ဆီရောင်းနေတဲ့ဘဘကိုဘာကြောင့်ငိုနေတာလဲမေးကြည့်လိုက်သောအခါ

ဆီေရာင္းေနတဲ့ အဘ ဘာေၾကာင့္ ငိုေနတာလဲ ေမးၾကည့္လိုက္ေသာအခါ…..အနီးေရွ႕မွာ စက္ဘီးေလးတစ္စီးနဲ႔ ဓာတ္ဆီေရာင္းေနတဲ့ အဘိုးအိုဟာ အသက္ရဝေက်ာ္ေနၿပီ သမီးေလးတစ္ေယာက္ရွိေပမဲ့ သမီးေလးက ဦးေႏွာက္ေလးက စိတ္သိပ္ပုံမွန္မဟုက္ေတာ့ အလုပ္လုပ္စားလို႔မရေတာ့ အဲ့အဘကပဲ ဓာတ္ဆီေလးေရာင္းရင္းနဲ႔ဘဝကိုရပ္တည္ေနတယ္….။က်ဳပ္အၿမဲႀကဳံတိုင္းအဲ့အဘ ဆီမွာပဲထည့္ျဖစ္တာ ႏွစ္အေတာ္ၾကာၿပီ ဟိုးးႏွစ္ေတြကေတာ့ အဲ့အနီးမွာ Donko ဆီဆိုင္ႀကီးမရွိေတာ့အဲ့အဘေရာင္းေကာင္းေလာက္ပါတယ္

ခုေတာ့ အဲ့နားတစ္ဝိုက္မလွမ္းမကမ္းေလးမွာဆီဆိုင္ႀကီးရွိေတာ့ လူေတြကသိပ္မထည့္ၾကေတာ့ဘူး ဆီဆိုင္ႀကီးေတြကပိုရတယ္ဆိုၿပီး ဆိုင္ႀကီးေတြမွာထည့္ၾကတာပဲမ်ားတယ္ေျပာခ်င္မိတာက ဆိုင္ႀကီးေတြဆီမွာထည့္လို႔ပိုရလွမွ အမ်ားဆုံး သုံးရာဖိုးေလာက္ေပါ့ဆီပိုရတာကိုပဲ မၾကည့္ပဲ ဒီအဘဆီမွာပဲထည့္ၾကမယ္ဆိုရင္ စားဝတ္ေနေရးအတြက္ တစ္ဖက္တလမ္းကေန ကူညီရာေရာက္ပါတယ္ေငြျဖင့္သက္သက္ မကူညီႏိုင္ေပမဲ့က်ဳပ္ကေတာ့ႀကဳံတိုင္းအဲ့အဘဆီမွာပဲထည့္တယ္ အားေပးတဲ့သေဘာမ်ိဳးပါ ဆီဆိုင္ႀကီးေတြထည့္ရင္ ဆီပိုရမွန္းသိေပမဲ့ တက္ႏိုင္တဲ့ဘက္က ကူညီေပးရာေရာက္လို႔ပါ

တစ္ေန႔ကို အနည္းဆုံး လူဆယ္ဦးထည့္အုံးအဘတြက္စားဝတ္ေနေရးအဆင္ေျပေလာက္မွာပါမုံ႐ြာၿမိဳ႕မွာ ဒီေလာက္ဆိုင္ကယ္ေတြေပါးၿပီးထြတ္ေနၾကေပမဲ့ အဲ့အဘဆိုင္ေလးၾကည့္မိတိုင္း ထည့္သူကိုမေတြ႕ေတာ့ စိတ္မေကာင္းဘူး ဟိုေန႔ကအျပင္သြားရင္ဝင္ထည့္တာအဘေရာင္းေကာင္းလားေမးေတာ့ ခုမင္းထည့္မွ ေဈးဦးေပါက္တာတဲ့ ရယ္ရင္းေျပာတယ္ အခ်ိန္ကိုၾကည့္မိေတာ့မနပ္၁၁နာရီ ေက်ာ္ေနၿပီ စိတ္ထဲမေကာင္းလို႔ မုန႔္တီသုပ္ေလးစားခ်င္လို႔ ဝယ္လာတဲ့ပါဆယ္ထုပ္ ေလးကို အဲ့အဘကိုေပးခဲ့တယ္ အဘကအစက ျငင္းရွာပါတယ္

မင္းစားခ်င္လို႔ဝယ္လာတာမေပးပါနဲ႔တဲ့ ရပါတယ္အဘက်ဳပ္ကစားၿပီးၿပီ ဒါအပိုဝယ္လာတာဆိုၿပီးညာေျပာၿပီး ေပးေတာ့မွ ယူတယ္ တကယ္ေတာ့က်ဳပ္မစားရေသးဘူး ထပ္ဝယ္ဖို႔ပိုက္ဆံလည္းမရွိေတာ့ဘူး က်ဳပ္က အိမ္ေရာက္ရင္ ထမင္းစားလို႔ရတယ္ေလ တကယ္ေတာ့အဘအ႐ြယ္နဲေအးေအးေဆးေဆးအိမ္မွာေနရမဲ့အ႐ြယ္ပါ ဘဝအေၾကာင္းမလွေတာ့ တက္ႏိုင္တဲ့ခြန္အားေလးနဲ႔လမိးေဘးဆီေလးေရာင္းေနတာပါေငြႀကီးသက္သက္မလႉတန္းႏိုင္ၾကလည္း တက္ႏိုင္တဲ့ဘက္ကေန ဆီထည့္ေပးျခင္းျဖင့္ကူညီရာ ေရာက္ပါတယ္

unicode

ဆီရောင်းနေတဲ့ အဘ ဘာကြောင့် ငိုနေတာလဲ မေးကြည့်လိုက်သောအခါ…..အနီးရှေ့မှာ စက်ဘီးလေးတစ်စီးနဲ့ ဓာတ်ဆီရောင်းနေတဲ့ အဘိုးအိုဟာ အသက်ရဝကျော်နေပြီ သမီးလေးတစ်ယောက်ရှိပေမဲ့ သမီးလေးက ဦးနှောက်လေးက စိတ်သိပ်ပုံမှန်မဟုက်တော့ အလုပ်လုပ်စားလို့မရတော့ အဲ့အဘကပဲ ဓာတ်ဆီလေးရောင်းရင်းနဲ့ဘဝကိုရပ်တည်နေတယ်….။ကျုပ်အမြဲကြုံတိုင်းအဲ့အဘ ဆီမှာပဲထည့်ဖြစ်တာ နှစ်အတော်ကြာပြီ ဟိုးးနှစ်တွေကတော့ အဲ့အနီးမှာ Donko ဆီဆိုင်ကြီးမရှိတော့အဲ့အဘရောင်းကောင်းလောက်ပါတယ်

ခုတော့ အဲ့နားတစ်ဝိုက်မလှမ်းမကမ်းလေးမှာဆီဆိုင်ကြီးရှိတော့ လူတွေကသိပ်မထည့်ကြတော့ဘူး ဆီဆိုင်ကြီးတွေကပိုရတယ်ဆိုပြီး ဆိုင်ကြီးတွေမှာထည့်ကြတာပဲများတယ်ပြောချင်မိတာက ဆိုင်ကြီးတွေဆီမှာထည့်လို့ပိုရလှမှ အများဆုံး သုံးရာဖိုးလောက်ပေါ့ဆီပိုရတာကိုပဲ မကြည့်ပဲ ဒီအဘဆီမှာပဲထည့်ကြမယ်ဆိုရင် စားဝတ်နေရေးအတွက် တစ်ဖက်တလမ်းကနေ ကူညီရာရောက်ပါတယ်ငွေဖြင့်သက်သက် မကူညီနိုင်ပေမဲ့ကျုပ်ကတော့ကြုံတိုင်းအဲ့အဘဆီမှာပဲထည့်တယ် အားပေးတဲ့သဘောမျိုးပါ ဆီဆိုင်ကြီးတွေထည့်ရင် ဆီပိုရမှန်းသိပေမဲ့ တက်နိုင်တဲ့ဘက်က ကူညီပေးရာရောက်လို့ပါ

တစ်နေ့ကို အနည်းဆုံး လူဆယ်ဦးထည့်အုံးအဘတွက်စားဝတ်နေရေးအဆင်ပြေလောက်မှာပါမုံရွာမြို့မှာ ဒီလောက်ဆိုင်ကယ်တွေပေါးပြီးထွတ်နေကြပေမဲ့ အဲ့အဘဆိုင်လေးကြည့်မိတိုင်း ထည့်သူကိုမတွေ့တော့ စိတ်မကောင်းဘူး ဟိုနေ့ကအပြင်သွားရင်ဝင်ထည့်တာအဘရောင်းကောင်းလားမေးတော့ ခုမင်းထည့်မှ ဈေးဦးပေါက်တာတဲ့ ရယ်ရင်းပြောတယ် အချိန်ကိုကြည့်မိတော့မနပ်၁၁နာရီ ကျော်နေပြီ စိတ်ထဲမကောင်းလို့ မုန့်တီသုပ်လေးစားချင်လို့ ဝယ်လာတဲ့ပါဆယ်ထုပ် လေးကို အဲ့အဘကိုပေးခဲ့တယ် အဘကအစက ငြင်းရှာပါတယ်

မင်းစားချင်လို့ဝယ်လာတာမပေးပါနဲ့တဲ့ ရပါတယ်အဘကျုပ်ကစားပြီးပြီ ဒါအပိုဝယ်လာတာဆိုပြီးညာပြောပြီး ပေးတော့မှ ယူတယ် တကယ်တော့ကျုပ်မစားရသေးဘူး ထပ်ဝယ်ဖို့ပိုက်ဆံလည်းမရှိတော့ဘူး ကျုပ်က အိမ်ရောက်ရင် ထမင်းစားလို့ရတယ်လေ တကယ်တော့အဘအရွယ်နဲအေးအေးဆေးဆေးအိမ်မှာနေရမဲ့အရွယ်ပါ ဘဝအကြောင်းမလှတော့ တက်နိုင်တဲ့ခွန်အားလေးနဲ့လမိးဘေးဆီလေးရောင်းနေတာပါငွေကြီးသက်သက်မလှူတန်းနိုင်ကြလည်း တက်နိုင်တဲ့ဘက်ကနေ ဆီထည့်ပေးခြင်းဖြင့်ကူညီရာ ရောက်ပါတယ်