ကျန်းမာရေးညံ့ပြီး ဘုန်းကံနိမ့်နေသည်ဟု ထင်နေပါလျှင် ခေါင်းဆေးမင်္ဂလာ ပြုလုပ်ပါ

ကျန်းမာရေးညံ့ပြီး ဘုန်းကံနိမ့်နေသည်ဟု ထင်နေပါလျှင် ခေါင်းဆေးမင်္ဂလာ ပြုလုပ်ပါ

ငွေဖလား (ဒါမှမဟုတ်) ကြေးဖလား တစ်လုံးအတွင်း ရေသန့်အနည်းငယ်နှင့် တရော်ကင်ပွန်း ထည့်ပါ။ သံပုရာသီးတစ်လုံး ခွဲခြမ်းထည့်ပါ။ ဆနွင်းအနည်းငယ်ထည့်ပါ။ နွားနို့ အနည်းငယ် ရောပါ။ မိမိမွေးနံပန်းများလည်း သင့်သလို ထည့်ပါ။

၎င်းဖလားအတွင်း

အောင်သပြေ (၁) ညွန့်

မာလကာ (၁) ညွန့်

သြဇာ (၁) ညွန့် ရောမွှေထားပါ။

ထို့နောက် ဘုရားရှင်နှင့်တကွ ရဟန္တာအရှင်မြတ်များ ထွက်ရပ်ပေါက်ဝိဇ္ဇာကြီးများထံသို့ ကပ်လှူ၍ ဖလာရှေ့ချထားပြီး မြတ်စွာဘုရားအားနမောတဿ (၉) ခေါက်သရဏဂုံသုံးဆယ် (၁) ခေါက် (ဇာတိပရိယန္တံ အစချီသော)သံမ္ဗုဒ္ဓေဂါထာ (၉) ခေါက်

ဂုဏ်တော်ကိုးပါး (၉) ခေါက် ရွတ်ဖတ်ပူဇော်ကာ ဤ အောင်ဖလားအတွင်း၌ ရှိသော မင်္ဂလာပန်းများအား ဆေးတော်အဖြစ်၎င်း လာဘ်လာဘအတွက်၎င်း မေတ္တာဓါတ်များဖြင့် ချီးမြှောက်ပေးသနားတ်ာမူပါဘုရားဟု (၃) ကြိမ် ရွတ်ဆိုပါ။

၎င်းအောင်ဖလား အတွင်းမှ တရော်ကင်ပွန်း အောင်ပန်းများဖြင့် ရေချိုး ရပါမည်။

အရင်ဦးစွာ တရော်ကင်ပွန်းဖြင့် ဦးခေါင်းကိုပွတ်လျှော်၍ မျက်နှာသစ်ပါ။ ထို့နောက် မာလကာရွက် တစ်ရွက်အား ဆေးအဖြစ် ဝါးစားပေးပါ။

ကျန်နေသော အရွက်တို့အား မွချေလျှက် တရော်ကင်ပွန်းတို့နှင့် ရောနှောကာ ခေါင်းပေါ်မှ လောင်းချ၍ လာဘ်လာဘများပွင့်ပါစေကြောင်း ဘုန်းကံပွင့်ပါစေကြောင်း ကျန်းမာရေးများကောင်းမွန်ပါစေကြောင်း ဆုတောင်းပါ။ ထို့နောက် ရေမိုးချိုး သန့်စင်ပါ။

အထူးသတိပေး မှာကြားလိုသည်မှာ-

အမျိုးသမီးများအနေဖြင့် မိမိတို့၏ ဓမ္မတာကိစ္စ ပြီးသောနေ့အခါမှသာ လုပ်ဆောင်ရပါမည်။

မှတ်ချက် ။ ။ Happy New year ၌၎င်း မြန်မာနှစ်ဆန်းတစ်ရက်နေ့၌၎င်း ယင်းခေါင်းဆေးမင်္ဂလာအားလည်း ပြုလုပ်နိုင်ပါသည်။

Credit

က်န္းမာေရးညံ့ၿပီး ဘုန္းကံနိမ့္ေနသည္ဟု ထင္ေနပါလွ်င္ ေခါင္းေဆးမဂၤလာ ျပဳလုပ္ပါ

ေငြဖလား (ဒါမွမဟုတ္) ေၾကးဖလား တစ္လုံးအတြင္း ေရသန္႔အနည္းငယ္ႏွင့္ တေရာ္ကင္ပြန္း ထည့္ပါ။ သံပုရာသီးတစ္လုံး ခြဲျခမ္းထည့္ပါ။ ဆႏြင္းအနည္းငယ္ထည့္ပါ။ ႏြားႏို႔ အနည္းငယ္ ေရာပါ။ မိမိေမြးနံပန္းမ်ားလည္း သင့္သလို ထည့္ပါ။

၎ဖလားအတြင္း

ေအာင္သေျပ (၁) ၫြန္႔

မာလကာ (၁) ၫြန္႔

ၾသဇာ (၁) ၫြန္႔ ေရာေမႊထားပါ။

ထို႔ေနာက္ ဘုရားရွင္ႏွင့္တကြ ရဟႏၲာအရွင္ျမတ္မ်ား ထြက္ရပ္ေပါက္ဝိဇၨာႀကီးမ်ားထံသို႔ ကပ္လႉ၍ ဖလာေရွ႕ခ်ထားၿပီး ျမတ္စြာဘုရားအားနေမာတႆ (၉) ေခါက္သရဏဂုံသုံးဆယ္ (၁) ေခါက္ (ဇာတိပရိယႏၲံ အစခ်ီေသာ)သံမၺဳေဒၶဂါထာ (၉) ေခါက္

ဂုဏ္ေတာ္ကိုးပါး (၉) ေခါက္ ႐ြတ္ဖတ္ပူေဇာ္ကာ ဤ ေအာင္ဖလားအတြင္း၌ ရွိေသာ မဂၤလာပန္းမ်ားအား ေဆးေတာ္အျဖစ္၎ လာဘ္လာဘအတြက္၎ ေမတၱာဓါတ္မ်ားျဖင့္ ခ်ီးေျမႇာက္ေပးသနားတ္ာမူပါဘုရားဟု (၃) ႀကိမ္ ႐ြတ္ဆိုပါ။

၎ေအာင္ဖလား အတြင္းမွ တေရာ္ကင္ပြန္း ေအာင္ပန္းမ်ားျဖင့္ ေရခ်ိဳး ရပါမည္။

အရင္ဦးစြာ တေရာ္ကင္ပြန္းျဖင့္ ဦးေခါင္းကိုပြတ္ေလွ်ာ္၍ မ်က္ႏွာသစ္ပါ။ ထို႔ေနာက္ မာလကာ႐ြက္ တစ္႐ြက္အား ေဆးအျဖစ္ ဝါးစားေပးပါ။

က်န္ေနေသာ အ႐ြက္တို႔အား မြေခ်လွ်က္ တေရာ္ကင္ပြန္းတို႔ႏွင့္ ေရာေႏွာကာ ေခါင္းေပၚမွ ေလာင္းခ်၍ လာဘ္လာဘမ်ားပြင့္ပါေစေၾကာင္း ဘုန္းကံပြင့္ပါေစေၾကာင္း က်န္းမာေရးမ်ားေကာင္းမြန္ပါေစေၾကာင္း ဆုေတာင္းပါ။ ထို႔ေနာက္ ေရမိုးခ်ိဳး သန္႔စင္ပါ။

အထူးသတိေပး မွာၾကားလိုသည္မွာ-

အမ်ိဳးသမီးမ်ားအေနျဖင့္ မိမိတို႔၏ ဓမၼတာကိစၥ ၿပီးေသာေန႔အခါမွသာ လုပ္ေဆာင္ရပါမည္။

မွတ္ခ်က္ ။ ။ Happy New year ၌၎ ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔၌၎ ယင္းေခါင္းေဆးမဂၤလာအားလည္း ျပဳလုပ္ႏိုင္ပါသည္။

Credit