စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေမှာ မတက်ကြတဲ့ ကလေးငယ်လေးတွေအတွက် အင်္ဂလိပ်စာနဲ့ကွန်ပျူတာကို အခမဲ့သင်ကြားပေးနေတဲ့ ပြည်သူများ

စစ်ကောင်စီက ဖွင့်လှစ်တဲ့စာသင်​ကျောင်းတွေမှာ ကျောင်းမထားချင်ကြတဲ့ ကျောင်းသားမိဘတွေများစွာရှိနေသလို ဗုံးပေါက်ကွဲပြီး သားသမီးတွေထိခိုက်မှာစိုး၍ ကျောင်းမထားကြတဲ့ မိဘတွေလည်းရှိနေခဲ့ပါတယ်။

ယခုဆိုရင်မြန်မာနိုင်ငံတစ်ဝှမ်းက စာသင်ကျောင်းတွေမှာ ကျောင်းတတ်နေကြတဲ့ ကျောင်းသူကျောင်းသားအရေအတွက်ဟာ အနည်းငယ်သာရှိနေခဲ့ပါတယ်။

ယနေ့မှာတော့ ပြည်သူတွေဟာ စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေမှာ မတက်ကြတဲ့ ကလေးငယ်လေးတွေအတွက် အင်္ဂလိပ်စာနဲ့ကွန်ပျူတာကို အခမဲ့သင်ကြားပေးနေကြပါတယ်။

KNU တပ်မဟာ (၆ )နယ်မြေ. ဒူးပလာယာခရိုင် လေးကေကော်မြို့သစ်မှာ အဆိုပါအခမဲ့ကျောင်းလေးကို ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အနီးပတ်ဝန်းကျင်ရွာတွေမှာရှိတဲ့ ကလေးငယ်တွေများစွာလာရောက်ပြီး သင်ကြားနေကြပါတယ်။

အဆိုပါကျောင်းမှာ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာကို သင်ကြားပေးနေတာဖြစ်ပြီး ယခုဆိုရင်ကျောင်းသူကျောင်းသား(၄၀၀)ကျော်အထိ လာရောက်ကျောင်းတတ်နေကြပြီဖြစ်ပါတယ်။

ရှိတာလေးတွေနဲ့ အဆင်ပြေအောင်ပြုလုပ်ပြီး အခမဲ့ပညာသင်ကြားပေးနေကြသူတွေကို ပြည်သူတွေက ချီးကျူးနေကြပါတယ်။

ပြည်သူတစ်ဦးကတော့ ” KNU တပ်မဟာ (၆)နယ်မြေ ဒူးပလာယာခရိုင် လေးကေကော်မြို့သစ်တွင် အနီးနားပတ်ဝန်းကျင် ရွာများရှိ စကစ မှ ဖွင့်လှစ်သည့် ကျောင်းမတက်ရောက်သည့် ကလေးများအား ကွန်ပျူတာနှင့် အင်္ဂလိပ်စာ သင်တန်းပို့ချနေတဲ့ပုံများ ဖြစ်ပါသည် လက်ရှိကျောင်းသားဦးရေ (400)ကျော်ရှိနေပြီ ဖြစ်ပါသည်။

မည်သူမဆို ကျောင်းလာအပ်နှံနိုင်ပါသည် ရှိတာလေးနဲ့ အဆင်ပြေအောင် ကလေးတွေပညာရေး စတင်လုပ်ဆောင်နေခြင်းဖြစ်သဖြင့် လိုအပ်ချက်များရှိပါက ပါဝင်ပူးပေါင်းကူညီအကြံဥာဏ်များ ပေးနိုင်ကြပါသည် “ဆိုပြီး ရေးသားထားခဲ့ပါတယ်။

ပြည်သူတွေဖွင့်ပေးထားတဲ့ ကျောင်းမှာ စာလာသင်နေကြတဲ့ ကလေးငယ်လေးတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source -Orginal Upload

စစ္ေကာင္စီက ဖြင့္လွစ္တဲ့စာသင္​ေက်ာင္းေတြမွာ ေက်ာင္းမထားခ်င္ၾကတဲ့ ေက်ာင္းသားမိဘေတြမ်ားစြာရွိေနသလို ဗုံးေပါက္ကြဲၿပီး သားသမီးေတြထိခိုက္မွာစိုး၍ ေက်ာင္းမထားၾကတဲ့ မိဘေတြလည္းရွိေနခဲ့ပါတယ္။

ယခုဆိုရင္ျမန္မာႏိုင္ငံတစ္ဝွမ္းက စာသင္ေက်ာင္းေတြမွာ ေက်ာင္းတတ္ေနၾကတဲ့ ေက်ာင္းသူေက်ာင္းသားအေရအတြက္ဟာ အနည္းငယ္သာရွိေနခဲ့ပါတယ္။

ယေန႔မွာေတာ့ ျပည္သူေတြဟာ စစ္ေကာင္စီဖြင့္တဲ့ေက်ာင္းေတြမွာ မတက္ၾကတဲ့ ကေလးငယ္ေလးေတြအတြက္ အဂၤလိပ္စာနဲ႔ကြန္ပ်ဴတာကို အခမဲ့သင္ၾကားေပးေနၾကပါတယ္။

KNU တပ္မဟာ (၆ )နယ္ေျမ. ဒူးပလာယာခ႐ိုင္ ေလးေကေကာ္ၿမိဳ႕သစ္မွာ အဆိုပါအခမဲ့ေက်ာင္းေလးကို ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး အနီးပတ္ဝန္းက်င္႐ြာေတြမွာရွိတဲ့ ကေလးငယ္ေတြမ်ားစြာလာေရာက္ၿပီး သင္ၾကားေနၾကပါတယ္။

အဆိုပါေက်ာင္းမွာ အဂၤလိပ္စာနဲ႔ ကြန္ပ်ဴတာကို သင္ၾကားေပးေနတာျဖစ္ၿပီး ယခုဆိုရင္ေက်ာင္းသူေက်ာင္းသား(၄၀၀)ေက်ာ္အထိ လာေရာက္ေက်ာင္းတတ္ေနၾကၿပီျဖစ္ပါတယ္။

ရွိတာေလးေတြနဲ႔ အဆင္ေျပေအာင္ျပဳလုပ္ၿပီး အခမဲ့ပညာသင္ၾကားေပးေနၾကသူေတြကို ျပည္သူေတြက ခ်ီးက်ဴးေနၾကပါတယ္။

ျပည္သူတစ္ဦးကေတာ့ ” KNU တပ္မဟာ (၆)နယ္ေျမ ဒူးပလာယာခ႐ိုင္ ေလးေကေကာ္ၿမိဳ႕သစ္တြင္ အနီးနားပတ္ဝန္းက်င္ ႐ြာမ်ားရွိ စကစ မွ ဖြင့္လွစ္သည့္ ေက်ာင္းမတက္ေရာက္သည့္ ကေလးမ်ားအား ကြန္ပ်ဴတာႏွင့္ အဂၤလိပ္စာ သင္တန္းပို႔ခ်ေနတဲ့ပုံမ်ား ျဖစ္ပါသည္ လက္ရွိေက်ာင္းသားဦးေရ (400)ေက်ာ္ရွိေနၿပီ ျဖစ္ပါသည္။

မည္သူမဆို ေက်ာင္းလာအပ္ႏွံႏိုင္ပါသည္ ရွိတာေလးနဲ႔ အဆင္ေျပေအာင္ ကေလးေတြပညာေရး စတင္လုပ္ေဆာင္ေနျခင္းျဖစ္သျဖင့္ လိုအပ္ခ်က္မ်ားရွိပါက ပါဝင္ပူးေပါင္းကူညီအႀကံဥာဏ္မ်ား ေပးႏိုင္ၾကပါသည္ “ဆိုၿပီး ေရးသားထားခဲ့ပါတယ္။

ျပည္သူေတြဖြင့္ေပးထားတဲ့ ေက်ာင္းမွာ စာလာသင္ေနၾကတဲ့ ကေလးငယ္ေလးေတြရဲ႕ ပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

Source -Orginal Upload