အမ်ိဳးသားတို႔ေျပာျပခဲ့တဲ့ ညအိပ္ဖို႔မဟုတ္ဘဲ ေဖာက္ျပန္ရျခင္း အေၾကာင္းအရင္းမ်ား…

အမ်ိဳးသားတို႔ေျပာျပခဲ့တဲ့ ညအိပ္ဖို႔မဟုတ္ဘဲ ေဖာက္ျပန္ရျခင္း အေၾကာင္းအရင္းမ်ား…

ေဖာက္ျပန္တယ္ဆိုတာ ေဖာက္ျပန္ခံရတဲ့သူတင္ ခံစားရတာမဟုတ္ဘဲ ေဖာက္ျပန္သြားတဲ့သူကပါ ခံစားၾကရပါတယ္တဲ့။ ယံုမလားေတာ့မသိဘူး။ မ်ားေသာအားျဖင့္ ေဖာက္ျပန္ၿပီေဟ့ ဆိုတာနဲ႔ အမ်ိဳးသမီးေတြထက္ အမ်ိဳးသားႏႈန္းက ပိုမ်ားေနတာကို ပတ္ဝန္းက်င္မွာတင္ သိႏုိင္ပါတယ္။ ဒါဆို ဘာလို႔ေဖာက္ျပန္ၾကတာလဲ …?

လူေတာ္ေတာ္မ်ားမ်ားကေတာ့ ေဖာက္ျပန္တယ္ဆိုရင္ ညအိပ္ဖို႔အတြက္ဆိုၿပီးပဲ ေတြးမိၾကမွာပါ။ ဒါေပမယ္႔ အမ်ိဳးသားမ်ားကေတာ့ ညအိပ္ရံုအတြက္နဲ႔တင္ ေဖာက္ျပန္တာမ်ိဳး မဟုတ္ဘဲ သူတို႔ေတြ ေဖာက္ျပန္ရတဲ့ အဓိကအေၾကင္းအရင္းေတြ အမ်ားႀကီး ရွိလို႔ေနတယ္ဆိုတဲ့အေၾကာင္း Asia One မွာ အခုလို ေဖာ္ျပထားလို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ …။

အေၾကာင္းအရင္း (၁) ေတြ႕ေတြ႕ခ်င္းမွာတင္ စြဲလန္းသြားခဲ့တယ္။ သူမ ရယ္လိုက္တုိင္း ကၽြန္ေတာ့္ေကာင္းကင္မွာ ၾကယ္ေတြ လင္းလက္သြားသလိုပဲ။ ပထမဆံုး စကားေျပာခဲ့တာ ၅ မိနစ္ေတာင္ မရွိခဲ့ပါဘူး။ ဒါေပမဲ့ သူမကို ကၽြန္ေတာ္ထပ္ေတြ႕မွ ျဖစ္လိမ့္မယ္ဆိုတာ စိတ္ထဲ ေသခ်ာေနခဲ့ပါၿပီ။ ကၽြန္ေတာ္လက္ရွိတြဲေနတဲ့ ခ်စ္သူဆိုတာလည္း ဘာအျပစ္မွ ေျပာစရာေတာင္မရွိဘူး။ တကယ္တမ္းေတာ့ ကၽြန္ေတာ့္ခ်စ္သူကို ခ်စ္တယ္လို႔ ထင္ေနခဲ့တာ မဟုတ္ဘူး။ ဒီလိုနဲ႔ကၽြန္ေတာ္ဟာ အသစ္မိန္းကေလးတစ္ေယာက္အတြက္ ခ်စ္သူကို ျဖတ္ခဲ့ပါတယ္ …။

အေၾကာင္းအရင္း (၂) သူမကသိပ္ကို တစ္ကိုယ္ေကာင္းဆန္လြန္းတယ္။ သူမအတြက္ပဲ သူမၾကည့္တယ္။ ကၽြန္ေတာ့အေပၚ စကားေျပာလည္း ေမာက္မာတယ္။ ဒီလိုဆက္ဆံခံေနရတာ ကၽြန္ေတာ့္အတြက္ အဆင္မေျပေၾကာင္း သူမနဲ႔ကၽြန္ေတာ္ စကားေတြမ်ားႀကီးေျပာခဲ့ေပမယ့္လည္း ဒံုရင္းကဒံုရင္းပါပဲ။ ဒီလိုနဲ႔ အဆင္မေျပျဖစ္လိုက္၊ ရန္ျဖစ္လိုက္၊ အဆင္ေျပလိုက္နဲ႔ သူမနဲ႔တြဲခဲ့ၾကေသးတယ္။ အဲဒီအခ်ိန္မွာပဲ ကၽြန္ေတာ့္လုပ္ေဖာ္ကိုင္ဖက္ ဂ်ဴနီယာမေလးနဲ႔စေတြ႕ခဲ့တယ္။ ကၽြန္ေတာ့္ ဂ်ဴနီယာက ကၽြန္ေတာ့္ခ်စ္သူနဲ႔ တျခားစီပဲ။ ဂရုစိုက္တယ္၊ မွ်တတယ္၊ နားလည္မႈအျပည့္အဝရွိတယ္။ ဒီလိုနဲ႔ သံေယာဇဥ္တြယ္ရင္း ခ်စ္သူအေပၚ သစၥာေဖာက္မိသြားပါေတာ့တယ္ …။

အေၾကင္းအရင္း (၃) ကၽြန္ေတာ့္အရင္ရည္းစားက အိမ္တြင္းပုန္း၊ ပ်င္းဖို႔ေကာင္းတယ္။ ဒိတ္မယ္ဆိုလည္း မဒိတ္ခ်င္ရတာနဲ႔။ ဘားေတြ ပါတီတက္စရာေတြ ၾကံဳလာရင္လည္း ေခၚလို႔မရဘူး။ ခ်စ္သူေလးနဲ႔ တြဲၿပီး ပြဲတက္ဖို႔ကို သူမက အျမဲတမ္း ျငင္းေနတာ။ အခုတစ္ေယာက္နဲ႔စေတြ႕တုန္းကဆို ကၽြန္ေတာ္အရမ္း စိတ္လြတ္လပ္လြတ္ရွိတာ္ပဲ၊ သိပ္လည္း ေပ်ာ္ရတယ္။ ပြဲဲေတြဆိုလည္း ထုတ္ျပလို႔ရတယ္၊ အေပါင္းအသင္းဝင္ဆန္႔ၿပီး ကၽြန္ေတာ့္လိုပဲ ေပ်ာ္ေပ်ာ္ေနတတ္တယ္၊ ဒါေပမဲ့ ေလးနက္စရာရွိတဲ့ အလုပ္ကိစၥတို႔၊ အနာဂတ္အေရးတို႔မွာေတာ့ တီးတိုးတုိင္ပင္ေဖာ္ေကာင္း တစ္ေယာက္ ျဖစ္ခဲ့တယ္။ ဒါေၾကာင့္ ကၽြန္ေတာ္ သစၥာေဖာက္ခဲ့ရပါတယ္ …။

အေၾကာင္းအရင္း (၄) ကၽြန္ေတာ့္ ခ်စ္သူက ကၽြန္ေတာ့္ကိုဆို ဘယ္ေတာ့မွ အားရေက်နပ္တယ္လို႔မရွိဘူး။ အနာဂတ္အတြက္ ကၽြန္ေတာ္ ဘယ္ေလာက္ပဲ ႀကိဳးစား ႀကိဳးစား၊ သူမအတြက္ ဘယ္ေလာက္အေကာင္းေတြပဲ လုပ္ေပးလုပ္ေပး ကၽြန္ေတာ့္ကို အသံုးမက်ဘူးဘဲ ျမင္ေနတယ္။ အဲဒီအခ်ိန္မွာ ေကာင္မေလးအသစ္နဲ႔ စေတြ႕ခဲ့တယ္။ သူမနဲ႔ကအလုပ္အတူတူပဲ။ ကၽြန္ေတာ့္ရဲ႕ ျဖစ္တည္မႈအတုိင္း လက္ခံခဲ့တယ္။ အၾကံေပးရံုကလြဲၿပီး အျပစ္တင္မႈေတြမရွိခဲ့ဘူး။ ဒါေၾကာင့္ တြဲျဖစ္သြားခဲ့တာပါ …။

အေၾကာင္းအရင္း (၅) အရင္တုန္းကခ်စ္သူက အျမဲတမ္း မျပင္မဆင္နဲ႔ေပါ့။ အျမဲတမ္း မျပင္ဆင္ရင္ေတာင္မွ တစ္ခါတစ္ေလ ကၽြန္ေတာ့္အတြက္ ျပင္ျပင္ဆင္ဆင္ေနေစခ်င္တယ္ေလ။ တိုက္ဆုိင္စြာနဲ႔ပဲ သူမနဲ႔စေတြ႕ခဲ့တယ္။ သူမရဲ႕အျပင္အဆင္ေတြ၊ ဝတ္ပံုစားပံုေတြ၊ ေနရာနဲ႔လိုက္ၿပီး ေျပာင္းလဲတတ္တဲ့ ေျပာဆိုေနထုိင္မႈေတြေၾကာင့္ ကၽြန္ေတာ့္ႏွလံုးသားကို ခုန္လႈပ္ေစခဲ့တယ္။ ဒီလိုေၾကာင့္ ကၽြန္ေတာ္တုိ႔ေတြ အတူရွိသြား ျဖစ္ခဲ့ၾကတာပါ …။

ဒါဟာ အျပင္မွာတကယ္ရွိတဲ့ အမ်ိဳးသား ၅ ေယာက္ရဲ႕ ရင္ဖြင့္စားသံေတြပဲျဖစ္ပါတယ္။ ဒီစကားသံေတြကို နားေထာင္ၾကည့္ရင္ အမ်ိဳးသားေတြဟာ အတူေနခ်င္ရံုေလာက္နဲ႔ေတာ့ သစၥာေဖာက္တတ္ၾကတာမဟုတ္ဘဲ တျခားအေၾကာင္းေတြေၾကာင့္လည္း သစၥာေဖာက္တတ္ၾကတယ္ဆိုတာ သိႏိုင္ပါတယ္။ တစ္ဦးနဲ႔တစ္ဦးၾကားမွာ တိုင္တိုင္ပင္ပင္ရိွျပီး သစၥာတရား ခိုင္ျမဲတာ အေကာင္ဆံုးပါပဲေနာ္ …။

ဗဟုသုတအေနနဲ႔ ေဖာ္ျပျခင္းသာ

Penny

Unicode

အမျိုးသားတို့ပြောပြခဲ့တဲ့ ညအိပ်ဖို့မဟုတ်ဘဲ ဖောက်ပြန်ရခြင်း အကြောင်းအရင်းများ…

ဖောက်ပြန်တယ်ဆိုတာ ဖောက်ပြန်ခံရတဲ့သူတင် ခံစားရတာမဟုတ်ဘဲ ဖောက်ပြန်သွားတဲ့သူကပါ ခံစားကြရပါတယ်တဲ့။ ယုံမလားတော့မသိဘူး။ များသောအားဖြင့် ဖောက်ပြန်ပြီဟေ့ ဆိုတာနဲ့ အမျိုးသမီးတွေထက် အမျိုးသားနှုန်းက ပိုများနေတာကို ပတ်ဝန်းကျင်မှာတင် သိနိုင်ပါတယ်။ ဒါဆို ဘာလို့ဖောက်ပြန်ကြတာလဲ …?

လူတော်တော်များများကတော့ ဖောက်ပြန်တယ်ဆိုရင် ညအိပ်ဖို့အတွက်ဆိုပြီးပဲ တွေးမိကြမှာပါ။ ဒါပေမယ့် အမျိုးသားများကတော့ ညအိပ်ရုံအတွက်နဲ့တင် ဖောက်ပြန်တာမျိုး မဟုတ်ဘဲ သူတို့တွေ ဖောက်ပြန်ရတဲ့ အဓိကအကြေင်းအရင်းတွေ အများကြီး ရှိလို့နေတယ်ဆိုတဲ့အကြောင်း Asia One မှာ အခုလို ဖော်ပြထားလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် …။

အကြောင်းအရင်း (၁) တွေ့တွေ့ချင်းမှာတင် စွဲလန်းသွားခဲ့တယ်။ သူမ ရယ်လိုက်တိုင်း ကျွန်တော့်ကောင်းကင်မှာ ကြယ်တွေ လင်းလက်သွားသလိုပဲ။ ပထမဆုံး စကားပြောခဲ့တာ ၅ မိနစ်တောင် မရှိခဲ့ပါဘူး။ ဒါပေမဲ့ သူမကို ကျွန်တော်ထပ်တွေ့မှ ဖြစ်လိမ့်မယ်ဆိုတာ စိတ်ထဲ သေချာနေခဲ့ပါပြီ။ ကျွန်တော်လက်ရှိတွဲနေတဲ့ ချစ်သူဆိုတာလည်း ဘာအပြစ်မှ ပြောစရာတောင်မရှိဘူး။ တကယ်တမ်းတော့ ကျွန်တော့်ချစ်သူကို ချစ်တယ်လို့ ထင်နေခဲ့တာ မဟုတ်ဘူး။ ဒီလိုနဲ့ကျွန်တော်ဟာ အသစ်မိန်းကလေးတစ်ယောက်အတွက် ချစ်သူကို ဖြတ်ခဲ့ပါတယ် …။

အကြောင်းအရင်း (၂) သူမကသိပ်ကို တစ်ကိုယ်ကောင်းဆန်လွန်းတယ်။ သူမအတွက်ပဲ သူမကြည့်တယ်။ ကျွန်တော့အပေါ် စကားပြောလည်း မောက်မာတယ်။ ဒီလိုဆက်ဆံခံနေရတာ ကျွန်တော့်အတွက် အဆင်မပြေကြောင်း သူမနဲ့ကျွန်တော် စကားတွေများကြီးပြောခဲ့ပေမယ့်လည်း ဒုံရင်းကဒုံရင်းပါပဲ။ ဒီလိုနဲ့ အဆင်မပြေဖြစ်လိုက်၊ ရန်ဖြစ်လိုက်၊ အဆင်ပြေလိုက်နဲ့ သူမနဲ့တွဲခဲ့ကြသေးတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့်လုပ်ဖော်ကိုင်ဖက် ဂျူနီယာမလေးနဲ့စတွေ့ခဲ့တယ်။ ကျွန်တော့် ဂျူနီယာက ကျွန်တော့်ချစ်သူနဲ့ တခြားစီပဲ။ ဂရုစိုက်တယ်၊ မျှတတယ်၊ နားလည်မှုအပြည့်အဝရှိတယ်။ ဒီလိုနဲ့ သံယောဇဉ်တွယ်ရင်း ချစ်သူအပေါ် သစ္စာဖောက်မိသွားပါတော့တယ် …။

အကြေင်းအရင်း (၃) ကျွန်တော့်အရင်ရည်းစားက အိမ်တွင်းပုန်း၊ ပျင်းဖို့ကောင်းတယ်။ ဒိတ်မယ်ဆိုလည်း မဒိတ်ချင်ရတာနဲ့။ ဘားတွေ ပါတီတက်စရာတွေ ကြုံလာရင်လည်း ခေါ်လို့မရဘူး။ ချစ်သူလေးနဲ့ တွဲပြီး ပွဲတက်ဖို့ကို သူမက အမြဲတမ်း ငြင်းနေတာ။ အခုတစ်ယောက်နဲ့စတွေ့တုန်းကဆို ကျွန်တော်အရမ်း စိတ်လွတ်လပ်လွတ်ရှိတာ်ပဲ၊ သိပ်လည်း ပျော်ရတယ်။ ပွဲတွေဆိုလည်း ထုတ်ပြလို့ရတယ်၊ အပေါင်းအသင်းဝင်ဆန့်ပြီး ကျွန်တော့်လိုပဲ ပျော်ပျော်နေတတ်တယ်၊ ဒါပေမဲ့ လေးနက်စရာရှိတဲ့ အလုပ်ကိစ္စတို့၊ အနာဂတ်အရေးတို့မှာတော့ တီးတိုးတိုင်ပင်ဖော်ကောင်း တစ်ယောက် ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် သစ္စာဖောက်ခဲ့ရပါတယ် …။

အကြောင်းအရင်း (၄) ကျွန်တော့် ချစ်သူက ကျွန်တော့်ကိုဆို ဘယ်တော့မှ အားရကျေနပ်တယ်လို့မရှိဘူး။ အနာဂတ်အတွက် ကျွန်တော် ဘယ်လောက်ပဲ ကြိုးစား ကြိုးစား၊ သူမအတွက် ဘယ်လောက်အကောင်းတွေပဲ လုပ်ပေးလုပ်ပေး ကျွန်တော့်ကို အသုံးမကျဘူးဘဲ မြင်နေတယ်။ အဲဒီအချိန်မှာ ကောင်မလေးအသစ်နဲ့ စတွေ့ခဲ့တယ်။ သူမနဲ့ကအလုပ်အတူတူပဲ။ ကျွန်တော့်ရဲ့ ဖြစ်တည်မှုအတိုင်း လက်ခံခဲ့တယ်။ အကြံပေးရုံကလွဲပြီး အပြစ်တင်မှုတွေမရှိခဲ့ဘူး။ ဒါကြောင့် တွဲဖြစ်သွားခဲ့တာပါ …။

အကြောင်းအရင်း (၅) အရင်တုန်းကချစ်သူက အမြဲတမ်း မပြင်မဆင်နဲ့ပေါ့။ အမြဲတမ်း မပြင်ဆင်ရင်တောင်မှ တစ်ခါတစ်လေ ကျွန်တော့်အတွက် ပြင်ပြင်ဆင်ဆင်နေစေချင်တယ်လေ။ တိုက်ဆိုင်စွာနဲ့ပဲ သူမနဲ့စတွေ့ခဲ့တယ်။ သူမရဲ့အပြင်အဆင်တွေ၊ ဝတ်ပုံစားပုံတွေ၊ နေရာနဲ့လိုက်ပြီး ပြောင်းလဲတတ်တဲ့ ပြောဆိုနေထိုင်မှုတွေကြောင့် ကျွန်တော့်နှလုံးသားကို ခုန်လှုပ်စေခဲ့တယ်။ ဒီလိုကြောင့် ကျွန်တော်တို့တွေ အတူရှိသွား ဖြစ်ခဲ့ကြတာပါ …။

ဒါဟာ အပြင်မှာတကယ်ရှိတဲ့ အမျိုးသား ၅ ယောက်ရဲ့ ရင်ဖွင့်စားသံတွေပဲဖြစ်ပါတယ်။ ဒီစကားသံတွေကို နားထောင်ကြည့်ရင် အမျိုးသားတွေဟာ အတူနေချင်ရုံလောက်နဲ့တော့ သစ္စာဖောက်တတ်ကြတာမဟုတ်ဘဲ တခြားအကြောင်းတွေကြောင့်လည်း သစ္စာဖောက်တတ်ကြတယ်ဆိုတာ သိနိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦးကြားမှာ တိုင်တိုင်ပင်ပင်ရှိပြီး သစ္စာတရား ခိုင်မြဲတာ အကောင်ဆုံးပါပဲနော် …။

ဗဟုသုတအနေနဲ့ ဖော်ပြခြင်းသာ

Penny