အခက်အခဲဲတွေနဲ့ကြုံတဲ့အခါ ပြုရမည့် အဓိဋ္ဌာန်ပါရမီီ

အခက်အခဲဲတွေနဲ့ကြုံတဲ့အခါ ပြုရမည့် အဓိဋ္ဌာန်ပါရမီီ

အခက်အခဲဲတွေနဲ့ကြုံတဲ့အခါ အဓိဋ္ဌာန်ပါရမီပြုပါ

အားလုံးသင်ခန်းစာယူရမှာက ကိိုယ့်မှာ တခါတရံ လုပ်ငန်းကိုင်ငန်းလုပ်ရင်းနဲ့ အခက်အခဲ မကြုံဘူးလား? (ကြုံပါတယ် ဘုရား) အခက်အခဲဆိုရင် ဒါ စိတ်ဆင်းရဲစရာပြောတာပေါ့။ ဘာကိုပြောတာလဲ? (စိတ်ဆင်းရဲစရာကို ပြောတာပါ ဘုရား)

ဖြစ်ချင်းတိုင်းမဖြစ် မကြားချင်တာကြားရ မမြင်ချင်တာ မြင်ရတာဆိိုတာက ကုသိိုလ်အကျိုးပေးလား၊ အကုသိုလ်အကျိုးပေးလား? (အကုသိုလ် အကျိုးပေးပါ ဘုရား)

အကုသိုလ်ဆိိုရင် မေတ္တာလား၊ ဒေါသမာနလား? (ဒေါသ မာနပါ ဘုရား) အဲ့ရဲ့အကျိုးပေးပြန်လာတာလေ။ အဲတော့ အဲဒါကို ဘာနဲ့ကာမလဲဆိုတော့ မေတ္တာနဲ့ပဲ ကာရမှာပေါ့။ ဘာနဲ့ ကာရမှာလဲ? (မေတ္တာနဲ့ပဲ ကာရမှာပါဘုရား)

ဆရာတော်ဘုရားကြီးက “ကံကိိုကွယ်တဲ့ ကံအကျိုးပေးကိုဖျက်ချင်ရင် ကံနဲ့ပဲ ဖျက်ရတယ်။” တဲ့။ ကံကို ကံနဲ့ဖျက်။ အဲတော့ မေတ္တာပေါင်းပေါ့။

အခက်အခဲရှိလို့ စီးပွားတွေကအစ ဆွဲအားနည်းတော့ စီးပွားကလည်း မအီမလည်ဖြစ်၊ ပြဿနာတွေ ပေါ်လာပြီဆိုရင် အော် ငါ့မှာ ကုသိုလ်ဓာတ်ဆွဲအားက နည်းသွားလို့ပဲ သိရမယ်၊ ဟုတ်ရဲ့လား? အဓိဋ္ဌာန်ဝင်ရမယ်။ လွယ်လွယ်လေးပဲ ပေးခဲ့တာနော်။ စီးပွါးခက်ခက်၊ ရန်စွယ်တွေများတာဖြစ်ဖြစ် ကြိုက်တာလာပါစေ ဟုတ်ရဲ့လား?

လာလို့ရှိရင် အခက်အခဲကြုံရင်တဲ့ အော် ကုသိုလ်ဆွဲအားက နည်းသွားလို့၊ အကုသိုလ်လှိုင်းတွေ ဝင်လာပြီ ဟုတ်ရဲ့လား? (ဟုတ်ပါတယ် ဘုရား) အအေးဓာတ်နဲ့ ကုသိိုလ်က ဖြည့်ရတော့မှာပေ့ါ။ သဘောပေါက်လား။ အဲဒါ အဓိဋ္ဌာန်ဝင်ရတယ်။ ဘယ်လိုခေါ်လဲ? မြဲမြံစကားလေ၊ ခြေဖဝါးတော်က ပညာပေးနေပြီ တရားဟောနေပြီနော်။

အဲတော့ ရက်ပေါင်း(၁၀၀) အဓိဋ္ဌာန်ဝင်မယ်ပေါ့။ များတယ်ထင်လား? ရက်ပေါင်း (၁၀၀) ဆိုရင် နဲနဲတွန့်သွားတယ်။ ဘုရားရှင်က အောင်မြင်တာက ဘယ်လောက်လဲ ?လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါ ဘုရား။

ရက်ပေါင်း (၁၀၀) ကများလား?(မများပါဘူး ဘုရား) အေးပါ စျေးဆစ်ချင်တယ်နော်။

ရက်ပေါင်း (၁၀၀) လောက်ကလေးတော့ ကဲ ရုပ်ရှင်ပွဲလမ်းမကြည့်ဘူး၊ သူများအတင်း မပြောဘူး၊ နှလုံးအေးအောင် နေမယ်လို့ အဓိဋ္ဌာန်လို့ မကောင်းဘူးလား? (ကောင်းပါတယ် ဘုရား) ပါးစပ်ကတော့တည့်ပါတယ် မလုပ်ချင်ဘူးလေ ခက်တာနော်။ အောင်တော့အောင်ချင်တယ်။ တကယ်ဖြည့်ဆို မဖြည့်ချင်ဘူး။

ဖြတ်လမ်းက သိဒ္ဓိပေးပါဘုရားဆို လိုချင်တယ်။သိဒ္ဓိ သွားသွားတောင်းတယ်၊ ဘယ်ရမလဲ? ကိုယ်လုပ်မှ ကိုယ်ရတာ။ မေတ္တာလှိုင်းလောက်ပဲ အပေါ်ယံလေးပဲ ပေးလို့ရတာပေါ့။

အတွင်းကထွက်တာလောက်် ကောင်းပါ့မလား? (မကောင်းပါဘူး ဘုရား) သဘောပေါက်ရဲ့လား။ အဲတော့ ကိိုယ်လုပ်မှ ကိုယ်ရတာ။ ဘုရားစကားနားထောင် အဓိဋ္ဌာန်ဝင်ရတယ်။ သဘောပေါက်လား။

ရက်ပေါင်း (၁၀၀) လောက်ကို မနက်စောစောထ ငါးနာရီလောက်တည်းက ညတည်းက ပြင်ဆင်ထား သက်ရှိိဘုရားကြီးအိမ်မှာ ရှိတယ်လေ။ သက်ရှိဘုရားကြီးလိုအာရုံပြုပြီးတော့ ဘုရားကိုယ်တိုင်ကြွဘိသကဲ့သို့ မနက်မိုးလင်း မိသားစုတွေထ မနက်ဆွမ်းပါချက် အိုးသက်သက်ထားရတယ်။ ဟင်းသက်သက်ထားရတယ်နော်။

အဲဒါချက်ပြီးလို့ရှိရင် ဆွမ်းကပ်မယ်။ဆီးမီး၊ ပန်း၊ ရေချမ်း ကပ်မယ်။ အဲဒါကပ်ပြီးတော့ ငါးပါးသီလခံ ကပ်ပြီးရင်် နတ်တွေလည်း ပင့်မယ်။ အမျိုးနတ်တွေဆိုတာ တကယ်ရှိပါတယ်တဲ့။ စောင့်ရှောက်ဖို့ အဆင်သင့်ပဲတဲ့။

ဒါ ကျမ်းတစ်ခုသိလို့ပါ။ သိကြားမင်း နတ်ပြည်မှာ နတ်သားဦးရေနည်းသွားတော့ အကြောင်းရှာတော့ လူတွေက ကုသိိုလ်ပြုတာ နည်းလို့တဲ့။ ဘာနည်းလို့လဲ? (ကုသိုလ်ပြုတာ နည်းလို့ပါ ဘုရား) နတ်ပြည်မှာလျော့ကုန်တာနော်။ စဉ်းစားကြည့်လေ ကိုယ့်တိုင်းပြည်က သိကြားမင်းက အုပ်ချုပ်တာ လူလေးနှစ်ယောက် သုံးယောက်ဆို ဘယ်အားရှိမလဲ၊ နတ်ဦးရေများမှ သူပျော်တာပေ့ါ။

နတ်ပြည်စည်ပင်ချင်တယ်ဆိုတော့ အဲမှာ ပျိုးထောင်ရတာပေါ့။ ဟုတ်ရဲ့လား။ လူတွေ ကုသိုလ်ဖြစ်အောင် ပျိုးထောင်မယ်ဆိိုရင် အမျိုးနတ်တွေ စောင့်ရှောက်ကြ။ ကိုယ့်ရဲ့အဘိုးတွေ ရှေးအဆက်ဆက် အဘိုးအဘွားတွေက နတ်ဖြစ်တာ ရှိတယ်လေ။ အဲမှာ စောင့်ရှောက်ရမယ် တာဝန်ပေးထားတာ။ သဘောပေါက်လား။

အဲဒါ ရိုးရာအစစ်ပဲ။ နတ်ကတော်ပြောတဲ့ ရိုးရာ မဟုတ်ဘူးနော်။ မျက်စိမလည်ကြနဲ့နော်။ အဲတော့ ဘုန်းဘုုန်းတို့ငယ်ငယ်က မယ်တော်ကြီးက နတ်ကတော်ဆိုတော့ ရိုးရာဖော်ပေးမယ်ဆိုရင် နတ်ကရိုင်းဖော်သလို တွေ့ရာလျှောက်ဖော်တော့တာပဲ။ မဟုတ်ဘူး။

အဘိုးအဘွားနတ်တွေ ဟိုး ဘဝများစွာက ရှိတာပေါ့နော်။ နတ်ကြီးတွေက စောင့်ရှောက်ဖိို့ အဆင့်သင့်ပဲတဲ့။ ကဲ အကြောင်းရှိရင် ငါ့ကို ဖုန်းဆက်ပါ ပြောထားတယ်၊ ဖုန်းမဆက်ရင် ကြားပါ့မလား။ (မကြားပါဘူး ဘုရား) အဲတော့ ကိုယ်က အသိအမှတ်မပြုဘူးလေ။

ညလည်းပဲ ဖုန်းတွေကြည့်၊ Facebook တွေကြည့်၊အိပ်ချင်မူးတူးအိပ်ပျော်သွား၊ ညဉ့်နက်မှ အိိပ်သွား၊ မနက်လည်းပဲ စောစောမထ။ ထင်ရာလျှောက်လုပ်တော့ နတ်တွေက ဘာလုပ်ပေးရမှန်း မသိတော့ဘူး။ အဆက်အသွယ် မရတော့ဘူးလေ။

စောင့်ရှောက်ချင်ပါတယ်တဲ့။ နတ်စောင့်ရှောက်တယ်ဆိုတာ ဘယ်လိုလဲဆိုတော့ အနိိဋ္ဌာရုံတွေ မလာအောင်တဲ့ ခရီးသွားတဲ့အခါ အန္တရာယ်မဖြစ်အောင် တားပေးတယ်။ အခက်အခဲ ရှိတယ်ဆိုလည်း အရောင်းအဝယ်ဆိုလည်းပဲ ကုန်သည်တွေ မနောတိုက်ပြီး ကိုယ့်ဆီခေါ်ပေးတယ်။ သဘောပေါက်လား။

အဲတော့ ကူညီမဲ့သူ ခေါ်ပေးတယ်။ဆက်သွယ်ပေးတယ်တဲ့။ အဲ တရားရတော့မယ်ဆိိုရင် တရားနာချင်အောင် တရားတကယ်ရှိတဲ့နေရာကို မရောက်ရောက်အောင် တွန်းပို့ပေးတယ်။ သဘောပေါက်ရဲ့လား။

ဘုုန်းဘုန်းတို့ တခါတလေကျ တောတွေသွား မရောက်ဖူးတဲ့တောတွေဆို တရားမနာကြဘူးဆိုရင် နတ်တွေတိုင်တည်ရတာပေါ့။ အမျိုးတွေခေါ်ပေးပါဆိုရင် တချို့ရောက်လာကြတယ်။ တွန်းပေးရတာပေ့ါနော်။ အဲတော့ မှတ်ကြပါ တကယ်စောင့်ရှောက်တာရှိတယ်။ အဲဒါကို လေးလေးစားစားနဲ့ပင့်ရပါတယ်နော်။

စောင့်ရှောက်တဲ့နတ်ကြီးတွေ ကိုယ့်ရဲ့အမျိုးနတ်တွေ ပင့််ရပါတယ်။ ပင့်ပြီးတော့မှ အမျှလည်းဝေရတယ်။ ဓမ္မစကြာ ပဋ္ဌာန်းလည်းပူဇော်ပြီး အမျှလည်းဝေရတယ်နော်။ လုပ်ပါ ဒါလုပ်ရမှာနော်။ အဲဒါ အဓိဋ္ဌာန်မြဲပစေ။ တစ်ရက်တည်း မဟုတ်ဘူး ရက်(၁၀၀)ပြည့်အောင် လုပ်မယ်ပေါ့။ မကောင်းဘူးလား? (ကောင်းပါတယ် ဘုရား)

ညလည်း ညမို့လို့ ညတိုင်းလုပ်ရမှာနော်။ ညကျတော့ သောက်တော်ရေ ဆီးမီး ပန််း ရေချမ်းကပ်ရမယ်နော် အဲလိုပဲ ငါးပါးသီလခံ နတ်တွေပင့် ပဋ္ဌာန်းဓမ္မစကြာ ပူဇော် မကောင်းဘူးလား? (ကောင်းပါတယ် ဘုရား) ပူဇော်ပြီးမှ အမျှတွေဝေ နားလည်တယ်နော်။ စောစောအိပ်ပေါ့။

နေ့ခင်းလည်းပဲ သူများအတင်းမပြောနဲ့ပေ့ါနော်။ အဲတော့ အေးအေးချမ်းချမ်းနေရမယ်် သွားရင်းလာရင်း ဘုရားဂုဏ်တော်ပွားကြ နားလည်မလား။ အဲဒါကို မြဲမြဲမြံမြံ ရုပ်ရှင်ပွဲလမ်း မကြည့်ဘဲနဲ့ ရက်(၁၀၀) ပြည့်အောင် လုပ်မယ်လို့ အဓိဋ္ဌာန်လိုက်တာပေါ့။ သဘောပေါက်လား။

အဓိဋ္ဌာန်လိုက်ရင် မခိုင်သွားဘူးလား? (ခိုင်သွားပါတယ် ဘုရား) ခရစ်စတယ်လ်တွေ ဆဲလ်တွေက ပိုပြီးတောင့်တင်းသွားတာပေ့ါ။ အဲဒါကို ပြုလုပ်တာရယ် ဆည်းပူတာရယ် များတာရယ် ပြန်ပြောတာရယ် ဟုတ်ရဲ့လား ထပ်ခါထပ်ခါဆည်းပူတော့ များမလာဘူးလား၊ အရောင်အဝေါတောက်တော့တာ ထက်ဝန်းကျင် ပျံ့နှံ့တော့တာ။

စကြာမင်းတောင်းမှ ဥပုသ်(၇)ရက်စောင့် မေတ္တာအောင်မှ စကြာယာဉ်လာတာကိုး။ ပြန်ပြောလို့ အဲလှိုင်းတွေကျယ်သွားပြီဆိုရင် လာဘ်လာဘလာပြီ။ စီးပွားပြန်တက်တာပေါ့။ သဘောပေါက်ရဲ့လား။

တစ်ရက်နှစ်ရက်လုပ်ပြီးတော့ ဘယ်တော့လာမလဲဆို ဖြစ်ပါ့မလား? (မဖြစ်ပါဘူး ဘုရား) အဲလိုမဖြစ်ရဘူးနော်။ ဘုရားတကယ်ချစ်၊ မိဘဆရာသမားတကယ်ချစ်၊ အေးနေအောင် ရက်ပေါင်းများစွာ (၁၀၀) (၂၀၀) လောက်ဆို ပိုမကောင်းဘူးလား? (ကောင်းပါတယ် ဘုရား)

ရက်(၁၀၀)ပြည့်ပြီး တချို့က နားပစ်လိုက်တယ်၊ ရက်(၁၀၀)ပြည့်ရင် ဘာလဲ? (နားပစ်လိုက်ပါတယ် ဘုရား) ဘာဖြစ်လို့ နားတာတုန်း။ ကုသိုလ်များမှာ စိုးလို့လား။

ဒါကြောင့် ယောဆရာတော်ဘုရားကြီးကဆုံးမတယ်။ ခန္ဓာအိမ်မှာ ဆေးစစ်တော့ အချိုများလည်း ဆီးချိုဖြစ်တာ ကြားနေရ၊ အခါးများလည်း သွေးပေါင်ကျ၊ အငန်များလည်း သွေးတိုးတဲ့၊ ဘယ်ဟာမှ မကောင်းဘူးတဲ့။ အဆီးများလည်းပဲ အဆီတွေပိတ်လို့ အသဲမှာ အဆီးဖုံး နှလုံးလည်း အဆီဖြစ်ဆိုတော့ ဘယ်ဟာမှ မကောင်းဘူးလေ။

အဲတော့ ဆရာတော်ကြီးက အမိန့်ရှိတယ်။ကိုယ့်ခန္ဓာမှာတဲ့ များတာကောင်းတာ ကုသိုလ်တစ်ခုပဲ ရှိတယ်ဗျာတဲ့။ ရက်ပေါင်း (၁၀၀)လောက်လုပ်ပြီးရင် များမှာစိုးလို့ နားတာလား။ စဉ်းစားလေ။ ဖြည့်ရမှာပေါ့နော်။

မနားတမ်းဖြည့်ရင် မကောင်းဘူးလား။ (ကောင်းပါတယ် ဘုရား) အဲဒါကို အဓိဋ္ဌာန်ပါရမီခေါ်တယ်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

(၈.၉.၂၀၁၈) မင်းကွန်းတောင်ရိုး နဂါးပတ်တောင်ကျောင်းတွင် ကျင်းပပြုလုပ်သော ညချမ်းဓမ္မသဘင်် (၃၂)ပါးသော လက္ခဏာတော် ဘုရားရှိခိုးပူဇော်ခြင်း တရားတော်မှကောက်နှုတ်ရေးသားပူဇော်ပါသည်။

ခရစ်ဒစ််

အခက္အခဲဲေတြနဲ႔ၾကဳံတဲ့အခါ ျပဳရမည္႔ အဓိ႒ာန္ပါရမီီ

အခက္အခဲဲေတြနဲ႔ၾကဳံတဲ့အခါ အဓိ႒ာန္ပါရမီျပဳပါ

အားလုံးသင္ခန္းစာယူရမွာက ကိုိယ့္မွာ တခါတရံ လုပ္ငန္းကိုင္ငန္းလုပ္ရင္းနဲ႔ အခက္အခဲ မၾကဳံဘူးလား? (ၾကဳံပါတယ္ ဘုရား) အခက္အခဲဆိုရင္ ဒါ စိတ္ဆင္းရဲစရာေျပာတာေပါ့။ ဘာကိုေျပာတာလဲ? (စိတ္ဆင္းရဲစရာကို ေျပာတာပါ ဘုရား)

ျဖစ္ခ်င္းတိုင္းမျဖစ္ မၾကားခ်င္တာၾကားရ မျမင္ခ်င္တာ ျမင္ရတာဆိုိတာက ကုသိုိလ္အက်ိဳးေပးလား၊ အကုသိုလ္အက်ိဳးေပးလား? (အကုသိုလ္ အက်ိဳးေပးပါ ဘုရား)

အကုသိုလ္ဆိုိရင္ ေမတၱာလား၊ ေဒါသမာနလား? (ေဒါသ မာနပါ ဘုရား) အဲ့ရဲ့အက်ိဳးေပးျပန္လာတာေလ။ အဲေတာ့ အဲဒါကို ဘာနဲ႔ကာမလဲဆိုေတာ့ ေမတၱာနဲ႔ပဲ ကာရမွာေပါ့။ ဘာနဲ႔ ကာရမွာလဲ? (ေမတၱာနဲ႔ပဲ ကာရမွာပါဘုရား)

ဆရာေတာ္ဘုရားႀကီးက “ကံကိုိကြယ္တဲ့ ကံအက်ိဳးေပးကိုဖ်က္ခ်င္ရင္ ကံနဲ႔ပဲ ဖ်က္ရတယ္။” တဲ့။ ကံကို ကံနဲ႔ဖ်က္။ အဲေတာ့ ေမတၱာေပါင္းေပါ့။

အခက္အခဲရွိလို႔ စီးပြားေတြကအစ ဆြဲအားနည္းေတာ့ စီးပြားကလည္း မအီမလည္ျဖစ္၊ ျပႆနာေတြ ေပၚလာၿပီဆိုရင္ ေအာ္ ငါ့မွာ ကုသိုလ္ဓာတ္ဆြဲအားက နည္းသြားလို႔ပဲ သိရမယ္၊ ဟုတ္ရဲ့လား? အဓိ႒ာန္၀င္ရမယ္။ လြယ္လြယ္ေလးပဲ ေပးခဲ့တာေနာ္။ စီးပြါးခက္ခက္၊ ရန္စြယ္ေတြမ်ားတာျဖစ္ျဖစ္ ႀကိဳက္တာလာပါေစ ဟုတ္ရဲ့လား?

လာလို႔ရွိရင္ အခက္အခဲၾကဳံရင္တဲ့ ေအာ္ ကုသိုလ္ဆြဲအားက နည္းသြားလို႔၊ အကုသိုလ္လွိုင္းေတြ ၀င္လာၿပီ ဟုတ္ရဲ့လား? (ဟုတ္ပါတယ္ ဘုရား) အေအးဓာတ္နဲ႔ ကုသိုိလ္က ျဖည့္ရေတာ့မွာေပ့ါ။ သေဘာေပါက္လား။ အဲဒါ အဓိ႒ာန္၀င္ရတယ္။ ဘယ္လိုေခၚလဲ? ျမဲၿမံစကားေလ၊ ေျခဖဝါးေတာ္က ပညာေပးေနၿပီ တရားေဟာေနၿပီေနာ္။

အဲေတာ့ ရက္ေပါင္း(၁၀၀) အဓိ႒ာန္၀င္မယ္ေပါ့။ မ်ားတယ္ထင္လား? ရက္ေပါင္း (၁၀၀) ဆိုရင္ နဲနဲတြန္႔သြားတယ္။ ဘုရားရွင္က ေအာင္ျမင္တာက ဘယ္ေလာက္လဲ ?ေလးအသေခၤ်နဲ႔ ကမၻာတစ္သိန္းပါ ဘုရား။

ရက္ေပါင္း (၁၀၀) ကမ်ားလား?(မမ်ားပါဘူး ဘုရား) ေအးပါ ေစ်းဆစ္ခ်င္တယ္ေနာ္။

ရက္ေပါင္း (၁၀၀) ေလာက္ကေလးေတာ့ ကဲ ႐ုပ္ရွင္ပြဲလမ္းမၾကည့္ဘူး၊ သူမ်ားအတင္း မေျပာဘူး၊ ႏွလုံးေအးေအာင္ ေနမယ္လို႔ အဓိ႒ာန္လို႔ မေကာင္းဘူးလား? (ေကာင္းပါတယ္ ဘုရား) ပါးစပ္ကေတာ့တည့္ပါတယ္ မလုပ္ခ်င္ဘူးေလ ခက္တာေနာ္။ ေအာင္ေတာ့ေအာင္ခ်င္တယ္။ တကယ္ျဖည့္ဆို မျဖည့္ခ်င္ဘူး။

ျဖတ္လမ္းက သိဒၶိေပးပါဘုရားဆို လိုခ်င္တယ္။သိဒၶိ သြားသြားေတာင္းတယ္၊ ဘယ္ရမလဲ? ကိုယ္လုပ္မွ ကိုယ္ရတာ။ ေမတၱာလွိုင္းေလာက္ပဲ အေပၚယံေလးပဲ ေပးလို႔ရတာေပါ့။

အတြင္းကထြက္တာေလာက္္ ေကာင္းပါ့မလား? (မေကာင္းပါဘူး ဘုရား) သေဘာေပါက္ရဲ့လား။ အဲေတာ့ ကိုိယ္လုပ္မွ ကိုယ္ရတာ။ ဘုရားစကားနားေထာင္ အဓိ႒ာန္၀င္ရတယ္။ သေဘာေပါက္လား။

ရက္ေပါင္း (၁၀၀) ေလာက္ကို မနက္ေစာေစာထ ငါးနာရီေလာက္တည္းက ညတည္းက ျပင္ဆင္ထား သက္ရွိိဘုရားႀကီးအိမ္မွာ ရွိတယ္ေလ။ သက္ရွိဘုရားႀကီးလိုအာ႐ုံျပဳၿပီးေတာ့ ဘုရားကိုယ္တိုင္ႂကြဘိသကဲ့သို႔ မနက္မိုးလင္း မိသားစုေတြထ မနက္ဆြမ္းပါခ်က္ အိုးသက္သက္ထားရတယ္။ ဟင္းသက္သက္ထားရတယ္ေနာ္။

အဲဒါခ်က္ၿပီးလို႔ရွိရင္ ဆြမ္းကပ္မယ္။ဆီးမီး၊ ပန္း၊ ေရခ်မ္း ကပ္မယ္။ အဲဒါကပ္ၿပီးေတာ့ ငါးပါးသီလခံ ကပ္ၿပီးရင္္ နတ္ေတြလည္း ပင့္မယ္။ အမ်ိဳးနတ္ေတြဆိုတာ တကယ္ရွိပါတယ္တဲ့။ ေစာင့္ေရွာက္ဖို႔ အဆင္သင့္ပဲတဲ့။

ဒါ က်မ္းတစ္ခုသိလို႔ပါ။ သိၾကားမင္း နတ္ျပည္မွာ နတ္သားဦးေရနည္းသြားေတာ့ အေၾကာင္းရွာေတာ့ လူေတြက ကုသိုိလ္ျပဳတာ နည္းလို႔တဲ့။ ဘာနည္းလို႔လဲ? (ကုသိုလ္ျပဳတာ နည္းလို႔ပါ ဘုရား) နတ္ျပည္မွာေလ်ာ့ကုန္တာေနာ္။ စဥ္းစားၾကည့္ေလ ကိုယ့္တိုင္းျပည္က သိၾကားမင္းက အုပ္ခ်ဳပ္တာ လူေလးႏွစ္ေယာက္ သုံးေယာက္ဆို ဘယ္အားရွိမလဲ၊ နတ္ဦးေရမ်ားမွ သူေပ်ာ္တာေပ့ါ။

နတ္ျပည္စည္ပင္ခ်င္တယ္ဆိုေတာ့ အဲမွာ ပ်ိဳးေထာင္ရတာေပါ့။ ဟုတ္ရဲ့လား။ လူေတြ ကုသိုလ္ျဖစ္ေအာင္ ပ်ိဳးေထာင္မယ္ဆိုိရင္ အမ်ိဳးနတ္ေတြ ေစာင့္ေရွာက္ၾက။ ကိုယ့္ရဲ့အဘိုးေတြ ေရွးအဆက္ဆက္ အဘိုးအဘြားေတြက နတ္ျဖစ္တာ ရွိတယ္ေလ။ အဲမွာ ေစာင့္ေရွာက္ရမယ္ တာ၀န္ေပးထားတာ။ သေဘာေပါက္လား။

အဲဒါ ရိုးရာအစစ္ပဲ။ နတ္ကေတာ္ေျပာတဲ့ ရိုးရာ မဟုတ္ဘူးေနာ္။ မ်က္စိမလည္ၾကနဲ႔ေနာ္။ အဲေတာ့ ဘုန္းဘုုန္းတို႔ငယ္ငယ္က မယ္ေတာ္ႀကီးက နတ္ကေတာ္ဆိုေတာ့ ရိုးရာေဖာ္ေပးမယ္ဆိုရင္ နတ္ကရိုင္းေဖာ္သလို ေတြ႕ရာေလၽွာက္ေဖာ္ေတာ့တာပဲ။ မဟုတ္ဘူး။

အဘိုးအဘြားနတ္ေတြ ဟိုး ဘ၀မ်ားစြာက ရွိတာေပါ့ေနာ္။ နတ္ႀကီးေတြက ေစာင့္ေရွာက္ဖိုိ႔ အဆင့္သင့္ပဲတဲ့။ ကဲ အေၾကာင္းရွိရင္ ငါ့ကို ဖုန္းဆက္ပါ ေျပာထားတယ္၊ ဖုန္းမဆက္ရင္ ၾကားပါ့မလား။ (မၾကားပါဘူး ဘုရား) အဲေတာ့ ကိုယ္က အသိအမွတ္မျပဳဘူးေလ။

ညလည္းပဲ ဖုန္းေတြၾကည့္၊ Facebook ေတြၾကည့္၊အိပ္ခ်င္မူးတူးအိပ္ေပ်ာ္သြား၊ ညဥ့္နက္မွ အိိပ္သြား၊ မနက္လည္းပဲ ေစာေစာမထ။ ထင္ရာေလၽွာက္လုပ္ေတာ့ နတ္ေတြက ဘာလုပ္ေပးရမွန္း မသိေတာ့ဘူး။ အဆက္အသြယ္ မရေတာ့ဘူးေလ။

ေစာင့္ေရွာက္ခ်င္ပါတယ္တဲ့။ နတ္ေစာင့္ေရွာက္တယ္ဆိုတာ ဘယ္လိုလဲဆိုေတာ့ အနိိ႒ာ႐ုံေတြ မလာေအာင္တဲ့ ခရီးသြားတဲ့အခါ အႏၲရာယ္မျဖစ္ေအာင္ တားေပးတယ္။ အခက္အခဲ ရွိတယ္ဆိုလည္း အေရာင္းအ၀ယ္ဆိုလည္းပဲ ကုန္သည္ေတြ မေနာတိုက္ၿပီး ကိုယ့္ဆီေခၚေပးတယ္။ သေဘာေပါက္လား။

အဲေတာ့ ကူညီမဲ့သူ ေခၚေပးတယ္။ဆက္သြယ္ေပးတယ္တဲ့။ အဲ တရားရေတာ့မယ္ဆိုိရင္ တရားနာခ်င္ေအာင္ တရားတကယ္ရွိတဲ့ေနရာကို မေရာက္ေရာက္ေအာင္ တြန္းပို႔ေပးတယ္။ သေဘာေပါက္ရဲ့လား။

ဘုုန္းဘုန္းတို႔ တခါတေလက် ေတာေတြသြား မေရာက္ဖူးတဲ့ေတာေတြဆို တရားမနာၾကဘူးဆိုရင္ နတ္ေတြတိုင္တည္ရတာေပါ့။ အမ်ိဳးေတြေခၚေပးပါဆိုရင္ တခ်ိဳ႕ေရာက္လာၾကတယ္။ တြန္းေပးရတာေပ့ါေနာ္။ အဲေတာ့ မွတ္ၾကပါ တကယ္ေစာင့္ေရွာက္တာရွိတယ္။ အဲဒါကို ေလးေလးစားစားနဲ႔ပင့္ရပါတယ္ေနာ္။

ေစာင့္ေရွာက္တဲ့နတ္ႀကီးေတြ ကိုယ့္ရဲ့အမ်ိဳးနတ္ေတြ ပင့္္ရပါတယ္။ ပင့္ၿပီးေတာ့မွ အမၽွလည္းေဝရတယ္။ ဓမၼစၾကာ ပ႒ာန္းလည္းပူေဇာ္ၿပီး အမၽွလည္းေဝရတယ္ေနာ္။ လုပ္ပါ ဒါလုပ္ရမွာေနာ္။ အဲဒါ အဓိ႒ာန္ျမဲပေစ။ တစ္ရက္တည္း မဟုတ္ဘူး ရက္(၁၀၀)ျပည့္ေအာင္ လုပ္မယ္ေပါ့။ မေကာင္းဘူးလား? (ေကာင္းပါတယ္ ဘုရား)

ညလည္း ညမို႔လို႔ ညတိုင္းလုပ္ရမွာေနာ္။ ညက်ေတာ့ ေသာက္ေတာ္ေရ ဆီးမီး ပန္္း ေရခ်မ္းကပ္ရမယ္ေနာ္ အဲလိုပဲ ငါးပါးသီလခံ နတ္ေတြပင့္ ပ႒ာန္းဓမၼစၾကာ ပူေဇာ္ မေကာင္းဘူးလား? (ေကာင္းပါတယ္ ဘုရား) ပူေဇာ္ၿပီးမွ အမၽွေတြေဝ နားလည္တယ္ေနာ္။ ေစာေစာအိပ္ေပါ့။

ေန႔ခင္းလည္းပဲ သူမ်ားအတင္းမေျပာနဲ႔ေပ့ါေနာ္။ အဲေတာ့ ေအးေအးခ်မ္းခ်မ္းေနရမယ္္ သြားရင္းလာရင္း ဘုရားဂုဏ္ေတာ္ပြားၾက နားလည္မလား။ အဲဒါကို ျမဲျမဲၿမံၿမံ ႐ုပ္ရွင္ပြဲလမ္း မၾကည့္ဘဲနဲ႔ ရက္(၁၀၀) ျပည့္ေအာင္ လုပ္မယ္လို႔ အဓိ႒ာန္လိုက္တာေပါ့။ သေဘာေပါက္လား။

အဓိ႒ာန္လိုက္ရင္ မခိုင္သြားဘူးလား? (ခိုင္သြားပါတယ္ ဘုရား) ခရစ္စတယ္လ္ေတြ ဆဲလ္ေတြက ပိုၿပီးေတာင့္တင္းသြားတာေပ့ါ။ အဲဒါကို ျပဳလုပ္တာရယ္ ဆည္းပူတာရယ္ မ်ားတာရယ္ ျပန္ေျပာတာရယ္ ဟုတ္ရဲ့လား ထပ္ခါထပ္ခါဆည္းပူေတာ့ မ်ားမလာဘူးလား၊ အေရာင္အေဝါေတာက္ေတာ့တာ ထက္၀န္းက်င္ ပ်ံ႕ႏွံ့ေတာ့တာ။

စၾကာမင္းေတာင္းမွ ဥပုသ္(၇)ရက္ေစာင့္ ေမတၱာေအာင္မွ စၾကာယာဥ္လာတာကိုး။ ျပန္ေျပာလို႔ အဲလွိုင္းေတြက်ယ္သြားၿပီဆိုရင္ လာဘ္လာဘလာၿပီ။ စီးပြားျပန္တက္တာေပါ့။ သေဘာေပါက္ရဲ့လား။

တစ္ရက္ႏွစ္ရက္လုပ္ၿပီးေတာ့ ဘယ္ေတာ့လာမလဲဆို ျဖစ္ပါ့မလား? (မျဖစ္ပါဘူး ဘုရား) အဲလိုမျဖစ္ရဘူးေနာ္။ ဘုရားတကယ္ခ်စ္၊ မိဘဆရာသမားတကယ္ခ်စ္၊ ေအးေနေအာင္ ရက္ေပါင္းမ်ားစြာ (၁၀၀) (၂၀၀) ေလာက္ဆို ပိုမေကာင္းဘူးလား? (ေကာင္းပါတယ္ ဘုရား)

ရက္(၁၀၀)ျပည့္ၿပီး တခ်ိဳ႕က နားပစ္လိုက္တယ္၊ ရက္(၁၀၀)ျပည့္ရင္ ဘာလဲ? (နားပစ္လိုက္ပါတယ္ ဘုရား) ဘာျဖစ္လို႔ နားတာတုန္း။ ကုသိုလ္မ်ားမွာ စိုးလို႔လား။

ဒါေၾကာင့္ ေယာဆရာေတာ္ဘုရားႀကီးကဆုံးမတယ္။ ခႏၶာအိမ္မွာ ေဆးစစ္ေတာ့ အခ်ိဳမ်ားလည္း ဆီးခ်ိဳျဖစ္တာ ၾကားေနရ၊ အခါးမ်ားလည္း ေသြးေပါင္က်၊ အငန္မ်ားလည္း ေသြးတိုးတဲ့၊ ဘယ္ဟာမွ မေကာင္းဘူးတဲ့။ အဆီးမ်ားလည္းပဲ အဆီေတြပိတ္လို႔ အသဲမွာ အဆီးဖုံး ႏွလုံးလည္း အဆီျဖစ္ဆိုေတာ့ ဘယ္ဟာမွ မေကာင္းဘူးေလ။

အဲေတာ့ ဆရာေတာ္ႀကီးက အမိန္႔ရွိတယ္။ကိုယ့္ခႏၶာမွာတဲ့ မ်ားတာေကာင္းတာ ကုသိုလ္တစ္ခုပဲ ရွိတယ္ဗ်ာတဲ့။ ရက္ေပါင္း (၁၀၀)ေလာက္လုပ္ၿပီးရင္ မ်ားမွာစိုးလို႔ နားတာလား။ စဥ္းစားေလ။ ျဖည့္ရမွာေပါ့ေနာ္။

မနားတမ္းျဖည့္ရင္ မေကာင္းဘူးလား။ (ေကာင္းပါတယ္ ဘုရား) အဲဒါကို အဓိ႒ာန္ပါရမီေခၚတယ္။

ေက်းဇူးေတာ္ရွင္ ပိုင္းေလာ့ဆရာေတာ္ဘုရားႀကီး

(၈.၉.၂၀၁၈) မင္းကြန္းေတာင္ရိုး နဂါးပတ္ေတာင္ေက်ာင္းတြင္ က်င္းပျပဳလုပ္ေသာ ညခ်မ္းဓမၼသဘင္္ (၃၂)ပါးေသာ လကၡဏာေတာ္ ဘုရားရွိခိုးပူေဇာ္ျခင္း တရားေတာ္မွေကာက္ႏွုတ္ေရးသားပူေဇာ္ပါသည္။

ခရစ္ဒစ္္