ဆံပင္အံုထူထူထဲထဲနဲ႔ အ႐ွည္ျမန္ခ်င္သူမ်ားအတြက္ နည္းလမ္းေကာင္းမ်ား

ဆံပင္အံုထူထူထဲထဲနဲ႔ အ႐ွည္ျမန္ခ်င္သူမ်ားအတြက္ နည္းလမ္းေကာင္းမ်ား

ကမာၻေပၚမွာ ဆံပင္အ႐ွည္ဆံုးလူသားတစ္ေယာက္ရဲ႕ ဆံပင္က ၅.၆၂၇ မီတာ ႐ွည္လ်ားပါတယ္။ ဆံပင္နည္းနည္းေလး႐ွည္လာတာနဲ႔ အမွ် ဂ႐ုစိုက္မႈကလည္း ပိုမ်ားလာမွာပဲျဖစ္ပါတယ္။

တခ်ိဳ႕ပ်ိဳေမေလးေတြက်ေတာ့ ဆံပင္အံုပါးလို႔ ဆံပင္အ႐ွည္ေႏွးလို႔ စိတ္ညစ္ၾကရပါတယ္။ ဒါဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးတြကို လိုက္နာၿပီး ေသခ်ာဂ႐ုစိုက္ ထိန္းသိမ္းေပးမယ္ဆိုရင္ ဆံပင္က နဂိုကထက္ ပို႐ွည္လာၿပီး အံုပိုထူလာမွာပဲျဖစ္ပါတယ္။

ဦးေရျပားကို ႏွိပ္နယ္ပါ

ဦးေရျပားကို ႏွိပ္နယ္ေပးျခင္းက ေသြးလွည့္ပတ္မႈကို ေကာင္းမြန္ေစၿပီး ဆံပင္ေမႊးညွင္းေပါက္ေလးေတြဆီသို႔ ေသြးစီးဆင္းမႈေကာင္းေစပါတယ္။ ထိုမွတဆင့္ ဆံပင္အ႐ွည္ျမန္လာေအာင္ လႈံ႔ေဆာ္ေပးမွာပဲျဖစ္ပါတယ္။ ေခါင္းေလွ်ာ္ေနစဥ္ အခ်ိန္အတြင္းမွာလည္း ဦးေရျပားကို ႏွိပ္နယ္ေပးလို႔ရပါတယ္။

ဆံပင္အေျခာက္ခံတဲ့အခါ နည္းမွန္လမ္းမွန္နဲ႔ ေျခာက္ေအာင္ သုတ္ေပးဖို႔လိုပါတယ္

ေခါင္းေလွ်ာ္ၿပီးသြားတဲ့အခ်ိန္မွာ ဆံပင္ကို လိမ္ျခင္း၊ ၾကမ္းၾကမ္းတမ္းတမ္းပြတ္တုိက္ျခင္းတို႔ကို ေ႐ွာင္ၾကဥ္ရပါမယ္။ ပုဝါေလးနဲ႔ ညင္ညင္သာသာေလး ဖိေပးၿပီး စိုေနတဲ့ေရေတြကို ဖယ္႐ွားေပးလိုက္ရင္ လံုေလာက္ပါၿပီ။

ပိုးသား ေခါင္းအံုးစြပ္ေလးေတြ အသံုးျပဳပါ

ခ်ည္ထည္ေခါင္းအံုးစြပ္ေတြက ဆံပင္ရဲ႕ အစိုဓာတ္ကို စုပ္ယူပစ္လိုက္တာေၾကာင့္ ဆံပင္ကို ေျခာက္ေသြ႔ပ်က္စီးေစပါတယ္။ ဒါေပမဲ့ ပိုးထည္ ေခါင္းအံုးစြပ္ေလး အသံုးျပဳရင္ေတာ့ အဲ့ဒီလိုျဖစ္မွာမဟုတ္ေတာ့ပါဘူး။ ပိုးထည္က ဆံပင္က ေခါင္းအံုးစြပ္အၾကား ပြတ္တိုက္မႈကို ေလ်ာ့ခ်ေပးၿပီး ဆံေကသာပ်က္စီးျခင္းမွ ကာကြယ္ေပးပါတယ္။

ပိုနီေတး စည္းတဲ့အခါ ခပ္ျမင့္ျမင့္ မစည္းပါနဲ႔

ပိုနီေတးကို အျမင့္ႀကီးစည္းလိုက္တဲ့အခါ ဆံပင္ရဲ႕အျမစ္ကို ဆြဲဆန္႔လိုက္သလိုျဖစ္သြားၿပီး ဆံပင္အျမစ္ေတြ ပ်က္စီးသြားတတ္ပါတယ္။ ဒါ့အျပင္ မၾကာခဏလည္း ဆံပင္ကြ်တ္တတ္ပါတယ္။

ေရေအးေလးနဲ႔ ေခါင္းေလွ်ာ္ပါ

ေရေအးနဲ႔ ေခါင္းေလွ်ာ္ျခင္းက ဆံေကသာကို ပိုမိုက်န္းမာသန္စြမ္းလာေအာင္ ကူညီေပးႏိုင္ပါတယ္။ ဒါ့အျပင္ ဆံေကသာ ႏူးညံ့ေတာက္ေျပာင္လာဖို႔လည္း စြမ္းေဆာင္ေပးႏိုင္ပါေသးတယ္။

သံလြင္ဆီ အသံုးျပဳပါ

Antioxidants နဲ႔ ဗီတာမင္ အီး ပါဝင္တဲ့ သံလြင္ဆီက ဆံပင္အ႐ွည္ျမန္ေအာင္၊ ႏူးညံ့ေပ်ာ့ေပ်ာင္းေအာင္၊ ဆံေကသာ ေတာက္ေျပာင္လာေအာင္ ကူညီေပးႏိုင္ပါတယ္။ သံလြင္ဆီကို ဦးေရျပားနဲ႔ ဆံေကသာေပၚ သုတ္လိမ္းၿပီးေနာက္ ဦးေရျပားကို မိနစ္အနည္းငယ္ခန္႔ ႏိွပ္နယ္ေပးလိုက္ပါ။ ထို႔ေနာက္ ဆံပင္ကို Shower Cap ေလးနဲ႔ ၁၅ မိနစ္၊ မိနစ္ ၃၀ ေလာက္ အုပ္ထားလိုက္ပါ။ ၿပီးမွ မိမိအသံုးျပဳေနက် ေခါင္းေလွ်ာ္ရည္ေလးနဲ႔ ေခါင္းေလွ်ာ္ေပးလိုက္ပါ။

က်န္းမာေရးနဲ႔ ညီညႊတ္တဲ့အစားအစာမ်ားကိုသာ ဦးစားေပး စားသံုးပါ

အစားအစာ စားသံုးျခင္းကလည္း ဆံေကသာအတြက္ မ်ားစြာအေထာက္အကူျပဳႏိုင္ပါတယ္။ ပ႐ိုတင္းဓာတ္ၾကြယ္ဝတဲ့ အသားမ်ား၊ ငါးမ်ား၊ ပဲအမ်ိဳးမ်ိဳး၊ ဗီတာမင္ ေအနဲ႔ ဗီတာမင္ စီၾကြယ္ဝတဲ့ မုန္လာဥနီ၊ အခ်ဥ္ဓာတ္ၾကြယ္ဝေသာ အစားအစာမ်ား၊ ေရႊဖ႐ံုသီး စတဲ့ အစားအစာေတြကို ပံုမွန္စားသံုးေပးလိုက္ပါ။ ဒါ့အျပင္ တစ္ေန႔တာလံုး ေရဓာတ္ျပည့္ဝစြာ ေနထိုင္ႏိုင္ဖို႔ကလည္း အေရးႀကီးပါေသးတယ္။

Source: Brightside.me

ဆံပင်အုံထူထူထဲထဲနဲ့ အရှည်မြန်ချင်သူများအတွက် နည်းလမ်းကောင်းများ

ကမ္ဘာပေါ်မှာ ဆံပင်အရှည်ဆုံးလူသားတစ်ယောက်ရဲ့ ဆံပင်က ၅.၆၂၇ မီတာ ရှည်လျားပါတယ်။ ဆံပင်နည်းနည်းလေးရှည်လာတာနဲ့ အမျှ ဂရုစိုက်မှုကလည်း ပိုများလာမှာပဲဖြစ်ပါတယ်။

တချို့ပျိုမေလေးတွေကျတော့ ဆံပင်အုံပါးလို့ ဆံပင်အရှည်နှေးလို့ စိတ်ညစ်ကြရပါတယ်။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွကို လိုက်နာပြီး သေချာဂရုစိုက် ထိန်းသိမ်းပေးမယ်ဆိုရင် ဆံပင်က နဂိုကထက် ပိုရှည်လာပြီး အုံပိုထူလာမှာပဲဖြစ်ပါတယ်။

ဦးရေပြားကို နှိပ်နယ်ပါ

ဦးရေပြားကို နှိပ်နယ်ပေးခြင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဆံပင်မွှေးညှင်းပေါက်လေးတွေဆီသို့ သွေးစီးဆင်းမှုကောင်းစေပါတယ်။ ထိုမှတဆင့် ဆံပင်အရှည်မြန်လာအောင် လှုံ့ဆော်ပေးမှာပဲဖြစ်ပါတယ်။ ခေါင်းလျှော်နေစဉ် အချိန်အတွင်းမှာလည်း ဦးရေပြားကို နှိပ်နယ်ပေးလို့ရပါတယ်။

ဆံပင်အခြောက်ခံတဲ့အခါ နည်းမှန်လမ်းမှန်နဲ့ ခြောက်အောင် သုတ်ပေးဖို့လိုပါတယ်

ခေါင်းလျှော်ပြီးသွားတဲ့အချိန်မှာ ဆံပင်ကို လိမ်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်ခြင်းတို့ကို ရှောင်ကြဉ်ရပါမယ်။ ပုဝါလေးနဲ့ ညင်ညင်သာသာလေး ဖိပေးပြီး စိုနေတဲ့ရေတွေကို ဖယ်ရှားပေးလိုက်ရင် လုံလောက်ပါပြီ။

ပိုးသား ခေါင်းအုံးစွပ်လေးတွေ အသုံးပြုပါ

ချည်ထည်ခေါင်းအုံးစွပ်တွေက ဆံပင်ရဲ့ အစိုဓာတ်ကို စုပ်ယူပစ်လိုက်တာကြောင့် ဆံပင်ကို ခြောက်သွေ့ပျက်စီးစေပါတယ်။ ဒါပေမဲ့ ပိုးထည် ခေါင်းအုံးစွပ်လေး အသုံးပြုရင်တော့ အဲ့ဒီလိုဖြစ်မှာမဟုတ်တော့ပါဘူး။ ပိုးထည်က ဆံပင်က ခေါင်းအုံးစွပ်အကြား ပွတ်တိုက်မှုကို လျော့ချပေးပြီး ဆံကေသာပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

ပိုနီတေး စည်းတဲ့အခါ ခပ်မြင့်မြင့် မစည်းပါနဲ့

ပိုနီတေးကို အမြင့်ကြီးစည်းလိုက်တဲ့အခါ ဆံပင်ရဲ့အမြစ်ကို ဆွဲဆန့်လိုက်သလိုဖြစ်သွားပြီး ဆံပင်အမြစ်တွေ ပျက်စီးသွားတတ်ပါတယ်။ ဒါ့အပြင် မကြာခဏလည်း ဆံပင်ကျွတ်တတ်ပါတယ်။

ရေအေးလေးနဲ့ ခေါင်းလျှော်ပါ

ရေအေးနဲ့ ခေါင်းလျှော်ခြင်းက ဆံကေသာကို ပိုမိုကျန်းမာသန်စွမ်းလာအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဆံကေသာ နူးညံ့တောက်ပြောင်လာဖို့လည်း စွမ်းဆောင်ပေးနိုင်ပါသေးတယ်။

သံလွင်ဆီ အသုံးပြုပါ

Antioxidants နဲ့ ဗီတာမင် အီး ပါဝင်တဲ့ သံလွင်ဆီက ဆံပင်အရှည်မြန်အောင်၊ နူးညံ့ပျော့ပျောင်းအောင်၊ ဆံကေသာ တောက်ပြောင်လာအောင် ကူညီပေးနိုင်ပါတယ်။ သံလွင်ဆီကို ဦးရေပြားနဲ့ ဆံကေသာပေါ် သုတ်လိမ်းပြီးနောက် ဦးရေပြားကို မိနစ်အနည်းငယ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ ထို့နောက် ဆံပင်ကို Shower Cap လေးနဲ့ ၁၅ မိနစ်၊ မိနစ် ၃၀ လောက် အုပ်ထားလိုက်ပါ။ ပြီးမှ မိမိအသုံးပြုနေကျ ခေါင်းလျှော်ရည်လေးနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများကိုသာ ဦးစားပေး စားသုံးပါ

အစားအစာ စားသုံးခြင်းကလည်း ဆံကေသာအတွက် များစွာအထောက်အကူပြုနိုင်ပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသားများ၊ ငါးများ၊ ပဲအမျိုးမျိုး၊ ဗီတာမင် အေနဲ့ ဗီတာမင် စီကြွယ်ဝတဲ့ မုန်လာဥနီ၊ အချဉ်ဓာတ်ကြွယ်ဝသော အစားအစာများ၊ ရွှေဖရုံသီး စတဲ့ အစားအစာတွေကို ပုံမှန်စားသုံးပေးလိုက်ပါ။ ဒါ့အပြင် တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝစွာ နေထိုင်နိုင်ဖို့ကလည်း အရေးကြီးပါသေးတယ်။

Source: Brightside.me

crd