တောထဲကိုတိမ်းရှောင်လာရင်း မိုးရေတွေကြားထဲမှာ ကောက်ရိုးတစ်မျှင်ရလိုရငြား လက်အုပ်ချီဆုတောင်းနေတဲ့ စစ်ဘေးရှောင်ကလေးတစ်ဦး

စစ်ဘေးဒဏ်ကြောင့် အိုးအိမ်တွေကိုစွန့်ခွာပြီး ဘေးလွတ်ရာကိုပြောင်းရွှေ့လာကြရတဲ့ မိသားစုတွေရဲ့ ဘဝဟာ ရင်နာစရာကောင်းလွန်းပါတယ်။ အာဏာရှင်လူတစ်စုရဲ့အတ္တနဲ့ ယုံကြည်မှုတစ်ခုအတွက် လက်နှက်ကိုင်ကြသူတွေကြား တိုက်ပွဲတွေပြင်းထန်လာတဲ့အခါ စစ်ဘေးရှောင်ပြည်သူတွေရဲ့ဘဝဟာ မြေစာပင်ဖြစ်ခဲ့ရပါတယ်။

တိုင်းရင်းသားဒေသတွေဟာ နှစ်ပေါင်းများစွာစစ်ဘေးဒဏ်ကိုခံခဲ့ရပြီး ပျော်ရွှင်မှုဆိုတာကိုအပြည့်အဝမခံစားခဲ့ရပါဘူး။ (၂၀၂၁) အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာတော့ ပြည်မကြီးကပြည်သူတွေဟာ တိုင်းရင်းသားတွေရဲ့ဘဝကို စာနာနားလည်သွားခဲ့ပြီး ထောက်ပံ့မှုတွေ လုပ်ပေးခဲ့တာကြောင့် တောင်ပေါ်နဲ့မြေပြန့်တို့ရဲ့ချစ်ခင်မှုဟာ ပိုပြီးခိုင်မာလာခဲ့ပါတယ်။

အခက်အခဲအတားအဆီးနဲ့ လမ်းပိတ်ဆို့မှုတွေကြားမှာ ကိုယ့်အန္တရာယ်ကိုတောင်ဂရုမစိုက်ဘဲ အလှူရှင်တွေရဲ့စေတနာတွေကို လိုအပ်နေတဲ့စစ်ဘေးရှောင်တို့ထံအရောက်ပို့ပေးနိုင်ဖို့ ကြိုးစားပေးနေတဲ့ ပရဟိတအကျိုးတော်ဆောင်တွေရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်ဟာလည်း တကယ်ကိုချီးကျူးစရာကောင်းလွန်း ပါတယ်။

ဒီလိုကူညီသူတွေရှိတာကြောင့်လည်း လွယ်လွယ်ကူကူလှူဒါန်းနိုင်သလို အခက်အခဲဖြစ်နေသူတွေ လည်း အဆင်ပြေတဲ့အနေအထား တစ်ခုကိုရခဲ့ပါတယ်။ ဘယ်လိုပဲထောက်ပံ့မှုတွေရှိနေပါစေ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ဘဝဟာအမြဲတမ်းမလုံမခြုံနဲ့ စိုးထိတ်နေရဆဲပါပဲ။

ဒီနေ့မှာလည်း စစ်ဘေးရှောင်ကလေးတစ်ဦးဟာ သည်းထန်စွာရွာနေတဲ့မိုးစက်တွေကြားမှာ အကူအကယ် ရလိုရငြား လက်အုပ်ချီပြီးဆုတောင်းနေတဲ့ပုံရိပ်လေးတစ်ခုဟာ မြင်သူတိုင်းရဲ့ နှလုံးသည်းဆိုင်ကို ဆွဲခါလိုက်သလိုပါပဲ။

ကလေးအရွယ်မှာပညာမသင်ရဘဲ ဒုက္ခများတဲ့ နေရာဒေသတွေမှာရှောင်တိမ်းရင်း ဘေးကင်းဖို့အတွက် ဆုတောင်းနေရတဲ့ဒီကလေးရဲ့ ရင်ထဲမှာ ဘယ်လောက်တောင်များ ပူလောင်နေမလဲ ဆိုတာ တွေးကြည့်ရင်ဝမ်းနည်းစရာကောင်းပါတယ်။

ကလေးတောင်းတဲ့ဆုတွေပြည့်ပြီး ပျော်ရွှင်အေးချမ်းတဲ့ဘဝတစ်ခုကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်။

သတင်းအရင်းမြစ်: Tun Wai Tun’s

 

စစ္ေဘးဒဏ္ေၾကာင့္ အိုးအိမ္ေတြကိုစြန႔္ခြာၿပီး ေဘးလြတ္ရာကိုေျပာင္းေ႐ႊ႕လာၾကရတဲ့ မိသားစုေတြရဲ႕ ဘဝဟာ ရင္နာစရာေကာင္းလြန္းပါတယ္။ အာဏာရွင္လူတစ္စုရဲ႕အတၱနဲ႔ ယုံၾကည္မႈတစ္ခုအတြက္ လက္ႏွက္ကိုင္ၾကသူေတြၾကား တိုက္ပြဲေတြျပင္းထန္လာတဲ့အခါ စစ္ေဘးေရွာင္ျပည္သူေတြရဲ႕ဘဝဟာ ေျမစာပင္ျဖစ္ခဲ့ရပါတယ္။

တိုင္းရင္းသားေဒသေတြဟာ ႏွစ္ေပါင္းမ်ားစြာစစ္ေဘးဒဏ္ကိုခံခဲ့ရၿပီး ေပ်ာ္႐ႊင္မႈဆိုတာကိုအျပည့္အဝမခံစားခဲ့ရပါဘူး။ (၂၀၂၁) အာဏာသိမ္းမႈျဖစ္စဥ္ေနာက္ပိုင္းမွာေတာ့ ျပည္မႀကီးကျပည္သူေတြဟာ တိုင္းရင္းသားေတြရဲ႕ဘဝကို စာနာနားလည္သြားခဲ့ၿပီး ေထာက္ပံ့မႈေတြ လုပ္ေပးခဲ့တာေၾကာင့္ ေတာင္ေပၚနဲ႔ေျမျပန႔္တို႔ရဲ႕ခ်စ္ခင္မႈဟာ ပိုၿပီးခိုင္မာလာခဲ့ပါတယ္။

အခက္အခဲအတားအဆီးနဲ႔ လမ္းပိတ္ဆို႔မႈေတြၾကားမွာ ကိုယ့္အႏၲရာယ္ကိုေတာင္ဂ႐ုမစိုက္ဘဲ အလႉရွင္ေတြရဲ႕ေစတနာေတြကို လိုအပ္ေနတဲ့စစ္ေဘးေရွာင္တို႔ထံအေရာက္ပို႔ေပးႏိုင္ဖို႔ ႀကိဳးစားေပးေနတဲ့ ပရဟိတအက်ိဳးေတာ္ေဆာင္ေတြရဲ႕ စိတ္ဓာတ္နဲ႔လုပ္ရပ္ဟာလည္း တကယ္ကိုခ်ီးက်ဴးစရာေကာင္းလြန္း ပါတယ္။

ဒီလိုကူညီသူေတြရွိတာေၾကာင့္လည္း လြယ္လြယ္ကူကူလႉဒါန္းႏိုင္သလို အခက္အခဲျဖစ္ေနသူေတြ လည္း အဆင္ေျပတဲ့အေနအထား တစ္ခုကိုရခဲ့ပါတယ္။ ဘယ္လိုပဲေထာက္ပံ့မႈေတြရွိေနပါေစ စစ္ေဘးေရွာင္ျပည္သူေတြရဲ႕ ဘဝဟာအၿမဲတမ္းမလုံမၿခဳံနဲ႔ စိုးထိတ္ေနရဆဲပါပဲ။

ဒီေန႔မွာလည္း စစ္ေဘးေရွာင္ကေလးတစ္ဦးဟာ သည္းထန္စြာ႐ြာေနတဲ့မိုးစက္ေတြၾကားမွာ အကူအကယ္ ရလိုရျငား လက္အုပ္ခ်ီၿပီးဆုေတာင္းေနတဲ့ပုံရိပ္ေလးတစ္ခုဟာ ျမင္သူတိုင္းရဲ႕ ႏွလုံးသည္းဆိုင္ကို ဆြဲခါလိုက္သလိုပါပဲ။

ကေလးအ႐ြယ္မွာပညာမသင္ရဘဲ ဒုကၡမ်ားတဲ့ ေနရာေဒသေတြမွာေရွာင္တိမ္းရင္း ေဘးကင္းဖို႔အတြက္ ဆုေတာင္းေနရတဲ့ဒီကေလးရဲ႕ ရင္ထဲမွာ ဘယ္ေလာက္ေတာင္မ်ား ပူေလာင္ေနမလဲ ဆိုတာ ေတြးၾကည့္ရင္ဝမ္းနည္းစရာေကာင္းပါတယ္။

ကေလးေတာင္းတဲ့ဆုေတြျပည့္ၿပီး ေပ်ာ္႐ႊင္ေအးခ်မ္းတဲ့ဘဝတစ္ခုကို အျမန္ဆုံး ပိုင္ဆိုင္ႏိုင္ပါေစလို႔ဆုေတာင္းေပးပါတယ္။

သတင္းအရင္းျမစ္: Tun Wai Tun’s