မျက်ခုံးမွှေး ထူထူလှလှလေး ဖြစ်ဖို့ (၁၀) ရက်အတွင်း သိသာစေမယ့် သဘာဝနည်းလမ်း

ခပ်ထူထူလေးရှိတဲ့ မျက်ခုံးမွှေးမျိုးကို လူတိုင်း လိုချင်ကြတယ်မဟုတ်လား…၊

မျက်ခုံးမွှေး ထူ ထူလှလှလေးဖြစ်ဖို့ (၁၀)ရက်အတွင်း သိသာစေမယ့် သဘာဝနည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ် …။

အခုခေတ်ဆိုရင် မျက်ခုံးမွှေးကို Tattoo ထိုးတာတွေတောင် လုပ်လာကြတာကိုတွေ့ရပါတယ်။

ဒါပေမယ့် သဘာဝမျက်ခုံးမွှေးအလှနဲ့ မယှဉ်နိုင်တာကိုတော့ ငြင်းပယ်လို့ မရပါဘူးနော် …။

အရည်အသွေးညံ့တဲ့ မိတ်ကပ်တွေ လိမ်းတာကြောင့်လည်း မျက်ခုံးမွှေးတွေ ပါးလာစေပါတယ်။

မျက် ခုံးမွှေးထူထူလေးရဖို့ သဘာဝအ တိုင်း မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်မယ့် နည်းလမ်းလေးကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ် …။

ပါဝင်ပစ္စည်း – ၁။သံလွင်ဆီ ၂။သံပုရာသီးတစ်စိပ်

ပြုလုပ်နည်း…

၁။ သံပုရာသီးတစ်စိပ်ကို ခွက်တစ်လုံးထဲထည့်ပြီး သံလွှင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းကနေ ၅ ဇွန်းအထိ ထည့်ပါ …။

၂။ အဲဒီနောက်ပန်းကန်ပြားတစ်ချပ်နဲ့ အုပ်ပေးထားပြီး ၅ရက်လောက် ထားထားပါ …။

၃။ အဲဒီအရည်ကို မျက်ခုံးမွှေးပေါ် ညတိုင်းလိမ်းပေးပါ …။

၄။ တစ်ညလုံးထားရင် ပိုကောင်းပါတယ်။

အဲဒီလိုမျိုး ၃ပတ် ၊ ၄ ပတ် လောက် ပြုလုပ်ပေးပါ။

ပထမ ၁ဝ ရက်အတွင်း သိသာတဲ့ ရလဒ်ကောင်းကို ရရှိလာစေမှာပဲ ဖြစ်ပါတယ်နော် …။ ။

( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင် Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ )

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

ခပ္ထူထူေလးရွိတဲ့ မ်က္ခုံးေမႊးမ်ိဳးကို လူတိုင္း လိုခ်င္ၾကတယ္မဟုတ္လား…၊

မ်က္ခုံးေမႊး ထူ ထူလွလွေလးျဖစ္ဖို႔ (၁၀)ရက္အတြင္း သိသာေစမယ့္ သဘာဝနည္းလမ္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္ …။

အခုေခတ္ဆိုရင္ မ်က္ခုံးေမႊးကို Tattoo ထိုးတာေတြေတာင္ လုပ္လာၾကတာကိုေတြ႕ရပါတယ္။

ဒါေပမယ့္ သဘာဝမ်က္ခုံးေမႊးအလွနဲ႔ မယွဥ္ႏိုင္တာကိုေတာ့ ျငင္းပယ္လို႔ မရပါဘူးေနာ္ …။

အရည္အေသြးညံ့တဲ့ မိတ္ကပ္ေတြ လိမ္းတာေၾကာင့္လည္း မ်က္ခုံးေမႊးေတြ ပါးလာေစပါတယ္။

မ်က္ ခုံးေမႊးထူထူေလးရဖို႔ သဘာဝအ တိုင္း မိမိအိမ္မွာ အလြယ္တကူျပဳလုပ္ႏိုင္မယ့္ နည္းလမ္းေလးကို မွ်ေဝေပးသြားမွာပဲ ျဖစ္ပါတယ္ …။

ပါဝင္ပစၥည္း – ၁။သံလြင္ဆီ ၂။သံပုရာသီးတစ္စိပ္

ျပဳလုပ္နည္း…

၁။ သံပုရာသီးတစ္စိပ္ကို ခြက္တစ္လုံးထဲထည့္ၿပီး သံလႊင္ဆီ စားပြဲတင္ဇြန္း ၄ ဇြန္းကေန ၅ ဇြန္းအထိ ထည့္ပါ …။

၂။ အဲဒီေနာက္ပန္းကန္ျပားတစ္ခ်ပ္နဲ႔ အုပ္ေပးထားၿပီး ၅ရက္ေလာက္ ထားထားပါ …။

၃။ အဲဒီအရည္ကို မ်က္ခုံးေမႊးေပၚ ညတိုင္းလိမ္းေပးပါ …။

၄။ တစ္ညလုံးထားရင္ ပိုေကာင္းပါတယ္။

အဲဒီလိုမ်ိဳး ၃ပတ္ ၊ ၄ ပတ္ ေလာက္ ျပဳလုပ္ေပးပါ။

ပထမ ၁ဝ ရက္အတြင္း သိသာတဲ့ ရလဒ္ေကာင္းကို ရရွိလာေစမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

( ဒီ Post ေလးက အသုံးဝင္တယ္ ဆိုရင္ Share တစ္ခ်က္ လုပ္ၿပီး မွ်ေဝေပးလိုက္ပါ )

မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။