ပုဂံေျမ ျမင္းကပါ႐ြာ က က်ိန္စာ သင့္သူ (ျဖစ္ ရပ္ မွန္)

စိန္တိုး တို႔႐ြာငယ္ေလးက ပုဂံေျမမွာ နာမည္ႀကီး ျမင္းကပါ႐ြာ နဲ႔ခပ္လွမ္းလွမ္းမွာရွိေနတယ္ ၊ ႐ြာထဲမွာေတာ့ ထုံးစံအတိုင္း ထန္းပင္ေတြေဝေဝဆာဆာနဲ႔ ထန္းနဲ႔ပတ္သတ္တဲ့လုပ္ငန္းေတြ ၊ ယြန္းထည္လုပ္ငန္းေတြ ၊ တစ္ခ်ိဳ႕တစ္ခ်ိဳ႕က ေမြးျမဴေရး လုပ္ၿပီး အသက္ေမြးၾကတယ္ ၊ ရာဇဝင္ေတြထဲက ျမန္မာေတြရဲ႕အသည္း ႏွလုံးလို႔ တင္စားေလာက္တဲ့ ပုဂံေျမမွာ လူျဖစ္ လာရ လို႔လားမသိဘူး ၊ တစ္႐ြာလုံးက မခ်မ္းသာၾကေပမယ့္ သူ႔ဟာနဲ႔သူေတာ့ ဘဝင္က်တဲ့စိတ္ကေလးေတြကိုယ္စီနဲ႔ ေနေပ်ာ္ေအာင္ေနေနၾကတယ္ ၊ ဘုရားပ်က္ေတြ.. ေစတီအၿပိဳေတြ ၊ အုတ္႐ိုးအပဲ့ေတြၾကားမွာ သူတို႔ ကေလးဘဝက ေဆာ့ကစားရင္းနဲ႔ လြမ္းေမာဖြယ္ရာအတိတ္ေတြကလည္း တေထြႀကီး… ၊

အဲ့ဒီအခ်ိန္တုန္းကဆိုရင္ အစိုးရကလည္း ရဲေဘာ္နီ ၊ ရဲေဘာ္ျဖဴ စတဲ့ ပါတီေတြကြဲ ၊ အုပ္ခ်ဳပ္မႈေတြ ပ်က္ဆီးေနတဲ့အခ်ိန္ တိုင္းျပည္တစ္ခုလုံးကို ထိထိေရာက္ေရာက္ မထိန္းႏိုင္ျဖစ္ေနတဲ့ကာလ… ၊ စိန္တိုး တို႔ ရဲ႕ ႐ြာေလးကလည္း အစိုးရ အုပ္ခ်ဳပ္မႈရင္ခြင္နဲ႔ ေဝးေနတဲ့ကေလးငယ္လိုျဖစ္ေနရတယ္ ၊ ဒါေပမယ့္ ႐ြာတြင္း႐ြာျပင္မွ ျပသနာတစ္စုံတစ္ရာ တစ္ခါမွ မျဖစ္ၾကဘူး ၊ ဒီလိုမျဖစ္ေအာင္လည္း ႐ြာေတြမွာရွိၾကတဲ့ ဘုန္းေတာ္ႀကီးေတြ ၊ ႐ြာလူႀကီး ရပ္မိရပ္ဖေတြက စည္းစည္း လုံးလုံးနဲ႔ ထိန္းႏိုင္ၾကတယ္ေလ ၊ ျမန္မာျပည္မွာ သာသနာေတာ္ စၿပီးထြန္းကားေစတဲ့ အရပ္မို႔ထင္တယ္ တစ္႐ြာလုံးက ေအးခ်မ္းၿပီးသားပါပဲ။

ဒါေပမယ့္ တစ္ခါတစ္ေလမွာ ပုထုစဥ္ေတြမို႔ လူေတြရဲ႕စိတ္မွာျဖစ္ေလ့ရွိ တဲ့ ေလာဘ ၊ ေဒသ ၊ ေမာဟ မီးေတြကိုေတာ့ ထိန္းခ်ဳပ္ရခတ္ခဲေနတတ္တယ္ ၊ စိန္တိုးတို႔႐ြာကေလးက ေဘးနားဝန္းက်င္က႐ြာေတြလို မခ်မ္းသာၾကေပမယ့္လည္း သူ႔ဟာနဲ႔သူေတာ့ ေနႏိုင္စားႏိုင္ၾကတယ္ ၊ ခြၽင္းခ်က္အေနနဲ႔ တစ္ခ်ိဳ႕ ႐ြာထဲမွာ ေန႔ခ်င္း ညခ်င္း ခ်မ္းသာသြားၾကတဲ့ သူေတြလည္း ရွိေသးတယ္ ၊ ဘယ္လိုေၾကာင့္ ေန႔ခ်င္းညခ်င္း ခ်မ္းသာသြားၾကတာလဲဆိုရင္ ႐ြာကေလးရဲ႕ ေရခံေျမခံ ေၾကာင့္လို တစ္ခ်ိဳ႕ကေျပာၾကတယ္ ၊ တစ္ခ်ိဳ႕ကေတာ့ ဒီလိုႀကီးပြားမႈေတြက သံသရာအတြက္မေကာင္းဘူးလို႔ ေျပာၾကတယ္ ၊ ဘာေၾကာင့္ သူတို႔ေတြဒီလိုေျပာေနၾကတာလဲ….. ၊

စိန္တိုးကေတာ့ ကိုယ္နဲ႔ထိုက္လို႔ကိုယ္ရတာ..ဒါေၾကာင့္ ခ်မ္းသာရတာလို႔ပဲ ယုံၾကည္ထားတယ္ … ၊ ဘယ္လိုေတြ ခ်မ္းသာၾကတာလဲ … ၊ “ စိန္တိုး မင္းသိၿပီးၿပီလား” အတူတူထန္းရည္ေသာက္ေနရင္းကေန ဝက္သိုးကလွမ္းေမးလိုက္တဲ့ အခါ စိန္တိုးက “ ေဝ ဘာတုန္းကြ ” “ ႐ြာေတာင္းပိုင္းက ကိုေက်ာ္ျမတို႔ေတြ မေန႔က အိမ္ဝိုင္းထဲမွာ ေရတြင္းတူးရင္း ေျမထဲကေန ေ႐ႊအိုးႀကီးေတြ႕လို႔တဲ့ဟ… ” “ ဟ..မင္းေျပာတာတကယ္လားဟ ငါတို႔ေတြေတာင္မသိလိုက္ဘူး ” “ ဟုတ္တယ္ေဟ့.. အဲ့သတင္းကို ကိုေက်ာ္ျမရဲ႕မိန္းမ မညိဳေခ်ာပါးစပ္က ေယာင္ၿပီးထြက္လာလို႔ ငါတို႔သိရတာ… ငါလည္းငါ့မိန္းမဆီက ျပန္ၾကားလာတာေဟ့… ၊ ငါတို႔ ကိုေက်ာ္ျမကေတာ့ ဘူးခံျငင္းေနတာပဲ ၊ မၾကာခင္ရက္ပိုင္းက်ရင္ ဒီလူေတြ အိမ္ဝိုင္းေတြျပင္မလား ၊ ၿမိဳ႕ပဲတက္မလားမသိဘူး ေစာင့္ၾကည့္ရမွာပဲ… ”

သူတို႔ႏွစ္ေယာက္စကားကို ၾကားျဖတ္အေနနဲ႔ သာခင္က “ ဟုတ္တယ္ ဒီလူေတြ သြားေမးရင္လည္း ဟိုဘက္႐ြာေတြက ဘယ္ကမွန္းမသိတဲ့ အမ်ိဳးေတြဆီက အေမြရတယ္လို႔ပဲလိမ္မွာေသခ်ာတယ္” သူငယ္ခ်င္းေတြစကားကို နားေထာင္ၿပီး ေနာက္ စိန္တိုး ကအားအင္ျပည့္ဝ ဝင္းလဲ့ေနတဲ့ မ်က္ဝန္းအစုံနဲ႔ တစ္စုံတစ္ရာကိုေတြးေနမိေတာ့တယ္ … ။

အညာေျမရဲ႕ ေန႔လည္ခင္းေလက ပူအိုက္တဲ့အေငြ႕အသက္ေတြပါေနၿမဲပဲ/ ဒီႏွစ္ပိုင္းထဲမွာတင္ စိန္တိုး တို႔ ႐ြာထဲမွာ အဲ့လို ေျမတြင္းတူးရင္း ၊ ေရတြင္းတူး ၊ ေရကန္တူးရင္း ေ႐ႊတိုေငြစေတြရလာတဲ့အေၾကာင္းေတြ ၊ တစ္ခ်ိဳ႕ဆို ေန႔ခ်င္း ညခ်င္း ႀကီးပြားသြားၾကတဲ့အေၾကာင္းေတြ ၾကားၾကားေနရတတ္တယ္ ၊ တစ္ေန႔ေတာ့ ဘာအစီအစဥ္မွ မရွိပါဘဲ စိန္တိုး ရဲ႕အေဖက အိမ္ဝိုင္းထဲမွာရွိတဲ့ ေျမေတြကိုတူးဆြေနတာကိုသြားျမင္လိုက္တယ္

“ အဘ…ဘာေတြလုပ္ေနတာလဲ … ေနပူႀကီးထဲကို ဖယ္ဖယ္ က်ဳပ္ လုပ္လိုက္မယ္ ” အေဖလုပ္သူက ဒီေနရာမွာ အပင္တစ္ပင္ပ်ိဳးခ်င္လို႔ ေျမေတြကို ဆြေနတာပါလို႔ ေျပာလာတယ္ … သိပ္ၾကာၾကာမတူးလိုက္ရပါဘူး ၊ သင့္တင့္ သေလာက္ ေျမအက်ယ္နဲ႔ ေျမေလးေတြ မြ ထြက္လာတယ္ ၊ စိန္တိုးလည္း ေနာက္ဆုံးတစ္ခ်က္အေနနဲ႔ ေျမႀကီးထဲ ကို အားစိုက္ၿပီး ေပါက္တူးနဲ႔ လႊဲေပါက္လိုက္တဲ့အခါ ေျမထဲမွာမွာ ေပါက္တူးက ေျမအိုးတစ္လုံးနဲ႔ ထိတဲ့အသံကိုၾကားလိုက္ရ ေတာ့တယ္

“ ဂြက္….. ” “ ဟာ….ဟင္… ” စိန္တိုး တစ္ေယာက္ အေတာ္ေလး ရင္ခုန္သြားမိၿပီးေတာ့ ေျမႀကီးကိုသာသာေလး ယက္ၾကည့္လိုက္တဲ့အခါ ေျမႀကီးထဲမွာ ေပါက္တူးအရွိန္နဲ႔ကြဲအက္သြားတဲ့ အိုးျခမ္းပဲ့ေလးေတြကို ေတြ႕လိုက္ရတယ္ … ျဖည္းျဖည္းခ်င္း ဆက္ၿပီးေတာ့ လက္ကေလးနဲ႔ ယက္ၾကည့္တဲ့အခါမွာ အိုးျခမ္းပဲ့ေတြ အမ်ားႀကီးေအာက္ထဲကေန ၿဖိဳးၿဖိဳးေျဖာက္ေျဖာက္ ျဖစ္ေနတဲ့ ပတၱျမားခဲေလးေတြကို ညစ္ႏြမ္းအိုမင္းေနၿပီး အိစင္းေနတဲ့ ေ႐ႊထည္ပစၥည္းအမ်ိဳးမ်ိဳးကို ေတြ႕လိုက္ရတယ္ …. ၊ ေ႐ြေတြကို သာသာေလးယူၿပီး ပုဆိုးစနဲ႔ပြတ္ၾကည့္လိုက္ေတာ့မွ အရည္အေသြးအရမ္းေကာင္းတဲ့ ေ႐ႊမွန္းသိသာေအာင္ ဝင္းေတာက္လာပါေလေရာ… ၊

ဘာေျပာေကာင္းမလဲ စိန္တိုးေရာ သူ႔အေဖေရာ ခဏေလး ေၾကာင္အမ္းအမ္းျဖစ္ေနရာက စိန္တိုးက “ အေဖ…အေဖ…သားတို႔ခ်မ္းသာၿပီးဟား.ဟား.. ခ်မ္းသာၿပီ အေဖ…. ” “ ဟား…ဟား…. ဘုရားက ငါတို႔ကို ေပးၿပီသားေရ ငါတို႔ ဘဝေတာ့ ေန႔ခ်င္းညခ်င္းေျပာင္းၿပီ….ဟားဟား ” သားအဖႏွစ္ေယာက္တည္းရွိၾကတာမို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ အားရဝမ္းသာ ေပြ႕ဖက္ထားၾကရင္း အေပ်ာ္လြန္ေနမိတယ္…. ၊ ႐ြာထဲကလူေတြ ေျမႀကီးထဲကေန ရရေနတယ္လို႔ သတင္း ၾကားထားတာ အခုေတာ့ သူတို႔သားအဖလည္း ရခဲ့ၿပီမဟုတ္လား….. ၊

ေရွးေဟာင္းလက္ရာ အုတ္ေက်ာက္ ေတြနဲ႔ ေသခ်ာေဆာက္ထားတဲ့ ေက်ာင္းႀကီးမို႔ အေတာ္ေလးအိုေနယုံကလြဲၿပီး ခန႔္ထည္ေနတုန္းပဲ… ၊ ေက်ာင္းအိုႀကီးရဲ႕အထဲမွာ သီတင္းသုံးေနတဲ့ ဆရာေတာ္အိုႀကီးတစ္ပါးအနားမွာလည္း ႐ြာသူ႐ြာသားတစ္ခ်ိဳ႕က အုံေနၿပီး အဲ့ဒီ့႐ြာသူ႐ြာသားေတြထဲက တစ္ေယာက္က အရင္ဆုံး ေလွ်ာက္လိုက္တာက “ ဘုန္းဘုန္းဘုရား တပည့္ေတာ္တို႔႐ြာထဲမွာ လူေတာ္ေတာ္မ်ားမ်ားက ေျမႀကီးတူးရင္းနဲ႔ ေျမႀကီးထဲက ေ႐ႊေငြ ရတနာေတြကို ရေနတယ္လို႔သိထားရတယ္ဘုရား…ဘာေၾကာင့္လို႔ အရွင္ဘုရားျမင္ပါသလဲဘုရား”

“အိမ္း ပစၥည္း ဥစၥာဆိုတာ လူေတြရဲ႕ ကုသိုလ္ အကုသိုလ္ကံေတြအေလွ်ာက္ ရရွိ ႏိုင္တယ္ ၊ ဘဝေဟာင္းက ေဆြေတာ္မ်ိဳးေတာ္ေတြက သူတို႔အတြက္ရည္စူးၿပီး ကုသိုလ္လုပ္ေပးေစခ်င္လို႔ ေပးတာမ်ိဳးတို႔ ၊ သိုက္နန္းေတြက ေပးတာမ်ိဳးတို႔ ၊ ကိုယ္နဲ႔ အေၾကာင္း တိုက္ဆိုင္ၿပီး ရခ်ိန္ ၊ ပိုင္ဆိုင္ခ်ိန္တန္လို႔ ရတာတို႔…စသျဖင့္ေပါ့ ဦးဇင္း နားလာ ထားေပမယ့္ ၊ တစ္ဖက္က အေျခခံက်က်ျပန္ေတြးၾကည့္မယ္ဆိုရင္ ဒီေျမ ဒီေနဆိုတာ ေရွးေဟာင္းနယ္ေျမ … ၊ ပိုတိက် သြားတာက အခုရတဲ့သူေတ အားလုံးရထားတဲ့ ဒီပစၥည္းေတြက ေရွးေဟာင္းပစၥည္းေတြျဖစ္ေနတာပဲေလ… ၊ ဒီလိုမ်ိဳး တန္ဖိုးႀကီးပစၥည္းေတြကို ရေန တယ္ဆိုေတာ့ ဒါေတြက ဘုရားရဲ႕ ဌာပနာပစၥည္းေတြလည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္ ၊ ဦးဇင္းတို႔ ႐ြာသားေတြ ကိုယ့္အိမ္ေအာက္..အိမ္ေနရာမွာ ေရွးေဟာင္းဘုရားၿပိဳ ဘုရားပ်က္ေတြ မရွိႏိုင္ဘူးလို႔ ဘယ္သူမ်ား အာမခံႏိုင္မွာတဲ့လဲ ၊ ေနာက္ၿပီး ေ႐ႊဆိုတဲ့ သတၳဳမ်ိဳး က ေျမေအာက္က ေျမလႊာေတြေၾကာင့္ ေျမႀကီးထဲမွာပဲ ေနရာေ႐ႊ႕တတ္တဲ့သေဘာရွိေသးတယ္… ၊ ဒီေတာ့ ဦးဇင္းအေနနဲ႔ အႀကံေပးခ်င္တာပါ… ၊ ကိုယ္ရထားလို႔ ကိုယ့္ဥစၥာမွန္ပါတယ္… ၊ ကိုယ္က်ိဳးလည္းသုံးရင္း ကုသိုလ္လည္း ျပဳၾကပါလို႔ပဲေျပာခ်င္တယ္ ”

တစ္ခ်ိဳ႕ကလည္းေျပာၾကတယ္… ဒီေ႐ႊေတြေငြေတြ တန္ဖိုးႀကီးပစၥည္းေတြက ဘုရား ဌာပနာတိုက္ကေန ေပါက္ထြက္လာ တာတဲ့ …. ၊ ေစတီၿပိဳ ၊ ေစတီပ်က္ေတြထဲကေန ငလ်က္ဒဏ္ေၾကာင့္ ေျမႀကီးထဲကိုေရာက္ၿပီး ေျမလႊာအလိုက္ ေ႐ြ႕လာ တဲ့ ရတနာေတြတဲ့ …. ၊ ဘယ္လိုပဲျဖစ္ျဖစ္ အနီးစပ္ဆုံးျဖစ္ႏိုင္တာက ေရွးလူေတြ ဝွက္ထားခဲ့တဲ့ပစၥည္းဥစၥာေတြျဖစ္ရင္ျဖစ္ ၊ မဟုတ္ရင္ ဘုရားဌာပနာေတြပဲ…. ၊ ေခတ္ကာလကလည္း အစိုးရက တစ္ႏိုင္ငံလုံးအထိ အာဏာမေရာက္ႏိုင္ေသး ေတာ့ ဒီလိုတိူးလို႔ရလာတဲ့ရတနာေတြကိုလည္း သိမ္းတာဆည္းတာ ဖမ္းတာေတြ မရွိဘူး ၊ ကိုယ့္ၿခံထဲမွာေတြ႕တာ ကိုယ္ပိုင္တာပဲလို႔သတ္မွတ္ၿပီး သိုသိုသိပ္သိပ္နဲ႔ ေနေနၾကတဲ့သူေတြကမ်ားတယ္… ၊

ဘုရားပစၥည္း ဆိုတာထက္ ကိုယ္ရ ကိုယ္ယူ ၊ ကိုယ္နဲ႔ထိုက္လို႔ ကိုယ္ရတာလို႔ပဲ ခံယူထားၾကတယ္ေလ … ၊ ေနာက္ပိုင္းမွာ တစ္႐ြာလုံးက ရေနမွန္းသိေတာ့ ဘုရားအိုေတြ နားမွာလည္း ေျမေတြ လိုက္တူးလိုတူး နဲ႔ အလုပ္ ေတာင္ေကာင္းေကာင္းမလုပ္စားၾကေတာ့ဘဲ ဒီလို ဟိုတူးဒီတူးလုပ္ရတာကို ပိုခုံမင္ေနတတ္သြားၾကတယ္ ၊ ပုဂံေခတ္က ေရွးလူေတြရဲ႕ က်ိန္စာေတြက ဘယ္ေလာက္ထိျပင္းတယ္ဆိုတာတို႔ ၊ ဘုရားပစၥည္း အဆိပ္သီးဆိုတဲ့ စကားေတြကိုလည္း မစဥ္းစားႏိုင္ေတာ့…. ေလာဘမီးေၾကာင့္ အျမင္ေတြကို ကြယ္သြားေနတာမ်ိဳး…. ။

ေရာဂါ ေထြေထြထူးထူးမရွိပါဘဲနဲ႔ စိန္တိုးရဲ႕အေဖ ႐ုတ္တရက္ ကြယ္လြန္သြား ခဲ့တယ္ အိပ္ေနရင္းနဲ႔ႏႈိးမရေတာ့ဘဲ အသက္ပါ ပါသြားတဲ့အထိျဖစ္သြားခဲ့တာေလ… ၊ စိန္တိုးလည္း အေဖျဖစ္သူအတြက္ စိတ္မေကာင္းျခင္း ႀကီးစြာ ျဖစ္ေန တယ္ ၊ ရထားတဲ့ ပစၥည္းေလးေတြကိုေတာင္ မေရာင္းခ်ရေသးခင္ ၊ မျဖဳန္းရ မသုံးရေသးခင္မွာ အေဖျဖစ္သူ ကြယ္လြန္ သြားေတာ့ ပိုစိတ္ထိခိုက္ရတာေပါ့… ၊ အဆုံးမွာ စိန္တိုး ဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္ၿပီး တစ္ေယာက္တည္း တစ္ကိုယ္ တည္း အဝတ္ေလးနည္းနည္းနဲ႔ ရတနာထုတ္ကို ေက်ာကအိတ္ထဲမွာ ေသခ်ာဝွက္ထားၿပီးေတာ့ ရန္ကုန္ၿမိဳ႕ကို တက္လာ ခဲ့တယ္… ၊

ေတာမွာေမြး ေတာမွာႀကီးလာတဲ့သူမို႔ ရန္ကုန္ဆိုတာ မ်က္လုံးထဲမွာ နတ္ျပည္ႀကီး လိုျဖစ္ေနတယ္ ၊ ေတာမွာလို ထန္းေတာေတြအစား တိုက္ႀကီးႀကီးေတြျပည့္ေနတယ္ ၊ ေတာက ႐ြာသူမ ညိဳေခ်ာေလးေတြအစား မ်က္နာေခ်ေတြနဲ႔ လွခ်င္တိုင္းလွေနၾကတဲ့ ရန္ကုန္သူေတြကို ေငးေနမိတာအေမာ… ၊ ရန္ကုန္သာေရာက္လာခဲ့တာ အသိအကြၽမ္းလည္းမရွိ ၊ ဘယ္သြားလို႔ဘယ္လာရမွန္းလည္းမသိ ၊ ရည္႐ြယ္ခ်က္လည္းမရွိ … ၊ ျဖစ္ခ်င္တာက အိတ္ထဲက ရတနာေတြကို ထုတ္ေရာင္းၿပီးေတာ့ ရန္ကုန္မွာ တိုက္ေလးတစ္တိုက္နဲ႔ ကိုယ္ပိုင္စီးပြားေရးေလးတစ္ခုလုပ္ရင္း သူေဌးလိုမ်ိဳးေနခ်င္ တာေလ.. ၊

“ဗ်ိဳ႕ ေနာင္ႀကီး ” “ ခင္ဗ်ာ…ကြၽန္ေတာ့္ကိုေခၚတာလားဗ်ာ ” စိန္တိုး တစ္ေယာက္တည္း ရန္ကုန္ဘူတာႀကီးနားမွာ ေယာင္ေပေပနဲ႔ ဟိုႀကီးဒီၾကည့္ လုပ္ေနတုန္း အေတာ္ေလးသန႔္သန႔္ျပန႔္ျပန႔္နဲ႔ သူေဌးရႈံးေလာက္ေအာင္ ဝတ္ဆင္ ထားတဲ့ မ်က္နာစိမ္းတစ္ေယာက္က ေတာ္ေတာ္ေလးနားဝင္ခ်ိဳ ေဖာ္ေ႐ြတဲ့ေလသံနဲ႔ စၿပီး မိတ္ဖြဲ႕လာတယ္ ၊ ႐ိုးသားတဲ့ ေတာသူေတာင္သားမို႔ စကားကိုခ်ိန္ေျပာရမွန္းလည္းမသိ ၊ လူတိုင္းကိုမယုံရမွန္းလည္းမသိနဲ႔ စိန္တိုးတစ္ေယာက္ သူ အေမြရထားတဲ့ ေ႐ႊထည္ ၊ ေက်ာက္ထည္ေတြ တစ္ခ်ိဳ႕ကို ေဈးမ်ားမ်ားရတဲ့ဆီမွာ ေရာင္းခ်င္ၿပီး ေငြကိုလက္ငင္းလိုခ်င္တဲ့ အေၾကာင္း ၊ လက္ ရွိ ရန္ကုန္မွာ ေနစရာေလးတစ္ခုကိုဝယ္ခ်င္တဲ့အေၾကာင္း ၊ လုပ္ငန္းေလးတစ္ခုကို စၿပီးလုပ္ခ်င္တဲ့ အေၾကာင္းေတြေျပာျပလိုက္ေတာ့ လူစိမ္းက အေတာ္ေလးမ်က္နာပြင့္သြားၿပီး

“ ေနာင္ႀကီးက်ဳပ္နဲ႔ေတြ႕တာ ကံေကာင္း တာပဲ…ရန္ကုန္လို႔ေနရာႀကီးမွာ ေနာက္ႀကီး တစ္ေယာက္တည္း ဒီလိုေနေနရင္ လူလိမ္ေတြ ၊ အလစ္သုတ္သမားေတြနဲ႔ ေနာင္ႀကီးပါလာတာေတြေတာင္အကုန္ေျပာင္သြားဦးမယ္ ၊ က်ဳပ္ကလည္း ဘာရယ္မဟုတ္ဘူး ဒီနားမွာ ႏိုင္ငံျခားသား ေတြနဲ႔ အေရာင္းအဝယ္ေလးတစ္ခုလုပ္ၿပီးအျပန္ မိတ္ေဆြတစ္ေယာက္နဲ႔ ခ်ိန္းထားတာနဲ႔ ရပ္ေစာင့္ေနရင္းကေန ေနာင္ႀကီးကိုျမင္ေတာ့ အကူညီလိုမယ္ထင္လို႔ေမးၾကည့္တာပါ ” “ ေက်းဇူး တင္ပါတယ္ ဗ်ာ..ဒါနဲ႔ ဒီက..နာမည္က ”

“ ေၾသာ္…ေဟာ..ေဟာ.. ကြၽန္ေတာ့္နာမည္က သန္းျမင့္လႈိင္ပါဗ်… ဒီနားတစ္ဝိုက္မွာ က်ဳပ္ကိုမသိတဲ့သူခပ္ရွားရွားပါ.. ၊ က်ဳပ္က ေက်ာက္စိမ္းေတြ ၊ ေရွးေဟာင္းပစၥည္းေတြ အေရာင္းအဝယ္လုပ္တဲ့ သူတစ္ေယာက္ေပါ့ဗ်ာ… ” “ ဟုတ္ပါၿပီဗ်ာ… ဒါနဲ႔ ကြၽန္ေတာ့္ကို ကူညီေပးမယ္ဆို တစ္ဆိတ္ေလာက္ဗ်ာ…ကြၽန္ေတာ္ အေမြရထားတဲ့ ပစၥည္းေလးတစ္ခ်ိဳ႕ကို ေရာင္းခ်င္တယ္ ” လူစိမ္းက သူ႔လက္က နာရီကိုတစ္ခ်က္ၾကည့္လိုက္ရင္း “ ေကာင္းၿပီဗ်ာ..က်ဳပ္ေဘာ္ဒါေတာ့ မလာေတာ့ဘူးထင္ပါတယ္ လာဗ်ာ ကြၽန္ေတာ္ ေနာင္ႀကီးကို လိုက္ကူညီေပးမယ္… က်ဳပ္ေနာက္သာလိုက္ခဲ့ေပေတာ့… ”

လူစိမ္းေနာက္က အားကိုးတႀကီးနဲ႔ ေလွ်ာက္လိုက္သြားရင္း နာရီေတာ္ေတာ္ေလးၾကာေအာင္ လမ္းေလွ်ာက္လိုက္ၿပီး ေနာက္မွာ စိန္ကုလားဆိုင္တစ္ဆိုင္ကိုေရာက္လာခဲ့တယ္ “ ကဲ ဒီကဆရာႀကီးက ဘာပစၥည္းေရာင္းခ်င္တာလဲ ” ရတနာဆိုင္ပိုင္ရွင္ပုံစံနဲ႔တူတဲ့ ကုလားက သန္းျမင့္လႈိင္ကို သိသလိုနဲ႔ ရင္းရင္းနီးနီးႏႈတ္ဆက္ၿပီး သန္းျမင့္လႈိင္က မိတ္ဆက္ေပးလိုက္ စိန္တိုး ဘက္ကိုလည့္ၿပီးေတာ့ ေမးလိုက္တဲ့အခါ စိန္တိုး က ေဘးဘီဝဲယာကိုတစ္ခ်က္ၾကည့္ၿပီး သူ႔ရဲ႕ ပုဆိုးအစုတ္ေလးနဲ႔ ထုတ္ထားတဲ့အထုတ္ထဲကို ျဖည္းျဖည္းေလးႏႈိက္လိုက္ၿပီး ျပန္ထြက္လာေတာ့ ေ႐ႊေတြဝင္းအိေနတဲ့ လက္ေကာက္တစ္ခုနဲ႔အတူ ရဲရဲေတာက္ေနတဲ့ ေက်ာက္ႀကီးတျပဴးျပဴးနဲ႔ ဘယက္ႀကီးတစ္ကုံး ပါလာတယ္ ၊

ရတနာဆိုင္ပိုင္ရွင္နဲ႔ သန္းျမင့္လႈိင္က အေတာ္ေလး မ်က္လုံးမ်က္စံျပဳးသြားၿပီး စိန္တိုးေပးတဲ့ ပစၥည္းေတြကို အျပန္ျပန္အလွန္လွန္ မွန္ဘီလူးနဲ႔ၾကည့္ရင္း မယုံသလိုနဲ႔ “ ဒါ ခင္ဗ်ားတို႔ ဘိုးဘြားပိုင္တာဟုတ္..ဟုတ္…ဟုတ္ပါတယ္ေနာ္ ” စိန္တိုးကလည္း လိမ္တာကို သိသြားမွာစိုးလို႔ စကားနည္းနည္းထစ္သြားၿပီး “ ဟာ..ဟုတ္..ဟုတ္.ပါတယ္ဗ်…ဘာလဲ့ က်ဳပ္ကလိမ္ေျပာရမွာလား.. ကဲေျပာ က်ဳပ္ကိုဘယ္ေလာက္ေပးမွာလဲ…ေတာသားဆိုၿပီးေဈးႏႈိမ္မယ္ေတာ့မႀကံနဲ႔ေနာ္ က်ဳပ္ဒီပစၥည္းေတြရဲ႕ေဈးကို တစ္ျခားမွာလည္းစုံစမ္းလာခဲ့ၿပီးသား…. ” ေလာဘရဲ႕အရွိန္ေတြေၾကာင့္ စိန္တိုး ေျပာမိေျပာရာတင္းေျပာလိုက္မိတယ္ တစ္ဖက္က ရတနာဆိုင္ပိုင္ရွင္ကလည္း အမွန္တကယ္ကိုသေဘာက်သြားၿပီး စိန္တိုးေပးတဲ့ ေရွးေဟာင္းလက္ဝတ္လက္စားေတြကို ေပါက္ေဈးထက္ သုံးပုံပုံ တစ္ပုံစာကို ေလ်ာ့ၿပီး စိန္တိုးကို ေပးလိုက္တယ္… ၊ ဒီလိုေလ်ာ့ထားေပမယ့္လည္း ရတနာဆိုင္ပိုင္ရွင္ ထုတ္ေပးလိုက္တဲ့ ေငြပုံႀကီးက စိန္တိုးတစ္သက္ တစ္ႀကိမ္မွ မျမင္ဖူးတဲ့ေငြေတြမို႔ တစ္ခ်က္မျငင္းေတာ့ဘဲ ပြဲျဖစ္သြားခဲ့တယ္ ၊

ေနာက္ပိုင္း သန္းျမင့္လႈိင္အကူအညီနဲ႔ရန္ကုန္ မင္းလမ္း တာေမြ ဘက္မွာ အိမ္ေလးတစ္လုံးကို ဝယ္ျဖစ္ခဲ့တယ္ ၊ အဲ့ဒီ တုန္းက ဒီေန႔ေခတ္လိုမ်ိဳး ရပ္ကြက္ရယ္လို႔ေတာင္ သီးသန႔္မရွိေသးတဲ့အခ်ိန္ ၊ တိုက္ျမင့္ေတြဆို ေဝလာေဝး….. ၊ အကုန္ကိုယ့္အိမ္ကိုယ့္ဝန္းေလးေတြနဲ႔ ေနေနၾကတဲ့အခ်ိန္ ၊ စိန္တိုးအတြက္ေတာ့ ေနစရာမပူရေတာ့ျပန္ဘူး… ၊ စားဖို႔ ကလည္း ပါလာတဲ့ ပစၥည္းေလးေတြကိုေရာင္းလိုက္ သုံးလိုက္ျဖဳန္းလိုက္နဲ႔အဆင္ကိုေျပေနတာပဲ ၊ ဒီၾကားထဲ ကိုသန္းျမင့္လႈိင္က ကူညီေပးေတာ့ အမ်ားႀကီးအဆင္ေျပေနတယ္ ၊ ဒီလူကိုလည္း ညီအစ္ကိုအရင္းလိုမ်ိဳး မိတ္ေဆြလိုမ်ိဳး မ်က္လုံးမႈိတ္ၿပီးကို ယုံေနမိေတာ့တယ္ ၊

အခ်ိန္ေတြၾကာလာေတာ့ စိန္တိုးလက္ထဲမွာ ရွိေနတဲ့ ပစၥည္းေတြလည္း သုံးလိုက္ျဖဳန္းလိုက္နဲ႔ ေတာ္ေတာ္ေလး ပါးလာၿပီ… ၊ ဒါ့ေၾကာင့္ ဝင္ေငြရတဲ့ လုပ္ငန္းေလးတစ္ခုေတာ့ လုပ္မွပဲဆိုၿပီး ယုံၾကည္ရတဲ့ သန္းျမင့္လႈိင္နဲ႔ တိုင္ပင္ၾကည့္တဲ့အခါ သန္းျမင့္လႈိင္က သူလည္း လုပ္ငန္းတစ္ခုလုပ္ဖို႔ရွိတယ္ ၊ အရာင္းအဝယ္ပုံစံမ်ိဳးေလးပဲ အရင္လည္းသိပ္မလို အျမတ္ အမ်ားႀကီး က်န္တယ္တယ္ဆိုတဲ့ လုပ္ငန္းတစ္ခုအေၾကာင္းေျပာျပေတာ့ စိန္တိုးလည္း လူမပင္ပန္းဘဲ ေငြ႐ႊင္တဲ့လုပ္ငန္း ကို သေဘာက်သြားၿပီး ေနာက္ဆုံးက်ဥ္ဆံအျဖစ္ ပါလာသမွ်ရတနာေတြကို အကုန္ေရာင္းထုတ္လိုက္ၿပီး ေငြေတြကို ရင္းနီးယုံၾကည္ရတဲ့ သန္းျမင့္လႈိင္လက္ထဲကို ထိုးထည့္ေပးလိုက္တယ္။

“ ဒါပဲေလ… ကို စိန္တိုး မ်ားမ်ားလိုခ်င္ရင္ မ်ားမ်ားရင္းရတယ္….ဟားးး မပူနဲ႔ ခင္ဗ်ားေငြေတြကို ႏွစ္ဆ..သုံးဆ…ေလးဆ ပြားေအာင္ က်ဳပ္တာဝန္ယူတယ္ က်ဳပ္ျဖင့္ အရင္းမရွိလို႔ၿငိမ္ေနရတာ ဒီလိုသာဆိုလို႔ကေတာ့ စဥ္းစားစရာ ေတာင္ မလိုဘူးဗ်ိဳ႕ အလုပ္ျဖစ္ၿပီ … ” အဲ့ဒီလိုေျပာသြားၿပီး ေနာက္တစ္ေန႔ကတည္းက သန္းျမင့္လႈိင္တစ္ေယာက္ စိန္တိုးဆီကို ေရာက္မလာေတာ့တာ ေလးႏွစ္ထဲေတာင္ေရာက္လာခဲ့ၿပီ …. ၊ သန္းျမင့္လႈိင္အေၾကာင္းကိုလည္း ဘယ္မွာမွ စုံစမ္းမရ ၊ စိန္တိုး သိလိုက္ပါၿပီ…. လူယုံသတ္လို႔ေသတယ္ဆိုတဲ့ ခံစားခ်က္ကို… ၊

အခုေတာ့ စိန္တိုးတစ္ေယာက္ အိမ္ကေလးအဖက္တင္တာကလြဲၿပီး လက္ထဲ သုံးစရာေငြတစ္ခ်ိဳ႕အျပင္ ဘာမွမရွိေတာ့တဲ့ ဘဝကိုေရာက္လာခဲ့ရၿပီ.. ၊ ရွိတာေလးေတြကလည္းသုံးရင္းသုံးရင္း .. ဝင္ေငြမရွိ …အထြက္ခ်ည္းပဲဆိုေတာ့ ဘယ္လို မ်ိဳးၾကာၾကာရပ္တည္ႏိုင္မွာလဲ…. ၊ ေနာက္ဆုံး မရွက္မေၾကာက္ အလုပ္တစ္ခုခုေတာ့ လုပ္မွျဖစ္မယ္ဆိုၿပီး စိန္တိုး တစ္ေယာက္ ဆိုက္ကားေလးတစ္စင္းကိုဝယ္ၿပီး ရပ္ကြက္ပတ္ဝန္းက်င္မွာ ပတ္နင္းရင္း ဆိုက္ကားသမားဘဝကို ေရာက္သြားခဲ့ရတယ္ … ၊ ဆိုက္ကားသမားေတြထဲမွာမွ အိမ္ေကာင္းေကာင္းနဲ႔ေနႏိုင္တဲ့ ရွားပါးဆိုက္ကားသမားေလး စိန္တိုး ေပါ့….. ။

ဘဝတစ္ဆစ္ခ်ိဳးေျပာင္းလဲလာျပန္ေတာ့ စိန္တိုးလည္း မိန္းမေတြဘာေတြရၿပီး သားသမီးႏွစ္ေယာက္ေတာင္ ထြန္းကား လာခဲ့ၿပီေလ ၊ ကေလးႏွစ္ေယာက္မွာ အငယ္မေလးက သုံးႏွစ္သားေလး နဲ႔ အႀကီးမက ေလးႏွစ္ …. ၊ အရင္လူပ်ိဳတုန္း က ကိုယ့္တစ္ကိုယ္စာ အဆင္ေျပရင္ၿပီးေရာဆိုၿပီး အလုပ္ကို ငတ္မွ ထလုပ္တတ္ေပမယ့္ အခုေတာ့ မိသားစုနဲ႔ ကေလးႏွစ္ေယာက္နဲ႔ျဖစ္လာၿပီမို႔ စိန္တိုးတစ္ေယာက္ ေနေကာင္းေကာင္း မေကာင္းေကာင္း ၊ လုပ္ခ်င္ခ်င္ မလုပ္ခ်င္ခ်င္ ဆိုက္ကားနင္းတဲ့အလုပ္ကို မရပ္ရဲဘူးျဖစ္ေနတယ္… ၊ ပင္ပန္းတာေတြစုလာေတာ့ သူငယ္ခ်င္းေတြနဲ႔ အပ်င္းေျပ ေသာက္စားရင္းက အရက္ကိုလည္း ျဖည္းျဖည္းခ်င္းစြဲစျပဳလာတယ္ ၊

တစ္ေန႔ေတာ့ စိန္တိုးဘဝကို အေျပာင္းလဲႀကီးေျပာင္းလဲေစမယ့္ အျဖစ္ဆိုးႀကီးတစ္ခုနဲ႔ ႀကဳံလာခဲ့တယ္… ၊ အိမ္မွာ ဇနီးသည္ဘက္က ဇနီးရဲ႕ညီမ … စိန္တိုးရဲ႕ခယ္မေတာ္သူ အပ်ိဳမေလးတစ္ေယာက္ နယ္ကေန လာလည္ရင္း စိန္တိုးတို႔ အိမ္မွာ တည္းျဖစ္တယ္ ၊ စိန္တိုးရဲ႕ဇနီးသည္ကလည္း ဇာတ္ဆိုရင္ မၾကည့္ဘဲမေနႏိုင္တတ္တဲ့သူမို႔ တစ္ေန႔ ေယာက်ာ္း ျဖစ္တဲ့သူဆိုက္ကားနင္းသြားေနတုန္း ကေလးႏွစ္ေယာက္ကို ခ်ီၿပီး လမ္းထိပ္နားက ဇာတ္ပြဲသြားၾကည့္ျဖစ္ခဲ့တယ္ ၊ ျဖစ္ခ်င္ေတာ့ အိမ္မွာလာတည္းတဲ့ ညီမျဖစ္တဲ့သူက ေနမေကာင္းလို႔ဆိုၿပီး အိမ္မွာအိပ္ၿပီးက်န္ေနရစ္ခဲ့တယ္ ၊ဟိုးတုန္းက အိမ္ေတြမွာ အိပ္ရင္ အခန္းမဖြဲ႕ဘဲ တန္းဆီအိပ္တတ္ၾကတာမို႔ စိန္တိုးတို႔မိသားစုေတြ အိပ္တဲ့ ျခင္ေထာင္ေဘးနားေလး မွာ ေခြေခြေလး အိပ္ေပ်ာ္ေနရစ္ခဲ့တယ္… ၊ ေနာက္ေတာ့ တျဖည္းျဖည္း ျခင္ကိုက္တာကတစ္ေၾကာင္း ေနမေကာင္းလို႔ ျခင္ေထာင္ထမေထာင္ခ်င္တာကတစ္ေၾကာင္းေၾကာင့္ ဘယ္သူမွမရွိတုန္း စိန္တိုးတို႔မိသားစု ျခင္ေထာင္ထဲ ခယ္မျဖစ္သူကဝင္အိပ္ျဖစ္ခဲ့တယ္ ၊

ကံဆိုးမိုးေမွာင္က်ခ်င္တဲ့ စိန္တိုးက ဒီလိုညမ်ိဳးက်မွ ေစာေစာစီးစီး ဆိုက္ကားသိမ္းလာၿပီး အရက္ကမူးလာေသးတယ္ ၊ မူးမူးနဲ႔ မယားေခ်ာေလးရွိတဲ့ျခင္ေထာင္ဆီကိုဝင္ၿပီး ဇနီးသည္ကို သိုင္းဖက္လိုက္မိတဲ့အခါ….ဇနီးမဟုတ္ဘဲ သူ႔ခယ္မ ျဖစ္ေနတာကို ျမင္လိုက္ရေတာ့တယ္ … ၊ စိန္တိုးလည္း အေတာ္ေလးလန႔္သြားၿပီးခ်င္ခ်င္း ျခင္ေထာင္အျပင္ကို ထြက္မယ္ ျပဳလိုက္တဲ့အခါ ခယ္မလုပ္တဲ့သူက ဘာမေျပာညာမေျပာ အသံၿဗဲႀကီးနဲ႔ ငိုရင္း ထေအာ္ပါေလေရာ… “ ကယ္ၾကပါဦးရွင္…ဒီမွာ ကြၽန္မ အစ္မရဲ႕ေယာက်ာ္းလူယုတ္မာ စိန္တိုး ကြၽန္မကို မတရားျပဳက်င့္ေနပါတယ္ရွင္ …ကယ္ၾကပါဦး… ”

စိန္တိုး လည္း ဘာမွမလုပ္မိေသးခင္မွာ မွားယြင္းၿပီး ဖက္မိရာကေန ျဖစ္သြားတဲ့ ကိစၥမို႔ လန႔္ေနတုန္း ႐ုပ္ရွင္ေတြထဲကလို အရမ္းတိုက္ဆိုင္လြန္းၿပီး ဇနီးျဖစ္တဲ့သူက ဇာတ္ပြဲၿပီးလို႔ ကေလးႏွစ္ေယာက္ခ်ီၿပီး ျပန္လာတဲ့အခ်ိန္ႀကီးျဖစ္ေနျပန္တယ္… ၊ ဘယ္သူမွန္တယ္ မွားတယ္ဆိုတာထက္ ဇနီးျဖစ္တဲ့သူေရာ ကေလးေတြအျပင္ ၊ ေအာ္သံၾကားလို႔ ရပ္ကြက္ထဲက ေျပးလာၿပီး အိမ္ထဲေရာက္လာၾကတဲ့သူေတြအားလုံးအျမင္မွာ စိန္တိုးက ခယ္မရဲ႕ျခင္ေထာင္ထဲက ထြက္လာတာကိုပဲ ျမင္ၾကတယ္ေလ… ၊ မူးကလည္းမူးေနတဲ့သူမို႔ အမ်ားနဲ႔တစ္ေယာက္ ဘယ္လိုမွ ရွင္းျပမရေတာ့ဘဲ စိန္တိုး ဆုံးျဖတ္ခ်က္ကိုေသခ်ာခ်လိုက္ၿပီး စိတ္ဆိုးေနတဲ့ ဇနီးသည္ပါးေလးကို ဖြဖြေလးကိုင္လိုက္တယ္။

စိန္တိုးရဲ႕လက္ကို ဇနီးသည္က ႐ိုက္ခ်လိုက္တဲ့အခါ ဇနီးကိုသိပ္ခ်စ္တဲ့ စိန္တိုးကအျပစ္မဆိုဘဲ ၿပဳံးထားရင္း သူ႔ကေလး ေတြကို ဝေအာင္နမ္းလိုက္တယ္ နမ္းေနတုန္းမွာပဲ ဇနီးလုပ္ တဲ့သူက အိမ္ေပၚကဆင္းမယ္…ရွက္တယ္ဆိုၿပီး အထုတ္ေတြ ဆြဲၿပီး အဝတ္ေတြထည့္ေနတယ္ ၊ စိန္တိုးကေတာ့ ဘယ္သူ႔ကိုမွ ဘာမွ ေျပာမေနေတာ့ဘဲ အိမ္အေပၚကိုေျပးတက္သြား လိုက္တယ္… ၊ ခဏေလးၾကာေတာ့ အိမ္ေပၚကေန “ဝုန္း” ဆိုတဲ့ အသံႀကီးကိုလူတိုင္းၾကားလိုက္ရလို႔ အံ့ၾသသြားၿပီး ေျပးတက္ၾကည့္လိုက္တဲ့အခါ အိမ္ေပၚမွာ လည္ပင္းႀကိဳးကြင္းတန္းလန္းႀကီးနဲ႔ ေသေနတဲ့ စိန္တိုးနဲ႔အတူ သူႀကိဳးဆြဲခ် ခါနီး ေျခေထာက္နဲ႔ကန္ထုတ္လိုက္တဲ့ ေခြးေျခအပုေလးတစ္ခုံးကို လဲလ်က္သားေလးျမင္လိုက္ရတယ္.. ၊

ဒီအျဖစ္ကိုျမင္မွ ဇနီးလုပ္တဲ့သူကလည္း ယူႀကဳံးမရေတြျဖစ္ ၊ ပတ္ဝန္းက်င္ ကလည္း သနားတဲ့သူကသနားၾက တစ္ခ်ိဳ႕ က စိန္တိုး အရက္ေၾကာင္ေၾကာင္ၿပီး သတ္ေသ သြားတာလို႔ ခနဲ႔ၾကနဲ႔ စိန္တိုး တစ္ေယာက္ သူမွန္ကန္ေၾကာင္းကို အသက္နဲ႔လဲၿပီးျပသြားရင္း မိသားစုကိုမ်က္နာမျပရဲလို႔ ထြက္ေပါက္ရွာသြားခဲ့ၿပီေလ….. ။ ျမင္းကပါ အရပ္က ရတနာပစၥည္းေတြရဲ႕ က်ိန္စာေတြေၾကာင့္ စိန္တိုး ဒီလိုမ်ား ျဖစ္ရေလသလားလို႔ ထင္ႏိုင္ ေလာက္ပါရဲ႕……… ။

ႀကိဳးစားပါဦးမည္… (မိုးေစြ)

 

Unicode

စိန်တိုး တို့ရွာငယ်လေးက ပုဂံမြေမှာ နာမည်ကြီး မြင်းကပါရွာ နဲ့ခပ်လှမ်းလှမ်းမှာရှိနေတယ် ၊ ရွာထဲမှာတော့ ထုံးစံအတိုင်း ထန်းပင်တွေဝေဝေဆာဆာနဲ့ ထန်းနဲ့ပတ်သတ်တဲ့လုပ်ငန်းတွေ ၊ ယွန်းထည်လုပ်ငန်းတွေ ၊ တစ်ချို့တစ်ချို့က မွေးမြူရေး လုပ်ပြီး အသက်မွေးကြတယ် ၊ ရာဇဝင်တွေထဲက မြန်မာတွေရဲ့အသည်း နှလုံးလို့ တင်စားလောက်တဲ့ ပုဂံမြေမှာ လူဖြစ် လာရ လို့လားမသိဘူး ၊ တစ်ရွာလုံးက မချမ်းသာကြပေမယ့် သူ့ဟာနဲ့သူတော့ ဘဝင်ကျတဲ့စိတ်ကလေးတွေကိုယ်စီနဲ့ နေပျော်အောင်နေနေကြတယ် ၊ ဘုရားပျက်တွေ.. စေတီအပြိုတွေ ၊ အုတ်ရိုးအပဲ့တွေကြားမှာ သူတို့ ကလေးဘဝက ဆော့ကစားရင်းနဲ့ လွမ်းမောဖွယ်ရာအတိတ်တွေကလည်း တထွေကြီး… ၊

အဲ့ဒီအချိန်တုန်းကဆိုရင် အစိုးရကလည်း ရဲဘော်နီ ၊ ရဲဘော်ဖြူ စတဲ့ ပါတီတွေကွဲ ၊ အုပ်ချုပ်မှုတွေ ပျက်ဆီးနေတဲ့အချိန် တိုင်းပြည်တစ်ခုလုံးကို ထိထိရောက်ရောက် မထိန်းနိုင်ဖြစ်နေတဲ့ကာလ… ၊ စိန်တိုး တို့ ရဲ့ ရွာလေးကလည်း အစိုးရ အုပ်ချုပ်မှုရင်ခွင်နဲ့ ဝေးနေတဲ့ကလေးငယ်လိုဖြစ်နေရတယ် ၊ ဒါပေမယ့် ရွာတွင်းရွာပြင်မှ ပြသနာတစ်စုံတစ်ရာ တစ်ခါမှ မဖြစ်ကြဘူး ၊ ဒီလိုမဖြစ်အောင်လည်း ရွာတွေမှာရှိကြတဲ့ ဘုန်းတော်ကြီးတွေ ၊ ရွာလူကြီး ရပ်မိရပ်ဖတွေက စည်းစည်း လုံးလုံးနဲ့ ထိန်းနိုင်ကြတယ်လေ ၊ မြန်မာပြည်မှာ သာသနာတော် စပြီးထွန်းကားစေတဲ့ အရပ်မို့ထင်တယ် တစ်ရွာလုံးက အေးချမ်းပြီးသားပါပဲ။

ဒါပေမယ့် တစ်ခါတစ်လေမှာ ပုထုစဉ်တွေမို့ လူတွေရဲ့စိတ်မှာဖြစ်လေ့ရှိ တဲ့ လောဘ ၊ ဒေသ ၊ မောဟ မီးတွေကိုတော့ ထိန်းချုပ်ရခတ်ခဲနေတတ်တယ် ၊ စိန်တိုးတို့ရွာကလေးက ဘေးနားဝန်းကျင်ကရွာတွေလို မချမ်းသာကြပေမယ့်လည်း သူ့ဟာနဲ့သူတော့ နေနိုင်စားနိုင်ကြတယ် ၊ ချွင်းချက်အနေနဲ့ တစ်ချို့ ရွာထဲမှာ နေ့ချင်း ညချင်း ချမ်းသာသွားကြတဲ့ သူတွေလည်း ရှိသေးတယ် ၊ ဘယ်လိုကြောင့် နေ့ချင်းညချင်း ချမ်းသာသွားကြတာလဲဆိုရင် ရွာကလေးရဲ့ ရေခံမြေခံ ကြောင့်လို တစ်ချို့ကပြောကြတယ် ၊ တစ်ချို့ကတော့ ဒီလိုကြီးပွားမှုတွေက သံသရာအတွက်မကောင်းဘူးလို့ ပြောကြတယ် ၊ ဘာကြောင့် သူတို့တွေဒီလိုပြောနေကြတာလဲ….. ၊

စိန်တိုးကတော့ ကိုယ်နဲ့ထိုက်လို့ကိုယ်ရတာ..ဒါကြောင့် ချမ်းသာရတာလို့ပဲ ယုံကြည်ထားတယ် … ၊ ဘယ်လိုတွေ ချမ်းသာကြတာလဲ … ၊ “ စိန်တိုး မင်းသိပြီးပြီလား” အတူတူထန်းရည်သောက်နေရင်းကနေ ဝက်သိုးကလှမ်းမေးလိုက်တဲ့ အခါ စိန်တိုးက “ ဝေ ဘာတုန်းကွ ” “ ရွာတောင်းပိုင်းက ကိုကျော်မြတို့တွေ မနေ့က အိမ်ဝိုင်းထဲမှာ ရေတွင်းတူးရင်း မြေထဲကနေ ရွှေအိုးကြီးတွေ့လို့တဲ့ဟ… ” “ ဟ..မင်းပြောတာတကယ်လားဟ ငါတို့တွေတောင်မသိလိုက်ဘူး ” “ ဟုတ်တယ်ဟေ့.. အဲ့သတင်းကို ကိုကျော်မြရဲ့မိန်းမ မညိုချောပါးစပ်က ယောင်ပြီးထွက်လာလို့ ငါတို့သိရတာ… ငါလည်းငါ့မိန်းမဆီက ပြန်ကြားလာတာဟေ့… ၊ ငါတို့ ကိုကျော်မြကတော့ ဘူးခံငြင်းနေတာပဲ ၊ မကြာခင်ရက်ပိုင်းကျရင် ဒီလူတွေ အိမ်ဝိုင်းတွေပြင်မလား ၊ မြို့ပဲတက်မလားမသိဘူး စောင့်ကြည့်ရမှာပဲ… ”

သူတို့နှစ်ယောက်စကားကို ကြားဖြတ်အနေနဲ့ သာခင်က “ ဟုတ်တယ် ဒီလူတွေ သွားမေးရင်လည်း ဟိုဘက်ရွာတွေက ဘယ်ကမှန်းမသိတဲ့ အမျိုးတွေဆီက အမွေရတယ်လို့ပဲလိမ်မှာသေချာတယ်” သူငယ်ချင်းတွေစကားကို နားထောင်ပြီး နောက် စိန်တိုး ကအားအင်ပြည့်ဝ ဝင်းလဲ့နေတဲ့ မျက်ဝန်းအစုံနဲ့ တစ်စုံတစ်ရာကိုတွေးနေမိတော့တယ် … ။

အညာမြေရဲ့ နေ့လည်ခင်းလေက ပူအိုက်တဲ့အငွေ့အသက်တွေပါနေမြဲပဲ/ ဒီနှစ်ပိုင်းထဲမှာတင် စိန်တိုး တို့ ရွာထဲမှာ အဲ့လို မြေတွင်းတူးရင်း ၊ ရေတွင်းတူး ၊ ရေကန်တူးရင်း ရွှေတိုငွေစတွေရလာတဲ့အကြောင်းတွေ ၊ တစ်ချို့ဆို နေ့ချင်း ညချင်း ကြီးပွားသွားကြတဲ့အကြောင်းတွေ ကြားကြားနေရတတ်တယ် ၊ တစ်နေ့တော့ ဘာအစီအစဉ်မှ မရှိပါဘဲ စိန်တိုး ရဲ့အဖေက အိမ်ဝိုင်းထဲမှာရှိတဲ့ မြေတွေကိုတူးဆွနေတာကိုသွားမြင်လိုက်တယ်

“ အဘ…ဘာတွေလုပ်နေတာလဲ … နေပူကြီးထဲကို ဖယ်ဖယ် ကျုပ် လုပ်လိုက်မယ် ” အဖေလုပ်သူက ဒီနေရာမှာ အပင်တစ်ပင်ပျိုးချင်လို့ မြေတွေကို ဆွနေတာပါလို့ ပြောလာတယ် … သိပ်ကြာကြာမတူးလိုက်ရပါဘူး ၊ သင့်တင့် သလောက် မြေအကျယ်နဲ့ မြေလေးတွေ မွ ထွက်လာတယ် ၊ စိန်တိုးလည်း နောက်ဆုံးတစ်ချက်အနေနဲ့ မြေကြီးထဲ ကို အားစိုက်ပြီး ပေါက်တူးနဲ့ လွှဲပေါက်လိုက်တဲ့အခါ မြေထဲမှာမှာ ပေါက်တူးက မြေအိုးတစ်လုံးနဲ့ ထိတဲ့အသံကိုကြားလိုက်ရ တော့တယ်

“ ဂွက်….. ” “ ဟာ….ဟင်… ” စိန်တိုး တစ်ယောက် အတော်လေး ရင်ခုန်သွားမိပြီးတော့ မြေကြီးကိုသာသာလေး ယက်ကြည့်လိုက်တဲ့အခါ မြေကြီးထဲမှာ ပေါက်တူးအရှိန်နဲ့ကွဲအက်သွားတဲ့ အိုးခြမ်းပဲ့လေးတွေကို တွေ့လိုက်ရတယ် … ဖြည်းဖြည်းချင်း ဆက်ပြီးတော့ လက်ကလေးနဲ့ ယက်ကြည့်တဲ့အခါမှာ အိုးခြမ်းပဲ့တွေ အများကြီးအောက်ထဲကနေ ဖြိုးဖြိုးဖြောက်ဖြောက် ဖြစ်နေတဲ့ ပတ္တမြားခဲလေးတွေကို ညစ်နွမ်းအိုမင်းနေပြီး အိစင်းနေတဲ့ ရွှေထည်ပစ္စည်းအမျိုးမျိုးကို တွေ့လိုက်ရတယ် …. ၊ ရွေတွေကို သာသာလေးယူပြီး ပုဆိုးစနဲ့ပွတ်ကြည့်လိုက်တော့မှ အရည်အသွေးအရမ်းကောင်းတဲ့ ရွှေမှန်းသိသာအောင် ဝင်းတောက်လာပါလေရော… ၊

ဘာပြောကောင်းမလဲ စိန်တိုးရော သူ့အဖေရော ခဏလေး ကြောင်အမ်းအမ်းဖြစ်နေရာက စိန်တိုးက “ အဖေ…အဖေ…သားတို့ချမ်းသာပြီးဟား.ဟား.. ချမ်းသာပြီ အဖေ…. ” “ ဟား…ဟား…. ဘုရားက ငါတို့ကို ပေးပြီသားရေ ငါတို့ ဘဝတော့ နေ့ချင်းညချင်းပြောင်းပြီ….ဟားဟား ” သားအဖနှစ်ယောက်တည်းရှိကြတာမို့ တစ်ယောက်နဲ့ တစ်ယောက် အားရဝမ်းသာ ပွေ့ဖက်ထားကြရင်း အပျော်လွန်နေမိတယ်…. ၊ ရွာထဲကလူတွေ မြေကြီးထဲကနေ ရရနေတယ်လို့ သတင်း ကြားထားတာ အခုတော့ သူတို့သားအဖလည်း ရခဲ့ပြီမဟုတ်လား….. ၊

ရှေးဟောင်းလက်ရာ အုတ်ကျောက် တွေနဲ့ သေချာဆောက်ထားတဲ့ ကျောင်းကြီးမို့ အတော်လေးအိုနေယုံကလွဲပြီး ခန့်ထည်နေတုန်းပဲ… ၊ ကျောင်းအိုကြီးရဲ့အထဲမှာ သီတင်းသုံးနေတဲ့ ဆရာတော်အိုကြီးတစ်ပါးအနားမှာလည်း ရွာသူရွာသားတစ်ချို့က အုံနေပြီး အဲ့ဒီ့ရွာသူရွာသားတွေထဲက တစ်ယောက်က အရင်ဆုံး လျှောက်လိုက်တာက “ ဘုန်းဘုန်းဘုရား တပည့်တော်တို့ရွာထဲမှာ လူတော်တော်များများက မြေကြီးတူးရင်းနဲ့ မြေကြီးထဲက ရွှေငွေ ရတနာတွေကို ရနေတယ်လို့သိထားရတယ်ဘုရား…ဘာကြောင့်လို့ အရှင်ဘုရားမြင်ပါသလဲဘုရား”

“အိမ်း ပစ္စည်း ဥစ္စာဆိုတာ လူတွေရဲ့ ကုသိုလ် အကုသိုလ်ကံတွေအလျှောက် ရရှိ နိုင်တယ် ၊ ဘဝဟောင်းက ဆွေတော်မျိုးတော်တွေက သူတို့အတွက်ရည်စူးပြီး ကုသိုလ်လုပ်ပေးစေချင်လို့ ပေးတာမျိုးတို့ ၊ သိုက်နန်းတွေက ပေးတာမျိုးတို့ ၊ ကိုယ်နဲ့ အကြောင်း တိုက်ဆိုင်ပြီး ရချိန် ၊ ပိုင်ဆိုင်ချိန်တန်လို့ ရတာတို့…စသဖြင့်ပေါ့ ဦးဇင်း နားလာ ထားပေမယ့် ၊ တစ်ဖက်က အခြေခံကျကျပြန်တွေးကြည့်မယ်ဆိုရင် ဒီမြေ ဒီနေဆိုတာ ရှေးဟောင်းနယ်မြေ … ၊ ပိုတိကျ သွားတာက အခုရတဲ့သူတေ အားလုံးရထားတဲ့ ဒီပစ္စည်းတွေက ရှေးဟောင်းပစ္စည်းတွေဖြစ်နေတာပဲလေ… ၊ ဒီလိုမျိုး တန်ဖိုးကြီးပစ္စည်းတွေကို ရနေ တယ်ဆိုတော့ ဒါတွေက ဘုရားရဲ့ ဌာပနာပစ္စည်းတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် ၊ ဦးဇင်းတို့ ရွာသားတွေ ကိုယ့်အိမ်အောက်..အိမ်နေရာမှာ ရှေးဟောင်းဘုရားပြို ဘုရားပျက်တွေ မရှိနိုင်ဘူးလို့ ဘယ်သူများ အာမခံနိုင်မှာတဲ့လဲ ၊ နောက်ပြီး ရွှေဆိုတဲ့ သတ္ထုမျိုး က မြေအောက်က မြေလွှာတွေကြောင့် မြေကြီးထဲမှာပဲ နေရာရွှေ့တတ်တဲ့သဘောရှိသေးတယ်… ၊ ဒီတော့ ဦးဇင်းအနေနဲ့ အကြံပေးချင်တာပါ… ၊ ကိုယ်ရထားလို့ ကိုယ့်ဥစ္စာမှန်ပါတယ်… ၊ ကိုယ်ကျိုးလည်းသုံးရင်း ကုသိုလ်လည်း ပြုကြပါလို့ပဲပြောချင်တယ် ”

တစ်ချို့ကလည်းပြောကြတယ်… ဒီရွှေတွေငွေတွေ တန်ဖိုးကြီးပစ္စည်းတွေက ဘုရား ဌာပနာတိုက်ကနေ ပေါက်ထွက်လာ တာတဲ့ …. ၊ စေတီပြို ၊ စေတီပျက်တွေထဲကနေ ငလျက်ဒဏ်ကြောင့် မြေကြီးထဲကိုရောက်ပြီး မြေလွှာအလိုက် ရွေ့လာ တဲ့ ရတနာတွေတဲ့ …. ၊ ဘယ်လိုပဲဖြစ်ဖြစ် အနီးစပ်ဆုံးဖြစ်နိုင်တာက ရှေးလူတွေ ဝှက်ထားခဲ့တဲ့ပစ္စည်းဥစ္စာတွေဖြစ်ရင်ဖြစ် ၊ မဟုတ်ရင် ဘုရားဌာပနာတွေပဲ…. ၊ ခေတ်ကာလကလည်း အစိုးရက တစ်နိုင်ငံလုံးအထိ အာဏာမရောက်နိုင်သေး တော့ ဒီလိုတိူးလို့ရလာတဲ့ရတနာတွေကိုလည်း သိမ်းတာဆည်းတာ ဖမ်းတာတွေ မရှိဘူး ၊ ကိုယ့်ခြံထဲမှာတွေ့တာ ကိုယ်ပိုင်တာပဲလို့သတ်မှတ်ပြီး သိုသိုသိပ်သိပ်နဲ့ နေနေကြတဲ့သူတွေကများတယ်… ၊

ဘုရားပစ္စည်း ဆိုတာထက် ကိုယ်ရ ကိုယ်ယူ ၊ ကိုယ်နဲ့ထိုက်လို့ ကိုယ်ရတာလို့ပဲ ခံယူထားကြတယ်လေ … ၊ နောက်ပိုင်းမှာ တစ်ရွာလုံးက ရနေမှန်းသိတော့ ဘုရားအိုတွေ နားမှာလည်း မြေတွေ လိုက်တူးလိုတူး နဲ့ အလုပ် တောင်ကောင်းကောင်းမလုပ်စားကြတော့ဘဲ ဒီလို ဟိုတူးဒီတူးလုပ်ရတာကို ပိုခုံမင်နေတတ်သွားကြတယ် ၊ ပုဂံခေတ်က ရှေးလူတွေရဲ့ ကျိန်စာတွေက ဘယ်လောက်ထိပြင်းတယ်ဆိုတာတို့ ၊ ဘုရားပစ္စည်း အဆိပ်သီးဆိုတဲ့ စကားတွေကိုလည်း မစဉ်းစားနိုင်တော့…. လောဘမီးကြောင့် အမြင်တွေကို ကွယ်သွားနေတာမျိုး…. ။

ရောဂါ ထွေထွေထူးထူးမရှိပါဘဲနဲ့ စိန်တိုးရဲ့အဖေ ရုတ်တရက် ကွယ်လွန်သွား ခဲ့တယ် အိပ်နေရင်းနဲ့နှိုးမရတော့ဘဲ အသက်ပါ ပါသွားတဲ့အထိဖြစ်သွားခဲ့တာလေ… ၊ စိန်တိုးလည်း အဖေဖြစ်သူအတွက် စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်နေ တယ် ၊ ရထားတဲ့ ပစ္စည်းလေးတွေကိုတောင် မရောင်းချရသေးခင် ၊ မဖြုန်းရ မသုံးရသေးခင်မှာ အဖေဖြစ်သူ ကွယ်လွန် သွားတော့ ပိုစိတ်ထိခိုက်ရတာပေါ့… ၊ အဆုံးမှာ စိန်တိုး ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး တစ်ယောက်တည်း တစ်ကိုယ် တည်း အဝတ်လေးနည်းနည်းနဲ့ ရတနာထုတ်ကို ကျောကအိတ်ထဲမှာ သေချာဝှက်ထားပြီးတော့ ရန်ကုန်မြို့ကို တက်လာ ခဲ့တယ်… ၊

တောမှာမွေး တောမှာကြီးလာတဲ့သူမို့ ရန်ကုန်ဆိုတာ မျက်လုံးထဲမှာ နတ်ပြည်ကြီး လိုဖြစ်နေတယ် ၊ တောမှာလို ထန်းတောတွေအစား တိုက်ကြီးကြီးတွေပြည့်နေတယ် ၊ တောက ရွာသူမ ညိုချောလေးတွေအစား မျက်နာချေတွေနဲ့ လှချင်တိုင်းလှနေကြတဲ့ ရန်ကုန်သူတွေကို ငေးနေမိတာအမော… ၊ ရန်ကုန်သာရောက်လာခဲ့တာ အသိအကျွမ်းလည်းမရှိ ၊ ဘယ်သွားလို့ဘယ်လာရမှန်းလည်းမသိ ၊ ရည်ရွယ်ချက်လည်းမရှိ … ၊ ဖြစ်ချင်တာက အိတ်ထဲက ရတနာတွေကို ထုတ်ရောင်းပြီးတော့ ရန်ကုန်မှာ တိုက်လေးတစ်တိုက်နဲ့ ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုလုပ်ရင်း သူဌေးလိုမျိုးနေချင် တာလေ.. ၊

“ဗျို့ နောင်ကြီး ” “ ခင်ဗျာ…ကျွန်တော့်ကိုခေါ်တာလားဗျာ ” စိန်တိုး တစ်ယောက်တည်း ရန်ကုန်ဘူတာကြီးနားမှာ ယောင်ပေပေနဲ့ ဟိုကြီးဒီကြည့် လုပ်နေတုန်း အတော်လေးသန့်သန့်ပြန့်ပြန့်နဲ့ သူဌေးရှုံးလောက်အောင် ဝတ်ဆင် ထားတဲ့ မျက်နာစိမ်းတစ်ယောက်က တော်တော်လေးနားဝင်ချို ဖော်ရွေတဲ့လေသံနဲ့ စပြီး မိတ်ဖွဲ့လာတယ် ၊ ရိုးသားတဲ့ တောသူတောင်သားမို့ စကားကိုချိန်ပြောရမှန်းလည်းမသိ ၊ လူတိုင်းကိုမယုံရမှန်းလည်းမသိနဲ့ စိန်တိုးတစ်ယောက် သူ အမွေရထားတဲ့ ရွှေထည် ၊ ကျောက်ထည်တွေ တစ်ချို့ကို ဈေးများများရတဲ့ဆီမှာ ရောင်းချင်ပြီး ငွေကိုလက်ငင်းလိုချင်တဲ့ အကြောင်း ၊ လက် ရှိ ရန်ကုန်မှာ နေစရာလေးတစ်ခုကိုဝယ်ချင်တဲ့အကြောင်း ၊ လုပ်ငန်းလေးတစ်ခုကို စပြီးလုပ်ချင်တဲ့ အကြောင်းတွေပြောပြလိုက်တော့ လူစိမ်းက အတော်လေးမျက်နာပွင့်သွားပြီး

“ နောင်ကြီးကျုပ်နဲ့တွေ့တာ ကံကောင်း တာပဲ…ရန်ကုန်လို့နေရာကြီးမှာ နောက်ကြီး တစ်ယောက်တည်း ဒီလိုနေနေရင် လူလိမ်တွေ ၊ အလစ်သုတ်သမားတွေနဲ့ နောင်ကြီးပါလာတာတွေတောင်အကုန်ပြောင်သွားဦးမယ် ၊ ကျုပ်ကလည်း ဘာရယ်မဟုတ်ဘူး ဒီနားမှာ နိုင်ငံခြားသား တွေနဲ့ အရောင်းအဝယ်လေးတစ်ခုလုပ်ပြီးအပြန် မိတ်ဆွေတစ်ယောက်နဲ့ ချိန်းထားတာနဲ့ ရပ်စောင့်နေရင်းကနေ နောင်ကြီးကိုမြင်တော့ အကူညီလိုမယ်ထင်လို့မေးကြည့်တာပါ ” “ ကျေးဇူး တင်ပါတယ် ဗျာ..ဒါနဲ့ ဒီက..နာမည်က ”

“ သြော်…ဟော..ဟော.. ကျွန်တော့်နာမည်က သန်းမြင့်လှိုင်ပါဗျ… ဒီနားတစ်ဝိုက်မှာ ကျုပ်ကိုမသိတဲ့သူခပ်ရှားရှားပါ.. ၊ ကျုပ်က ကျောက်စိမ်းတွေ ၊ ရှေးဟောင်းပစ္စည်းတွေ အရောင်းအဝယ်လုပ်တဲ့ သူတစ်ယောက်ပေါ့ဗျာ… ” “ ဟုတ်ပါပြီဗျာ… ဒါနဲ့ ကျွန်တော့်ကို ကူညီပေးမယ်ဆို တစ်ဆိတ်လောက်ဗျာ…ကျွန်တော် အမွေရထားတဲ့ ပစ္စည်းလေးတစ်ချို့ကို ရောင်းချင်တယ် ” လူစိမ်းက သူ့လက်က နာရီကိုတစ်ချက်ကြည့်လိုက်ရင်း “ ကောင်းပြီဗျာ..ကျုပ်ဘော်ဒါတော့ မလာတော့ဘူးထင်ပါတယ် လာဗျာ ကျွန်တော် နောင်ကြီးကို လိုက်ကူညီပေးမယ်… ကျုပ်နောက်သာလိုက်ခဲ့ပေတော့… ”

လူစိမ်းနောက်က အားကိုးတကြီးနဲ့ လျှောက်လိုက်သွားရင်း နာရီတော်တော်လေးကြာအောင် လမ်းလျှောက်လိုက်ပြီး နောက်မှာ စိန်ကုလားဆိုင်တစ်ဆိုင်ကိုရောက်လာခဲ့တယ် “ ကဲ ဒီကဆရာကြီးက ဘာပစ္စည်းရောင်းချင်တာလဲ ” ရတနာဆိုင်ပိုင်ရှင်ပုံစံနဲ့တူတဲ့ ကုလားက သန်းမြင့်လှိုင်ကို သိသလိုနဲ့ ရင်းရင်းနီးနီးနှုတ်ဆက်ပြီး သန်းမြင့်လှိုင်က မိတ်ဆက်ပေးလိုက် စိန်တိုး ဘက်ကိုလည့်ပြီးတော့ မေးလိုက်တဲ့အခါ စိန်တိုး က ဘေးဘီဝဲယာကိုတစ်ချက်ကြည့်ပြီး သူ့ရဲ့ ပုဆိုးအစုတ်လေးနဲ့ ထုတ်ထားတဲ့အထုတ်ထဲကို ဖြည်းဖြည်းလေးနှိုက်လိုက်ပြီး ပြန်ထွက်လာတော့ ရွှေတွေဝင်းအိနေတဲ့ လက်ကောက်တစ်ခုနဲ့အတူ ရဲရဲတောက်နေတဲ့ ကျောက်ကြီးတပြူးပြူးနဲ့ ဘယက်ကြီးတစ်ကုံး ပါလာတယ် ၊

ရတနာဆိုင်ပိုင်ရှင်နဲ့ သန်းမြင့်လှိုင်က အတော်လေး မျက်လုံးမျက်စံပြုးသွားပြီး စိန်တိုးပေးတဲ့ ပစ္စည်းတွေကို အပြန်ပြန်အလှန်လှန် မှန်ဘီလူးနဲ့ကြည့်ရင်း မယုံသလိုနဲ့ “ ဒါ ခင်ဗျားတို့ ဘိုးဘွားပိုင်တာဟုတ်..ဟုတ်…ဟုတ်ပါတယ်နော် ” စိန်တိုးကလည်း လိမ်တာကို သိသွားမှာစိုးလို့ စကားနည်းနည်းထစ်သွားပြီး “ ဟာ..ဟုတ်..ဟုတ်.ပါတယ်ဗျ…ဘာလဲ့ ကျုပ်ကလိမ်ပြောရမှာလား.. ကဲပြော ကျုပ်ကိုဘယ်လောက်ပေးမှာလဲ…တောသားဆိုပြီးဈေးနှိုမ်မယ်တော့မကြံနဲ့နော် ကျုပ်ဒီပစ္စည်းတွေရဲ့ဈေးကို တစ်ခြားမှာလည်းစုံစမ်းလာခဲ့ပြီးသား…. ” လောဘရဲ့အရှိန်တွေကြောင့် စိန်တိုး ပြောမိပြောရာတင်းပြောလိုက်မိတယ် တစ်ဖက်က ရတနာဆိုင်ပိုင်ရှင်ကလည်း အမှန်တကယ်ကိုသဘောကျသွားပြီး စိန်တိုးပေးတဲ့ ရှေးဟောင်းလက်ဝတ်လက်စားတွေကို ပေါက်ဈေးထက် သုံးပုံပုံ တစ်ပုံစာကို လျော့ပြီး စိန်တိုးကို ပေးလိုက်တယ်… ၊ ဒီလိုလျော့ထားပေမယ့်လည်း ရတနာဆိုင်ပိုင်ရှင် ထုတ်ပေးလိုက်တဲ့ ငွေပုံကြီးက စိန်တိုးတစ်သက် တစ်ကြိမ်မှ မမြင်ဖူးတဲ့ငွေတွေမို့ တစ်ချက်မငြင်းတော့ဘဲ ပွဲဖြစ်သွားခဲ့တယ် ၊

နောက်ပိုင်း သန်းမြင့်လှိုင်အကူအညီနဲ့ရန်ကုန် မင်းလမ်း တာမွေ ဘက်မှာ အိမ်လေးတစ်လုံးကို ဝယ်ဖြစ်ခဲ့တယ် ၊ အဲ့ဒီ တုန်းက ဒီနေ့ခေတ်လိုမျိုး ရပ်ကွက်ရယ်လို့တောင် သီးသန့်မရှိသေးတဲ့အချိန် ၊ တိုက်မြင့်တွေဆို ဝေလာဝေး….. ၊ အကုန်ကိုယ့်အိမ်ကိုယ့်ဝန်းလေးတွေနဲ့ နေနေကြတဲ့အချိန် ၊ စိန်တိုးအတွက်တော့ နေစရာမပူရတော့ပြန်ဘူး… ၊ စားဖို့ ကလည်း ပါလာတဲ့ ပစ္စည်းလေးတွေကိုရောင်းလိုက် သုံးလိုက်ဖြုန်းလိုက်နဲ့အဆင်ကိုပြေနေတာပဲ ၊ ဒီကြားထဲ ကိုသန်းမြင့်လှိုင်က ကူညီပေးတော့ အများကြီးအဆင်ပြေနေတယ် ၊ ဒီလူကိုလည်း ညီအစ်ကိုအရင်းလိုမျိုး မိတ်ဆွေလိုမျိုး မျက်လုံးမှိုတ်ပြီးကို ယုံနေမိတော့တယ် ၊

အချိန်တွေကြာလာတော့ စိန်တိုးလက်ထဲမှာ ရှိနေတဲ့ ပစ္စည်းတွေလည်း သုံးလိုက်ဖြုန်းလိုက်နဲ့ တော်တော်လေး ပါးလာပြီ… ၊ ဒါ့ကြောင့် ဝင်ငွေရတဲ့ လုပ်ငန်းလေးတစ်ခုတော့ လုပ်မှပဲဆိုပြီး ယုံကြည်ရတဲ့ သန်းမြင့်လှိုင်နဲ့ တိုင်ပင်ကြည့်တဲ့အခါ သန်းမြင့်လှိုင်က သူလည်း လုပ်ငန်းတစ်ခုလုပ်ဖို့ရှိတယ် ၊ အရာင်းအဝယ်ပုံစံမျိုးလေးပဲ အရင်လည်းသိပ်မလို အမြတ် အများကြီး ကျန်တယ်တယ်ဆိုတဲ့ လုပ်ငန်းတစ်ခုအကြောင်းပြောပြတော့ စိန်တိုးလည်း လူမပင်ပန်းဘဲ ငွေရွှင်တဲ့လုပ်ငန်း ကို သဘောကျသွားပြီး နောက်ဆုံးကျဉ်ဆံအဖြစ် ပါလာသမျှရတနာတွေကို အကုန်ရောင်းထုတ်လိုက်ပြီး ငွေတွေကို ရင်းနီးယုံကြည်ရတဲ့ သန်းမြင့်လှိုင်လက်ထဲကို ထိုးထည့်ပေးလိုက်တယ်။

“ ဒါပဲလေ… ကို စိန်တိုး များများလိုချင်ရင် များများရင်းရတယ်….ဟားးး မပူနဲ့ ခင်ဗျားငွေတွေကို နှစ်ဆ..သုံးဆ…လေးဆ ပွားအောင် ကျုပ်တာဝန်ယူတယ် ကျုပ်ဖြင့် အရင်းမရှိလို့ငြိမ်နေရတာ ဒီလိုသာဆိုလို့ကတော့ စဉ်းစားစရာ တောင် မလိုဘူးဗျို့ အလုပ်ဖြစ်ပြီ … ” အဲ့ဒီလိုပြောသွားပြီး နောက်တစ်နေ့ကတည်းက သန်းမြင့်လှိုင်တစ်ယောက် စိန်တိုးဆီကို ရောက်မလာတော့တာ လေးနှစ်ထဲတောင်ရောက်လာခဲ့ပြီ …. ၊ သန်းမြင့်လှိုင်အကြောင်းကိုလည်း ဘယ်မှာမှ စုံစမ်းမရ ၊ စိန်တိုး သိလိုက်ပါပြီ…. လူယုံသတ်လို့သေတယ်ဆိုတဲ့ ခံစားချက်ကို… ၊

အခုတော့ စိန်တိုးတစ်ယောက် အိမ်ကလေးအဖက်တင်တာကလွဲပြီး လက်ထဲ သုံးစရာငွေတစ်ချို့အပြင် ဘာမှမရှိတော့တဲ့ ဘဝကိုရောက်လာခဲ့ရပြီ.. ၊ ရှိတာလေးတွေကလည်းသုံးရင်းသုံးရင်း .. ဝင်ငွေမရှိ …အထွက်ချည်းပဲဆိုတော့ ဘယ်လို မျိုးကြာကြာရပ်တည်နိုင်မှာလဲ…. ၊ နောက်ဆုံး မရှက်မကြောက် အလုပ်တစ်ခုခုတော့ လုပ်မှဖြစ်မယ်ဆိုပြီး စိန်တိုး တစ်ယောက် ဆိုက်ကားလေးတစ်စင်းကိုဝယ်ပြီး ရပ်ကွက်ပတ်ဝန်းကျင်မှာ ပတ်နင်းရင်း ဆိုက်ကားသမားဘဝကို ရောက်သွားခဲ့ရတယ် … ၊ ဆိုက်ကားသမားတွေထဲမှာမှ အိမ်ကောင်းကောင်းနဲ့နေနိုင်တဲ့ ရှားပါးဆိုက်ကားသမားလေး စိန်တိုး ပေါ့….. ။

ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပြန်တော့ စိန်တိုးလည်း မိန်းမတွေဘာတွေရပြီး သားသမီးနှစ်ယောက်တောင် ထွန်းကား လာခဲ့ပြီလေ ၊ ကလေးနှစ်ယောက်မှာ အငယ်မလေးက သုံးနှစ်သားလေး နဲ့ အကြီးမက လေးနှစ် …. ၊ အရင်လူပျိုတုန်း က ကိုယ့်တစ်ကိုယ်စာ အဆင်ပြေရင်ပြီးရောဆိုပြီး အလုပ်ကို ငတ်မှ ထလုပ်တတ်ပေမယ့် အခုတော့ မိသားစုနဲ့ ကလေးနှစ်ယောက်နဲ့ဖြစ်လာပြီမို့ စိန်တိုးတစ်ယောက် နေကောင်းကောင်း မကောင်းကောင်း ၊ လုပ်ချင်ချင် မလုပ်ချင်ချင် ဆိုက်ကားနင်းတဲ့အလုပ်ကို မရပ်ရဲဘူးဖြစ်နေတယ်… ၊ ပင်ပန်းတာတွေစုလာတော့ သူငယ်ချင်းတွေနဲ့ အပျင်းပြေ သောက်စားရင်းက အရက်ကိုလည်း ဖြည်းဖြည်းချင်းစွဲစပြုလာတယ် ၊

တစ်နေ့တော့ စိန်တိုးဘဝကို အပြောင်းလဲကြီးပြောင်းလဲစေမယ့် အဖြစ်ဆိုးကြီးတစ်ခုနဲ့ ကြုံလာခဲ့တယ်… ၊ အိမ်မှာ ဇနီးသည်ဘက်က ဇနီးရဲ့ညီမ … စိန်တိုးရဲ့ခယ်မတော်သူ အပျိုမလေးတစ်ယောက် နယ်ကနေ လာလည်ရင်း စိန်တိုးတို့ အိမ်မှာ တည်းဖြစ်တယ် ၊ စိန်တိုးရဲ့ဇနီးသည်ကလည်း ဇာတ်ဆိုရင် မကြည့်ဘဲမနေနိုင်တတ်တဲ့သူမို့ တစ်နေ့ ယောကျာ်း ဖြစ်တဲ့သူဆိုက်ကားနင်းသွားနေတုန်း ကလေးနှစ်ယောက်ကို ချီပြီး လမ်းထိပ်နားက ဇာတ်ပွဲသွားကြည့်ဖြစ်ခဲ့တယ် ၊ ဖြစ်ချင်တော့ အိမ်မှာလာတည်းတဲ့ ညီမဖြစ်တဲ့သူက နေမကောင်းလို့ဆိုပြီး အိမ်မှာအိပ်ပြီးကျန်နေရစ်ခဲ့တယ် ၊ဟိုးတုန်းက အိမ်တွေမှာ အိပ်ရင် အခန်းမဖွဲ့ဘဲ တန်းဆီအိပ်တတ်ကြတာမို့ စိန်တိုးတို့မိသားစုတွေ အိပ်တဲ့ ခြင်ထောင်ဘေးနားလေး မှာ ခွေခွေလေး အိပ်ပျော်နေရစ်ခဲ့တယ်… ၊ နောက်တော့ တဖြည်းဖြည်း ခြင်ကိုက်တာကတစ်ကြောင်း နေမကောင်းလို့ ခြင်ထောင်ထမထောင်ချင်တာကတစ်ကြောင်းကြောင့် ဘယ်သူမှမရှိတုန်း စိန်တိုးတို့မိသားစု ခြင်ထောင်ထဲ ခယ်မဖြစ်သူကဝင်အိပ်ဖြစ်ခဲ့တယ် ၊

ကံဆိုးမိုးမှောင်ကျချင်တဲ့ စိန်တိုးက ဒီလိုညမျိုးကျမှ စောစောစီးစီး ဆိုက်ကားသိမ်းလာပြီး အရက်ကမူးလာသေးတယ် ၊ မူးမူးနဲ့ မယားချောလေးရှိတဲ့ခြင်ထောင်ဆီကိုဝင်ပြီး ဇနီးသည်ကို သိုင်းဖက်လိုက်မိတဲ့အခါ….ဇနီးမဟုတ်ဘဲ သူ့ခယ်မ ဖြစ်နေတာကို မြင်လိုက်ရတော့တယ် … ၊ စိန်တိုးလည်း အတော်လေးလန့်သွားပြီးချင်ချင်း ခြင်ထောင်အပြင်ကို ထွက်မယ် ပြုလိုက်တဲ့အခါ ခယ်မလုပ်တဲ့သူက ဘာမပြောညာမပြော အသံဗြဲကြီးနဲ့ ငိုရင်း ထအော်ပါလေရော… “ ကယ်ကြပါဦးရှင်…ဒီမှာ ကျွန်မ အစ်မရဲ့ယောကျာ်းလူယုတ်မာ စိန်တိုး ကျွန်မကို မတရားပြုကျင့်နေပါတယ်ရှင် …ကယ်ကြပါဦး… ”

စိန်တိုး လည်း ဘာမှမလုပ်မိသေးခင်မှာ မှားယွင်းပြီး ဖက်မိရာကနေ ဖြစ်သွားတဲ့ ကိစ္စမို့ လန့်နေတုန်း ရုပ်ရှင်တွေထဲကလို အရမ်းတိုက်ဆိုင်လွန်းပြီး ဇနီးဖြစ်တဲ့သူက ဇာတ်ပွဲပြီးလို့ ကလေးနှစ်ယောက်ချီပြီး ပြန်လာတဲ့အချိန်ကြီးဖြစ်နေပြန်တယ်… ၊ ဘယ်သူမှန်တယ် မှားတယ်ဆိုတာထက် ဇနီးဖြစ်တဲ့သူရော ကလေးတွေအပြင် ၊ အော်သံကြားလို့ ရပ်ကွက်ထဲက ပြေးလာပြီး အိမ်ထဲရောက်လာကြတဲ့သူတွေအားလုံးအမြင်မှာ စိန်တိုးက ခယ်မရဲ့ခြင်ထောင်ထဲက ထွက်လာတာကိုပဲ မြင်ကြတယ်လေ… ၊ မူးကလည်းမူးနေတဲ့သူမို့ အများနဲ့တစ်ယောက် ဘယ်လိုမှ ရှင်းပြမရတော့ဘဲ စိန်တိုး ဆုံးဖြတ်ချက်ကိုသေချာချလိုက်ပြီး စိတ်ဆိုးနေတဲ့ ဇနီးသည်ပါးလေးကို ဖွဖွလေးကိုင်လိုက်တယ်။

စိန်တိုးရဲ့လက်ကို ဇနီးသည်က ရိုက်ချလိုက်တဲ့အခါ ဇနီးကိုသိပ်ချစ်တဲ့ စိန်တိုးကအပြစ်မဆိုဘဲ ပြုံးထားရင်း သူ့ကလေး တွေကို ဝအောင်နမ်းလိုက်တယ် နမ်းနေတုန်းမှာပဲ ဇနီးလုပ် တဲ့သူက အိမ်ပေါ်ကဆင်းမယ်…ရှက်တယ်ဆိုပြီး အထုတ်တွေ ဆွဲပြီး အဝတ်တွေထည့်နေတယ် ၊ စိန်တိုးကတော့ ဘယ်သူ့ကိုမှ ဘာမှ ပြောမနေတော့ဘဲ အိမ်အပေါ်ကိုပြေးတက်သွား လိုက်တယ်… ၊ ခဏလေးကြာတော့ အိမ်ပေါ်ကနေ “ဝုန်း” ဆိုတဲ့ အသံကြီးကိုလူတိုင်းကြားလိုက်ရလို့ အံ့သြသွားပြီး ပြေးတက်ကြည့်လိုက်တဲ့အခါ အိမ်ပေါ်မှာ လည်ပင်းကြိုးကွင်းတန်းလန်းကြီးနဲ့ သေနေတဲ့ စိန်တိုးနဲ့အတူ သူကြိုးဆွဲချ ခါနီး ခြေထောက်နဲ့ကန်ထုတ်လိုက်တဲ့ ခွေးခြေအပုလေးတစ်ခုံးကို လဲလျက်သားလေးမြင်လိုက်ရတယ်.. ၊

ဒီအဖြစ်ကိုမြင်မှ ဇနီးလုပ်တဲ့သူကလည်း ယူကြုံးမရတွေဖြစ် ၊ ပတ်ဝန်းကျင် ကလည်း သနားတဲ့သူကသနားကြ တစ်ချို့ က စိန်တိုး အရက်ကြောင်ကြောင်ပြီး သတ်သေ သွားတာလို့ ခနဲ့ကြနဲ့ စိန်တိုး တစ်ယောက် သူမှန်ကန်ကြောင်းကို အသက်နဲ့လဲပြီးပြသွားရင်း မိသားစုကိုမျက်နာမပြရဲလို့ ထွက်ပေါက်ရှာသွားခဲ့ပြီလေ….. ။ မြင်းကပါ အရပ်က ရတနာပစ္စည်းတွေရဲ့ ကျိန်စာတွေကြောင့် စိန်တိုး ဒီလိုများ ဖြစ်ရလေသလားလို့ ထင်နိုင် လောက်ပါရဲ့……… ။

ကြိုးစားပါဦးမည်… (မိုးစွေ)

Leave a Comment