ဘယ်လောက််ပဲခက်ခဲပါစေ အကောင်းမြင််စိတ်် ထားပါ

ဘယ်လောက််ပဲခက်ခဲပါစေ အကောင်းမြင််စိတ်် ထားပါ

မည်မျှပင် ခက်ခဲပါစေ အကောင်းမြင်ဝါဒ ဆက်စွဲကိိုင်ထားပါ

၁၃၈၂ ခု မြန်မာနှစ်သစ်ကူးအချိိန်ဟာ ပထမနဲ့ ဒုတိယကမ္ဘာစစ်အချိိျန်က သင်္ကြန်ကာလမျိုးလိုဖြစ်မှာပဲလို့ စိတ်ထဲမှာမှန်းဆနှိိုင်းယှဉ်မိတယ်။ တချို့ကမ္ဘာ့ဒေသတွေမှာ စစ်၏အဟုန်က မြင့်မားရှည်လျားတယ်။ လူသန်းပေါင်းများစွာ သေကြေကြရတယ်။ ထို့ထက်ပို၍ လူသန်းပေါင်းများစွာ ဒဏ်ရာရကြတယ်။ စိတ်ကူးနဲ့တောင် မဖော်ပြနိုင်တဲ့ အတိဒုက္ခတွေ ကြုံခဲ့ကြရတယ်။

ဂျပန်ချွေးတပ်် (ကူလီ) ထဲမှာ သုံးနှစ်ကြာ အာဟာရချို့တဲ့စွာနဲ့ ပင်ပင်ပန််းပန်း အလုပ်လုပ်ခဲ့ရတဲ့ စာရေးသူရဲ့ မယ်တော်ဘက်က အဘိုးဟာ ဒုတိိယကမ္ဘာစစ်အပြီး အိမ်ပြန်ရောက်လာကာ မကြာခင် သေဆုံးသွားပါတယ်။ စာရေးသူရဲ့ ခမည်းတော် (ဖခင်) ကတော့ အသက်ငယ်ရွယ်သေးလို့ ချွေးတပ်ထဲပါသွားပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြန်ရောက်ပြီး နောက်ထပ်လေးဆယ့်တစ်နှစ် ထပ်နေသွားရပါသေးတယ်။ သို့သော် အလုပ်ကြမ်း မလုပ်နိုင်တော့ပါ။ ဒါက ကိုယ်နှင့်နီးစပ်ရာ ကမ္ဘာစစ်၏ ဆိုးကျိုးအတွေ့အကြုံပါ။

လက်ရှိ ကမ္ဘာတစ်ဝန်းလုံး တွေ့ကြုံနေရတဲ့ ကိုဗစ်် ၁၉ ဗိိုင်းရပ်စ်ဟာလည်း ကမ္ဘာစစ်အလား လူသန်းပေါင်း ခုနှှစ်ထောင့်လေးရာစလုံးကိို ထိခိိုက်တုန် လှုပ်စေပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ ခရစ်သက္ကရာဇ် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းလောက်က အစပြုခဲ့တာ ယခု လူဦးရေနှစ်သန်းနီးပါး ကူးစက်ပြီး တစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ရလေပြီ။ မမြင်ရတဲ့ ဒီဗိုင်းရပ်စ်ရန်သူဟာ ရှေ့ဆက်ဘယ်လောက်ထိ မွှေနှောက်ဖျက်ဆီးဦးမယ်ဆိုတာ ဘယ်သူမှအတိအကျ မသိနိုင်သေးဘူး။

လက်ရှိသိနိုင်တာကတော့ လူတွေခရီးသွားလာမှု၊ ဘဝနေထိိုင်မှုပုံစံနှင့် ကမ္ဘာ့စီးပွားရေးတို့ဟာ ဒီဗိုင်းရပ်စ်ရဲ့ အဓိကပစ်မှတ်ဖြစ်နေရပြီ ဆိုတာပါပဲ။ ယုံကြည်မှုဘာသာ၊ လူမှုအဆင့်အတန်း၊ ဆင်းရဲ ချမ်းသာမရွေး မျက်နှာမလိုက်တဲ့ ဒီ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ဟာ ကမ္ဘာစစ်ရဲ့ ဒဏ်ရာ၊ ဒဏ်ချက်များကို နှစ်ပေါင်းများစွာ ပြန်လည်ကုစားခဲ့ရသလို နိုင်ငံတိုင်းပြန်လည်နာလန်ထူလာအောင် ဆယ်စုနှစ်များစွာ တစ်ကမ္ဘာလုံး ဝိုင်းကြိုးစားကြရမယ်ဆိုတာကလည်း အခုကတည်းက ထင်ရှားနေလှပါပြီ။

ကြိုတင်ပြင်ဆင်ခွင့်မရလိုက်ဘဲ ဒီလိုဧရာမအတိဒုက္ခနဲ့ ပက်ပင်းရင်ဆိိုင်ကြရတဲ့ နိုင်ငံအသီးသီးကအစိုးရများ၊ ကုမ္ပဏီများနှင့် မိသားစုများဟာ နိစ္စဓူဝကိစ္စလိုဖြစ်လာတဲ့ ဒီကပ်ရောဂါကြီးကို ရင်ဆိုင်ဖြေရှင်းရာမှာ စိတ်အကြီးအကျယ် ဖိစီးမှုကြောင့် စကားပြောမှား၊ ဆုံးဖြတ်ချက်မှား စတဲ့အမှားများမှ မရှောင်လွှဲနိုင်ပါ။ တစ်ဘက်က အားမလို အားမရဖြစ်လို့ ဝေဖန်တာကို အခြားတစ်ဘက်ကလည်း ငါတို့ ဒီလောက်ကြိုးစားပမ်းစား ရိုးရိုးသားသား လုပ်နေတာ တန်ဖိုးမထားရကောင်းလားဆိုပြီး အမြင်တွေ၊ စိတ်ခံစားမှုတွေ တဖြည်းဖြည်းနဲ့ ကွာဝေးသွားနိုင်ပါတယ်။ ဒါက လူတိုင်း မျှော်လင့်မထားတဲ့ စိတ်ဖိစီးမှုများနဲ့ ရင်ဆိုင်နေကြရလို့ပါပဲ။

ဒီလိိုအချိန်မျိုးမှာ မိိသားစုများ၊ ကုမ္ပဏီများ၊ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများဟာ အဆိုးမြင်ဝါဒဘက်ကို အလွယ်တကူ ယိမ်းသွားနိုင်ပါတယ်။ ဦးနှောက်ရဲ့ sympathetic system ကာကွယ်ရေးယန္တရားဖြစ်တဲ့ amygdala တက်ကြွလာရင် အဆိုးမြင်တတ်၊ အရာရာကို အန္တရာယ်လို့ ချဲ့မြင်တတ်ကြတာ ဓမ္မတာပါပဲ။

ဒါပေမဲ့ မမြင်ရတဲ့လူသတ်သမား ကိုဗစ်် ၁၉ ဗိိုင်းရပ်စ်ကို မည်သည့်အစိုးရ မည်သည့်နိုင်ငံကမှ တစ်ဦးတည်း ဖြေရှင်းနိုင်စွမ်း မရှိပါဘူး။ ကိုယ့်နိုင်ငံက ပိုးကူးစက်ခံရတဲ့လူနာတွေကို အခြားနိုင်ငံရဲ့ ပစ္စည်းနှင့်အကူအညီမပါဘဲ လုံလောက်အောင် မကုနိုင်ကြပါဘူး။ ခုရက်ပိုင်းအတွင်းမှာပဲ ပြင်သစ်နိုင်ငံသမ္မတ အီမင်နျူ မက်ခွန် က သူ့အစိုးရဟာ ဒီဗိုင်းရပ်စ်ကို ကိုင်တွယ်ဖို့ အဆင်သင့်ဖြစ်မနေခဲ့ပါဘူးလို့ ခေါင်းဆောင်ကောင်းပီပီသသ ဝန်ခံခဲ့ပါတယ်။

ကမ္ဘာကြီးဟာ အချင်းချင်းမည်မျှဆက်စပ်နေတယ်၊ မှီခိိုနေတယ်ဆိုတာ အထူးရှင်းပြစရာမလိုတော့ပါ။

တစ်ချိန်တည်းမှာပဲ ဒီီကပ်ရောဂါ ပြဿနာကြီးကို စုပေါင်းကြိုးစားမှုနဲ့ ဖြေရှင်းနိိုင်မယ်၊ ဖြေရှင်းရမယ်လို့လည်း ဖော်ပြနေပါတယ်။ ကပ်ရောဂါအမျိုးမျိုးအတွက် ကာကွယ်ဆေးများ အောင်မြင်စွာ တီထွင်နိုင်ခဲ့တဲ့ ကမ္ဘာကြီးဟာ အခုလောလောဆယ်မှာလည်း ကာကွယ်ဆေးအတွက် အပတ်တကုတ်ကြိုးစားကြလို့ မျှော်လင့်ချက်ရောင်ခြည်လေးများ စတင်တွေ့ရှိလာရပါပြီ။ အချို့လူနာများအတွက် နောက်ကျနိုင်စရာရှိပေမယ့် ရေရှည်မှာတော့ ဒီတောင်ကို ကျော်လွှားနိုင်မှာပါ။

အရေးကြီးတာကတော့ နှှစ်သစ်ကူးက ဓမ္မတာအရ ဆောင်ကြဉ်းပေးလေ့ရှိိတဲ့ မျှော်လင့်ချက်နဲ့ အကောင်းမြင်ဝါဒများကို လက်မလွှတ်ကြဖို့ပါ။ အကောင်းမြင်ဝါဒနဲ့ဆိုရင် ကျန်းမာရေးပိုင်းဆိုင်ရာ လိုက်နာရမည့်အချက်များကို လိုက်နာရာမှာ စိတ်ထဲ ဝန်ထုပ်ဝန်ပိုးမဖြစ်တော့ပါ။ စွန့်လွှတ်အနစ်နာခံမှုများအတွက်လည်း ဂုဏ်ယူစရာအနေနဲ့ မြင်လာပါလိမ့်မယ်။ ကိုယ်ချင်းစာ သနားကြင်နာတတ်တဲ့ ကရုဏာအသိနဲ့ ဒီပြဿနာကို ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုနိုင်ရင်တော့ အကောင်းမြင်ဝါဒဟာ ပြဿနာနဲ့လူသားများအတွက် အမှန်တကယ် တန်ဖိုးမဖြတ်နိုင်တဲ့ လောကရတနာပါပဲ။

မြန်မာနှစ်သစ်ကူးအချိန်မှာ ကရုဏာနှလုံးသားဖြင့် လူတိိုင်းအကောင်းမြင်ဝါဒ ရှင်သန်လျက် မင်္ဂလာအပေါင်း အသီးသီးခညောင်းနိုင်ကြပါစေ။ လူများစွာ၏ဒုက္ခကို လျော့နည်းစေနိုင်စွမ်းသော ပါရမီရှင်များ ဖြစ်ကြပါစေ။

အောက်စဖိို့ဒ်ဆရာတော်

ခရစ်ဒစ််

ဘယ္ေလာက္္ပဲခက္ခဲပါေစ အေကာင္းျမင္္စိတ္္ ထားပါ

မည္မွ်ပင္ ခက္ခဲပါေစ အေကာင္းျမင္ဝါဒ ဆက္စြဲကိိုင္ထားပါ

၁၃၈၂ ခု ျမန္မာႏွစ္သစ္ကူးအခ်ိိန္ဟာ ပထမနဲ႔ ဒုတိယကမာၻစစ္အခ်ိိ်န္က သၾကၤန္ကာလမ်ိဳးလိုျဖစ္မွာပဲလို႔ စိတ္ထဲမွာမွန္းဆႏွိိုင္းယွဥ္မိတယ္။ တခ်ိဳ႕ကမာၻ႔ေဒသေတြမွာ စစ္၏အဟုန္က ျမင့္မားရွည္လ်ားတယ္။ လူသန္းေပါင္းမ်ားစြာ ေသေၾကၾကရတယ္။ ထို႔ထက္ပို၍ လူသန္းေပါင္းမ်ားစြာ ဒဏ္ရာရၾကတယ္။ စိတ္ကူးနဲ႔ေတာင္ မေဖာ္ျပႏိုင္တဲ့ အတိဒုကၡေတြ ႀကဳံခဲ့ၾကရတယ္။

ဂ်ပန္ေခြၽးတပ္္ (ကူလီ) ထဲမွာ သုံးႏွစ္ၾကာ အာဟာရခ်ိဳ႕တဲ့စြာနဲ႔ ပင္ပင္ပန္္းပန္း အလုပ္လုပ္ခဲ့ရတဲ့ စာေရးသူရဲ႕ မယ္ေတာ္ဘက္က အဘိုးဟာ ဒုတိိယကမာၻစစ္အၿပီး အိမ္ျပန္ေရာက္လာကာ မၾကာခင္ ေသဆုံးသြားပါတယ္။ စာေရးသူရဲ႕ ခမည္းေတာ္ (ဖခင္) ကေတာ့ အသက္ငယ္႐ြယ္ေသးလို႔ ေခြၽးတပ္ထဲပါသြားၿပီး ဒုတိယကမာၻစစ္ေနာက္ပိုင္း ျပန္ေရာက္ၿပီး ေနာက္ထပ္ေလးဆယ့္တစ္ႏွစ္ ထပ္ေနသြားရပါေသးတယ္။ သို႔ေသာ္ အလုပ္ၾကမ္း မလုပ္ႏိုင္ေတာ့ပါ။ ဒါက ကိုယ္ႏွင့္နီးစပ္ရာ ကမာၻစစ္၏ ဆိုးက်ိဳးအေတြ႕အႀကဳံပါ။

လက္ရွိ ကမာၻတစ္ဝန္းလုံး ေတြ႕ႀကဳံေနရတဲ့ ကိုဗစ္္ ၁၉ ဗိိုင္းရပ္စ္ဟာလည္း ကမာၻစစ္အလား လူသန္းေပါင္း ခုႏွွစ္ေထာင့္ေလးရာစလုံးကိို ထိခိိုက္တုန္ လႈပ္ေစပါတယ္။ တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕ကေန ခရစ္သကၠရာဇ္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလလယ္ပိုင္းေလာက္က အစျပဳခဲ့တာ ယခု လူဦးေရႏွစ္သန္းနီးပါး ကူးစက္ၿပီး တစ္သိန္းေက်ာ္ အသက္ဆုံးရႈံးခဲ့ရေလၿပီ။ မျမင္ရတဲ့ ဒီဗိုင္းရပ္စ္ရန္သူဟာ ေရွ႕ဆက္ဘယ္ေလာက္ထိ ေမႊေႏွာက္ဖ်က္ဆီးဦးမယ္ဆိုတာ ဘယ္သူမွအတိအက် မသိႏိုင္ေသးဘူး။

လက္ရွိသိႏိုင္တာကေတာ့ လူေတြခရီးသြားလာမႈ၊ ဘဝေနထိိုင္မႈပုံစံႏွင့္ ကမာၻ႔စီးပြားေရးတို႔ဟာ ဒီဗိုင္းရပ္စ္ရဲ႕ အဓိကပစ္မွတ္ျဖစ္ေနရၿပီ ဆိုတာပါပဲ။ ယုံၾကည္မႈဘာသာ၊ လူမႈအဆင့္အတန္း၊ ဆင္းရဲ ခ်မ္းသာမေ႐ြး မ်က္ႏွာမလိုက္တဲ့ ဒီ ကိုဗစ္ ၁၉ ဗိုင္းရပ္စ္ဟာ ကမာၻစစ္ရဲ႕ ဒဏ္ရာ၊ ဒဏ္ခ်က္မ်ားကို ႏွစ္ေပါင္းမ်ားစြာ ျပန္လည္ကုစားခဲ့ရသလို ႏိုင္ငံတိုင္းျပန္လည္နာလန္ထူလာေအာင္ ဆယ္စုႏွစ္မ်ားစြာ တစ္ကမာၻလုံး ဝိုင္းႀကိဳးစားၾကရမယ္ဆိုတာကလည္း အခုကတည္းက ထင္ရွားေနလွပါၿပီ။

ႀကိဳတင္ျပင္ဆင္ခြင့္မရလိုက္ဘဲ ဒီလိုဧရာမအတိဒုကၡနဲ႔ ပက္ပင္းရင္ဆိိုင္ၾကရတဲ့ ႏိုင္ငံအသီးသီးကအစိုးရမ်ား၊ ကုမၸဏီမ်ားႏွင့္ မိသားစုမ်ားဟာ နိစၥဓူဝကိစၥလိုျဖစ္လာတဲ့ ဒီကပ္ေရာဂါႀကီးကို ရင္ဆိုင္ေျဖရွင္းရာမွာ စိတ္အႀကီးအက်ယ္ ဖိစီးမႈေၾကာင့္ စကားေျပာမွား၊ ဆုံးျဖတ္ခ်က္မွား စတဲ့အမွားမ်ားမွ မေရွာင္လႊဲႏိုင္ပါ။ တစ္ဘက္က အားမလို အားမရျဖစ္လို႔ ေဝဖန္တာကို အျခားတစ္ဘက္ကလည္း ငါတို႔ ဒီေလာက္ႀကိဳးစားပမ္းစား ႐ိုး႐ိုးသားသား လုပ္ေနတာ တန္ဖိုးမထားရေကာင္းလားဆိုၿပီး အျမင္ေတြ၊ စိတ္ခံစားမႈေတြ တျဖည္းျဖည္းနဲ႔ ကြာေဝးသြားႏိုင္ပါတယ္။ ဒါက လူတိုင္း ေမွ်ာ္လင့္မထားတဲ့ စိတ္ဖိစီးမႈမ်ားနဲ႔ ရင္ဆိုင္ေနၾကရလို႔ပါပဲ။

ဒီလိိုအခ်ိန္မ်ိဳးမွာ မိိသားစုမ်ား၊ ကုမၸဏီမ်ား၊ အစိုးရႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားဟာ အဆိုးျမင္ဝါဒဘက္ကို အလြယ္တကူ ယိမ္းသြားႏိုင္ပါတယ္။ ဦးေႏွာက္ရဲ႕ sympathetic system ကာကြယ္ေရးယႏၲရားျဖစ္တဲ့ amygdala တက္ႂကြလာရင္ အဆိုးျမင္တတ္၊ အရာရာကို အႏၲရာယ္လို႔ ခ်ဲ႕ျမင္တတ္ၾကတာ ဓမၼတာပါပဲ။

ဒါေပမဲ့ မျမင္ရတဲ့လူသတ္သမား ကိုဗစ္္ ၁၉ ဗိိုင္းရပ္စ္ကို မည္သည့္အစိုးရ မည္သည့္ႏိုင္ငံကမွ တစ္ဦးတည္း ေျဖရွင္းႏိုင္စြမ္း မရွိပါဘူး။ ကိုယ့္ႏိုင္ငံက ပိုးကူးစက္ခံရတဲ့လူနာေတြကို အျခားႏိုင္ငံရဲ႕ ပစၥည္းႏွင့္အကူအညီမပါဘဲ လုံေလာက္ေအာင္ မကုႏိုင္ၾကပါဘူး။ ခုရက္ပိုင္းအတြင္းမွာပဲ ျပင္သစ္ႏိုင္ငံသမၼတ အီမင္န်ဴ မက္ခြန္ က သူ႔အစိုးရဟာ ဒီဗိုင္းရပ္စ္ကို ကိုင္တြယ္ဖို႔ အဆင္သင့္ျဖစ္မေနခဲ့ပါဘူးလို႔ ေခါင္းေဆာင္ေကာင္းပီပီသသ ဝန္ခံခဲ့ပါတယ္။

ကမာၻႀကီးဟာ အခ်င္းခ်င္းမည္မွ်ဆက္စပ္ေနတယ္၊ မွီခိိုေနတယ္ဆိုတာ အထူးရွင္းျပစရာမလိုေတာ့ပါ။

တစ္ခ်ိန္တည္းမွာပဲ ဒီီကပ္ေရာဂါ ျပႆနာႀကီးကို စုေပါင္းႀကိဳးစားမႈနဲ႔ ေျဖရွင္းနိိုင္မယ္၊ ေျဖရွင္းရမယ္လို႔လည္း ေဖာ္ျပေနပါတယ္။ ကပ္ေရာဂါအမ်ိဳးမ်ိဳးအတြက္ ကာကြယ္ေဆးမ်ား ေအာင္ျမင္စြာ တီထြင္ႏိုင္ခဲ့တဲ့ ကမာၻႀကီးဟာ အခုေလာေလာဆယ္မွာလည္း ကာကြယ္ေဆးအတြက္ အပတ္တကုတ္ႀကိဳးစားၾကလို႔ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးမ်ား စတင္ေတြ႕ရွိလာရပါၿပီ။ အခ်ိဳ႕လူနာမ်ားအတြက္ ေနာက္က်ႏိုင္စရာရွိေပမယ့္ ေရရွည္မွာေတာ့ ဒီေတာင္ကို ေက်ာ္လႊားႏိုင္မွာပါ။

အေရးႀကီးတာကေတာ့ ႏွွစ္သစ္ကူးက ဓမၼတာအရ ေဆာင္ၾကဥ္းေပးေလ့ရွိိတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ အေကာင္းျမင္ဝါဒမ်ားကို လက္မလႊတ္ၾကဖို႔ပါ။ အေကာင္းျမင္ဝါဒနဲ႔ဆိုရင္ က်န္းမာေရးပိုင္းဆိုင္ရာ လိုက္နာရမည့္အခ်က္မ်ားကို လိုက္နာရာမွာ စိတ္ထဲ ဝန္ထုပ္ဝန္ပိုးမျဖစ္ေတာ့ပါ။ စြန႔္လႊတ္အနစ္နာခံမႈမ်ားအတြက္လည္း ဂုဏ္ယူစရာအေနနဲ႔ ျမင္လာပါလိမ့္မယ္။ ကိုယ္ခ်င္းစာ သနားၾကင္နာတတ္တဲ့ က႐ုဏာအသိနဲ႔ ဒီျပႆနာကို က်ယ္က်ယ္ျပန႔္ျပန႔္ ၾကည့္ရႈႏိုင္ရင္ေတာ့ အေကာင္းျမင္ဝါဒဟာ ျပႆနာနဲ႔လူသားမ်ားအတြက္ အမွန္တကယ္ တန္ဖိုးမျဖတ္ႏိုင္တဲ့ ေလာကရတနာပါပဲ။

ျမန္မာႏွစ္သစ္ကူးအခ်ိန္မွာ က႐ုဏာႏွလုံးသားျဖင့္ လူတိိုင္းအေကာင္းျမင္ဝါဒ ရွင္သန္လ်က္ မဂၤလာအေပါင္း အသီးသီးခေညာင္းႏိုင္ၾကပါေစ။ လူမ်ားစြာ၏ဒုကၡကို ေလ်ာ့နည္းေစႏိုင္စြမ္းေသာ ပါရမီရွင္မ်ား ျဖစ္ၾကပါေစ။

ေအာက္စဖိို႔ဒ္ဆရာေတာ္

ခရစ္ဒစ္္