နယုန်လအတွက်အကောင်းဆုံးယတြာ( နယုန်လဆန်း(၁)ရက်နေ့ (10.6.2021) မှ (8.7.2021)အထိ)
နယုန်လအတွက်အကောင်းဆုံးယတြာ
နယုန်လဆန်း(၁)ရက်နေ့ (10.6.2021) မှ နယုန်လကွယ်နေ့(8.7.2021)အထိတစ်လတာလုံး
“​‌‌လစ်ပို ပုလင်းအလွတ်ထဲတွင် ရေသန့်ဖြည့်ထားရမည်။ အုန်းညွန့်(၆)ညွန့်ကို ထိုလစ်ပိုပုလင်းထဲတွင်ထည့်ပါ။
ကြွေပန်းကန်ပြားတစ်ချပ်ပေါ်တွင် အုန်းညွန့်စိုက်ထည့် ထားပြီးသား လစ်ပိုပုလင်းကို တင်ပြီး ထိုပုလင်း၏ ဘေးပတ်ပတ်လည် တစ်ဝိုက်တွင် ပေါက်ပေါက်ပွင့် အနည်းငယ် ဝိုက်ထည့်ပေးလိုက်ပါ။ယခုအစီအရင်ကို
မိမိအိမ်ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား ရိုသေစွာဖြင့် လှူဒါန်း ပေးထားရပါမယ်ခင်ဗျ…..။
ယခုလတစ်လတာတွင် #လိမ္မော်ရည် တစ်ခွက်စီ နေ့စဥ်မြတ်စွာဘုရားရှင်အား ကပ်လှူပေးနေခြင်းဖြင့် မိမိအတွက်ထူးခြားမှူဖြစ်စဥ်များကောင်းကျိုးများစွာ ကိုလည်း ရရှိခံစားရမည်ဖြစ်သည်။
ကံချေကန်တော့ခြင်းကို လုပ်ဆောင်ဖို့ရန် မမေ့ပါနှင့်။ နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။
ဣတိပိသောဘဂဝါ လောကဝိဒူ=၁၉ခေါက်
ဣတိပိသောဘဂဝါ ဗုဒ္ဓေါ=၆ခေါက်
ဣတိပိသောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော=၁၇ခေါက်
နယုန်လအတွက်နေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ
တနင်္ဂနွေနေ့=မြောက်အရပ်
တနင်္လာနေ့=တောင်အရပ်
အင်္ဂါနေ့=အရှေ့အရပ်
ဗုဒ္ဓဟူးနေ့=အနောက်အရပ်
ကြာသပတေးနေ့=အရှေ့အရပ်
သောကြာနေ့=မြောက်အရပ်
စနေနေ့=တောင်အရပ်
အထက်ပါအတိုင်းနေ့အလိုက်နေ့စဥ်အရပ်မျက်နှာမူ ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။
ဆုတောင်းစာ
“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး နယုန်လ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး
ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်‌၍ စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”
အုန်းညွန့်များ ညှိုးနွမ်းလာပါက၊ပေါက်ပေါက်ပွင့် များကိုပါ အသစ် ထပ်မံ လှဲလှယ် ပေးနေရပြီး အထက်ပါနည်းအတိုင်း ယတြာကို တိကျစွာ ပြုလုပ်ပေး ရပါမယ်ခင်ဗျ။
ဤယတြာကို နယုန်လ တစ်လတာလုံးအတွင်း၌ မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။
ဤယတြာအစီအရင်သည် အလွန်အစွမ်းထက် ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက နယုန်လ တစ်လတာလုံး ဘေးဘယကင်းဝေး၍စီးပွားလာဘ်ရွှင်စေကာ လိုအင်ဆန္ဒပြည့်စေရမည်။
ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက် ဗေဒင်နှင့်အထူးယတြာပေးပညာရှင်
ဆရာပေါက်ကျိုင်း 09776478912
Zawgyi
တနင်္လာနေ့=တောင်အရပ်
အင်္ဂါနေ့=အရှေ့အရပ်
သောကြာနေ့=မြောက်အရပ်
စနေနေ့=တောင်အရပ်
ဆုတောင်းစာ