္ ကြယ္သြားခဲ့မွာပါ။

ဒါေၾကာင့္ဘယ္ေလာက္ပဲ ခက္ခဲၾကမ္းတမ္းေနပါေစ။ သင့္ကိုယ္သင္အားကိုးပါ။ ယုံၾကည္ပါ။ အခက္အခဲေတြ၊ ျပႆနာေတြကို တြန္းအားအျဖစ္ အသုံးျပဳပါ။ အခက္အခဲ တစ္ခုကို အာ႐ုံစူးစိုက္ ေက်ာ္ျဖတ္ျဖစ္ေလ ဘဝအေတြ႕အ ႀကဳံ ပိုတိုးေလ၊ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ ျမင့္မားလာမႈ နဲ႕အတူ ျဖစ္ထြန္းေအာင္ျမင္လာေလ ျဖစ္ပါလိမ့္မယ္။

Credit: Kaung Sam Thar