ဆံပင်ကျွတ်ခြင်းနဲ့ လက်သည်းခြေသည်းကျိုးပဲ့လွယ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်း (၅)ခု …..

ပျိုမေတို့ရဲ့ အခြေခံအလှအပလိုအပ်ချက်တွေထဲမှာ အသားအရေ၊ ဆံပင်နဲ့ လက်သည်း၊ခြေသည်းလေးတွေ ကျန်းမာလှပခြင်းတို့က အရေးကြီးဆုံးအချက်တွေလို့တောင်ပြောလို့ရပါတယ်။ အသားအရေ မကြည်လင်ဘူး၊ ဆံပင်တွေ ကျွတ်နေမယ်၊ လက်သည်း၊ခြေသည်းတွေ ကျိုးပဲ့လွယ်နေမယ်ဆိုရင် လှလှပပလေးနေဖို့ မဖြစ်နိုင်တော့ပါဘူး။

ဒါကြောင့် အဲ့လိုမျိုး အသားအရေ မကြည်လင်တာ၊ ဆံပင်ကျွတ်တာနဲ့ လက်သည်း၊ ခြေသည်းတွေ ကျိုးပဲ့လွယ်နေတာတွေရဲ့ အကြောင်းရင်းလေးတွေနဲ့ ပြန်လည်ကောင်းမွန်အောင် ကုသနိုင်မယ့် နည်းလမ်းလေးတွေ၊ စားပေးသင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဗီတာမင်ချို့တဲ့မှုကြောင့် …

ခန္ဓာကိုယ်ထဲမှာ ပရိုတင်း၊ သံဓာတ်နဲ့ အိုမီဂါ အက်ဆစ်တွေ ချို့တဲ့ တဲ့အခါ အသားအရေညစ်နွမ်းခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ လက်သည်း၊ ခြေသည်းတွေ ကျိုးပဲ့လွယ်ခြင်းတို့ဖြစ်တတ်ပါတယ်။

(၂) အသည်းက အဆိပ်အတောက်ချေဖျက်မှုနှေးကွေးနေခြင်းကြောင့်…

ပြင်ပကအဆိပ်အတောက်တွေ ကိုယ်တွင်းအင်္ဂါတွေကို ဒုက္ခမပေးနိုင်အောင် အသည်းကချေဖျက်ပေးပါတယ်။ ဒါကြောင့် အသည်းက အဆိပ်အတောက်ချေဖျက်မှု အားနည်းလာတဲ့အခါ အစာချေဖျက်မှုနှေးကွေးလာပြီး ခန္ဓာကိုယ်ထဲ အဆိပ်အတောက်တွေ စုပုံလာပြီး အသားအရေညစ်နွမ်းလာတာ၊ ဆံပင်ကျွတ်တာနဲ့ လက်သည်း၊ခြေသည်းတွေ ကျိုးပဲ့လွယ်လာတာတွေဖြစ်လာပါတယ်

(၃) စိတ်ဖိစီးမှုများခြင်းကြောင် …

နေ့စဉ်စိတ်ဖိစီးမှုတွေ တဖြည်းဖြည်းစုပုံလာတဲ့အခါ အိပ်ရေးပျက်တာ၊ အစားအများကြီးစားတာ၊ အစားလုံးဝမစားတာ စတဲ့အခြေအနေတွေဖြစ်လာပြီး ကျန်းမာရေးကို ထိခိုက်လာပါတယ်။ ရောဂါကြီးကြီးမားမား မဖြစ်ခင်မှာ အသားအရေ၊ ဆံပင်နဲ့ လက်သည်း၊ခြေသည်းတွေမှာ ထိခိုက်လာနိုင်ပါတယ်။

(၄) ဟော်မုန်းမညီမျှမှုကြောင် …

အီစထရိုဂျင်နဲ့ သိုင်းရွိုက်ဟော်မုန်းပမာဏ မညီမျှတဲ့အခါမှာလည်း ဆံပင်ကျွတ်တာ၊ လက်သည်း၊ခြေသည်းတွေ ကျိုးပဲ့လွယ်တာတွေ စဖြစ်လာပြီး နောက်ပိုင်းမှာ ဒီထက်ဆိုးတဲ့ ကျန်းမာရေးအခြေအနေတွေဖြစ်လာနိုင်ပါတယ်

(၅) အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးကြောင့် …

အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာတစ်ခုခုရှိနေရင် အစားစားချင်စိတ်လျော့နည်းနေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ စုပ်ယူမှုလျော့နည်းလာပါတယ်။ အဲ့ဒီအခါ အသားအရေညစ်နွမ်းခြင်း၊ ဆံပင်ကျွတ်ခြင်း၊ လက်သည်း၊ခြေသည်းတွေကြွပ်ဆတ်ခြင်း တို့အပြင် သွေးတွင်းသကြားဓာတ် ပုံမှန်မဟုတ်တော့ခြင်း၊ သွေးလှည့်ပတ်မှု ပုံမမှန်ခြင်းတွေအထိဖြစ်လာနိုင်ပါတယ်

စားပေးသင့်တဲ့အစားအစာများ

အသားအရေညစ်နွမ်းမှုနဲ့ ဆံပင်ကျွတ်တာတွေ ဖြစ်လာတဲ့အခါ skin care လုပ်ဖို့၊ Hair care လုပ်ဖို့ပဲ စဉ်းစားမိတတ်ကြပါတယ်။ ဒါပေမယ့် အခုလိုမျိုး ခန္ဓာကိုယ်တွင်းက အကြောင်းရင်းတွေကြောင့်ဖြစ်နေတယ်ဆိုရင်တော့ Skin care ၊ Hair care လုပ်ရုံနဲ့မရပါဘူး။

အသားအရေနဲ့ ဆံပင်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြက်ဥ၊ ကန်စွန်းဥနဲ့ ငါးတို့ကို စားပေးသင့်ပြီး၊ အသည်းနဲ့အစာအိမ်၊ အူလမ်းကြောင်းကျန်းမာရေးအတွက် အစိမ်းရောင်အရွက်များ၊ ခရမ်းချဉ်သီးနဲ့ ဘယ်ရီသီးအမျိုးမျိုး၊ ထောပတ်သီး၊ ချောကလက်တို့ကို များများစားပေးပါ။

MAY THAZINHTOO

zawgyi

ပ်ိဳေမတို႕ရဲ႕ အေျခခံအလွအပလိုအပ္ခ်က္ေတြထဲမွာ အသားအေရ၊ ဆံပင္နဲ႕ လက္သည္း၊ေျခသည္းေလးေတြ က်န္းမာလွပျခင္းတို႕က အေရးၾကီးဆံုးအခ်က္ေတြလို႕ေတာင္ေျပာလို႕ရပါတယ္။ အသားအေရ မၾကည္လင္ဘူး၊ ဆံပင္ေတြ ကြ်တ္ေနမယ္၊ လက္သည္း၊ေျခသည္းေတြ က်ိဳးပဲ့လြယ္ေနမယ္ဆိုရင္ လွလွပပေလးေနဖို႕ မျဖစ္နိုင္ေတာ့ပါဘူး။

ဒါေၾကာင့္ အဲ့လိုမ်ိဳး အသားအေရ မၾကည္လင္တာ၊ ဆံပင္ကြ်တ္တာနဲ႕ လက္သည္း၊ ေျခသည္းေတြ က်ိဳးပဲ့လြယ္ေနတာေတြရဲ႕ အေၾကာင္းရင္းေလးေတြနဲ႕ ျပန္လည္ေကာင္းမြန္ေအာင္ ကုသနိုင္မယ့္ နည္းလမ္းေလးေတြ၊ စားေပးသင့္တာေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဗီတာမင္ခ်ိဳ႕တဲ့မႈေၾကာင့္ …

ခႏၶာကိုယ္ထဲမွာ ပရိုတင္း၊ သံဓာတ္နဲ႕ အိုမီဂါ အက္ဆစ္ေတြ ခ်ိဳ႕တဲ့ တဲ့အခါ အသားအေရညစ္ႏြမ္းျခင္း၊ ဆံပင္ကြ်တ္ျခင္းနဲ႕ လက္သည္း၊ ေျခသည္းေတြ က်ိဳးပဲ့လြယ္ျခင္းတုိ႕ျဖစ္တတ္ပါတယ္။

(၂) အသည္းက အဆိပ္အေတာက္ေခ်ဖ်က္မႈေနွးေကြးေနျခင္းေၾကာင့္…

ျပင္ပကအဆိပ္အေတာက္ေတြ ကိုယ္တြင္းအဂၤါေတြကို ဒုကၡမေပးနိုင္ေအာင္ အသည္းကေခ်ဖ်က္ေပးပါတယ္။ ဒါေၾကာင့္ အသည္းက အဆိပ္အေတာက္ေခ်ဖ်က္မႈ အားနည္းလာတဲ့အခါ အစာေခ်ဖ်က္မႈေနွးေကြးလာျပီး ခႏၶာကိုယ္ထဲ အဆိပ္အေတာက္ေတြ စုပံုလာျပီး အသားအေရညစ္ႏြမ္းလာတာ၊ ဆံပင္ကြ်တ္တာနဲ႕ လက္သည္း၊ေျခသည္းေတြ က်ိဳးပဲ့လြယ္လာတာေတြျဖစ္လာပါတယ္

(၃) စိတ္ဖိစီးမႈမ်ားျခင္းေၾကာင္ …

ေန႕စဥ္စိတ္ဖိစီးမႈေတြ တျဖည္းျဖည္းစုပံုလာတဲ့အခါ အိပ္ေရးပ်က္တာ၊ အစားအမ်ားၾကီးစားတာ၊ အစားလံုးဝမစားတာ စတဲ့အေျခအေနေတြျဖစ္လာျပီး က်န္းမာေရးကို ထိခိုက္လာပါတယ္။ ေရာဂါၾကီးၾကီးမားမား မျဖစ္ခင္မွာ အသားအေရ၊ ဆံပင္နဲ႕ လက္သည္း၊ေျခသည္းေတြမွာ ထိခိုက္လာနုိင္ပါတယ္။

(၄) ေဟာ္မုန္းမညီမွ်မႈေၾကာင္ …

အီစထရိုဂ်င္နဲ႕ သိုင္းရြိဳက္ေဟာ္မုန္းပမာဏ မညီမွ်တဲ့အခါမွာလည္း ဆံပင္ကြ်တ္တာ၊ လက္သည္း၊ေျခသည္းေတြ က်ိဳးပဲ့လြယ္တာေတြ စျဖစ္လာျပီး ေနာက္ပိုင္းမွာ ဒီထက္ဆိုးတဲ့ က်န္းမာေရးအေျခအေနေတြျဖစ္လာနိုင္ပါတယ္

(၅) အစာအိမ္နဲ႕အူလမ္းေၾကာင္းက်န္းမာေရးေၾကာင့္ …

အစာအိမ္နဲ႕ အူလမ္းေၾကာင္းမွာ ျပႆနာတစ္ခုခုရွိေနရင္ အစားစားခ်င္စိတ္ေလ်ာ့နည္းေနျပီး ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရေတြ စုပ္ယူမႈေလ်ာ့နည္္းလာပါတယ္။ အဲ့ဒီီအခါ အသားအေရညစ္ႏြမ္းျခင္း၊ ဆံပင္ကြ်တ္ျခင္း၊ လက္သည္း၊ေျခသည္းေတြၾကြပ္ဆတ္ျခင္း တို႕အျပင္ ေသြးတြင္းသၾကားဓာတ္ ပံုမွန္မဟုတ္ေတာ့ျခင္း၊ ေသြးလွည့္ပတ္မႈ ပံုမမွန္ျခင္းေတြအထိျဖစ္လာနိုင္ပါတယ္

စားေပးသင့္တဲ့အစားအစာမ်ား

အသားအေရညစ္ႏြမ္းမႈနဲ႕ ဆံပင္ကြ်တ္တာေတြ ျဖစ္လာတဲ့အခါ skin care လုပ္ဖို႕၊ Hair care လုပ္ဖို႕ပဲ စဥ္းစားမိတတ္ၾကပါတယ္။ ဒါေပမယ့္ အခုလိုမ်ိဳး ခႏၶာကိုယ္တြင္းက အေၾကာင္းရင္းေတြေၾကာင့္ျဖစ္ေနတယ္ဆိုရင္ေတာ့ Skin care ၊ Hair care လုပ္ရံုနဲ႕မရပါဘူး။

အသားအေရနဲ႕ ဆံပင္အတြက္ လိုအပ္တဲ့ ပရိုတင္းဓာတ္ကို ျဖည့္ဆည္းေပးနိုင္ဖို႕ ၾကက္ဥ၊ ကန္စြန္းဥနဲ႕ ငါးတို႕ကို စားေပးသင့္ျပီး၊ အသည္းနဲ႕အစာအိမ္၊ အူလမ္းေၾကာင္းက်န္းမာေရးအတြက္ အစိမ္းေရာင္အရြက္မ်ား၊ ခရမ္းခ်ဥ္သီးနဲ႕ ဘယ္ရီသီးအမ်ိဳးမ်ိဳး၊ ေထာပတ္သီီး၊ ေခ်ာကလက္တိုု႕ကို မ်ားမ်ားစားေပးပါ။

MAY THAZINHTOO

Leave a Comment