လူတွေရဲ့အထင်သေးခြင်းကို မခံချင်ဘူးဆိုရင် အမြဲလှို့ဝှက်ထားသင့်တဲ့ အရာများ

လူတွေရဲ့အထင်သေးခြင်းကို မခံချင်ဘူးဆိုရင် အမြဲလှို့ဝှက်ထားသင့်တဲ့ အရာများ

အမြဲလှို့ဝှက်ထားသင့်တဲ့ အရာများ…

လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ပွင့်လင်းတဲ့သူဖြစ်ဖြစ် လျှို့ဝှက်ထားသင့်တဲ့အရာတွေ ရှိပါတယ်။ လျှို့ဝှက်သင့်တဲ့ အရာကို ထုတ်ပြလိုက်ရင် ကိုယ့်တန်ဖိုးလည်းကျသွားသလို၊ တစ်စိတ်ကိုတစ်အိတ်လုပ်တတ်တဲ့ သူတွေနဲ့သာ တိုးသွားရင် အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်သကဲ့သို့ ဂုဏ်သိက္ခာလည်း ကျဆင်းရမှာပါ။ ဒါကြောင့် သင့်ဘဝမှာ လူတွေရဲ့ မထီမဲ့မြင်ပြုခြင်း၊ အထင်သေးခြင်းကို မခံချင်ဘူးဆိုရင်တော့ ဒီအရာ (၅) ခုကို အမြဲလျှို့ဝှက်ထားပါနော်..

(၁) သင့်ရဲ့ အတွင်းအကျဆုံး အတွေးအခေါ်

တစ်ချို့အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အများနဲ့ဆန့်ကျင်နေတဲ့ သင့်ရဲ့ယုံကြည်ချက်၊ ခံယူချက်တွေကို အဲဒီ့အတိုင်းပဲထားလိုက်ပါ၊ တခြားသူကို ထုတ်ပြောစရာမလိုပါဘူး။ ဥပမာ သေခြင်းနဲ့ရှင်ခြင်းမှာ သင်ကသေခြင်းက ပိုကောင်းတယ်လို့ ထစ်ထစ်ချယုံကြည်နေတယ်ဆိုရင်တောင် အဲဒါကို ထုတ်ပြောစရာမလိုပါဘူး။

အကြောင်းကတော့ သင့်အတွေးတွေဟာ တစ်ဖက်မှာ မှန်ကန်နေသလို၊ တစ်ဖက်မှာ မှားနေတတ်တယ်ဆိုတာ သတိရပါ။ အများနဲ့ဆန့်ကျင်နေတဲ့ ကိုယ့်ရဲ့ယုံကြည်ချက်တွေကို လျှို့ဝှက်ထားခြင်းဖြင့် ရန်နည်းတယ်ဆိုတာ သိထားပါ …။

(၂) သင်လုပ်ခဲ့တဲ့ ကောင်းမှုများ

ကောင်းမှုကုသိုလ်တွေလုပ်တယ်၊ သူတစ်ပါးကို ကူညီထောက်မပေးခြင်းဟာ တကယ်ကို မွန်မြတ်ပြီး ချီးကျူးထိုက်တဲ့လုပ်ရပါပဲ။ အဲဒီ့အရာတွေဟာ သူများချီးကျူးခံရဖို့၊ သူများရဲ့ အထင်ကြီးလေးစားမှုကို ရချင်လို့ လုပ်တာမျိုးမဟုတ်ရင် ပိုလို့တောင် တန်ဖိုးရှိပါသေးတယ်။

ဒါကြောင့် သူတစ်ပါးကို သင်ကူညီခဲ့တာတွေ၊ သင်လုပ်ခဲ့တဲ့ ကောင်မှုတွေကို လျှို့ဝှက်ထားပါ။ မဟုတ်ရင်တော့ လူတွေဟာ သင့်ကို အကျိုးတစ်ခုခု မျှော်ကိုးလို့ ဒါမှမဟုတ် ဟန်ဆောင်နေတယလို့ မြင်သွားပြီး အကောင်းမပြောတဲ့အပြင် အမြင်ကပ်တောင် ခံရနိုင်ပါတယ်။ ဒါကြောင့် သင်လုပ်ခဲ့တဲ့ ကောင်းမှုတိုင်းကို ထုတ်မပြပဲ လျှို့ဝှက်ထားပါ …။

(၃) သင့်ရဲ့ပန်းတိုင်များ

သင့်ပန်းတိုင်တွေနဲ့ ဘဝရည်မှန်းချက်တွေကို သင်တကယ်မလုပ်နိုင်သေးခင်၊ အကောင်အထည်မဖော်နိုင်သေးခင်မှာ ထုတ်မပြောတာ အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ သင့်ရဲ့အကြံဉာဏ်တွေကို ခိုးယူသွားတတ်သလို၊ သင့်ရဲ့ ပန်းတိုင်တွေကိုတောင် သင်မသိပဲ တိတ်တိတ်လေး ဦးသွားတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ပန်းတိုင်တွေ၊ ရည်မှန်းချက်တွေကို လုံးဝထုတ်မပြသင့်ပါဘူး …။

(၄) သင့်ရဲ့ ဘဝနေထိုင်မှုပုံစံ

သင့်ရဲ့ဘဝနေထိုင်မှုပုံစံတွေထဲကမှ အတွင်းရေးတွေဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ၊ ကိုးကွယ်ယုံကြည်မှုပိုင်းဆိုင်ရာ၊ အကျင့်ဆိုးတွေအကြောင်း၊ သင့်ရဲ့အတွင်းစိတ်ပုတ်(လူတိုင်းမှာရှိ) တွေအကြောင်းကို ထုတ်မပြောသင့်သလို လျှို့ဝှက်ထားရမှာပါ။ သင့်ရဲ့ခံစားချက်တွေအားလုံးကို ဘယ်သူ့ကိုမှထုတ်မပြောသင့်ပါဘူး။ တစ်ခါတစ်လေ သင်ပြောလိုက်တဲ့သူက သင့်အပေါ်ကို မကောင်းတဲ့စိတ်ရှိနေခဲ့ရင် သင်ပဲ အရှက်တကွဲ အကျိုးနည်းဖြစ်နေရမှာပါ …။

(၅) မိသားစုနဲ့ပတ်သက်ပြီး မကောင်းတဲ့ကိစ္စတွေ

လူတိုင်းမှာ မိသားစုနဲ့ပတ်သက်ပြီး မကျေနပ်ချက်တွေရှိနေတတ်ပါတယ်။ ဒါ့အပြင် တစ်ချို့မိသားစုမှာဆိုရင် မိသားစုဝင်တွေဟာ အားနည်းချက်တွေ၊ အမှားတွေနဲ့ လူကြားမကောင်းတဲ့ကိစ္စတွေ၊ အတွင်းရေးကိစ္စတွေ ရှိနေတတ်ပါတယ်။ ဒါကို ဘယ်တော့မှထုတ်မပြောသင့်ပါဘူး။ သင့်မိသားစုရဲ့ ပုံရိပ်ဟာ သင့်ပုံရိပ်လည်းဖြစ်တယ်ဆိုတာ မမေ့ပါနဲ့နော် …။ ။

Em Em

လူေတြရဲ့အထင္ေသးျခင္းကို မခံခ်င္ဘူးဆိုရင္ အျမဲလွို႔ဝွက္ထားသင့္တဲ့ အရာမ်ား

အျမဲလွို႔ဝွက္ထားသင့္တဲ့ အရာမ်ား…

လူတစ္ေယာက္ဟာ ဘယ္ေလာက္ပဲ ပြင့္လင္းတဲ့သူျဖစ္ျဖစ္ လၽွို႔ဝွက္ထားသင့္တဲ့အရာေတြ ရွိပါတယ္။ လၽွို႔ဝွက္သင့္တဲ့ အရာကို ထုတ္ျပလိုက္ရင္ ကိုယ့္တန္ဖိုးလည္းက်သြားသလို၊ တစ္စိတ္ကိုတစ္အိတ္လုပ္တတ္တဲ့ သူေတြနဲ႔သာ တိုးသြားရင္ အျပတ္ျပတ္နဲ႔ ႏွာေခါင္းေသြးထြက္သကဲ့သို႔ ဂုဏ္သိကၡာလည္း က်ဆင္းရမွာပါ။ ဒါေၾကာင့္ သင့္ဘဝမွာ လူေတြရဲ့ မထီမဲ့ျမင္ျပဳျခင္း၊ အထင္ေသးျခင္းကို မခံခ်င္ဘူးဆိုရင္ေတာ့ ဒီအရာ (၅) ခုကို အျမဲလၽွို႔ဝွက္ထားပါေနာ္..

(၁) သင့္ရဲ့ အတြင္းအက်ဆုံး အေတြးအေခၚ

တစ္ခ်ိဳ႕အေၾကာင္းအရာေတြနဲ႔ ပတ္သက္လို႔ အမ်ားနဲ႔ဆန႔္က်င္ေနတဲ့ သင့္ရဲ့ယုံၾကည္ခ်က္၊ ခံယူခ်က္ေတြကို အဲဒီ့အတိုင္းပဲထားလိုက္ပါ၊ တျခားသူကို ထုတ္ေျပာစရာမလိုပါဘူး။ ဥပမာ ေသျခင္းနဲ႔ရွင္ျခင္းမွာ သင္ကေသျခင္းက ပိုေကာင္းတယ္လို႔ ထစ္ထစ္ခ်ယုံၾကည္ေနတယ္ဆိုရင္ေတာင္ အဲဒါကို ထုတ္ေျပာစရာမလိုပါဘူး။

အေၾကာင္းကေတာ့ သင့္အေတြးေတြဟာ တစ္ဖက္မွာ မွန္ကန္ေနသလို၊ တစ္ဖက္မွာ မွားေနတတ္တယ္ဆိုတာ သတိရပါ။ အမ်ားနဲ႔ဆန႔္က်င္ေနတဲ့ ကိုယ့္ရဲ့ယုံၾကည္ခ်က္ေတြကို လၽွို႔ဝွက္ထားျခင္းျဖင့္ ရန္နည္းတယ္ဆိုတာ သိထားပါ …။

(၂) သင္လုပ္ခဲ့တဲ့ ေကာင္းမႈမ်ား

ေကာင္းမႈကုသိုလ္ေတြလုပ္တယ္၊ သူတစ္ပါးကို ကူညီေထာက္မေပးျခင္းဟာ တကယ္ကို မြန္ျမတ္ၿပီး ခ်ီးက်ဴးထိုက္တဲ့လုပ္ရပါပဲ။ အဲဒီ့အရာေတြဟာ သူမ်ားခ်ီးက်ဴးခံရဖို႔၊ သူမ်ားရဲ့ အထင္ႀကီးေလးစားမႈကို ရခ်င္လို႔ လုပ္တာမ်ိဳးမဟုတ္ရင္ ပိုလို႔ေတာင္ တန္ဖိုးရွိပါေသးတယ္။

ဒါေၾကာင့္ သူတစ္ပါးကို သင္ကူညီခဲ့တာေတြ၊ သင္လုပ္ခဲ့တဲ့ ေကာင္မႈေတြကို လၽွို႔ဝွက္ထားပါ။ မဟုတ္ရင္ေတာ့ လူေတြဟာ သင့္ကို အက်ိဳးတစ္ခုခု ေမၽွာ္ကိုးလို႔ ဒါမွမဟုတ္ ဟန္ေဆာင္ေနတယလို႔ ျမင္သြားၿပီး အေကာင္းမေျပာတဲ့အျပင္ အျမင္ကပ္ေတာင္ ခံရနိုင္ပါတယ္။ ဒါေၾကာင့္ သင္လုပ္ခဲ့တဲ့ ေကာင္းမႈတိုင္းကို ထုတ္မျပပဲ လၽွို႔ဝွက္ထားပါ …။

(၃) သင့္ရဲ့ပန္းတိုင္မ်ား

သင့္ပန္းတိုင္ေတြနဲ႔ ဘဝရည္မွန္းခ်က္ေတြကို သင္တကယ္မလုပ္နိုင္ေသးခင္၊ အေကာင္အထည္မေဖာ္နိုင္ေသးခင္မွာ ထုတ္မေျပာတာ အေကာင္းဆုံးပါပဲ။ ဘာလို႔လဲဆိုေတာ့ သင့္ရဲ့အႀကံဉာဏ္ေတြကို ခိုးယူသြားတတ္သလို၊ သင့္ရဲ့ ပန္းတိုင္ေတြကိုေတာင္ သင္မသိပဲ တိတ္တိတ္ေလး ဦးသြားတတ္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ့ပန္းတိုင္ေတြ၊ ရည္မွန္းခ်က္ေတြကို လုံးဝထုတ္မျပသင့္ပါဘူး …။

(၄) သင့္ရဲ့ ဘဝေနထိုင္မႈပုံစံ

သင့္ရဲ့ဘဝေနထိုင္မႈပုံစံေတြထဲကမွ အတြင္းေရးေတြျဖစ္တဲ့ လိင္ပိုင္းဆိုင္ရာ၊ ကိုးကြယ္ယုံၾကည္မႈပိုင္းဆိုင္ရာ၊ အက်င့္ဆိုးေတြအေၾကာင္း၊ သင့္ရဲ့အတြင္းစိတ္ပုတ္(လူတိုင္းမွာရွိ) ေတြအေၾကာင္းကို ထုတ္မေျပာသင့္သလို လၽွို႔ဝွက္ထားရမွာပါ။ သင့္ရဲ့ခံစားခ်က္ေတြအားလုံးကို ဘယ္သူ႔ကိုမွထုတ္မေျပာသင့္ပါဘူး။ တစ္ခါတစ္ေလ သင္ေျပာလိုက္တဲ့သူက သင့္အေပၚကို မေကာင္းတဲ့စိတ္ရွိေနခဲ့ရင္ သင္ပဲ အရွက္တကြဲ အက်ိဳးနည္းျဖစ္ေနရမွာပါ …။

(၅) မိသားစုနဲ႔ပတ္သက္ၿပီး မေကာင္းတဲ့ကိစၥေတြ

လူတိုင္းမွာ မိသားစုနဲ႔ပတ္သက္ၿပီး မေက်နပ္ခ်က္ေတြရွိေနတတ္ပါတယ္။ ဒါ့အျပင္ တစ္ခ်ိဳ႕မိသားစုမွာဆိုရင္ မိသားစုဝင္ေတြဟာ အားနည္းခ်က္ေတြ၊ အမွားေတြနဲ႔ လူၾကားမေကာင္းတဲ့ကိစၥေတြ၊ အတြင္းေရးကိစၥေတြ ရွိေနတတ္ပါတယ္။ ဒါကို ဘယ္ေတာ့မွထုတ္မေျပာသင့္ပါဘူး။ သင့္မိသားစုရဲ့ ပုံရိပ္ဟာ သင့္ပုံရိပ္လည္းျဖစ္တယ္ဆိုတာ မေမ့ပါနဲ႔ေနာ္ …။ ။

Em Em