ေကာင္ေလးေတြ သေဘာက်တာ မိန္းကေလးေတြရဲ႕ လွပမႈမဟုတ္ဘဲ ဒါေလးေတြပါတဲ့

ေကာင္ေလးေတြ သေဘာက်တာ မိန္းကေလးေတြရဲ႕ လွပမႈမဟုတ္ဘဲ ဒါေလးေတြပါတဲ့

မိန္းကေလးလွတာေလးေတြ ေတြ႕ရင္ ေကာင္ေလးေတြ ႀကိဳက္တတ္ၾကတာ မွန္ေပမယ့္လို႔ တကယ္တမ္း ေကာင္ေလးေတြ ေၾကြရတဲ့ မိန္းကေလးပံုစံေလးေတြလည္း ရွိေနပါေသးတယ္တဲ့။

ယံုၾကည္မႈရွိေနတဲ့မိန္းကေလး

စကားေျပာလိုက္တုိင္း၊ လႈပ္ရွားသြားလာလိုက္တုိင္း ဘယ္လိုပံုစံပဲျဖစ္ျဖစ္ သူ႕ကိုၾကည့္လိုက္တာနဲ႔ မိမိကုိယ္ကို မိမိ ယံုၾကည္မႈအျပည့္ရွိေနတဲ့ မိန္းကေလးမ်ိဳးဆိုရင္ ရုပ္မလွလည္း၊ ခႏၶာကိုယ္ၿပီးျပည့္စံုမႈမရွိေနရင္လည္း ၾကည့္လို႔ကိုေကာင္းေနေရာ။ ဒီလို မိန္းကေလးမ်ိဳးကို ေကာင္ေလးေတြက အရမ္းေၾကြတတ္ၾကပါတယ္တဲ့။

အေတြးအေခၚရင့္က်က္တဲ့မိန္းကေလး

စကားေျပာၾကည့္လိုက္ရင္ လူတစ္ေယာက္ရဲ႕အေတြးအေခၚ ဘယ္လိုရွိတယ္ဆိုတာ သိႏုိင္ပါတယ္။ ေကာင္ေလးေတြက အျပင္ပန္းမွာ ကေလးဆန္ေနေပမယ့္ အေတြးအေခၚေတာ့ ရင့္က်က္တဲ့မိန္းကေလးကို သေဘာက်ပါတယ္။

အဝတ္အစားေသသပ္တဲ့မိန္းကေလး

တီရွပ္ေလးနဲ႔ ေဘာင္းဘီရွည္ေလးပဲဝတ္ထားရင္ေတာင္ ေသေသသပ္သပ္ေလးျဖစ္ေနတာမ်ိဳးဆို စိုက္ၾကည့္ရေလာက္ေအာင္ သေဘာက်က်သတဲ့ေလ။

ေခတ္မွီတဲ့မိန္းကေလး

ဘယ္လိုအေၾကာင္းအရာမ်ိဳးမဆို တီးမိေခါက္မိရွိတယ္၊ ပညာတတ္ၿပီး သြက္သြက္လက္လက္ ထက္ထက္ျမက္ျမက္ျဖစ္ေနတာမ်ိဳးကို အခုေခတ္ေကာင္ေလးေတြက ပိုလိုလားတတ္ၾကပါတယ္။

အေနအထုိင္သပ္ရပ္ေနတဲ့မိန္းကေလး

ကပိုကရိုျဖစ္တယ္ဆိုတာ ခ်စ္ဖို႔ေကာင္းေပမယ့္ အျမဲတမ္း မေသမသပ္နဲ႔အေနအထိုင္ စုတ္ပဲ့တဲ့ေကာင္ေလးဆိုရင္ေတာ့ ဘယ္ေကာင္ေလးမွ သေဘာက်မွာမဟုတ္ပါဘူး။

Penny

Credit: Original Writer

Unicode

ကောင်လေးတွေ သဘောကျတာ မိန်းကလေးတွေရဲ့ လှပမှုမဟုတ်ဘဲ ဒါလေးတွေပါတဲ့

မိန်းကလေးလှတာလေးတွေ တွေ့ရင် ကောင်လေးတွေ ကြိုက်တတ်ကြတာ မှန်ပေမယ့်လို့ တကယ်တမ်း ကောင်လေးတွေ ကြွေရတဲ့ မိန်းကလေးပုံစံလေးတွေလည်း ရှိနေပါသေးတယ်တဲ့။

ယုံကြည်မှုရှိနေတဲ့မိန်းကလေး

စကားပြောလိုက်တိုင်း၊ လှုပ်ရှားသွားလာလိုက်တိုင်း ဘယ်လိုပုံစံပဲဖြစ်ဖြစ် သူ့ကိုကြည့်လိုက်တာနဲ့ မိမိကိုယ်ကို မိမိ ယုံကြည်မှုအပြည့်ရှိနေတဲ့ မိန်းကလေးမျိုးဆိုရင် ရုပ်မလှလည်း၊ ခန္ဓာကိုယ်ပြီးပြည့်စုံမှုမရှိနေရင်လည်း ကြည့်လို့ကိုကောင်းနေရော။ ဒီလို မိန်းကလေးမျိုးကို ကောင်လေးတွေက အရမ်းကြွေတတ်ကြပါတယ်တဲ့။

အတွေးအခေါ်ရင့်ကျက်တဲ့မိန်းကလေး

စကားပြောကြည့်လိုက်ရင် လူတစ်ယောက်ရဲ့အတွေးအခေါ် ဘယ်လိုရှိတယ်ဆိုတာ သိနိုင်ပါတယ်။ ကောင်လေးတွေက အပြင်ပန်းမှာ ကလေးဆန်နေပေမယ့် အတွေးအခေါ်တော့ ရင့်ကျက်တဲ့မိန်းကလေးကို သဘောကျပါတယ်။

အဝတ်အစားသေသပ်တဲ့မိန်းကလေး

တီရှပ်လေးနဲ့ ဘောင်းဘီရှည်လေးပဲဝတ်ထားရင်တောင် သေသေသပ်သပ်လေးဖြစ်နေတာမျိုးဆို စိုက်ကြည့်ရလောက်အောင် သဘောကျကျသတဲ့လေ။

ခေတ်မှီတဲ့မိန်းကလေး

ဘယ်လိုအကြောင်းအရာမျိုးမဆို တီးမိခေါက်မိရှိတယ်၊ ပညာတတ်ပြီး သွက်သွက်လက်လက် ထက်ထက်မြက်မြက်ဖြစ်နေတာမျိုးကို အခုခေတ်ကောင်လေးတွေက ပိုလိုလားတတ်ကြပါတယ်။

အနေအထိုင်သပ်ရပ်နေတဲ့မိန်းကလေး

ကပိုကရိုဖြစ်တယ်ဆိုတာ ချစ်ဖို့ကောင်းပေမယ့် အမြဲတမ်း မသေမသပ်နဲ့အနေအထိုင် စုတ်ပဲ့တဲ့ကောင်လေးဆိုရင်တော့ ဘယ်ကောင်လေးမှ သဘောကျမှာမဟုတ်ပါဘူး။

Penny

Credit: Original Writer