ဒီနေ့ခေတ်နဲ့ အံမဝင်တော့ပေမယ့် သိထားသင့်တဲ့ မြန်မာ့ဆိုက္ကားသမိုင်း

ဒီေန႔ေခတ္နဲ႔ အံမဝင္ေတာ့ေပမယ့္ သိထားသင့္တဲ့ ျမန္မာ့ဆိုကၠားသမိုင္း

ျမန္မာ့ဆိုကၠားကို ၁၉၃၈ ခုႏွစ္တြင္ မႏၲေလးၿမိဳ႕ ေညာင္ပင္ေဈး ကားေဘာ္ဒီဆရာ ဆရာညိဳမွ စတင္တီထြင္ခဲ့တာပါ။

ျမန္မာ့သမိုင္းကိုျပန္ၾကည့္လိုက္မယ္ဆိုရင္ လည္း မေရမတြက္ႏိုင္တဲ့ အေရးေတာ္ပုံမ်ားစြာ ေပၚေပါက္ခဲ့ပါတယ္။

လူ႔ထုအေရးအေတာ္ပုံမ်ားသည္ တိုင္းျပည္ရဲ႕အေျခအေနကို တစ္ဆစ္တစ္ခ်ိဳးေျပာင္းလဲႏိုင္တယ္ဆိုတာသေဘာေပါက္မွာပါ။

၁၃၀၀ ျပည့္ အေရးေတာ္ပုံကိုေတာ့မၾကားဖူးတဲ့သူမရွိေလာက္ပါဘူး။သမိုင္းမွာေမာ္ကြန္းထိုးခဲ့တဲ့ ၁၃၀၀ ျပည့္ အေရးေတာ္ပုံက မႏၲေလးေျမမွာလည္း ျဖစ္ပြားခဲ့ပါတယ္။

အဲဒီအခ်ိန္တုန္းက မႏၲေလးမွာ ၿမိဳ႕သူၿမိဳ႕သားေတြစီးဖို႔ လံခ်ားမရွိဘူ။း ျမင္းရထားေခၚ ျမင္းတပ္ရထားလုံးနဲ႔ ဓာတ္ရထားပဲရွိတယ္။

အမ်ိဳးသားလြတ္လပ္ေရးအုံႂကြမႈႀကီးျဖစ္ၿပီး ဝံသာႏုစိတ္ဓာတ္မ်ား တဖြားဖြားေပါက္လာေတာ့ အမ်ိဳသားစီးပြားေရးဟာ အမ်ိဳးသားလက္ထဲမွာပဲ ရွိရမယ္ဆိုတဲ့မူတစ္ခုေပၚလာၿပီးေသြးစုပ္ျခယ္လွယ္ေနတဲ့ ႏိုင္ငံျခားသားပိုင္ လုပ္ငန္းေတြအေပၚ စီးပြားေရး စစ္မ်က္ႏွာတစ္ခု ဖြင့္လာၾကတယ္။

ဆိုကၠားဆိုတာက စက္အားမပါ ေလာင္စာမလို လူအားနဲ႔ လႈပ္ရွားၿပီး စက္ဘီးကေနျဖစ္လာတဲ့ယာဥ္တစ္မ်ိဳးျဖစ္တယ္။

အဲဒီေခတ္က ေယာက်ာ္းေတြစီးတဲ့ စက္ဘီးအေကာင္းဆုံး စပါယ္ရွယ္ဆိုတာက တစၥီးမြ ၁၂၅ က်ပ္ပဲ ေပးရပါတယ္။

ဟာၾကဴလီတံဆိပ္ဆိုရင္ကို အသစ္မွ ၅၀ က်ပ္ကေန ၇၀ က်ပ္တန္ဖိုးအထိရွိတယ္။

၁၉၃၈ ခုႏွစ္ေလာက္မွာ စက္ဘီးအေဟာင္းကို ေညာင္ပင္ေဈးက ကားေဘာ္ဒီလုပ္တဲ့ ဆရာ ဆရာညိဳက ဆိုကၠားဆိုတဲ့ေဘးတြဲကို ကပ္ေပးပါတယ္။

တပ္ခကလည္း သိပ္မမ်ားေတာ့ ေငြ၁၀၀ က်ပ္ ၁၅၀ က်ပ္နဲ႔ ဆိုကၠားတစ္စီးျဖစ္လာတယ္။

ဒီေလာက္ေငြက ျမန္မာေတြတက္ႏိုင္တဲ့ အရင္းအႏွီးျဖစ္ေတာ့ ဆိုကၠားအစီး ၁၀၀၀ ေလာက္ ေန႔ခ်င္းညခ်င္း မႏၲေလးမွာ ေပၚေပါက္လာပါတယ္။

ဆိုကၠားက ေဈးခ်ိဳကေန ၂ ျပားေပးစီးခဲ့ရင္ ဓာတ္ရထား ပို႔ေပးတဲ့ ၂ ျပားခရီးအျပင္ ဓာတ္ရထားမေရာက္တဲ့ လမ္းႀကိဳလမ္းၾကား ဝင္းႀကိဳဝင္ၾကား အထိ လိုက္ပို႔ေပးတယ္။

မႏၲေလးရတနာပုံေနျပည္ေတာ္ဆိုတာ ေန႔ခ်င္းညခ်င္းၿမိဳ႕ျဖစ္လာတဲ့ ၿမိဳ႕မဟုတ္ပါဘူး။ မင္းတုန္းမင္းကိုယ္တိုင္ တည္ခဲ့တဲ့ မင္းေနျပည္ေတာ္ပဲျဖစ္တယ္။

ၿမိဳ႕သစ္တည္ဖို႔ စိတ္တိုင္းက်တဲ့ ေျမ့ျပန႔္ တျစၠကၠိဳ ေသေသခ်ာခ်ာေ႐ြးၿပီး အကြက္ေတြခ်ထားခဲ့တဲ့ၿမိဳ႕ျဖစ္တယ္။

လမ္းေတြက အတက္အဆင္း အနိမ့္အျမင့္ အလြန္နည္းပါတယ္။ ၿမိဳ႕ကို အကြက္ခ်ထားၿပီး လမ္းေတြေဖာက္တာ အကြက္ေတြရဲ႕ အလယ္ကို ဝင္းေတြဖြဲ႕တယ္။

ဝင္းထဲမွာ အရာရွိႀကီးေတြေနတယ္ မႏၲေလးၿမိဳ႕ရဲ႕လမ္းေတြက အေရွ႕အေနာက္ေတာင္ေျမာက္ တည့္တည့္တန္းတန္းရွိေနေအာင္ တမင္ေဖာက္ထားတာ တစ္ျပနဲ႔တစ္ျပ အကြာအေဝးညီတယ္ဝင္းႀကိဳဝင္းၾကားေပါတယ္။

မႏၲေလးမွာ ၿဗိတိသွ်အစိုးရက ေက်ာက္လမ္းခင္းေပးတာ ၆၀ မိုင္ ဓာတ္ရထားသြားႏိုင္တာက ၆ မိုင္ ပဲျဖစ္တယ္။ဆိုကၠားက မိုင္ ၆၀ လုံးကို သြားႏိုင္တာအျပင္ လမ္းမရွိတဲ့ ဝင္းႀကိဳဝင္းၾကားထဲအထိလည္း ပို႔ေပးႏိုင္ေတာ့ ၿမိဳ႕သူ ၿမိဳ႕သားေတြက ဆိုကၠားပဲ စီးၾကပါတယ္။

ဓာတ္ရထားႀကီးကုမၸဏီေတြကလည္း လက္မွတ္တစ္ေစာင္ကို စီးခ်င္ရာစီး ၃ ပဲ တစ္ေန႔လုံး ဓာတ္ရထားေပၚက မဆင္းပဲေနခ်င္လည္း ၃ပဲ ဆိုၿပီး သူတို႔စီးပြားေရးကို ထိန္းဖို႔ႀကိဳးစားလည္း ၁၅၀ တန္ ၁၆၀ တန္ ဆိုကၠားေတြကို မယွဥ္ႏိုင္ပဲ အရႈံးေပၚၿပီး လုပ္ငန္းပိတ္သြားေတာ့သည္။ ။

(ဤေဆာင္းပါးမွအခ်က္အလက္မ်ားသည္ ဆရာမႀကီး လူထုေဒၚအမာ ေရးသားထားသည့္မွ ေကာက္ႏုတ္ခ်က္မ်ားသာျဖစ္သည္) Credit

Unicode

ဒီနေ့ခေတ်နဲ့ အံမဝင်တော့ပေမယ့် သိထားသင့်တဲ့ မြန်မာ့ဆိုက္ကားသမိုင်း

မြန်မာ့ဆိုက္ကားကို ၁၉၃၈ ခုနှစ်တွင် မန္တလေးမြို့ ညောင်ပင်ဈေး ကားဘော်ဒီဆရာ ဆရာညိုမှ စတင်တီထွင်ခဲ့တာပါ။

မြန်မာ့သမိုင်းကိုပြန်ကြည့်လိုက်မယ်ဆိုရင် လည်း မရေမတွက်နိုင်တဲ့ အရေးတော်ပုံများစွာ ပေါ်ပေါက်ခဲ့ပါတယ်။

လူ့ထုအရေးအတော်ပုံများသည် တိုင်းပြည်ရဲ့အခြေအနေကို တစ်ဆစ်တစ်ချိုးပြောင်းလဲနိုင်တယ်ဆိုတာသဘောပေါက်မှာပါ။

၁၃၀၀ ပြည့် အရေးတော်ပုံကိုတော့မကြားဖူးတဲ့သူမရှိလောက်ပါဘူး။သမိုင်းမှာမော်ကွန်းထိုးခဲ့တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံက မန္တလေးမြေမှာလည်း ဖြစ်ပွားခဲ့ပါတယ်။

အဲဒီအချိန်တုန်းက မန္တလေးမှာ မြို့သူမြို့သားတွေစီးဖို့ လံချားမရှိဘူ။း မြင်းရထားခေါ် မြင်းတပ်ရထားလုံးနဲ့ ဓာတ်ရထားပဲရှိတယ်။

အမျိုးသားလွတ်လပ်ရေးအုံကြွမှုကြီးဖြစ်ပြီး ဝံသာနုစိတ်ဓာတ်များ တဖွားဖွားပေါက်လာတော့ အမျိုသားစီးပွားရေးဟာ အမျိုးသားလက်ထဲမှာပဲ ရှိရမယ်ဆိုတဲ့မူတစ်ခုပေါ်လာပြီးသွေးစုပ်ခြယ်လှယ်နေတဲ့ နိုင်ငံခြားသားပိုင် လုပ်ငန်းတွေအပေါ် စီးပွားရေး စစ်မျက်နှာတစ်ခု ဖွင့်လာကြတယ်။

ဆိုက္ကားဆိုတာက စက်အားမပါ လောင်စာမလို လူအားနဲ့ လှုပ်ရှားပြီး စက်ဘီးကနေဖြစ်လာတဲ့ယာဉ်တစ်မျိုးဖြစ်တယ်။

အဲဒီခေတ်က ယောကျာ်းတွေစီးတဲ့ စက်ဘီးအကောင်းဆုံး စပါယ်ရှယ်ဆိုတာက တစ္စီးမွ ၁၂၅ ကျပ်ပဲ ပေးရပါတယ်။

ဟာကြူလီတံဆိပ်ဆိုရင်ကို အသစ်မှ ၅၀ ကျပ်ကနေ ၇၀ ကျပ်တန်ဖိုးအထိရှိတယ်။

၁၉၃၈ ခုနှစ်လောက်မှာ စက်ဘီးအဟောင်းကို ညောင်ပင်ဈေးက ကားဘော်ဒီလုပ်တဲ့ ဆရာ ဆရာညိုက ဆိုက္ကားဆိုတဲ့ဘေးတွဲကို ကပ်ပေးပါတယ်။

တပ်ခကလည်း သိပ်မများတော့ ငွေ၁၀၀ ကျပ် ၁၅၀ ကျပ်နဲ့ ဆိုက္ကားတစ်စီးဖြစ်လာတယ်။

ဒီလောက်ငွေက မြန်မာတွေတက်နိုင်တဲ့ အရင်းအနှီးဖြစ်တော့ ဆိုက္ကားအစီး ၁၀၀၀ လောက် နေ့ချင်းညချင်း မန္တလေးမှာ ပေါ်ပေါက်လာပါတယ်။

ဆိုက္ကားက ဈေးချိုကနေ ၂ ပြားပေးစီးခဲ့ရင် ဓာတ်ရထား ပို့ပေးတဲ့ ၂ ပြားခရီးအပြင် ဓာတ်ရထားမရောက်တဲ့ လမ်းကြိုလမ်းကြား ဝင်းကြိုဝင်ကြား အထိ လိုက်ပို့ပေးတယ်။

မန္တလေးရတနာပုံနေပြည်တော်ဆိုတာ နေ့ချင်းညချင်းမြို့ဖြစ်လာတဲ့ မြို့မဟုတ်ပါဘူး။ မင်းတုန်းမင်းကိုယ်တိုင် တည်ခဲ့တဲ့ မင်းနေပြည်တော်ပဲဖြစ်တယ်။

မြို့သစ်တည်ဖို့ စိတ်တိုင်းကျတဲ့ မြေ့ပြန့် တစ္ကြက္ကို သေသေချာချာရွေးပြီး အကွက်တွေချထားခဲ့တဲ့မြို့ဖြစ်တယ်။

လမ်းတွေက အတက်အဆင်း အနိမ့်အမြင့် အလွန်နည်းပါတယ်။ မြို့ကို အကွက်ချထားပြီး လမ်းတွေဖောက်တာ အကွက်တွေရဲ့ အလယ်ကို ဝင်းတွေဖွဲ့တယ်။

ဝင်းထဲမှာ အရာရှိကြီးတွေနေတယ် မန္တလေးမြို့ရဲ့လမ်းတွေက အရှေ့အနောက်တောင်မြောက် တည့်တည့်တန်းတန်းရှိနေအောင် တမင်ဖောက်ထားတာ တစ်ပြနဲ့တစ်ပြ အကွာအဝေးညီတယ်ဝင်းကြိုဝင်းကြားပေါတယ်။

မန္တလေးမှာ ဗြိတိသျှအစိုးရက ကျောက်လမ်းခင်းပေးတာ ၆၀ မိုင် ဓာတ်ရထားသွားနိုင်တာက ၆ မိုင် ပဲဖြစ်တယ်။

ဆိုက္ကားက မိုင် ၆၀ လုံးကို သွားနိုင်တာအပြင် လမ်းမရှိတဲ့ ဝင်းကြိုဝင်းကြားထဲအထိလည်း ပို့ပေးနိုင်တော့ မြို့သူ မြို့သားတွေက ဆိုက္ကားပဲ စီးကြပါတယ်။

ဓာတ်ရထားကြီးကုမ္ပဏီတွေကလည်း လက်မှတ်တစ်စောင်ကို စီးချင်ရာစီး ၃ ပဲ တစ်နေ့လုံး ဓာတ်ရထားပေါ်က မဆင်းပဲနေချင်လည်း ၃ပဲ ဆိုပြီး သူတို့စီးပွားရေးကို ထိန်းဖို့ကြိုးစားလည်း ၁၅၀ တန် ၁၆၀ တန် ဆိုက္ကားတွေကို မယှဉ်နိုင်ပဲ အရှုံးပေါ်ပြီး လုပ်ငန်းပိတ်သွားတော့သည်။ ။

(ဤဆောင်းပါးမှအချက်အလက်များသည် ဆရာမကြီး လူထုဒေါ်အမာ ရေးသားထားသည့်မှ ကောက်နုတ်ချက်များသာဖြစ်သည်) Credit